Chapter 4

12.3K 982 19
                                    

[[Zawgyi]]


အမြဲတစေဆင်မယဉ်သာလျှောက်လှမ်းလေ့ရှိသောခြေလှမ်းများအစားမပျံရုံတမယ်ရောက်ရှိလာသည့်ဧကရာဇ်သည်စိတ်မရှည်ဖြစ်နေခြင်းမှာသိသာလှ၍ရဲမက်များအားလုံးအသက်ပင်မရှူရဲကြ..။
သခင်Luနှင့်စပ်လျင်း၍အရှင်မင်းကြီး၏
ဒေါသအားသိသည့်အပြင်အရင်ဖြစ်ခဲ့ဖူးသောကိစ္စရပ်များလည်းသက်သေအနေနှင့်ရှိနေတာကြောင့်ထိဖို့တောင်မပြောနှင့် ရဲရဲတောင်ကြည့်ရဲကြသည်မဟုတ်။
စိတ်တွင်းမှာတော့မျက်ဖြူစိုက်လျက်အရှင်မင်းကြီးရောက်လာလျှင်သခင်Luနှင့်အတူပြန်လာသလိုတင်းကျပ်စွာလည်းကိုင်ထားသောအနှီလူအပေါ်ဒေါသများပုံကျလေမလားတွေရင်းစောင့်နေကြသည်
ကံမကောင်းလှစွာဖြင့်ချောမောသောလူသားတော့ကံဆိုးမိုးမှောင်ကျတော့မည်ထင်ပါသည်
မဆင်မခြင်တစ်ခုခုလုပ်လိုက်ကာမှဧကရာဇ်၏ဒေါသအားသွားဆွမိမှာစိုး၍ထိုသူအတွက်ဆုတောင်းပေးရင်းဝေးဝေးကသာကြည့်နေကြသည်။

Shu Chengကတော့ရဲမက်တွေ၏ရောက်ရက်ခတ်နေသောစိတ်တွင်းကိုမမြင်နိုင်ပဲပွေ့ထားသည်မှရုန်းထွက်နေသောLu Cangကြောင့်ကူကယ်ရာမဲ့ဖြစ်နေသည်။
ဘေးမှသူ၏စိတ်သက်သာရာရသွားသောအသွင်ကြောင့်ခံစားချက်တွေတစ်မျိုးတစ်ဖုံနက်နဲလာသောShu Chengသည်လွှတ်ပေးရန်စိတ်မပါလှ။
သို့ပေမဲ့လည်းShu Chengတွေဝေနေချိန်မှာLu Cangမှအတင်းတွန်းပြီးအဖြူရောင်ဝတ်ရုံနဲ့လူနောက်လိုက်ပါသွားတော့သည်
အူလည်လည်နှင့်Lu Cangပါသွားရာနောက်ထလိုက်မည်ပြင်ချိန်တွင်စစ်သူကြီးMu Yueနှင့်တပ်မှူးDing Pengသည်အရှေ့ကပိတ်ရပ်ထားကြသည်
မထင်မှတ်သောအချိန်တွင်ရရှိလိုက်ရသည့်ဆုံးရှုံးမှုနှင့်စိတ်အလိုမကျမှုတွေကိုရုပ်သိမ်းပြီးချိန်တွင်အသိပြန်ဝင်လာတော့သည်
စစ်သူကြီးMu Yueနဲ့Ding Pengတို့မှနောက်ကလိုက်မည့်သူအားတာဆီးလိုက်တာဖြစ်သည့်အတွက်အဖြူရောင်ဝတ်ရုံနဲ့
သူသည်ရာထူးမြင့်သူဖြစ်နိုင်သည်
Lu Cangအပါအဝင်ကျန်နှစ်ယောက်လုံးသည်ဧကရာဇ်၏အယုံကြည်ရဆုံးသူများလည်းဖြစ်သည်
အတွေးများစုစည်းပြီးချိန်တခဏမှာပဲမျက်နှာအားသေချာမမြင်လိုက်ရပေမဲ့အဖြူရောင်လူသားသည်ပဟေဠိဆန်ပြီးကြီးမြတ်လှစွာသောDatongအင်ပါယာဧကရာဇ်Jing Zongဖြစ်နိုင်သည်ဟုShu Chengအပိုင်တွက်လိုက်ပြီဖြစ်သည်

Mu Yueနဲ့Ding Pengသည်Jingအမိန့်မဟုတ်ရင်တောင်သွားခွင့်ပေးမည်မဟုတ်။
Lu Cangပျောက်သွားတဲ့အချိန်ကစပြီးစိတ်ဆတ်နေသောJingသည်တစ်ညလုံးတစက်မှမအိပ်သလို
မျက်တောင်ပင်မခတ်ကြောင်းသူတို့အားလုံးအတပ်သိသည်
အခုလိုအချိန်မှာအခြားတစ်ယောက်ကနှောက်ယှက်တာခွင့်မပြုပေးနိုင်။

"ဆရာ"
ယခုရောက်ရှိနေသောအရပ်ဒေသသည်Mingdi၏လက်တလောရန်သူဖြစ်သည့်Datongစစ်စခန်းနယ်မြေဖြစ်ကြောင်းသတိပေးသည့်အနေနှင့်Mu Yue၏တိကျပြတ်သားသောခေါ်သံကထွက်ပေါ်လာသည်။
Mu Yue၏လေသံကြောင့်သာလက်ရှိရောက်ရှိနေသောအခြေအနေကိုနားလည်သွားသည်။
စစ်စခန်းတွင်းရောက်နေပြီဖြစ်ပြီးဧကရာဇ်နှင့်အတူလည်းရှိနေခြင်းကြောင့်Lu Cangအန္တရာယ်ရှိတော့မည်မဟုတ်။
အန္တရာယ်ပိုများသူကသူကိုယ်တိုင်ပင်ဖြစ်နေသည်။
Mu Yueနှင့်Ding Peng၏မနှစ်မြို့သောမျက်နှာထားကြောင့်ဥာဏ်ပြေးသူပီပီသွေးထိုးစကားမပြောသင့်ကြောင်းShu Chengနားလည်သည်။
လှိက်လှဲသောအပြုံးတစ်ခုဖြစ်တည်ကာလက်နှစ်ဖက်ကိုရင်ဘက်ထက်ယှက်လိုက်ပြီး

"စစ်သူကြီးMu Yueတပ်မှူးDing PengMingdiစစ်ရေးအကြံပေးHuan Shu Chengဂါဝရပြုပါသည်"

သူဘယ်သူလည်းသိနေမှာသေချာပေမဲ့လေးစားသမူနှင့်Shu Chengရိုသေစွာမိတ်ဆက်လိုက်သည်

"အကြံပေးHuan..တွေ့ရတာဝမ်းသာပါတယ်..ကျေးဇူးပြုပြီး"

အဆင်ပြေသောနေရာမရောက်မချင်းစကားမဆိုသင့်ကြောင့်အမူအရာပြ၍တစ်နေရာသို့လိုက်ခဲ့ရန်ညွှန်ပြသွားသည်။
LuCangထွက်သွားရာအားနောက်ဆုံးတစ်ချက်ကြည့်ကာလိုက်ပါမည်ဖြစ်ကြောင်းခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်းပန်းတသာအကြိုဆိုခံရမည်မဟုတ်ကြောင်းနားလည်မှုနှင့်အတူMu Yueနှင့်Ding Pengနောက်လိုက်ပါသွားပြီးစိတ်တွင်း၌လည်းလက်ထောက်စစ်သူကြီး၏တဲဘယ်မှာလဲဆိုတာမှန်းဆနေမိသည်
အစကတော့အကြိမ်ကြိမ်စစ်မေးဖို့ရန်ထောင်သားများထားသည့်တဲရှိရာသို့ခေါ်ဆောင်သွားမည်ထင်ခဲ့ပေမဲ့နွေးထွေးပြီးသက်တော့သက်တာရှိလှသောတဲဆီသို့သာခေါ်ဆောင်လာသည်။

"အကြံပေးHuan..ဒီမှာအနားယူပါ..ကြာရှည်လှတဲ့ခရီးကြောင့်ပင်ပန်းနေပါ့လိမ့်မယ်
လုံခြုံမှုအတွက်တဲအပြင်သို့လှမ်းချင်နေတဲ့စိတ်တွေကိုထိန်းချုပ်ထားပါ"
စကားများ၏နောက်ကွယ်မှခြိမ်းခြောက်ခြင်းကိုနားလည်တာကြောင့်နိုင်းနိုင်းဆဆဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်စစ်သူကြီးMu..
အကြံပေးတာကိုမှတ်သားထားပါ့မယ်"

ဟောင်းနွမ်းစုတ်ပြတ်မည်းမှောင်ကာအစောင့်တွေကျပ်မတ်ထားသည့်ထောင်အတွင်းနေရမည့်အစားယခုအချုပ်ခံရသောတဲသည်ကိုယ်ပိုင်တဲလောက်မကြီးမားပေမဲ့လည်းသက်တောင့်သက်သာရှိလှသည်
သူလိုမျိုးအကျဉ်းသားအားဤကဲ့သို့တဲမှာထားတယ်ဆိုတာဟာDatongသည်တန်ခိုးစွမ်းပကား၌ယုံကြည်မှုရှိကြောင်းဖော်ပြနေသည်။
တဲထဲတွင်တစ်ယောက်တည်းထားကာထွက်ခွာသွားသောMu Yueနှင့်Ding Pengကိုကြည့်ရင်းနှုတ်ခမ်းထောင့်ကကွေးတတ်လာသည်။
Datongနှင့်မဟာမိတ်ဖွဲ့ချင်သောသူ၏ရည်ရွယ်ချက်မှာပိုမိုခိုင်မာလာသည်။
ဒါပေမဲ့ပထမဆုံးတော့Datongဘက်မှလက်ခံနိုင်မည့်နည်းလမ်းအားရှာဖွေရမည်။

အိပ်ရာပေါ်တွင်မျက်လုံးမှိတ်လိုက်သည်နဲ့အသက်ရှူမှားလောက်စရာလက်ထောက်
စစ်သူကြီးအသွင်ကပေါ်လာပြန်သည်။ထို့နောက်တဖြည်းဖြည်းနှင့်အိမ်မက်ကမ္ဘာအတွင်းသို့ခေါ်ဆောင်သွားတော့သည်။

တစ်ချိန်တည်းမှာပဲအချစ်တော်အားအခြားသူကိုင်တွယ်ခြင်းမြင်လိုက်ရတာတောင်ဘာမှထွေထွေထူးထူးဖြစ်မသွားသောဧကရာဇ်ကြောင့်ရဲမက်များလည်းနားမလည်နိုင်ဖြစ်ကာဘာမှမဖြစ်တာကံကောင်းတာပဲတွေးရင်းသက်ပြင်းချကြရသည်။

••••••••

ဧကရာဇ်တဲအတွင်း၌

Lu Cangမေ့မျောသွားသည်နှင့်တပြိုင်နက်Jingအချိန်မဆွဲဘဲLu Cangဘာများ
ထိခိုက်သွားလဲဆိုတာသိရရန် တဲဆီသို့ခေါ်ဆောင်လာခဲ့သည်
Lu Cangအသားအားနီးနီးကပ်ကပ်ပင်ထိထားသောအရိုင်းအစိုင်းကောင်ကိုဆုံးမရန်ဆန္ဒအားမနည်းပင်
ထိန်းချုပ်ထားရသည်
Lu Cangပြန်ရောက်လာပြီးဖြစ်ကြောင်းလျှောက်တင်ချက်အားကြားသည်နှင့်ရဲမက်များညွှန်ပြရာနေရာသို့အပြေးလာခဲ့သည်။
အခြားယောက်ျားတစ်ယောက်ရင်ခွင်ရောက်နေသည်အားမြင်မြင်ခြင်းဒေါသတွေပေါက်ကွဲရန်တာဆူလာပေမဲ့Lu Cangသည်ဘာမှသတိမထားမိပဲစိတ်သက်သာရာရသွားသောအပြုံးနှင့်မေ့မျေားသွားတော့သည်

Lu Cangလုံခြုံစွာပြန်ရောက်လာသည်အားပျော်ရွှင်ပေမဲ့လည်း
Jingအပြည့်စိတ်မအေးနိုင်သေး။
မနေ့ကမြားနှင့်ရှပ်ထိသွားရုံနဲ့တုံးကနဲလဲကျသွားတာကြောင့်အဆိပ်များဖြစ်နေမလားLu Cangအခြေအနေကိုသေချာစစ်ဆေးရဉီးမည်။

ခန္ဓာကိုယ်တွင်းအန္တရာယ်ရှိစရာဘာမှမတွေ့တော့မှJingသက်ပြင်းချနိုင်တော့သည်
အဝတ်အကုန်လုံးချွတ်လိုက်ချိန်တွင်တွေ့လိုက်ရသောညာဘက်ခြေထောက်တွင်ရှိနေသည့်ဒဏ်ရာ
ကြောင့်Jingစိတ်အလိုမကျစွာမျက်မှောင်ကျုံ့မိသည်။
သွေးကတတိတ်သွားပြီးဖြစ်ပေမဲ့လည်းဒဏ်ရာကအတော်နက်သည်
Lu Cangကိုယ်အားဒဏ်ရာရအောင်လုပ်ရဲသူကိုသတ်ပစ်ချင်သောဆန္ဒအားအံတင်းတင်း
ကြိတ်ကာထိန်းချုပ်ရပြန်သည်
ထိုဖြစ်ရပ်များ၏တရားခံသည်အသက်မျှလွဲ၍ကျန်ပေးဆက်စရာမရှိဟုJingကြုံးဝါးလိုက်ပြီဖြစ်သည်
စုပုံနေပြီဖြစ်သောဒေါသအလွှာချပ်များကိုဘယ်ပုံဘယ်နည်းညှင်းပင်းနှိပ်စက်ခြင်းဖြင့်ပေးပို့ရမည်အားစိတ်ကူးမှန်းဆမိတော့မျက်ဝန်းထက်အအေးလှိုင်းဖျက်နေသလိုပင်။
ဒဏ်ရာအားပတ်တီးစီးပြီးချိန်တွင်ကိုယ်အားအိပ်ယာလွှမ်းနှင့်ခြုံပေးထားလိုက်သည်
အိပ်ရာအစွန်း၌ထိုင်ကာLu Cangအနိုးကိုစောင့်ရင်းအတွေးပေါင်းများစွာကခေါင်းထဲဝင်လာပြန်သည်
နောက်တစ်ကြိမ်ချစ်သူအားမျက်စိရှေ့မှာတင်ဆုံးရှုံးခဲ့ရပြန်သည်

ဒါပေမဲ့လည်းအခုတစ်ကြိမ်မှာတော့ပြန်လာခဲ့တယ်

အဖြစ်အပျက်တွေသည်တစ်ရက်သာကြာပေမဲ့လည်းနှစ်ပေါင်းထောင်ချီကြာမြင့်လှသည်ဟုJingထင်မိသည်
ကိုယ်တိုင်လိုက်ရှာဖို့ကြံရွယ်ခဲ့ပေမဲ့Mu Yueနဲ့Ding Pengတားမြစ်မှုကြောင့်အခွင့်မသာခဲ့။
နယ်ခြားဒေသဖြစ်သည့်အပြင်ရန်သူ့ပိုင်နက်လည်းဖြစ်ပြီးဘေးပတ်ဝန်းကျင်ကလည်းကိုယ့်နဲ့ရင်းနှီးသောနယ်မြေမဟုတ်။
ရောက်ရှိလာနိုင်သောအခြေအနေများကိုမှန်းဆရင်းရဲမက်များစိတ်ဓာတ်မကျစေရန်အတွက်ဧကရာဇ်ရှိနေဖို့ရန်ကလိုအပ်၏။
မနေကတည်းကထွက်ပေါ်နေသောကြောက်ခမန်းလိလိအရှိန်အဝါများကြောင့်စစ်သည်အားလုံးအသင့်အနေအထားဖြစ်ကုန်ကြသည်
အသုံးမကျသောMingdiဘုရင်ထံမှသတင်းကိုသာJingစိတ်မရှည်စွာစောင့်ဆိုင်းနေခဲ့သည်
တဲထဲပြန်ရောက်သည်နှင့်Auhaiသို့လည်းစာပို့ပြီးစစ်သည်အင်အားလက်နက်အင်အားထပ်လောင်းပေးရန်
အကြောင်းကြားခဲ့သည်။
တရက်အတွင်းမိုက်မဲသောဘုရင်ကတိမတည်နိုင်ပဲLu Cangဘေးကင်းစွာပြန်ရောက်မလာပါကဤပိုင်နက်တွေထိုကဲ့သို့အခြေအနေဖြစ်စေသောMingdiကို
အမှုန့်ခြေရန်အစီစဉ်ဆွဲထားခဲ့သည်
အခုအချိန်မှာတော့Lu Cangလည်းပြန်ရောက်လာပြီဖြစ်၍ကြမ္မာဆိုးဂြိုဟ်ဆိုးပျက်စီးခြင်းကြုံရကိန်းမှMingdiလွတ်မြောက်သွားပြီဖြစ်သည်
အမြင်မတင့်တယ်သောအကြံပေးနဲ့ဘာကြောင့်အတူပြန်လာလဲဆိုတာLu Cangပါးစပ်မှကိုယ်တိုင်ပြော
သည်ကိုJingကြားချင်သည်
မနှစ်မြို့ဖွယ်ကောင်းသောMingdiအကြံပေးအားတစ်ချက်ကြည့်လိုက်သည်နှင့်သတင်းဆိုဖြစ်မည်မှန်းJingတပ်အပ်သိသည်
Lu Cangအားကြည့်သောအကြည့်တွင်ချစ်ခင်တွယ်တာမှုတွေကရောယှက်လိုက်ပါနေသည်
ဤအချင်းအရာတွင်သတိမူမိမည်မဟုတ်သောLu Cang၏တုံးအမှုအားကျေးဇူးတင်ရမည်။
အတိတ်မေ့သွားစဉ်အခါကLu Cangနှလုံးသားအားရရှိရန်တဖန်ပြန်လည်ကြိုးစာခဲ့တာတြွေပန်တွေးမိတော့Jingခါးသက်စွာပြုံးမိသည်။
သူကိုယ်တိုင်ပင်မိန်းမသားများထက်ပင်ချောမောသောJingအပေါ်ညိတွယ်နေပေမဲ့ယောက်ျားတစ်ယောက်သည်အခြားယောက်ျားတစ်ယောက်အားဆွဲဆောင်နိုင်သည်ဆိုတာကိုလက်မခံနိုင်ဖြစ်နေသေးသည်
ထို့အပြင်အကြံပေးသည်သာမန်သူမဟုတ်သည်ကိုဖမ်းခေါ်ခြင်းခံရစဉ်ကHuan Hu Tongအော်ခေါ်သံအရ
Jingရိပ်စားမိလိုက်သည်
အဖေတစ်ယောက်၏စိုးရိမ်ပူပန်ခြင်းအငွေ့အသက်တွေပါလျက်ရှိတာကြောင့်အကြံပေးသည်မင်းသားသို့အပြင်နန်းတတ်အိမ်ရှေ့စံဖြစ်နေရင်တောင်Jingအံ့သြမည်မဟုတ်
တည်ကြည်ပြီးဥာဏ်ကောင်းသောအသွင်အရဘုရင်နောက်ကွယ်စီမံဆုံးဖြတ်ရသူဖြစ်ကြောင်းမှန်းဆသိနိုင်သည်
ရွံရှာမုန်းတီးဖွယ်ရာMingdiဘုရင်သည်ရာထူးနှင့်မလိုက်အရူးသာသာ သာရှိသည်
ဤပလ္လင်အားရနေခြင်းသည်မှာလည်းရွေးချယ်စရာမရှိ၍သာဖြစ်ကြောင်းဖြစ်နိုင်လှသည်
ကိုယ်စိတ်ကိုယ်အလိုလိုက်ကာရူးမိုက်တတ်သောသူအားဘုရင်နေရာပေးရလောက်အောင်မည်သူမျှနုံအမနေခဲ့၊
ရောက်လာစဉ်ကပူးကပ်နေခဲ့သောအကြံပေးနှင့်Lu Cangအသွင်အားပြန်မြင်ယောင်မိတော့ခါးသီးသောခံစားချက်များကဗလောင်ဆူလာသည်

ငါ့ရဲ့Lu Cangအပေါ်အမြတ်ထုတ်သွားတယ်..ရိုင်းစိုင်းလိုက်တာ

Lu Cangရောက်လာစဉ်ကမလိုပဲခါး၌ဖက်တွယ်ထားသောလက်
တွန်းကာJingရင်ခွင်တွင်းပြေးထွက်သွားတော့စိတ်ပျက်သွားတဲ့မျက်နှာ
Lu Cangအပေါ်တွင်မရိုးသားသည်မှာသေချာသောစက်ဆုပ်ဖွယ်ရာအကြံပေးကြောင့်Jingမကျေမနပ်တော့ဖြစ်မိသည်
Lu Cangအကြောင်းကိုLu Cangထက်ပင်ပို၍သိသောJingကတော့Lu Cangအားမိန်းမသားများကလွန်စွာစိတ်ဝင်စားကြောင်းသိသည်
ယောက်ျားပီသတည်ကြည်ခန့်ညားသောမျက်နှာ,တောင့်တင်းအချိုးကျသောခန္ဓာကိုယ်နှင့်ခေါင်းဆောင်တစ်ဦးတွင်ရှိသင့်ရှိထိုက်သောရုပ်ဆင်းအင်္ဂါများနှင့်ပြည့်စုံလှသည်
ဓားမြှောင်သဖွယ်ကျက်သရေဆောင်မျက်ခုံးရိုးနှစ်ခုသည်တည်ကြည်ခန့်ညားသောမျက်နှာထားနှင့်တစ်ခုတည်းမှနှစ်ခုပွားထားသကဲ့သို့လိုက်ဖက်ညီသည်။
နန်းတွင်း၌လည်းမောင်းမတော်များနှင့်ဆက်ဆံရေးမကောင်းမွန်ပေမဲ့လည်း
Jing၏ရေရေရာရာမရှိသောအကြောင်းပြချက်ကြောင့်အဝေးမှာနေကြရသည်ကလွဲ၍စစ်သည်ရဲမက်များ၊မိန်းမစိုးများ၊အခြွအေရံများ၏လေးစားမှုကိုခံရသူဖြစ်သည်။
ဧကရာဇ်၏အရင်းနှီးဆုံးသောသူဖြစ်နေခြင်းကြောင့်မဟုတ်ပဲလေးစားမှုနဲ့ထိုက်တန်သော
သူဟုမှတ်ယူကာလေးစားကြခြင်းဖြစ်သည်
နှစ်များစွာJingအချစ်တော်အဖြစ်နေလာခဲ့ပေမဲ့လည်းအခြားကိုယ်လုပ်တော်များကဲ့သို့
မာန်တတ်ကာမောက်မာအနိုင်လိုခြင်းခြင်းမရှိခဲ့။
Jingဘက်မှတစ်ချက်လောက်အာရုံစိုက်မိရုံနှင့်ထိုသူများသည်နန်းတော်တွင်းမြေလွတ်မတတ်လျှောက်နေကြလိမ့်မည်
ဧကရာဇ်နှစ်သက်ခြင်းခံရသည်ဆိုတာအားလက်ကိုင်ဆွဲကာအခြားမောင်းမတော်များနှင့်အခြွအေရံများအားနှိပ်စက်လေ့ရှိသည်

ရှည်ရှည်ဝေးဝေးဆိုရလျှင်JingမှလွဲပြီးLu Cangအပေါ်စိတ်ယိုင်သောအခြားယောက်ျားသားသည်ဒါပထမဆုံးလည်းဖြစ်သည်
Jingကိုယ်တိုင်ပေါ့သေးသေးယူဆ၍မရသောသူလည်းဖြစ်တာကြောင့်ထိုသူကြောင့်ပြဿနာပေါင်းများစွာရောက်ရှိလာနိုင်သည်
အကြံပေးအားကြည့်လိုက်ချိန်တွင်ကိုယ့်ကိုယ်ကိုပြန်မြင်ရသလိုJingခံစားရသည်
ပင်ကိုယ်သဘာဝကိုငထက်မြတ်သူတစ်ယောက်ဖြစ်ပြီးနန်းမွေ့နန်းရာဆက်ခံသူလည်းဖြစ်သည်
အဖက်ဖက်မှလည်းပြည့်စုံသလိုလွန်စွာချောမောသောအသွင်ကထက်ပေါင်းတိုးထားသေးသည်။
ဘာပဲဖြစ်ဖြစ်Lu Cangနှင့်အကြံပေးကြားနောက်ထပ်နီးစပ်မှုမရှိစေရန်Jingကာကွယ်ရမည်။
သာလွန်တဲ့သူပေါ်လာရင်ထွက်သွားမည်ဟူသောLu Cang၏ခြိမ်းခြောက်စကားကလည်းရှိနေသေး
သည်။ထိုအချိန်တုန်းကတော့အဓိပ္ပာယ်မရှိသောခြိမ်းခြောက်စကားဟုမှတ်ယူခဲ့ပေမဲ့အခုအချိန်မှာတော့ထိုအတွေးကြောင့်သောကရောက်နေသလိုဒေါသလည်းထွက်နေသည်
အကယ်၍ထွက်ခွာသွားရဲမည်ဆိုလျှင်Lu Cangအားကိုယ်တိုင်ပင်သတ်ပစ်နိုင်သည်
Jingအတွက်တော့Lu Cangသည်သူ့အပိုင်ဖြစ်သည်။
သူတစ်ယောက်တည်းသာရှိ၍ထာဝစဉ်သူနဲ့ပဲနေရမည်။
မနာလိုဝန်တိုစိတ်များငြိမ်သက်သွားချိန်တွင်တော့ဖြစ်ခဲ့သည့်ဖြစ်ရပ်များပြန်လည်မြင်ယောင်လာသည်
နောက်ဆုံးတော့လည်းLu Cangဟာသူ့ကိုသာရွေးချယ်ခဲ့သည်။
စက်ဆုပ်စရာကောင်းတဲ့လူကိုတွန်းထုတ်ပြီးJingရင်ခွင်တွင်းတိုးဝင်ကာစိတ်သက်သာရသွားသည့်အပြုံး
အားပြုံးပြသွားခဲ့သည်။
Lu Cangဘယ်တော့မှထွက်ခွာသွားမှာမဟုတ်ကြောင်းသေချာနေသောအချက်ဖြစ်တာကြောင့်Jingကျေနပ်စွားပင်ပြုံးလိုက်သည်။

"အင်း...."

ညည်းသံတိုးတိုးလေးကြောင့်ဘေးမှလူနိုးလာပြီဖြစ်ကြောင်းJingသိလိုက်သည်။

"နိုးပြီးလား..ပင်ပန်းနေသေးလား"
ချိုသောသောအသံနှင့်အတူအလှပဆုံးအပြုံးအားလည်းပြုံးထားသေးသည်
သတိပြန်လည်ချိန်တွင်လွမ်းခဲ့ရသောအသံအားကြားလိုက်ရသည့်အတွက်ချက်ချင်းပင်မတ်မတ်ထိုင်လိုက်သည်
အိပ်ရာအစွန်းတွင်ထိုင်နေသောJingအားတွေ့ချိန်တွင်ကိုယ့်မျက်လုံးကိုယ်ပင်မယုံနိုင်ဖြစ်နေ၏။
ခန်းနားထည်ဝါသောမျက်နှာထားသည်အလှပဆုံးပြုံးပြလျက်ရှိသည်
နက်မှောင်နေသောပိုးသားသဖွယ်ဆံနွယ်များကနှင်းကဲ့သို့ဖြူဖွေးနေသောဝတ်ရုံထက်ရေတခွန်နှယ်စီးကျနေကြသည်။
ဆောင်းဉီးရေကန်သဖွယ်မျက်ဝန်းတွေကလည်းတလက်လက်တောက်ပနေသည်။
Jingအနမ်းသာမရောက်လာဘူးဆိုရင်အိမ်မက်မက်နေတယ်လို့ပဲLu Cangထင်မိမှာဖြစ်သည်။

"Jing!!"

ဝမ်းသာကြည်နူးလွန်း၍ပျော်ရွှင်မြူးတူးစွာအော်ခေါ်နေရင်းအဝတ်မပါသည်ကိုသတိပင်မထားမိ။
ခပ်ဟဟရယ်ရင်းLu Cangအားရင်ခွင်တွင်းသို့ဆွဲသွင်းကာ

"ဘယ်လိုနေသေးလဲ"

Jingကိုယ်သင်းနံ့အားဝအောင်ရူရှိုက်နေရင်းတိုးလျလျအသံလေးဖြင့်

"ဒီထက်ပိုကောင်းတာရှိမယ်မထင်ဘူး"
Lu Cangအားဖြည်းညင်းစွာတွန်းကာဆူပူခြင်းများစတင်တော့သည်

"ဟမ်..ဒါကိုကောင်းတယ်လို့ပြောတာလားဒဏ်ရာကိုကြည့်ပါဦး
ပြီးတော့ရောက်ရောက်ချင်းလည်းမေ့လဲသွားတာကိုကောင်းတယ်လို့ပြောနေတာလား"

ဘက်လက်ရြှိမားဒဏ်ရာနှင့်ခြေထောက်မှပတ်တီးတွေကိုညွှန်ပြလာသည်။

"ဂရုစိုက်ပါသတိထားပါငါပြောနေလျက်နဲ့အခုတော့ဖြစ်သွားတာကိုကြည့်ပါဉီး"

"မင်းအရမ်းမဲ့လုပ်တာတွေကြောင့်ငါရူးတော့မယ်..အဆင်အခြင်မဲ့လိုက်တာ
အရူးကိုကုဖို့ဆေးမရှိဘူးဆိုတာအမှန်ပဲ"

မလိမ္မာသောကလေးငယ်ကိုအားရအောင်ရှုတ်ချပြောဆိုနေသလိုအကြည့်ကလည်းတင်းမာလျက်ရှိသည်
မကျေနပ်သည်များအားထုတ်ဖော်ပြောဆိုနေသည့်Jingအသံတွင်တကယ်ပင်အရေးထား၍ပြောနေရကြောင်းကပေါ်လွင်လျက်ရှိသည်
ကလေးလိုသဘောထားပြောဆိုလာသောJingအားခွန်းတုံ့ပြန်ရန်ပြင်လိုက်ပေမဲ့
ထိုတကိုယ်ကောင်းဆန်လွန်းသောအမျိုးသားနဲ့ဝေးကွာသောခါးသက်မှုအားပြန်တွေးမိ
ပြီးLu Cangစကားလုံးတွေကိုပြန်လည်မျိုချလိုက်ရသည်
အနှီအမျိုးသားသည်လူအများမယုံကြည်နိုင်လောက်အောင်တစ်ကိုယ်ကောင်းဆန်လှပြီးသူထင်တာသာအမှန်ဖြစ်သည်ဟုလက်ခံထားသူလည်းဖြစ်သည်
ထိုနောက်Jingရင်ခွင်တွင်းသို့တိုးဝင်ကာတင်းတင်းဖက်ထားပြီး

"ငါတောင်းပန်ပါတယ်..ငါ့အမှားဆိုတာလက်ခံပါတယ်...ငါတင်သွင်းတဲ့အကြံကြောင့်
မင်းကိုအန္တရာယ်တောထဲဆွဲပို့သလိုဖြစ်သွားတာပါ...ငါတကယ်တောင်းပန်ပါတယ်"

မထင်မှတ်ထားသောတုံ့ပြန်မှုကြောင့်Jingအမှန်ပင်အံ့ဩသင့်သွားတော့သည်
ပုံမှန်Lu Cangသည်အမြဲဘုကလန့်ပြောကာအပြစ်အားဝံခန်လေ့ရှိသူမဟုတ်
အခုတော့အပြစ်ပါလို့လက်ခံတဲ့အပြင်တောင်းပန်နေသေးတာကြောင့်
Lu Cangခေါင်းလေးအားခပ်ဖွဖွပုတ်ပေးပြီး

"အဲ့ဒီအန္တရာယ်ဆိုတာဘာများလဲ"

"အဲ့ဒီမြား..တကယ်လို့အဲ့မြားမင်းကိုထိသွားပြီးမင်းသာအဖမ်းခံရမယ်ဆိုရင်ငါ့ကိုယ်ငါ
အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး"

စိုးရိမ်ပူပန်မှုများကိုထုတ်ဖော်ပြောနေသောLu Cangမျက်နှာထားတွင်တည်ကြည်ခြင်းများချခင်းထားသည်
သို့ပေမဲ့လည်းJingထံမှသရော်သောအပြုံးကြောင့်တည်ကြည်ခန့်ညားသောမျက်နှာထက်စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါ်လာသည်

"ဉီးနှောက်မရှိဘူး..တကယ်လို့ငါ့ကိုထိမယ်ဆိုရင်တောင်မြားသေးသေးလေးကြောင့်ငါလဲကျ
မှာမဟုတ်ဘူး....အဲ့ဒါကြောင့်ပြောပါတယ်စစ်မြေပြင်မှာအရူးကိုဘေးနားခေါ်ထားလို့မရဘူးလို့.."

"ဒါပေမဲ့လည်းဖြစ်နိုင်ချေဆိုတာရှိတာပဲ"

"ထားပါတော့..ဖမ်းခေါ်သွားတယ်ပေါ့..ငါ့ကိုအဲ့လိုမဆင်မခြင်ဖမ်းခေါ်သွားတာကသူတို့အတွက်ဆုံးရှံးမှုပဲများမှာ.ငါ့အတွက်မဟုတ်ဘူး..အဲ့လို့အရိုင်းအစိုင်းကောင်တွေတစ်ယောက်ကို
မှအရှင်ထားမှာမဟုတ်ဘူး...ပြန်လာရင်လည်းတစ်ရက်တောင်ကြာမှာမဟုတ်ဘူး"

Lu Cangပြန်လာခဲ့သောကြာချိန်နှင့်အားအင်ချိနဲ့နေသောအသွင်သည်လက်မခံနိုင်စရာဖြစ်ကြောင်းသရော်ယောင်အကြည့်များဖြင့်Jingမှထောက်ပြလာသည်
Jingသာဆိုလျှင်ဒီလိုရန်သူလောက်နဲ့ဒုက္ခများမည်မဟုတ်သလိုတမဟုတ်ချင်းပင်
ပြန်လာနိုင်သည်မှာအမှန်ပင်ဖြစ်တာကြောင့်Lu Cangစိတ်ဓာတ်ကျစွာခေါင်းစိုက်ကြသွားသည်။
ယုံကြည်ချက်ရှိရှိဆိုလာသောစကားတစ်လုံးမကျန်အားLu Cangယုံကြည်မိပေမဲ့
ခေါင်းမာစွာပင်..

"တဖက်ကအနိုင်ရသွားမယ်ဆိုရင်ကော"

"ငါ့ကိုလဲအောင်လုပ်နိုင်တဲ့အရာရှားပါတယ်လို့ပြောပြီးပြီပဲကို..ဖြစ်တော့မဖြစ်နိုင်ပေမဲ့မင်းပြောတဲ့အတိုင်း
လဲသွားမယ်ဆိုရင်တောင်မျက်လုံးပြန်ဖွင့်တာနဲ့လုပ်တဲ့သူအကုန်လုံးကိုဖျက်ဆီးပစ်မယ်"

Jingပြောစကားများကိုမယုံကြည်သေးသောLu Cangကိုယ်လေးမသိမသာတုန်ယင်
သွားသည်။အနားမရသောစိတ်အလျင်အားသက်သာစေရန်မျက်နှာလေးကိုခပ်ဖွဖွလေး
ဆုပ်ကိုင်ကာ

."ဘယ်တော့မှငါလဲပြိုမှာမဟုတ်ဘူး.စိုးရိမ်မနေပါနဲ့..ဟုတ်ပြီလား..မင်းကိုယ်မင်းသာ
ဂရုစိုက်"

နူးညံ့နွေးထွေးသောအသံသည်တဖြည်းဖြည်းတင်းမာလာသည်

"ပြောစမ်းပါဦး..ဘာလို့အကြံပေးနဲ့အတူပြန်လာတာလဲ"

အသံအနေအထားကြောင့်Jingထိုအကြံပေးအားသူတစ်ယောက်တည်းသာသိသောအကြောင်းပြချက်များဖြင့်မနှစ်မြို့ဘူးဆိုတာLu Cangနားလည်လိုက်သည်

သက်ပြင်းချမိရင်းသတိပြန်ရလာသည်မှစ၍တဲဆီပြန်ရောက်လာသည်အထိအကုန်အစင်ပြောပြလိုက်သည်။အသေးစိတ်ပြန်လည်ပြောပြပေမဲ့လည်းHuan Shu Chengနှင့်တညလုံးစကားပြောနေခဲ့သည်ဆိုသော
ကိစ္စကိုတော့Jingနှစ်မြို့မှာမဟုတ်ကြောင်းသိ၍ထိမ်ချန်ထားလိုက်သည်
သစ်ပင်ကြီးတွင်မိုးဝင်ခိုကြောင်းမျှသာပြောပြထားသည်
Jingအကြောင်းပဲတစ်ချိန်လုံးတွေးနေပြီးJingဘေးနားပြန်ရောက်ဖို့ရန်သာအလောတကောဖြစ်နေကြောင်းကိုလည်းထိန်ချိန်ထားသေးသည်

"ကြည့်ရတာခန္ဓာကိုယ်ကိုသေချာစစ်ကြည့်ဖို့
လိုပြီထင်တယ်"
ပါးမှတစ်ဆင့်လည်တိုင်တစ်လျှောက်ကြင်နာစွာထွေးပွေ့ရင်းစိုးရိမ်ပူပန်နေသောLu Cangမျက်နာထားကိုလည်းလွန်စွာသဘောကျလျက်ရှိသည်
ပျော်ရွှင်မြူးတူးနေသောအသွင်ကြောင့်နားမလည်နိုင်ဖြစ်နေပြီးသေချာစစ်ကြည့်ရမည်ဆိုသောကြောင့်စိုးရိမ်သွားတာလည်းပါသည်။

ခန္ဓာကိုယ်မှာတစ်ခုခုဖြစ်နေလို့လား...မြားမှာအဆိပ်များပါနေတာလား

သို့သော်လည်းထင်မှတ်ထားသည်များနှင့်တတ်တတ်စင်လွဲသောစကားအားJingဆိုလာသည်

"အခြားယောက်ျားတစ်ဦးနဲ့အတူညအိပ်ခဲ့တယ်လေ"

"Xuan Yuan Jing!!!"

ဒေါသတြွေမင့်တတ်လာကာJingမျက်နှာကိုလက်ညိုးငေါက်ငေါက်ထိုးပြီး

"ကိုယ်လုပ်တော်တွေနဲ့ဘယ်လောက်ညအိပ်အိပ်ငါတစ်ခွန်းမှအပိုမပြောဖူးဘူး..
မင်းကများဒီလိုအကျင့်ပြတ်တဲ့ပုဒ်မနဲ့ငါ့ကိုစွပ်စွဲပြောဆိုရဲတယ်ပေါ့"

မဆင်မချင်စကားများသည်Lu Cangအားလွန်စွာစိတ်အနှောက်အယှက်ပေးလျက်ရှိသည်
Jingကတော့ 'ငါပြောတာအမှားမပါဘူး'ဆိုသောမျက်နှာထားနှင့်ပေါက်ပန်းစေးစကားများသည်Lu Cang၏မကျေမနပ်ချက်များကိုမြင့်တတ်စေ၍အသက်ရှုနုန်းတောင်ပုံမှန်မဟုတ်တော့။
ကွဲကွာခဲ့သောကာလတစ်လျှောက်လုံးတွင်စိတ်တွင်း၌Jingသာရှိခဲ့သည်။Jingဘေးကင်းဖို့ရန်အတွက်စိတ်ပူနေခဲ့သည်။Jingအားလွမ်းနေခဲ့သည်။
အခုလိုအပေါစားဆန်ဆန်စွတ်စွဲချက်များကြောင့်တွေးလေတွေးလေဒေါသများလောင်မြိုက်လာလေဖြစ်လာသည်။
Jingကတော့မုန်းတီးဖွယ်ကောင်းသောစကားအားပြောမိလိုက်ခြင်းအပေါ်လိပ်ပြာမသန့်သလိုတောင်မဖြစ်။ ရယ်တော့မယောင်မျက်နှာထားနှင့်အေးဆေးတည်ငြိမ်စွာသူ့အားကြည့်လျက်ရှိသည်။
ဒေါသများအထွက်အထိပ်ရောက်လာပြီးအိပ်ရာတွင်းမှထွက်ကာတဲအပြင်သို့ထွက်ရန်ပြင်သည်။
ထိုမှသာခန္ဓာကိုယ်တွင်အဝတ်မဝတ်ထားသည်အားသဘောပေါက်သွားတော့သည်။
ဒေါသတွေရောအရှက်တရားတွေရောပေါင်းကာမျက်နှာတစ်ခုလုံးနီမြန်းလာပြီးအမြန်အိပ်ရာလွှမ်းအားဆွဲခြုံလိုက်သည်။ အနှောင့်အယှက်ပေးလှသောJingသည်အိပ်ယာလွှမ်း၏အစွန်းတစ်ဖက်အားဆွဲကိုင်ထားကာကိုယ်ကိုအပြည့်မဖုံးလွှမ်းနိုင်အောင်ဟန့်တားနေသည်
ကောက်ကျစ်စဉ်းလဲသောအပြုံးတို့ကမျက်နှာထက်ဖြစ်တည်နေတာမလို့Lu Cangလည်းနောက်တစ်ကြိမ်ထက်ပေါက်ကွဲဖို့ရန်အဆင်သင့်ဖြစ်နေပြီ။
ဓားမြဗိုလ်ဖြစ်ခဲ့ဖူးသောအမူအကျင့်အတိုင်းဆဲဆိုသံများထွက်မလာခင်အားနဲ့တစ်ချက်ဆွဲလိုက်တာကြောင့်ယိုင်ကျသွားသည်။
ဘေးမှလှမ်းထိန်းပေးသောJingအကူအညီနှင့်အိပ်ရာပေါ်သို့ရောက်ရှိသွားသည်
ခန္ဓာကိုယ်အလေးချိန်အားအသုံးချကာအပေါ်မှာမလှုပ်နိုင်အောင်တတ်ခွနေတာကြောင့်

"မင်း!!"

Jingဘယ်လိုဘယ်ပုံဆော့ကစားနေခြင်းအားလိုက်နာဖို့ရန်လွန်စွာဒေါသထွက်နေသောLu Cangလည်းကြိုးစားပြီးတွန်းဖယ်ရင်း

"ငါသတိပေးတယ်နော်..ဖယ်စမ်းပါ"

Jingစကားတစ်ခွန်းမှမဆိုဘဲLu Cangလက်တွေကိုပူးကာခေါင်းအထက်၌ထားလိုက်သည်
ထိုပုံစံကြောင့်Lu Cangအသွင်ကညို့ဓာတ်ပျင်းကာဆွဲဆောင်နေသည့်ဟန်ပေါ်နေသည်
အချစ်ရည်တွေရွန်းလဲ့နေသောမျက်ဝန်းတစ်စုံနှင့်ကြည့်နေသောJingသည်စိတ်တိုလျက်ဆဲဆိုအော်ဟစ်နေသောLu Cangနှုတ်ခမ်းလေးအားအသံပိတ်စေလိုက်သည်
သူ၏ကာကွယ်မှုများသည်အသုံးမဝင်သောဆန့်ကျင်မှူဖြစ်သည်အားသိပေမဲ့လည်းLu Cangမတတ်သာ။
အဓိပ္ပာယ်မရှိစွာငြင်းဆိုမှုများသည်Jingအားပိုစိတ်လှုပ်ရှားစေတယ်ဆိုတာလည်းသူသိသည်။
ကြုံဆုံခဲ့သောဖြစ်ရပ်များအရလည်း Jingသည်သူ့ထက်သာလွန်သူဖြစ်ကြောင်းသက်သေပြလျက်ရှိပြီးရုန်းကန်လေလေမီးတောက်တွင်းဆီထည့်ပေးလေလေသာရှိသည်။
သို့ပေမဲ့လည်းဂုဏ်သိက္ခာကျဆင်းစေသောစကားများအားLu Cangအလျော့မပေးလိုက်နိုင်။

"အွန်း....."

ဆဲဆိုသံတွေသည်ညည်းငြူသံသာသာအဖြစ်ပြောင်းကုန်ကာJingဆန္ဒတွေအားလှုံဆော်လျက်ရှိသည်။
သန်မာသောဘယ်လက်သည်Lu Cangလက်ကောက်ဝတ်အားထိန်းချုပ်ကိုင်ထားပြီးကျန်လက်မှာစိတ်တိုင်းကျနယ်ချဲ့နေသည်။
ပိုးသားသဖွယ်ပျော့ပျောင်းသောဆံနွယ်များမှလည်တိုင်တစ်လျှောက်ထို့နောက်ထောင်မတ်နေသောအဖုလေးတွေဆီအရောက်သွားလိုက်သည်
နောက်ဆုံးဉီးတည်ရာကတော့နူးညံ့ပေမဲ့ပူနွေးနေသည့်Lu Cangခြေထောက်ကြားမှအရာလေးဆီသို့ဖြစ်သည်
ကျွမ်းကျင်သောလက်ချောင်းများကြောင့်တစ်ချက်နှစ်ချက်မျှသာပွတ်ဆွဲရုံLu Cangအရာလေးထောင်မတ်လာတော့သည်
ညာလက်တစ်ဖက်တည်းနှင့်ကြီးထွားနေဆဲဖြစ်သောLu Cangအရာအားနှိပ်နှယ်ပေးလျက်ရှိသည်။
ထိပ်အဝိုင်းအားလက်မဖြင့်ကျီစယ်နေရင်းကိုယ်ထည်ကိုရုတ်တရက်ဆွဲညစ်လိုက်သောJingလုပ်ရပ်ကြောင့်Lu Cangတွန့်လိမ်ပြီးရုန်းကန်လာသည်
Lu Cangမျက်နှာတစ်ပြင်လုံးသည်မင်္ဂလာဆောင်မည့်သတို့သမီးဝတ်ဆင်ထားသောအနီရောင်ပိုးသားဝတ်ရုံနှယ်နီမြန်းနေသည်
အသက်ရှူဖို့ရန်အခုမှအလွှတ်ပေးသောJingကြောင့်ပါးစပ်ပြန်မစိနိုင်ပဲဟောဟဲလှိုက်နေတော့သည်။

"မင်း...မင်း...ဖယ်ပေး"

အသက်ပြင်းပြစွာရူရင်းငြင်းဆိုချက်အားပီသစေရန်အသက်လုပြောလာသည်။
Jingသည်အိပ်ရာထဲတွင်ထိုသို့အမူအရာပြုမူတိုင်းနှစ်သက်လှသူဖြစ်သည်
အသက်ပြင်းပြစွာရူပြီးမျက်ရည်ကြည်များတွဲခိုနေသောမျက်ဝန်းများ ၊ဖူးရောင်နေသောနှုတ်ခမ်းအစုံ၊ သွေးဆောင်နေဟန်ကိုယ်နေဟန်ထား၊လည်တိုင်အထိပါစိုစွတ်စေသည့်ပါးစပ်မှစီးကျနေတတ်သောငွေမျှင်တန်းများ သည်Jingနှစ်သက်သောအရာများလည်းဖြစ်သည်
ထိုအခြင်းအရာအားသိသူဖြစ်ပေမဲယခုအခါမှာတော့ဂရုမထားနိုင်ပဲစိတ်ကြွအောင်လုပ်ပေးလျက်ရှိသည်
နောက်ထပ်စကားမဆိုနိုင်သေးခင်မှာတင်နှုတ်ခမ်းတွေသည်ထပ်မံသိမ်းပိုက်ခြင်းခံလိုက်ရသည်
ပူထွေးသောလျှာဖျားကဒေါသထွက်နေသူအားချိုးနှိမ်ဖို့ရာကျွမ်းကျင်စွာလှုပ်ရှားနေပြီးညာဘက်လက်သည်အခြားတစ်နေရာသို့စတင်နယ်ချဲ့နေပြီဖြစ်သည်
နူးညံလုံးဝန်းလှသောအတုံးလေးနှစ်ခုကြားရှိတုန်ယင်နေသောအဝကိုခပ်ဖွဖွလေး
ပွတ်ဆွဲပေးလာသည်။
ရုတ်တရက်ထိတွေ့မှုကြောင့်Lu Cangကိုယ်လေးတွန့်လိမ်သွားသည်။
ပိုင်ရှင်အားတည်ငြိမ်အောင်ချော့မြူနေသလိုအဝင်ဝကိုလည်းတဖြည်းဖြည်းလှု့ဆော်လျက်ရှိသည်။
ချစ်ရသူခန္ဓာကိုယ်ကိုအားစိုက်မလုပ်လို၍လက်ချောင်းတစ်ချောင်းထည့်ကာဖြည်းဖြည်း
မှန်မှန်လေးလှုပ်ရှားပေးနေလိုက်သည်။
လက်အတော်အများဝင်ရောက်နေချိန်တွင်ညည်းသံတွေအားLu Cangမထိန်းချုပ်နိုင်တော့
သွယ်လျှသလိုရှည်မျောသောလက်ခလယ်သည်Lu Cang၏အထိမခံနိုင်သောနေရာအားအလွယ်ပင်ရှာဖွေတွေ့ရှိသွားသည်
သာယာမှုအပေးဆုံးနေရာလေးအားခဏခဏ
လှုံ့ဆော်နေသောလက်ချောင်းများကြောင့်
တကိုယ်လုံးအားများဆုတ်ယုတ်သွားသလိုပင်ခံစားလိုက်ရသည်။
လိမ္မာပါးနပ်သောJingအဖို့အပြုအမူသေးသေးလေးပင်သူ့မျက်စိအောက်ကလွတ်သွားတယ်ဆိုတာမရှိ။
Lu Cangရုန်းကန်မှုတွေရပ်တန့်သွားသည့်အတွက်အနမ်းတွေမှလွှတ်ပေးလိုက်ပြီး
ရမ္မက်ခိုးဝေနေသောLu Cangမျက်ဝန်းတွေကိုစိုက်ကြည့်လာသည်။
ပြုံးလိုက်သောအပြုံးတစ်ချက်တွင်ကောင်းကင်ယံထက်ကြယ်များပင်မယှဉ်နိုင်ညိုးငှယ်ကြကုန်၏။

"Xiao Cang..သံသယဝင်တာမဟုတ်ပါဘူး..မင်းကငါအယုံကြည်ဆုံးသူလေ
ငါမယုံတာကအခြားတစ်ယောက်ကိုပါ..သူမင်းကိုထိမထိဆိုတာငါသေချာသိရမြှဖစ်မယ်"

"မဖြစ်နိုင်တာတွေပြောနေပြန်ပြီ..မင်းကလွဲပြီးငါ့ကိုဘယ်သူကများ
စိတ်ဝင်စားမှာလဲ"

နုံအလှသောစကားများကြောင့်Jingခပ်တိုးတိုးရယ်မိသည်။
ကိုယ်ဟာအရမ်းဆွဲဆောင်မှုရှိတဲ့သူဆိုတာLu Cangဘယ်တော့မှများသိမှာလဲ။
ထိုသို့ကောင်းကွက်များကိုLu Cangကိုပေးသိမှာမဟုတ်ဘူး ဒါတွေဟာJingတစ်ယောက်တည်းသာသိသောအရာတြွေဖစ်သည်။

Lu Cangရှိရာသို့တဖြည်းဖြည်းတိုးလာပြီးနှုတ်ခမ်းအစုံအားနူးညံ့စွာထပ်တူကျစေလိုက်သည်

အမ်း...နူးညံ့ပြီးချိုမြန်လှတဲ့နှုတ်ခမ်းလေး..

ပိုမိုနက်နက်နဲနဲနမ်းရင်းနှင့်Lu Cangနှုတ်ခမ်းမှချိုမြိန်မှုတွေကိုစားသုံးနေသည်
လှို့ဝှက်စွာဖြစ်တည်လာသောအပြုံးတစ်ခုနှင့်အတူစစ်ဆေးမှုကိစ္စရပ်အားဆက်လက်လုပ်ဆောင်နေပြီဖြစ်သည်။
Lu Cangအဆင်ပြေပြလှေဲနိုင်ရေးအတွက်Jingကိုယ်ကိုကြွပေးချိန်တွင်အခွင့်ကောင်းယူကာခါး၌ခြေထောက်နှစ်ဖက်ကိုLu Cangချိတ်တွယ်လိုက်သည်
အောက်ဘက်ရှိလုံးဝန်းနေသောတင်ဆုံနှစ်ဖက်အားညင်သာသည်လည်းမဟုတ်သလိုကျမ်းတမ်းသည်လည်းမဟုတ်သောနည်းဖြင့်ဆုပ်နယ်နေသည်
တစ်ဖက်တစ်ချက်ကိုက်ရာများပေးပြီးအလုံးနှစ်ခုအားထွေးပွေ့ရန်အောက်သို့ဆက်ဆင်းသွားသည်။
အဖုသေးသေးလေးတွေအားပြင်းတစ်ခါနူးညံ့တစ်လှည့်ဆုပ်ယူစားသုံးနေသည်မှာ
ဘေးနားပတ်လည်အညိုကွင်းများထသွားသည့်အထိပင်။
ပူထွေးနေသောခံတွင်းနဲ့လျှာ၏ကျွမ်းကျင်စွာလှုပ်ရှားမှုနှင့်အတူဝင်ပေါက်အားဆော့ကစားနေသောလက်ချောင်းများထည့်ပေါင်းလိုက်သည့်အခါLu Cangမတတ်နိုင်ပဲကျယ်လောင်စွာသည်းငြူမိတော့သည်။
အောက်ကလူထံမှထွက်ပေါ်လာသည့်ရင်ဖိုမောဟိုက်နေသောအသံကြောင့်နှုတ်ခမ်းများရှိရာသို့တဖန်ဉီးမော့လာသည်
ထိုစဉ်မှာပဲတင်းမာနေသောအရာအားတုန်ယင်နေသည့်ဝင်ပေါက်အတွင်းသို့တဖြည်းဖြည်းချင်းထည့်ကာသာယာမှုကိုစတင်ရှာဖွေတော့သည်
ခါးကိုလည်းဂရုတစိုက်ဖြင့်အပေါ်အောက်ရွေ့လျားလျက်ရှိသည်။
Lu Cangကျန်းမာဖို့ရာကအဓိကဖြစ်ကြောင်းကိုယ့်ကိုယ်ကိုသတိပေးနေရသည်။
စိတ်ဆန္ဒတြွေမင့်မားနေသော်လည်းLu Cangခန္ဓာကိုယ်အားဝန်မပိစေလို၍တမင်ပင်ထိန်းထားနေခြင်းဖြစ်သည်။

ခရီးဝေးမှာပြန်လာကာမောပန်းနေသည့်Lu Cangကြောင့်တစ်ကြိမ်တည်းပြီးရုံသာJingဆက်ဆံခဲ့သည်
ပြီးမြောက်သောအခါတွင်လည်းသန့်ရှင်းဖို့လွယ်ကူရန်အတွက်အပြင်မှာပဲပြီးစေလိုက်သည်
မည်သည့်အခါမှမကျေနပ်နိုင်သောအာသာရမ္မက်များသည်အခုအခါတွင်တော့ထိန်းချုပ်မှုအောက်တွင်ရောက်လျက်ရှိသည်။
ယနေ့သည်Xiao Cangပြန်လာသောနေ့ဖြစ်၍အလုံးစုံပြန်ကောင်းဖို့ကတော့စောင့်ရဉီးမည်
ထုံးစံအတိုင်းလိုပင်ပူပြင်းလှသောဆက်ဆံမှု၏လက်ကျန်ခြေရာများအားဘေးနားရှိပိုးပုဝါသုံး၍သန့်စင်ပေးလိုက်သည်။
ထို့နောက်နှစ်ကိုယ်အတူတကွအချစ်ပွဲရလဒ်အရမောကြီးပန်းကြီးအသက်လုရူနေဆဲဖြစ်သောLu Cangကိုယ်အားထွေးပွေ့လိုက်သည်

"Cang..ပြောတာနားထောင်ပါ..နောက်တစ်ခါဒီလိုအရမ်းမဲ့မလုပ်ပါနဲ့...ကြားလား"

အသက်ရူနှုန်းအားပုံမှန်ပြန်ဖြစ်သွားတော့စိတ်အနှောင့်အယှက်ပေးလှသောသူအားပြန်လည်တိုက်ခိုက်လာသည်။

"ငါလည်းအဲ့လိုပဲပြောရမယ်"

"နေပါဦးသခင်Lu...ကျွန်တော်မျိုးကဘယ်တုန်းကများမစဉ်းစားပဲလုပ်ဖူးလို့လဲ"

"တောင်းပန်ပါတယ်..အရှင်မင်းကြီး..အရှင်မင်းကြီးလိုပြီးပြည့်စုံတဲ့သူကဘယ်လိုများမစဉ်းစားဘဲလုပ်မှာတဲ့လဲ"

"အင်း...တော်တော်အပြောကောင်းနေပါလား..အကျွန်ုပ်ချစ်ရတဲ့သခင်Luကိုဘာများဆုချီးမြင့်ရမလဲ"

"လျှောက်တင်ပါသည်..အရှင်မင်းကြီး..
ကျွန်တော်မျိုးလိုနိမ့်ကျတဲ့သူကအရှင်မင်းကြီးကျန်းကျန်းမာမာနဲ့တိုင်းပြည်အုပ်ချုပ်နေတာကို
မြင်ရတာကိုပဲဝမ်းမြောက်ဂုဏ်ယူလှပါပြီ"

"မင်း"

သွင်မတူတမူထူးသည့်စနောက်ခြင်းအသစ်ကိုJingနှစ်သက်ပေမဲ့လည်းတစ်ခါတစ်ရံတော့Lu Cangအားစာပေလေ့လာစေခဲ့ခြင်းအားနောင်တရမိသည်။
ရုံးတော်ကျင့်ဝတ်ထုံးတမ်းတွေနှင့်ပတ်သတ်တာတွေသင်ပေးခဲ့သင့်သည်

ဥာဏ်ကောင်းသောသူအသံတိတ်ကျသွား၍Lu Cangတိုးညှင်းစွာရယ်မိသည်။
Jingမှသဘောကျသည့်အနေနှင့်ခေါင်းအားဖွဖွပဲပုတ်သွားသည်။
Jingအိပ်ရာမှထမည်ပြင်ချိန်တွင်Lu Cangလှမ်းဆွဲထားကာ

"မသွားနဲ့...ဒီမှာနေပါဦး..ငါ...ငါလွမ်းနေတုန်းပဲ"

ရှက်သွေးဖြာနေသောမျက်နှာလေးသည်အလွန်ပင်ချစ်ဖို့ကောင်းလှသည်
တွေ့ရခဲလှသောLu Cangအပြုအမူများသည်Jingတန်ဖိုးထားရသည့်ရတနာများဖြစ်သည်။

ချစ်စရာကောင်းလှတဲ့တောင်းဆိုမှုလေးကိုဘယ်လိုလုပ်လက်မခံပဲနေနိုင်မှာလဲ...

"ဘာဖြစ်လို့လဲ...အနားယူသင့်တယ်လေ..အားပြန်မပြည့်သေးဘူး"

စိုးရိမ်ပူပန်သောစကားများပြောနေသလိုလူလည်းဘေးနားမှာထိုင်ရင်းကာကွယ်ပေးသည့်ရင်ခွင်တွင်း
ဆွဲသွင်းလိုက်သည်

"ဒါပေမဲ့...မင်းကိုရှိနေစေချင်တယ်"

တစ်ရက်လေးကွဲကွာရတာတောင်ဆေးခါးတြွေပည့်နေသလိုနာကျင်လှသောနှလုံးသားကြောင့်Jing၏ကျောက်သားသဖွယ်ဖြူဖွေးသောကိုယ်အားတင်းကျပ်စွာပြန်ဖက်ထားလိုက်သည်
ပြန်လာရာလမ်းတစ်လျှောက်သည်အလွန်ပင်ကြာရှည်လွန်းသည်ဟုထင်မိပြီးလွမ်းခဲ့ရသည်အား
တွေးလိုက်ချိန်တွင်ငိုတောင်ငိုချင်လာသည်

ထို့နောက်အသိတစ်ခုသည်Lu Cangအားလာထိခတ်တော့သည်

တစ်ရက်လေးခွဲရတာကိုတောင်Lu Cangဒီလိုခံစားရတာ။တစ်နှစ်ပျောက်တုန်းက
ဆိုJingဘယ်လောက်တောင်ခံစားလိုက်လေမလဲ

သူမရှိသည့်တစ်နှစ်ကိုJingဘယ်လိုရင်ဆိုင်ခဲ့သလဲ။
ဘာမှမှတ်မိသောသူကတော့ဘာမှမခံစားရပေမဲ့Jingကတော့ကွဲကွာခဲ့ရသည့်အခံလည်းရှိတာကြောင့်ကြီးစွာသောစိတ်ဆင်းရဲမှုတွေခံစားခဲ့ရမှာပဲ။
ထို့အပြင်ဘယ်လောက်တောင်ကြာနေပါစေLu Cangအားဇွဲမလျော့ပဲဆက်လက်ရှာဖွေခဲ့သည်။
အမှန်တကယ်ပင်Lu Cangချစ်ကျွမ်းဝင်သွားသောအနှီယောက်ျားသည်ကြံခိုင်သန်မာ၍မှတ်သားစရာကောင်းသည်။
သူကတော့အတိတ်အားပြန်သတိရသွားချိန်တွင်Jingဆီမှချစ်ခြင်းမေတ္တာအားတောင်းတနေခဲ့သည်။
Jingအားတွေ့ချင်သည်
ဖက်ထားချင်ပြီးနွေးထွေးမှုအားရယူချင်သည်
Darongကိုပစ်ကာလိုက်လာခဲ့သည်အားပြန်တွေးမိတော့တကိုယ်လုံးတသိမ့်သိမ့်တုန်လာသည်။
ပိုမိုတင်းကျပ်စွာဖက်လာကာနောင်တရသည့်အကြောင်းများတိုးညှင်းစွာပြောနေသောLu Cangကြောင့်Jingပင်ဝေခွဲမရဖြစ်သွားသည်
ဒီအချိန်မှာတော့Jingပေးခဲ့သည်များအပေါ်တန်ဖိုးထားရကောင်းမှန်းနားလည်နေပြီဖြစ်သည်
မနေ့ညကကိုယ်ုကိုယ်ကိုပေးခဲ့သောကတိဖြစ်သည့်Jingထံမှချစ်ခြင်းတရားတွေကိုရောJing၏ဖြစ်တည်မှုအလုံးစုံကိုရောလက်ခံပါမည်ဆိုသောကတိအားသတိပြန်ရလာသည်။
Jingဘယ်လိုခံစားရမလဲနားလည်သွားချိန်တွင်အနှီသြဇာအာဏာအကြီးမားဆုံး၊ချောမောအလှပဆုံးယောက်ျားသားအပေါ်ချစ်ခင်တွယ်တာမှုတွေသည်လည်းအလွန့်အလွန်တိုးပွားလာခဲ့သည်။
အားအပြင်းနှင့်လှိုင်းထန်တတ်လာသောဝမ်းနည်းမှူတွေကြောင့်တားဆီးမရသောမျက်ရည်တွေသည်Jingရင်ဘတ်ဆီသို့တစ်ပေါက်ချင်းကျဆငလာတော့သည်

Lu Cangမျက်နှာလေးအားအနီးကပ်ဆွဲကာလှပသောအခန်းငယ်များနှင့်သီးခြတည်ရှိနေသည့်မျက်ဝန်းအစုံအားစူးစိုက်ကြည့်ရင်း

"ဘာဖြစ်တာလဲ..ဘယ်နေရာကအဆင်မပြေလို့လဲ"

ဤကဲ့သို့အခြေအနေမျိုးတွင်ရင်ထဲမှခံစားချက်တွေအားထုတ်ဖော်ပြောရန်
သင့်တော်သောစကားရှာမရဖြစ်နေသည်။ခံစားချက်များ၏အနက်အနည်းအားလုံလုံလောက်လောက်ဖော်ပြနေနိုင်မည့်စကားလုံးဆိုတာမရှိ။
ထိုနည်းသာအကောင်းဆုံးဖြစ်မည်တွေးရင်းတောက်ပရွန်းစိုနေသောမျက်ဝန်းများနှင့်ကြည့်လိုက်သည်။

အဖြေအစားအနမ်းတစ်ခုကိုသာJingရရှိ၏။

အချိုမြိန်ဆုံးသောအနမ်း..Lu Cangရင်ထဲမှအချစ်တွေနှင့်ကျေးဇူးတရားတွေအပြည့်ပါသောအနမ်း..
Lu Cangမှစပေးသောရမ္မက်မပါသည့်အချစ်ထုံလွှမ်းသောအနမ်းများသည်လည်းတန်ဖိုးရှိသောရတနာမျာဖြစ်သည်
အတိတ်ကိုပြန်လည်သတိရပြီးနောက်Lu Cangသည်အရင်လိုခံစားချက်များကိုမသိမ်းထားတော့ဘဲထုတ်ပြောဖို့ရန်ပိုပြီးသတ္တိရှိလာခဲ့သည်
ထိုသို့သောအခြင်းအရာများအားJingပိုလို့နှစ်သက်သည်မှာသံသယဝင်စရာပင်မလို။
ဧကရာဇ်အပေါ်ရိုင်းနိုင်သမျှရိုင်းစိုင်းနိုင်သူသည်ဒီကမ္ဘာမြေတွင်Lu Cangတစ်ယောက်တည်းသာရှိသည်

Lu Cang၏နူးညံလှသောဆံပင်တွေဆီလက်ချောင်းများထိုးသွင်းလျက်အခြားလက်မှလည်းချောမွေ့သောကျောပြင်အားပုတ်ပေးရင်းအနမ်းတွေအားနက်နဲစေလိုက်သည်
တပ်မက်ခြင်းရမ္မက်ခိုးဝေမနေပဲစင်ကြယ်သောချစ်ခြင်းများသာသီးသန့်ဖြစ်တည်သည်။
တခဏလေးအတွင်းမှာအချိန်သည်လည်းအဓိပ္ပာယ်ရှိမနေတော့။တဲခေါင်မိုးထက်သာယာနာပျော်ဖွယ်တေးသံစဉ်နှယ်တဖွဲဖွဲကျနေသောမိုးစက်များကဲ့သို့တိမ်မြုပ်ပျောက်ကွယ်သွားသည်
ထက်များပျောက်ကွယ်သွားလေမလားစိုးရိမ်ခြင်းမရှိတော့သောLu Cangသည်
jingအားတင်းကျပ်စွာထွေးပွေ့လာသည်။
လွန်စွာပင်ပန်းနေတာကြောင့်ပဲလားလွန်စွာမြင့်တတ်လာသောချစ်ခင်တွယ်တာမှုများကြောင့်ပဲလားတော့မသိ။Lu Cangသည်ချမ်းသာသုခနှင့်ပြည့်စုံသောအိမ်မက်ကမ္ဘာသို့တဖန်ပြန်လည်ရောက်သွားသည်။

ချစ်ရဆုံးသောသူရင်ခွင်တွင်းကိုယ်ရောစိတ်ပါအနားယူသွားတော့သည်။

••••••

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now