Extra-1

8K 696 42
                                    


[[Zawgyi]]

ယောက်ဖ

(AN/brother-in-lawကိုဇနီးသည်များဘက်ကဖြစ်လို့ခဲအိုလို့ပဲသုံးပေးထားပါတယ်၊အမှန်ဆိုယောက်ဖလို့အရမ်းရေးချင်တာ၊မိန်းကလေးတွေဘက်ကကြည့်တာဆိုတော့ခဲအိုပဲအသင့်တော်ဆုံးထင်လို့၊အဆင်ပြေတယ်ထင်လားဟင်?)

ဆောင်းတွင်းမနက်ခင်းသည်အအေးမြဆုံးအချိန်ဖြစ်၍ငှက်များပင်စောစောထရန်ငြင်းဆိုကြ၏။နေမင်းလည်းနိုးထရန်ဆန္ဒရှိသည့်ပုံမပေါ်။သို့သော်ငြားလည်းနှစ်သစ်သို့ရောက်ရှိလာပြီဖြစ်၍စစ်တပ်တွင်းအုပ်ချုပ်သူ၏အိမ်တော်မှာတော့တစ်မျိုးတစ်ဖုံသောဆူညံမှုများရှိလျက်။အစေခံများသည်အရာရာကိုအစီစဉ်တကျနေရာချလျက်ရှင်းကာသုတ်ကာနှင့်အလုပ်များနေကြသည်။အမျိုးသမီးအခြွအေရံများကတော့ဤကာလနှင့်သင့်တော်လျောက်ပတ်သောအဆင်တန်ဆာများပြင်ဆင်လျက်အလုပ်များနေသည်။အိမ်ရှင်မနှစ်ဉီးဖြစ်သောCao Xin၏ဇနီးသည်ဟုန်အာနှင့်Liu Cuo၏ဇနီးသည်လိဟွာတို့ထိန်းချုပ်ကွပ်ကဲမှုအောက်တွင်ကြိုတင်ပြင်ဆင်မှုများသည်ပြီးမြောက်သွား၏။Chu Meiသည်ရှောင်းစန်၏ဇနီးဖြစ်သည်နှင့်အတူဂုဏ်ယူဖွယ်ရာဧည့်သည်များကြိုက်နှစ်သက်တာကိုသိသည့်အတွက်မီးဖိုချောင်ကိုတာဝန်ယူကာဉီးစီးရသည်။ဟုန်အာနှင့်လိဟွာနှစ်ဉီးသည်ဧည့်သည်များအကြောင်းသိချင်လွန်း၍Chu Meiအနားတဂျီဂျီလိုက်ကပ်နေတော့သည်။သို့ပေမဲ့တစ်ခွန်းမှမဟသောChu Meiကြောင့်သိချင်စိတ်များကိုမီးစာထည့်ပေးနေသလိုပင်။

အမှန်ပင်သူတို့၏အစ်ကိုကြီးအမတ်မင်းလုချန်သည်နေ့လည်ခင်းပိုင်းတွင်လာလည်မည်ဖြစ်ကြောင်းစကားပါးလာခဲ့သည်။ယောက်ျားသားများ၏ဆိုစကားအရအစ်ကိုကြီးသည်အဖော်မပါပဲအလည်လာခွင့်မရှိဟုသိခဲ့သည်။ထိုကြောင့်လည်းပါလာမည်မလားမှန်းဆ၍အဆိုးဆုံးကိုကြိုတင်ပြင်ဆင်ထားကြသည်။အစ်ကိုကြီး၏အဖော်ဖြစ်သူသည်လိင်တူဖြစ်ကြောင်းကိုဟိုးယခင်ကတည်းကသိရှိနှင့်ပြီးပြီ။ဧကရာဇ်၏ပုဂ္ဂိုလ်ဆိုင်ရာကိစ္စများကိုဘယ်သူမှထုတ်ဖော်မပြောရဲကြပေမဲ့လည်းဟန်ကျိုးတွင်ဖြစ်ပွားခဲ့သောအစ်ကိုကြီးကိုလာရောက်ခေါ်ယူသည့်အံ့မခန်းဖြစ်စဉ်သည်သမိုင်းတွင်ကျန်ရစ်လောက်အောင်ထင်ရှားကျော်ကြားသောပုံပြင်တစ်ပုဒ်ဖြစ်သည်။ထို့ကြောင့်လည်းစစ်ရေးအရာရှိအိမ်တော်တွင်နေထိုင်သူအများသည်ဧကရာဇ်နှင့်ဆက်နွယ်မှုရှိသည်ဆိုပြီးအထူးအခွင့်အရေးများရရှိတတ်ကြသည်။

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now