Chapter 6

11.8K 920 41
                                    

[[Zawgyi]]

ယာယီစစ်ပြေငြိမ်းရန်ဆွေးနွေးပွဲအနှောက်ယှက်ခံခဲ့ရသည့်နေ့ညသန်းခေါင်ယံအချိန်

နွေအခါ၏ညအချိန်တွေသည်နေ့အချိန်ပူလောင်မှုငွေ့ငွေ့လေးကျန်ရစ်နေသေးသော်ငြားလည်းအေးစက်လှသည်။
တိတ်ဆိတ်မှုကိုဖြိုခွဲလျက်ထွက်ပေါ်လာသောပုစဉ်းရင်ကွဲအော်သံများကလည်းနှလုံးအစုံကိုမရေရာသောပူပန်မှုပေးလျက်ရှိသည်။
ပုံမှန်ဖြစ်နေသောညအခါသည်ဆောင်ကူးစင်္ကြလမ်းတစ်လျှောက်ခပ်သွက်သွက်လျှောက်လာသောခြေလှမ်းနှစ်စုံမှဖြိုခွဲခြင်းခံလိုက်သည်။မညီမညာအလျှင်လိုဟန်ဖြစ်နေသောခြေသံတွေကဘယ်လောက်ပင်စိုးရိမ်ပူပန်နေကြောင်းဖော်ပြနေသည်။လက်ရာမြောက်လှသည့်ကျွန်းတံခါးအစုံရှေ့တွင်ခြေလှမ်းများကိုရပ်တန့်လိုက်ပြီးဘေးဘီလူအရိပ်အခြေတစ်ချက်ကြည့်ကာတံခါးကိုတွန်းဖွင့်ဝင်သွားကြသည်။ထိုသူနှစ်ဉီးကိုရုတ်တရက်မြင်လိုက်ရသောအိမ်စေမလေးသည်ကျယ်လောင်စွာအော်တော့မည်ပြင်နေသောမိမိပါးစပ်အားအမြန်ပိတ်လိုက်ပြီး

"သခင်လေး....မမလေးကအိပ်ပျော်နေပါပြီ"

"နိုးလိုက်...အရေးပေါ်ကိစ္စြဖစ်နေပြီ"

"တောင်းပန်ပါတယ်သခင်လေး..မမလေးကအရှင်မင်းကြီးကြွလာတယ်ဆိုရင်တောင်မနိုးဖို့မှာထားပါတယ်"

"Ru Ai, ငါအမိန့်ပေးနေတယ်နော် အခုချက်ချင်းသွားနိုး"

အမိန့်သံအားမလွန်ဆန်နိုင်ဘဲအတွင်းခန်းတွင်းသို့ပြေးဝင်သွားသည်။ဧည့်စောင့်စားရာနေရာသည်နန်းတော်၏အပျိုတော်ဟူသောအမည်နာမနဲ့အညီ အဖိုးထိုက်စွာတန်ဆာဆန်ထားလျက်ရှိသော်လည်း အနှီဧည့်သည်နှစ်ဉီးမှာကြည့်ဖို့ဆိုသည်မှာဝေးပူပန်မှုများနှင့်သာအခိုးဝေလျက်ရှိသည်။မျက်လုံးနှစ်စုံမှာ အိမ်စေမလေးဝင်သွားရာအတွင်းခန်းသို့မျှော်လျက်စိတ်မရှည်စွာစောင့်စားနေကြသည်။အချိန်အတော်ခန့်ကြာမြင့်ပြီးမှအလွန်တရာချောမောလှပသောမိန်းမပျိုလေးသည်အတွင်းခန်းမှတစ်လှမ်းချင်းဆီထွက်ပေါ်လာသည်။ခမ်းနားထည်ဝါသောဝတ်ရုံဝတ်ဆင်ဖို့ရန်အချိန်မရ၍ဝတ်ထားလတ်စရိုးရှင်းသောဝတ်ရုံကိုသာဝတ်ဆင်ထားသည်။ကရိုကရိုထုံးဖွဲ့ထားသောဆံနွယ်များသည်မျက်နှာထက်လျောကျနေကြသည်။

ထိုဧည့်သည်နှစ်ဉီးအားတစ်ချက်ကြည့်ကာသာယာပေမယ့်လည်းတည်ကြည်သောအသံဖြင့်

"စစ်သူကြီး Yan Li ညသန်းခေါင်ကြီးလာနှောက်ယှက်တယ်ဆိုတော့သတင်းကောင်းများပါလာဖို့မျှော်လင့်မိပါတယ်"

ရိုသေသမှုဖြင့်ခေါင်းငုံ့ထားသောကြောင့် ပူပန်နေသောစစ်သူကြီးYan Liမျက်နှာအား
မိန်းမပျိုမမြင်ရ။ဘေးတွင်ရပ်နေသောတပ်မှူးYan Yiကတော့မျက်မှောင်ကျုံနေခြင်းမှလွဲ၍တည်ငြိမ်သည်ဟုပြောရမည်။

"ထင်ထားသလိုဖြစ်မလာတဲ့အတွက်စိုးရွံ့မိပါတယ် "

ပူပန်မှုများအတိုင်းသားထင်ဟပ်နေသောစစ်သူကြီးYan Liမျက်နှာသည်
အစီစဉ်မအောင်မြင်ဘူးဆိုသည်အားအတိုင်းသားဖော်ပြနေသည်။

"ဘာဖြစ်သွားတာလဲ"

မကောင်းသောသတင်းဖြစ်သည်မှာသေချာနေပေမယ့်လည်းနောက်ဆုံးမျော်လင့်ချက်လက်ကျန်လေးအားလက်ကိုင်ဆွဲကာစစ်သူကြီးYan Li အားမေးလိုက်သည်။

"အနူးအညွတ်တောင်းပန်ပါတယ်..ကျွန်တော်တို့လူတွေအခုပဲသတင်းပို့လိုက်ပါတယ်..ဖမ်းခံထားတဲ့ အကျဉ်းသားတွေလွတ်သွားပါပြီ"

"ဘာ!!!"
အော်သံနှင့်အတူမျက်ဝန်းအစုံလည်းလုံးဝန်းလာသည်။
မျော်လင့်ထားတာတဲ့ပိုဆိုးရွားလှတဲ့အခြေအနေကြောင့်အမျိုးသမီး၏နှလုံးအစုံမှာ ရပ်တန့်မလိုပင်ဖြစ်သွားသည်။ပထမကတော့ထိတ်လန့်နေရာမှဒေါသများအစားထိုးဝင်ရောက်လာသည်။
ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ငြိမ်လာအောင်အချိန်တစ်ခုထိယူလိုက်ရပြီးပြင်းပြစွာအဖြေတောင်းဆိုလာပြန်သည်။

"ရှင်းပြစမ်း..ဒါဘယ်လိုဖြစ်သွားတာလဲ
စီစဉ်ထားသလို သေချာအောင်မလုပ်နိုင်ကြဘူးလား"

"Xiang Yu, မင်းဘယ်လိုပြောလိုက်တာလဲ"

စောနဉီးက အိမ်စေအားအမိန့်ပေးသည့်သူသည်ယခုမှစကားဝိုင်းထဲဝင်ပါလာသည်

"အစ်ကို ၂..နှစ်ယောက်လုံးကိုစော်ကားလိုခြင်းမဟုတ်ပါဘူး ဒါပေမဲ့ ညီမတော်တို့ရဲ့အကျပ်အတည်းပြဿနာတွေကိုသေချာလေး နှလုံးသွင်းစေချင်တယ်
တစ်ခုခုလွဲသွားခဲ့မယ်ဆိုရင်ရလာမဲ့အပြစ်ဒဏ်ကသက်ညှာမဲ့ဟာတော့မဟုတ်ဘူး
ညီမတော်တို့ကအခုသွေးအေးရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့
Datongဧကရာဇ်Jing Zongနဲ့ထိပ်တိုက်တွေ့နေရတယ် ပြီးတော့
စစ်ရေးဗျူဟာကျွမ်းကျင်လှတဲ့ဖခမည်းတော် Li Xiangကိုယ်တိုင်တောင်ခံခဲ့ရတဲ့သူ..နောက်ထက်တော့ဒီလိုအမှားမျိုးထပ်မမှားသင့်ဘူး"

"ပြီးတော့ဒီလိုအမှားမျိုးဘယ်လိုဖြစ်သွားတာလည်းသေချာရှင်းပြနိုင်မလား..ကြံရွယ်စဉ်က
ဟာကွက်စိုးစဉ်မျှမရှိပါဘူး"

မိန်းမပျိုYuသည်ဖခမည်းတော်ထံမှအမွေရထားသောသူမ၏ကြံရွယ်ပုံများနှင့်ပတ်သက်ပြီးယုံကြည်ချက်အပြည့်ရှိသည်။ကြံရွယ်ပုံများအားဖခည်းတော်ကိုယ်တိုင်သင်ကြားပေးခဲ့တာဖြစ်ပြီးသူမလက်အောက်မကျရှုံးသေးသူမှာအိမ်ရှေ့စံသာကျန်ရှိတော့သည်။သူမ၏ပြီးပြည့်စုံလှသောအကြံအစည်ကိုဖျက်ဆီးသူအားစိတ်တွင်းတွင်တော့ကျိန်ဆဲနေမိသည်။အရှေ့မှသူနှစ်ဉီးသည်ဘယ်ကနေဘယ်လိုစတင်ရှင်းပြရမည်မသိပဲတွန့်ဆုတ်နေကြ၍မိန်းမပျိုYuလည်းဒေါသတွေကိုမြိုသိပ်ကာလမ်းကြောင်းခင်းပေးလိုက်သည်။

"လူမှားပြီးဖမ်းသွားတယ်ဆိုတာတော့သိပြီးပါပြီ"

အိမ်ရှေ့စံအဖမ်းခံလိုက်ရပြီးနောက်အသုံးမကျလှသောဘုရင်သည်သူ့ကိုယ်စားကိစ္စအဝဝစီစဉ်ပေးသူ၊သူမှီခိုအားထားရမည့်သူမရှိတော့၍ဧကရာဇ်Jing Zongရန်လည်းကြောက်သည်နှင့်တူသည်။
အပျိုတော်ရင်ခွင်ထဲတိုးကာအကြောင်းစုံဖွင့်ဟထားဟန်ရှိသည်။

"Datongဧကရာဇ်မဟုတ်တောင်အဆင်ပြေပါတယ် အဲ့သူကိုအသုံးချပြီးသူ့ကိုနိုင်ကွက်နင်းလို့ရတာပဲ"

သူမ၏အေးစက်လှသောအသံသည်နားထောင်သူတို့၏နှလုံးသားကိုထုတ်ခြင်းပေါက်ဝင်ကာအေးခဲသွားနိုင်အောင်ပင်မာကျောလှသည်

"ဒါပေမဲ့ အမှားမှားအယွင်းယွင်းနဲ့ အိမ်ရှေ့စံHuan Shu Chengကိုပါ ပါအောင်ခေါ်လာတယ်
သူကဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ အဲ့ဒီသူအခုလွတ်သွားပြီ...
အစီအစဉ်ပျက်ရုံတင်မကဘူး  Huan Shu Chengကညီမတော်ကိုသံသဝင်မှာ စိုးရိမ်မိပါတယ်
စဉီးစွာကတည်းက သူ့ဖခမည်းတော်ကိုမြူဆွယ်တယ်စွတ်စွဲပြီး မိဖုရားကိုယ်စားလက်စားချေဖို့ဟန်ပြင်နေသူပါ"

ချောမောလှပသောမျက်နှာသည်အခုအခါတွင်တော့တိမ်ဖုံးလျက်ရှိသည်။သေသပ်သောမျက်ခုံးရိုးများတွန့်ကောက်ကွေးနေပုံအရနောက်ထပ်ယုတ္တိတန်သောအကြံအစည်အားအပြင်းအထန်စဉ်းစားနေပုံရသည်။
အိမ်ရှေ့စံသည်အပြင်ပန်းကသာတည်ငြိမ်နွေးထွေးဟန်ပေါ်ပေမဲ့လည်းသူမအတွက်တော့တကယ့်အန္တရာယ်ကောင်လို့ဆိုရမည်။သူမရဲ့အလှအပနဲ့အချော့အမြူလေးများဟာMingdiမှယောက်ျားသားများကိုသာမကဘုရင်ကို၌ကိုပင်လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပေမဲ့အိမ်ရှေ့စံကတော့တုန်လှုပ်ခြင်းစိုးစဉ်မျှမရှိခဲ့။
သူပိုင်ဆိုင်သောကိုယ်လုပ်တော်ပင်ဆယ်ယောက်မပြည့်သောသူလည်းဖြစ်သည်။နိုင်ငံအရေးနှင့်စစ်ရေးစစ်ရာတွင်ထူးချွန်ပြောင်မြောက်သူဟုဂုဏ်သတင်းမွှေးသူဖြစ်သည်။

"အိမ်ရှေ့စံကညီမတော်ရဲ့ဟာကွက်ကိုစောင့်ကြည့်နေတာကြာပြီ....
ဒီတစ်ခါကိုအသုံးချပြီးညီမတော်ကိုဖယ်ရှားမှာသေချာမလွဲပဲ"

"အခု ငါ့ကိုအပြစ်တင်ချင်နေတာလား....Xiang Yu...
အစတည်းကဒီအကြံအစည်ကအန္တရာယ်များတယ်လို့ပြောခဲ့တာပဲ..ကျရှုံးခဲ့မယ်ဆိုရင်ပေးဆပ်ရမှာများမှာပဲ"

"Datongဧကရာဇ် အမြစ်ဖြတ်ချေမှုန်းခံလိုက်ရတဲ့ငါတို့နိုင်ငံအတွက်ကလဲ့စားချေဖို့အစား
နင်ကတော့ အေးအေးချမ်းချမ်းအိပ်နေနိုင်တယ်..Xiang Wenအကြောင်းလည်းခုထိဘာမှမကြားရသေးဘူး"

"စဉ်းစားတာပေါ့ အစ်ကို၂ရယ်..ဒါပေမဲ့
ညီမတော်ကကိုယ်လုပ်တော်အဆင့်ဆိုတာမမေ့ပါနဲ့ နန်းတော်ကနေကိုယ်ထင်သလိုထွက်လို့မရပါဘူး..ဒါနဲ့ ဧကရာဇ်Jing Zong....အစ်ကိုတော့်ကိုသံသယဝင်သွားသေးလား
Xiang wenနဲ့အစ်ကိုတော်ကအလွန်တူတယ်"

စစ်သူကြီးYan Liရဲ့ညီအဖြစ်နန်းတွင်းသို့ဝင်ရောက်လာသူသည်အမှန်တကယ်တမ်းတော့
အပျိုတော်Yu၏အစ်ကိုတော်မင်းသား Li Yi Xiang ဖြစ်သည်
သူနဲ့ Xiang Wen သည် တမိတည်းထွက်သွေးချင်းများဖြစ်ပြီး အလွန်ဆင်ကြသည်
ဒုတိယမြောက်အကြီးဆုံးဖြစ်သည့်အတွက်အိမ်ရှေ့စံအစ်ကိုအကြီးဆုံးလိုပူပန်မှုမများဘဲလွတ်လပ်မှုကိုနှစ်သက်သူဖြစ်သည်။ပလ္လင်အားမမက်ပဲလွတ်လပ်မှုအားလိုလားသူဖြစ်၍ကိုယ်ပိုင်စွန့်စားမှုများကိုရှာဖွေနေသူဖြစ်သည်။သူတို့တိုင်းပြည်အားဧကရာဇ်Jingချေမှုန်းစဉ်အခါက အပျော်အပါးနောက်လိုက်ရင်း
တိုင်းပြည်ပြင်ပရောက်ရှိနေချိန်ဖြစ်သည်။
တိုင်းပြည်အခြေအနေအားကြားချိန်တွင်အာဏာမမက်သောသူပင်ယူကျိုးမရဖြစ်မိသည်။
မင်းသားတစ်ပါးအနေဖြင့်ရရှိခဲ့သောချမ်းသာကြွယ်ဝမှု၊မိန်းမပျိုများ၊ကိုယ်ထင်သလိုသွားလာနိုင်ခြင်းတို့အပေါ်သာယာခဲ့သည်မဟုတ်ပါလား။
ယခုလိုတပ်မှူးအနေဖြင့်နေရချိန်မှာကံဆိုးမိုးမှောင်ကျမှုတွေယူဆောင်လာခဲ့သောထိုလူသားအပေါ်နက်ရှိုင်းသောအမုန်းတရားများနှင့်မကျေနပ်ချက်များသာကျန်တော့သည်။

တိုင်းပြည်အကြောင်းကြားချင်းပင်သနားစွယ်နုံချာသောအခြေအနေရောက်ရှိနေသည့်မိမိတိုင်းပြည်ဆီသို့အရောက်ပြန်လာခဲ့သည်။သောကပူဆွေးမှုတွေနှင့်ရွေးချယ်စရာမရှိတော့ပဲအရှေ့ဘက်ဒေသခြမ်း၌အင်းအားအကြီးမားဆုံးဖြစ်သောMingdiတိုင်းတွင်အပျိုတော်အဖြစ်ရှိနေသည့်ညီမတော်ထံအကူအညီတောင်းရန်ရောက်လာခဲ့သည်။ညီမတော်မှအကူအညီမပေးလိုပေမဲ့အစ်ကိုတော်ဆိုသောနေရာအားအသုံးချကာအမိန့်ပေးပြီးကလဲ့စားချေဖို့ကြံရွယ်ခဲ့ခြင်းဖြစ်သည်။တစ်ဆင့်ပြီးတစ်ဆင့်စနစ်တကျရေးဆွဲထားသောအကြံအရွယ်ဖြစ်၍အမှားမပါဘူးလို့တွေးထင်ထားကြသည်။

ပထမဆုံးခြေလှမ်းအနေဖြင့် စစ်သူကြီး Yan Li၏တောရွာမှညီအဖြစ်ဟန်ဆောင်ကာ
ဘုရင့်ကိုယ်ရံတော်တပ်မှူးရာထူးကိုအရယူခဲ့သည်။
တုံးအတဲ့ဘုရင်ကယုံခဲ့ပေမယ့်အိမ်ရှေ့စံကမယုံကြည်ဘဲစုံစမ်းမှုပြုလုပ်ခဲ့သေးသည်။
သိုပေမဲ့လည်းYan Liတွင်Yan Yiဟူသောအဝေးရောက်နေသည့်တကယ့်ညီအရင်းရှိနေသဖြင့်အိမ်ရှေ့စံHuan Shu Cheng အားဆက်လိမ်နိုင်ထားခဲ့သည်။

နောက်တစ်ဆင့်တွင်အရှေ့ပိုင်းဒေသအတွင်းရှိတိုင်းပြည်အသီးသီးသို့လက်ဆက်ပဏှာဆက်သခြင်းခံထားရသည့်ညီအစ်မတော်များနှင့်လည်းအဆက်အသွယ်ရရှိခဲ့သည်။ကံကောင်းလှစွာပင်Xiangတိုင်းပြည်မှမင်းသမီးများသည်အခြားအရည်အချင်းများတော့မသိအလှအပမှာတော့ကောင်းချီးပေးခြင်းခံထားကြသူများဖြစ်သည်။မိန်းမပျိုYuလိုပင်သက်ဆိုင်ရာဘုရင်၏မျက်နှာသာပေးမှုကိုရထားကြ၏။Yi Xiang၏အမိန့်အရလက်တုံ့ပြန်ရာတွင်ပါဝင်ပူးပေါင်းမည်ဟုစာပြန်ထားကြသည်။

Mingdi တွင်အေးချမ်းစွာနေထိုင်ခဲ့သည့်သူမမှာလည်း အစ်ကိုတော်ရောက်ရှိလာကတည်းက ဘယ်အရာမှ ရတတ်မအေးနိုင်တော့။အစကတည်းကကလဲ့စားချေဖို့သူမစိတ်မဝင်စားလှ...တိုင်းပြည်အကြောင်းသိစဉ်ကလည်းဝမ်းနည်းမိပေမဲ့လက်ဆောင်ပဏှာအဖြစ်ပို့သခြင်းခံထားရသူဖြစ်သည့်အတွက်ပြန်သွားဖို့ဆိုတာကလည်းမဖြစ်နိုင်။အကိုတော်ကဲ့သို့အရာအားလုံးဆုံးရှုံးလိုက်ရသူမဟုတ်တာကြောင့်သူမဘဝကိုသာသူမအရေးစိုက်နေမိသည်။သူမနေရာအားထိခိုက်လာနိုင်သည့်အကျပ်အတည်းကြောင့်ပျက်စီးတော့မည့်ကိုယ့်အဖြစ်အားအစ်ကိုတော်ထံတစ်ဝက်မျှတော့အပြစ်ပုံချမိသည်။သူမသည်ဖခမည်းတော်အားချစ်သည်မှန်ပေမဲ့လည်းအခြားဆွေတော်မျိုးတော်များနှင့်ပတ်သတ်၍အရေးစိုက်ခဲ့သူမဟုတ်။ငယ်ရွယ်စဉ်ကတည်းကYi Xiangပြောလျှင်ဘယ်သူမြှငင်းဆန်နိုင်တယ်ဆိုတာမရှိ။အစ်ကိုတော်အစ်မတော်များကြားတွင်လည်းခေါင်းအမာဆုံးဟုနာမည်ကြီးသည်။သူလိုချင်သောအရာအားဘာပဲလုပ်ရလုပ်ရ ရအောင်ယူတတ်သောသူလည်းဖြစ်သည်။Xiang Yuသည်အစ်ကိုတော်၏ကလဲ့စားချေချင်လွန်းသောစိတ်အားသိပ်တော့မကျေနပ်လှ။

ကလဲ့စားချေတော့လည်းဘာများပြန်ရမှာလဲ...ဖခမည်းတော်လည်း
သေသွားပြီဖြစ်ပြီးပြည်လည်းပျက်နှင့်နေပြီ..ကလဲ့စားချေလိုက်လို့လည်းအရင်လိုပြန်မဖြစ်လာနိုင်တော့ဒါပေမဲ့ မှားယွင်းသွားရင်ခံရမယ့်ပြစ်ဒဏ်ကကြီးမားလွန်းလှသည်

Xiang Yu အတွေးနဲ့ပင် တစ်ကိုယ်လုံးတုန်ယင်လာသည်။Yi Xiangကတော့ကလဲ့စားချေ ချင်လွန်းအားကြီးပြီးဘာမှမမြင်နိုင်တော့။

အရှေ့အရပ်ဒေသအားလွှမ်းမိုးလိုသောDatongသည်တဖြည်းဖြည်းနှင့်Mingdiဆီသို့အရောက်လာမှာကြိုမှန်းဆခဲ့ကြသည်။မှန်းဆရန်ခက်သောDatongဧကရာဇ်၏လှုပ်ရှားမှုများကိုမသိနိုင်ပေမဲ့Mingdiနန်းသိမ်းရန်ကိုယ်တိုင်လာရောက်လေမလားစောင့်စားနေခဲ့ကြ၏။ဧကရာဇ်ရောက်လာမှသာအောင်မြင်မယ်ဖြစ်သောအကြံအရွယ်သည်ကံကောင်းလှစွာပင်ဧကရာဇ်ကိုယ်တိုင်ရောက်လာ၍အကောင်အထည်ဖော်နိုင်ခဲ့သည်။
အဖက်ဖက်ကနေသေချာစီစဉ်တွေးတောကာလုပ်ခဲ့သောအကြံအစည်ဖြစ်တာကြောင့်အားနည်းလှသောဘုရင်သည်စစ်ပြေငြိမ်းမည်ဖြစ်ကြောင်းကြိုတွတ်ထားပြီးသားဖြစ်သည်။Datongမှစတင်စစ်ပြေငြိမ်းကြောင်းကမ်းလှမ်းသည်မှာမထင်မှတ်ထားသောအကြောင်းအရာဖြစ်ပေမဲ့အကြံအစည်ကတော့ရှေ့ဆက်နိုင်ခဲ့သည်။Datongဧကရာဇ်အတွက်အားပြင်းလှသောမေ့ဆေးအားYi Xiangစီစဉ်ပြီးသားဖြစ်သည်။
မိတ်ဆြွေဖစ်သောအမဲလိုက်မုဆိုးများထံမှရရှိထားခြင်းဖြစ်ပြီးသာမန်လူဆိုလျှင်တစ်ပတ်လောက်မေ့နေစေကာအားနည်းသောသူဆိုလျှင်သေတောင်သွားနိုင်သည်ဟုဆိုသည်။အနှီဧကရာဇ်ကျင်းဇုန်သည်ဥာဏ်သာထက်ပြီးခန္ဓာကိုယ်ကတော့ပျော့ညံ့ပုံပေါ်သည်။မေ့ဆေးအရာကပင်သူအပေါ်အတော်ဆေးစွမ်းသက်ရောက်သွားမှာသေချာသည်။

"မဖြစ်နိုင်ဘူး..အဲ့ဒီဧကရာဇ် သံသယဝင်မယ်လို့မထင်ဘူး...
ဘုရင် Hu tongငါတို့ကိုမိတ်ဆက်ပေးတုန်းက ဘာအမူအရာမှမပြဘူး...ဒါပေမဲ့သူရဲ့ လက်ထောက်စစ်သူကြီးဆိုသူကတော့ သံသဝင်နေပုံပဲ...
ငါလှုပ်ရှားသမျှတောက်လျှောက်ကြည့်နေတော့တာပဲ...အဲ့ဒီစစ်သူကြီးသာငါပစ်လိုက်တဲ့မြှားကိုဝင်မကာခဲ့ရင် စီစဉ်ထားတာတွေပျက်မှာမဟုတ်ဘူး...
အိမ်ရှေ့စံမှားပြီးပါလာတကလည်း နင်ရှင်းပစ်ချင်နေတာနဲ့အတော်ပဲဖြစ်သွားမှာ"

"မင်းသား Yi Xiang, စိုးရွံ့မိပေမဲ့
အိမ်ရှေ့စံကိုရှင်းပစ်ဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်ပါဘူး"

Mingdiအတွင်းရေးများအားသေချာမသိဘဲပြောဆိုလာသောစကားများကြောင့်စစ်သူကြီးYan Li မှ အမှားဝင်ထောက်လိုက်သည်

"ဘာကိုဆိုလိုတာလဲ စစ်သူကြီးYan, သူကမင်းတို့နှစ်ယောက်လုံးအတွက် အတားအဆီးပဲမလား
သူ့ကိုရှင်းပစ်ဖို့ကအစီအစဉ်တိုင်းပဲမလား"

"ဟုတ်ပါတယ်..ဒါပေမဲ့ လွန်ခဲ့သောလတွေတုန်းကတွေ့ခဲ့မှာပါ စစ်ရေးစစ်ရာနဲ့တိုင်းပြည်ရေးရာတွေကိုအစစအရာရာဉီးဆောင်ပေးနေသူကအိမ်ရှေ့စံHuan Shu Chengပါ ဘာမှဉီးဆောင်နိုင်စွမ်းမရှိတဲ့ဘုရင်ကိုနန်းမချပဲအိမ်ရှေ့စံအရာသာဆက်ခံထားပေမဲ့များပြားစွာသောအောင်မြင်မှုတွေကြောင့်ထောက်ခံသူဆိုသည်မှာလည်းများလှပြီးဘုရင်ထက်ပင်အာဏာရှိသူဆိုလည်းမမှားပါ..သို့ပေမဲ့လည်းနန်းတတ်ရမည့်အစားအကြံပေးရာထူးကိုသာတမင်ရည်ရွယ်ရွေးချယ်ခဲ့သူလည်းဖြစ်ပါတယ်"

စစ်သူကြီးYanသည်အရင်ကစစ်တပ်တွင်အာဏာအရှိဆုံးဖြစ်ပြီးစစ်တပ်အားကိုယ်တိုင်စိတ်တိုင်းကျချယ်လှယ်နိုင်ခဲ့ပေမဲ့Huan Shu Chengစစ်ရေးအကြံပေးနေရာယူလိုက်သောအခါစွမ်းပကားများအားတွေ့မြင်ပြီးသူ့ဘက်တဖြည်းဖြည်းပါကုန်ကြ၏။ပြောင်းလဲသောနည်းလမ်းများနှင့်လည်းစစ်သည်များ၏စိတ်ဓာတ်ရေးရာကိုမြင့်တင့်ပေးခဲ့၏။အခုအချိန်မှာတော့စစ်သူကြီးရာထူးအားဘေးချကာHuan Shu Chengလက်ထောက်သာသာပင်
ဖြစ်နေသည်ကတော့အမှန်ပင်။အရာအားလုံးသည်အိမ်ရှေ့စံလက်တွင်းပါသွားကြသည်။
ဂုဏ်ယူဝံ့ကြွားတတ်သောစစ်သူကြီးYanသည်အိမ်ရှေ့စံဖြစ်သော်ငြားလည်းသူ၏အငယ်တန်းသာဖြစ်တာကြောင့်ဂုဏ်ငယ်လှသည်ဟုထင်မိသည်။စစ်တပ်အာဏာအားဆုံးရှုံးလိုက်ရသည့်အပေါ်လက်မခံနိုင်ဖြစ်နေခဲ့သည်။စစ်တပ်တစ်တပ်လုံးလက်ထဲရြှိခင်းဆိုသောအဓိပ္ပာယ်သည်တိုင်းပြည်လက်တွင်းရှိနေခြင်းဟုဆိုရင်လည်းမမှားပေ။ရာထူးမြင့်ဝန်ကြီးများ၊မူးမတ်များ၊ရဲမက်များနှင့်အခြွအေရံများပင်မကျန်အိမ်ရှေ့စံဘက်တွင်ရှိ၏။Mingdiတိုင်းပြည်မှလူအများလည်းချစ်ခင်ကြသည်ဖြစ်ရာဖခင်ထက်အုပ်ချုပ်သူကောင်းဖြစ်လာမှာအမှန်ပင်ဖြစ်သည်။
Yi Xiang ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး

"သိပြီ...နောက်လိုက်မရှိတဲ့သူလည်း ဘုရင်မဖြစ်နိုင်သလို စစ်သားမရှိတဲ့သူကလည်း စစ်သူကြီး
မဖြစ်နိုင်ဘူး"

Yi Xiangသည်အမြဲလိုလိုရိုင်းစိုင်းသောစကားများသာပြောလေ့ရှိပေမဲ့ဒီတစ်ကြိမ်မှာတော့အံ့သြသင့်လောက်စွာသောစကားကိုဆိုလာသည်။
Yi Xiang ပြောသလိုပင် အာဏာမရှိသောစစ်သူကြီးသည်စစ်သူကြီးမမည်။
ထို့ကြောင့်သာအရှင်မင်းကြီးအားကြိုးဆွဲချယ်လှယ်နေသူဖြစ်သောမိန်းမပျို Yuထံမှ ကမ်းလှမ်းလာသည်အားလက်ခံခဲ့ခြင်းဖြစ်သည်။နှစ်ယောက်လုံး၏ရည်ရွယ်ချက်သည်အိမ်ရှေ့စံ၏အာဏာအားဖယ်ရှားနိုင်ရန်ဖြစ်သည်။သို့ပေမဲ့လည်းHuan Shu Chengလိုလူသည်အပြင်ပန်းကိုကြည့်ပြီးလွယ်လွယ်ကောက်ချက်ချ၍ရသောသူမဟုတ်။

"ဟုတ်ပြီ..ငါတို့အမှားကိုဝန်ခံပါတယ်..အိမ်ရှေ့စံနေရာမှာငါသာအဖမ်းခံလိုက်ရမယ်ဆိုရင်
တစ်ဖက်လူကိုသေချာစောင့်ကြည့်နိုင်ပြီးဒီလိုလွတ်သွားမှာမဟုတ်ဘူး...
ဒီHuan Shu Cheng..အရမ်းမြန်လွန်းတယ်"
Xiangနိုင်ငံမှမင်းသားများခြားတွင်သိုင်းပညာအတော်ဆုံးသူဖြစ်ပေမဲ့လည်းHuan Shu Chengနဲ့တော့မယှဉ်နိုင်သည်မှာအမှန်ဖြစ်သည်။

"မြှားနဲ့အပြစ်ခံရတဲ့ လက်ထောက်စစ်သူကြီးဆိုသူကိုလည်းအဲ့လောက်မြန်မြန်လှုပ်ရှားနိုင်လိမ့်
မယ်လို့မတွေးထားမိခဲ့ဘူး"

Yi Xiangသည်သူ၏မေ့ဆေးအပေါ်ယုံကြည်မှုရှိပြီးအမျိုးမျိုးလည်းစမ်းသပ်ကာသက်သေပြုပြီးပြီဖြစ်သည်။
လျှို့ဝှက်လက်နက်မအောင်မြင်သောကြောင့်မယုံကြည်နိုင်အောင်ပင်ဖြစ်နေသော
Li Yi Xiangအားကြည့်ပြီးစစ်သူကြီးYan သက်ပြင်းချမိသည်

"ဒါကလည်းကျွန်တော်တို့မမျော်လင့်ထားသလိုဖြစ်သွားလို့ပါ..အိမ်ရှေ့စံကအရှင်မင်းကြီးကိုယ်စားဝင်အဖမ်းခံတယ်ဆိုတာဘယ်သူမှမထင်ထားတဲ့ကိစ္စရပ်ပါ..Fuတိုင်းပြည်ကချောင်းမြောင်းတိုက်ခိုက်တဲ့တရားခံဆိုတာသတင်းလာပို့တဲ့ရဲမက်ကိုတောင်ကျွန်တော်သတ်လိုက်သေးတယ်"

"မင်းရဲ့လှုပ်ရှားမှုကိုတော့တော်တော်ဥာဏ်ပြေးတယ်လို့ပဲဆိုရမယ်..မဟုတ်ရင်ဒါတွေရဲ့နောက်ကတရားခံကXiang Yuဆိုတာရူးနေတဲ့ဘုရင်တောင်သိသွားလိမ့်မယ်..Xiang Miကလည်းအရေးမစိုက်ပဲFuနိုင်ငံတံဆိပ်ပါတဲ့လူတွေကိုလွှတ်လိုက်ရတယ်လို့"

ဖြစ်ပြီးသားအရာများအားအပျင်းပြေထိုင်ပြောနေသူများကိုကြည့်ရင်းXiang Yuစိတ်မကြည်မလင်ဖြစ်လာသည်။အခုလုပ်ရမှာကအိမ်ရှေ့စံဘာဆက်လုပ်မလဲဆိုတာကိုကြိုတင်မှန်းဆပြီးပြင်ဆင်ရမည်ဖြစ်သည်။

"အစ်ကို၂.. ပြီးပြီးသားတွေကိုပြန်ငြီးညူမနေပါနဲ့တော့..အဆိုးဆုံးကိုကြိုတင်ပြင်ဆင်ထားတာ
ကောင်းမယ်...Datong ဧကရာဇ်ဘယ်လိုရက်စက်လဲအကုန်လုံးသိတာပဲ
အိမ်ရှေ့စံရန်ကလည်းတစ်ဖက်မှာရှိသေးတယ်"

"အခြားရွေးချယ်စရာမရှိရင်အဆိပ်သုံးဖို့ပဲကျန်တော့တယ်"

လမိုက်ညတွင်ကြည်ကြွကျေသကဲ့သို့Yi Xiangမျက်ဝန်းတွင်းလက်ကနဲတောက်ပသွားသည်။ထိုရက်စက်လှသောအဆိပ်များနှင့်ပတ်သတ်ပြီးဘယ်သူများအားဘယ်လိုလှို့ဝှက်တိုက်ခိုက်ရရင်ကောင်းမလဲအမြဲတွေးတောကြံဆနေတတ်သူလည်းဖြစ်သည်။
ဘယ်အရာကဘယ်လိုသတ်သွားသလဲမသိဘဲသေသွားသောရန်သူများကိုကြည်ရင်းပျော်မြူးနေတတ်သည်။
LiXiangပြောသောအဆိပ်သည်တိုင်းနယ်လှည့်ရာမှာတွေ့ရှိခဲ့သောဖြေဆေးမရှိသေစေနိုင်သည့်အဆိပ်တစ်မျိုးဖြစ်သည်။မျိုးစုံသောအဆိပ်ပင်များနှသ့်မြွဆေိပ်များရောကာဖော်ထုတ်ထားခြင်းဖြစ်သည်။
ထိုအကြံစည်နဲ့ပတ်သတ်ပြီးအမျိုးသမီးYuသည်အရင်ကသူမအစ်ကိုတော်ကိုငြင်းဆန်ခဲ့သည်။
သူမတို့မိသားစုအားဖျက်ဆီးခဲ့သူကိုအလွယ်တကူပေးသေဖို့ဆိုသည်မှာပြစ်ဒဏ်ပေါ့လျော့လွန်းလှသည်။
အစ်ကိုတော်၏လက်စားခြေမည့်အကြံအားသဘောတူပြီးခဲ့ပြီဖြစ်တာကြောင့်သူမကိုယ်တိုင်လည်းပျော်ရွှင်စွာသာပါဝင်ဖို့ဆုံးဖြတ်ထားသည်။Mingdiဘုရင်ကိုဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့တာကြောင့်Datongဧကရာဇ်လည်းသူမအလှထဲကျဆင်းသွားနိုင်ပြီးထိန်းချုပ်နိုင်သည်ဟုယုံကြည်မှုရှိခဲ့သည်။

အခုတော့ထိုအရာတွေဘေးချိတ်ပြီးမိုက်မဲလှတဲ့အစ်ကိုတော်အမှုကိုကိုင်တွယ်ရဉီးမည်။
ဒီလောက်စနစ်တကျနှင့်အသေအချာစီစဉ်ထားသောအကြံအစည်ဖြစ်ပါလျက်နဲ့အမှားဖြစ်ခဲ့သေးသည်။


"ကျွန်တော်မျိုးလည်း ထိုနည်းသာအကောင်းဆုံးလို့ထင်ပါတယ်..
Datongဧကရာဇ်အတွင်းအားသုံးတုန်းကကြည့်ရသည်မှာလည်းသိုင်းပညာအဆင့်အတန်းမြင့်မယ့်ပုံပါ.
သူတစ်ဉီးတည်းပင်နှစ်ယောက်စလုံးပြိုင်တိုက်ရင်တောင်လွယ်ကူမှာမဟုတ်ဘူး..
ဘေးနှစ်ဘက်ကကိုယ်ရံတော်တွေနဲ့အနားကပ်ဖို့တောင်လွယ်မယ်မထင်ပါဘူး
စစ်သူကြီးMu Yueဆိုတဲ့အမည်နာမကလည်းနာမည်သတ်သတ်ပင်မဟုတ်ပါဘူး"

စစ်သူကြီးMu Yue၏ဂုဏ်သတင်းအားသိရှိပြီးပြီဖြစ်သည်။တိုက်ပွဲတိုင်းတွင်အရှုံးဆိုတာမရှိပဲအနိုင်ရခဲ့သူလည်းဖြစ်သည်။ကိုယ်လုံးကိုယ်ဖန်မှာစစ်သူကြီးYanနှင့်ရောမင်းသားLi Yi Xiangနှင့်ရောရွယ်တူဖြစ်ပေမဲ့မာနကြီးပြီးလွှမ်းမိုးချုပ်ကိုင်လိုသောအရောင်အဝါသည်လူတိုင်းမရရှိနိုင်သောအရှိန်အဝါများဖြစ်သည်။

"လိုက်ဖမ်းတဲ့သူတွေစီကရောအဆက်အသွယ်ရပြီလား"

မေးခွန်းသာဆိုလာပေမဲ့မည်းမှောင်နေဆဲအပြင်ဘက်ငေးကာအတွေးများနေပုံရသည်။မိန်းမပျိုYuသည်သူ၏အဖက်ဖက်မြှပည့်စုံသောအကြံအစည်သည်ဘာကြောင့်များဒီလိုတတ်တတ်စင်အောင်လွဲသွားသလဲအစရှာအရဖြစ်နေသည်။

"အခုစကားပြောနေတဲ့အချိန်မှာလည်းလိုက်ဖမ်းနေကြပါတယ်...မဖမ်းမမိမချင်းရပ်မှာမဟုတ်ပါဘူး"

"တကယ်ပဲလွတ်မြောက်သွားရင်ဘယ်လိုလုပ်ရပါ့..တကယ်လို့များလာဖမ်းတဲ့သူတွေကFuတိုင်းပြည်ကသူတွေဆိုတာသိသွားရင်Huan Shu Chengကငြိမ်နေမှာမဟုတ်ဘူး.
ညီမတော်ပါမှန်းလည်းသိသွားတော့မှာ..Xiang Miအမှားကတကယ်ကိုခွင့်မလွှတ်နိုင်စရာပဲ..
မိဖုရားဖြစ်နေပါလျက်နဲ့.."

ထိုးဖောက်မြင်နိုင်သည်ထင်ရသောမျက်ဝန်းအစုံသည်အနှီလူသားနှစ်ဉီးထံပြန်လည်ရောက်ရှိလာသည်။

"ကောင်းပြီ..သတ်ပြစ်ဖို့ကလွယ်ပြီးအခြားမရှိတော့ဘူး..အစ်ကိုတော်ဒီတစ်ခါအဆိပ်ကို
အများအပြားပြုလုပ်ထားလိုက်ပါ
အခုလိုလူမှားပစ်မိတာမျိုးထပ်မဖြစ်စေရဘူး..ကံကြမ္မာဆိုးကိုထပ်တိုက်တွေ့သွားကြပါစေ"

"ငါအရင်တည်းကနင့်ကိုအဆိပ်သုံးဖို့ပြောသားပဲနင်ကိုယ်ကတွေဝေနေတာ"

စိတ်မရှည်ခြင်းသည်မင်းသားYi Xiang၏စိတ်ပျက်ဖွယ်ကောင်းလှသောစိတ်နေစိတ်ထားဖြစ်သည်။မိန်းမပျိုYuကတော့လေသံအားသဘောမတွေ့လှ။

"ဒါပေမဲ့ ဘုရင်နဲ့အိမ်ရှေ့စံတော့သေသွားလို့မဖြစ်ဘူး..အသုံးဝင်သေးတယ်"

ထိုအခြင်းအရာကိုရှေးဉီးစွာကတည်းကမိန်းမပျိုYuထပ်ခါထပ်ခါပြောလာပေမဲ့အစ်ကိုတော်သည်သူမစိတ်အားနားလည်သွားသည့်ပုံမပေါ်သေး။

"ဘာလို့လဲ သေသွားတာပိုမကောင်းဘူးလားနင်တစ်ယောက်တည်းအုပ်ချုပ်ပေါ့"

မိန်းမပျိုYuမျက်နှာလည်းတင်းမာသွားသည်။လှပသောမျက်နှာသည်ယခုအချိန်တော့ရူမပျော်တော့။

"အပြောအရတော့နှစ်သက်ချင်စရာပါပဲ..အဝေးကိုအပို့ခံထားရတဲ့မိဖုရားရှိနေသေးတာကိုလည်းမမေ့နဲ့ဉီး..အဝေးရောက်နေပေမဲ့မိဖုရားဆိုတဲ့ရာထူးကရှိနေသေးတယ်..သူ့သားတော်ကလည်းအိမ်ရှေ့စံ
မဆင်မခြင်လျှောက်လုပ်လို့မဖြစ်ဘူး"

အရှင်မင်းကြီးတစ်ခုခုဖြစ်သွားသည်နှင့်အရိုက်အရာဆက်ခံရမည်မှာမိဖုရားနှင့်အိမ်ရှေ့စံဖြစ်သည်။
မိန်းမပျိုYu ၏ဘဝသည်ဘုရင်အပေါ်မူတည်နေခြင်းဖြစ်ပြီးဘုရင်သာဆုံးပါးသွားလျှင်သူမရာထူးဆိုတာ အရာရှိတော့မည်မထင်။မိန်းမတစ်ယောက်ဖြစ်တာကြောင့်အရိုက်အရာခံကာအုပ်ချုပ်သူလုပ်ဖို့ကလည်းမဖြစ်နိုင်။လူအများလက်ခံနိုင်မည်မဟုတ်သလိုနန်းတင်ရအောင်လည်းသားသမီးရတနာကမရှိ။

"အိမ်ရှေ့စံကိုချောင်းမြောင်းသတ်ဖြတ်ပြီးကိုယ့်ဟာကိုယ်ဘုရင်မတတ်လုပ်ပေါ့..နင့်ကိုဘယ်သူမှဘာမှပြောမှာမဟုတ်ဘူး"

"အစ်ကိုတော်,ခုနတုန်းကစစ်သူကြီးYanပြောသွားတာနားမလည်ဘူးလား
သူ့ကိုသတ်ချင်တိုင်းသတ်လိုက်လို့မရဘူး
Mingdiတိုင်းကအိမ်ရှေ့စံကျေးဇူးကြောင့်လည်ပတ်နေနိုင်တာ
ဘုရင်ဆိုတာလည်းအရိုအသေနဲ့ထိုက်တန်တဲ့သူမဟုတ်ဘူး
အိမ်ရှေ့စံသာမရှိတော့ရင်တိုင်းပြည်လည်းကသောင်းကနင်းဖြစ်လာမှာပဲ
ကိုယ့်တိုင်းပြည်တွင်းသာထိန်းချုပ်ထားနိုင်မယ်အခြားနိုင်ငံတွေကလာကျူးကျော်လာရင်ယှဉ်တိုက်နိုင်မှာမဟုတ်တော့ဘူး
သူရှိနေတာမနှစ်မြို့ပေမဲ့လည်းသူ့နေရာအစားယူနိုင်တဲ့လူကလိုအပ်နေသေးတယ်"

Yi Xiangစကားဆိုလို၍ပါးစပ်ဟလိုက်ပေမဲ့မိန်းမပျိုYuကပဲစကားဆက်ပြီး

"ဒါပေမဲ့လည်းအခုလို သူသေရင်သေ မဟုတ်ရင်ကိုယ်သေမယ် အခြေအနေမျိုးမှာတော့ရှင်းပစ်မှပဲရတော့မယ်...တစ်တောင်တည်းကျားနှစ်ကောင်နေလို့မရဘူး
နောင်လာမဲ့ဟာတွေကိုနောင်မှသာရှင်းတော့မယ်
စစ်သူကြီးYan...နောက်လိုက်တွေကိုအကြောင်းကြားလိုက်...
Huan Shu Chengနန်းတွင်းကိုရောက်မလာစေနဲ့..သူနန်းတော်ကိုရောက်တာနဲ့
ငါတို့ခေါင်းတွေလည်း နန်းရင်ပြင်မှာလိမ့်သွားလိမ့်မယ်"

"အစ်ကိုတော် Yi Xiang လည်းXiang Miဆီအမြန်သွားပြီးအဆင်သင့်ပြင်ခိုင်းထားဉီး
Xiangနိုင်ငံကနန်းမျိုးနန်းနွယ်တွေကျန်နေသေးတယ်ဆိုတာDatongဧကရာဇ်သိသွားရင်..
အဲ့ဒီစာနာစိတ်မရှိတဲ့ဘုရင်ကဘာကြောင့်မှန်းမသိတဲ့ရန်ငြိုးတွေနဲ့ကလဲ့စားချေလိမ့်မယ်"

အချိန်ဖြုန်းချင်းမရှိပဲထွက်ခွာသွားကြတော့သည်။အမှားတစ်ခုမျှပါလျှင်တောင်အသက်ပေးရမည်ဖြစ်ကြောင်းကောင်းကောင်းနားလည်ထားကြသည်။
အားလုံးပြန်ထွက်သွားသည့်အခါထိန်းထားသောမပြောင်းလဲသည့်မျက်နှာထားသည်နွမ်းလျစွာပြိုကျသွား၏။ဆီးပန်းအရောင်ရှိပြီးဆွဲဆောင်တတ်သောပါးပြင်သည်အရောင်ဖျော့တော့နေသည်။ကလဲ့စားချေခြင်းအကြံအရွယ်နှင့်ပတ်သတ်ပြီးတစ်လျှောက်လုံးသူမထံတွင်အဆိုးနှင့်သာဆိုင်သောခန့်မှန်းချေများသာရှိသည်။သို့ပေမဲ့စစ်သူကြီး၏အာဏာအားမျှော်ကိုး၍အိမ့်ရှေ့စံရောက်မလာဖို့ရန်လည်းမျှော်လင့်မိ၏။
သူမအားထောက်ခံသည့်မူးမတ်များဆိုသည်မှာလည်းတဏှာရာဂထန်၍ကိုယ့်အသက်ကိုယ်သာတန်ဖိုးထားသောအဘိုးအိုများသာရှိသည်။ဘုရင်မနေရာအားသူတို့ကိုအခြေပြုကာရယူချင်ပေမဲ့သုံးစားရမည့်သူများဟုတ်မနေခဲ့။
အန္တရာယ်များသောHuan Shu Chengမှသူမချောင်းမြောင်းတိုက်ခိုက်မှုမှာပါမပါသိသွားမလားအားဂရုစိုက်လှသည်မဟုတ်။နုံချာသောဘုရင်အားလိုသလိုသိမ်းသွင်း၍ရနိုင်တာပဲ။သားတော်ဖြစ်သည်နှင့်အတူဖခမည်းတော်ကိုခက်ခဲသောအခြေအနေအားတွန်းပို့မည့်သူမဟုတ်။သူမရင်တွင်း၌လေးလံလျက်ရှိသောအရာ၊အကြောက်ဆုံးဖြစ်သောအရာသည်Datongကိုအသုံးချ၍သူမအားရှင်းထုတ်ပစ်မည်ကိုသာဖြစ်သည်။

Datongဧကရာဇ်အကြောင်းထုတ်ပြောရုံနှင့်သစ်ရွက်လိုလှုပ်ခါယမ်းနေသောဘုရင်အိုသည်Huan Shu ChengမှDatongဧကရာဇ်အသုံးပြုပြီးအကျပ်ကိုင်လိုက်လျှင်သူမဘဝလည်းကံဆိုးမိုးမှောင်ကျပြီဖြစ်သည်။
မိန်းမပျိုလေးလည်အတွင်းဆောင်သို့ပြန်ဝင်နေလိုက်သည်။အိမ်ရှေ့စံနဲ့အခြားတစ်ယောက်သေသွားပြီဟုသတင်းမရမခြင်းသူမစိတ်အေးလက်သာအိပ်နိုင်တော့မည်မထင်။
••••••

အလျင်ဆလိုမောင်းနှင်လာသည့်မြင်းစီးသမားနှစ်ယောက်နဲ့အတူဖုန်လုံးတွေမှာလည်းအရိုင်းဆန်လှသည်။သူတို့နှစ်ဉီးနောက်မှာကျန်ခဲ့သောဖုန်ထုကြီးသည်မကြာခင်စီးနင်းဝင်ရောက်လာမည့်အပြင်းစားသဲမုန်တိုင်းအသွင်ဆောင်လျက်ရှိသည်။အနှီမြင်းစီးသမားနှစ်ယောက်ကတော့မြင်းကိုအရှိန်လျော့မယ့်ဟန်မပြင်
ပိုအရှိန်တင်၍ပင်အရှေ့ကိုရှေးရူကာစီးနှင်းလာသည်။

Datong စခန်းမှထွက်လာခဲ့ခြင်းအပေါ်Huan Shu Cheng ရင်ထဲ မတင်မကျဖြစ်နေသည်။
Lu Cangနဲ့သေချာစကားမပြောလိုက်ရတဲ့အပြင်မပြန်ခင်မှာမျက်နှာပင်မမြင်လိုက်ရ။
Lu Cang နဲ့ ဧကရာဇ်သည် အရေးတကြီးဆွေးနွေးနေသည်ဟုဆိုကာမည်သူမျှ တဲအနားမှခြေလှမ်းနှစ်ဆယ်ခန့်အကွာရောက်လျှင်ရှေ့သို့ထပ်မတိုးရဲကြ။

"စစ်ရေးဗျူဟာဆွေးနွေးတာစစ်သူကြီးMuမပါလို့ကောရရဲ့လား"

တဲအတွင်းသို့သူပါလိုက်ပါဆွေးနွေးခွင့်ရမလားဟူသောမျှော်လင့်ချက်လေးဖြင့်မေးလိုက်ခြင်းဖြစ်သည်။

အရေးတကြီးကိစ္စဆိုသည်မှာဘာဆိုတာအသေအချာသိတာမလို့Mu Yueကဘာကိစ္စအတွက်များဝင်ပါရမှာလဲ။သရော်သောစကားများရင်တွင်းသွင်းကာပြောနေကျမထူးမခြားနားသောလေသံဖြင့်

"မင်းကြီးမှကျွန်တော်မျိုးကို အရှင်မင်းသားအားလိုက်ပါပို့ဆောင်ဖို့
တာဝန်ပေးထားပါတယ်.."

အဝေးမြန်မြန်ရောက်လေကောင်းတယ်ဆိုပဲ။ထိုစကားကတော့စိတ်တွင်းကဆိုခြင်းဖြစ်သည်။

"အရှင်မင်းသားရဲ့ဖခမည်းတော်ကိုလည်းစစ်ပြေငြိမ်းကြောင်းဆွေးနွေးတာအဆင်ပြေချော့မွေ့စွာပြီးသွားကြောင်းကိုလျှောက်တင်ရပါဉီးမယ်..Fuတိုင်းပြည်ကိုစစ်ချီဖို့အရေးလည်းရှိတာမလို့ကျွန်တော်မျိုးရဲ့တာဝန်ကိုလက်ထောက်စစ်သူကြီးအားတာဝန်ယူခိုင်းလို့မရပါဘူး"

Lu Cang သည်စစ်ရေးစစ်ရာအတွေ့အကြုံမရှိဟု Mu Yueပြောလို့မရ။
ဓားမြဘဝတုန်းကခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့လည်းလူရမ်းကားတွေအုပ်ချုပ်ဓားမြတိုက်အလုပ်နဲ့ နန်းသိမ်းရန်စစ်သည်တွေကိုဉီးဆောင်ရသည်မှာလားလားမှမသက်ဆိုင်။

"ဘာလို့လဲ..ကြည့်ရတာလုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ..
စစ်သူကြီးMuYueအရမ်းမစိုးရိမ်သင့်ဘူး..သူကစစ်သူကြီးရဲ့တပ်တွေကိုဉီးဆောင်ပြီးအောင်နိုင်မှုတွေယူလာလိမ့်မယ်"

ဒီအိမ်ရှေ့စံကတော့ဘာမှနားမလည်ပါဘူး။
Mu Yueအဓိကစိုးရိမ်ရတာကတော့ဧကရာဇ်Jing Zongကလွဲပြီးတခြားမရှိ။Lu Cangတစ်ခုခုဖြစ်လျှင်
ဧကရာဇ်ဘယ်လိုတုံ့ပြန်တတ်လဲMu Yueအသေအချာသိသည်။
LuCangကိုအစင်းရာလေးတစ်ချက်ပေးခဲ့သူသည်ပိုးကောင်မွှားကောင်သဖွယ်သုတ်သင်ခံလိုက်ရသည်ကိုမျက်မြင်ဖြစ်သောMu Yueကတော့ရတတ်မအေးနိုင်။Huan Shu Chengအားပြောပြရန်အကြောင်းလည်းမရှိတာမလို့Mu Yueတိတ်တိတ်သာနေလိုက်သည်။

ထင်ထားတဲ့အတိုင်းပင်Mingdiစခန်းချသည့်နေရာတွင်သူရဲဘောကြောင်လှသည့်ဘုရင်နှင့်သူ့နောက်လိုက်များရှိမနေတော့။အစောင့်ကျစစ်သည်ပြောစကားအရချောင်းမြောင်းတိုက်ခိုက်ခံရသည့်ကိစ္စြပီးသည်နှင့်နန်းတော်သို့တန်းပြန်သွားသည်ဟုသိရသည်။
"စစ်သူကြီးMu..ကျွန်တော်ကတော့ကြည့်ရတာနန်းတော်ကိုပဲပြန်ရတော့မယ်ထင်တယ်
ခင်ဗျားကရော"

ကိန်းခန်းကြီးလှသောစစ်သူကြီး၏မျက်နှာသည်စိတ်အလိုမကျမှုကြောင့်ပုံပျက်လျက်ရှိ၏။Datongစစ်စခန်းမှထွက်လာကတည်းကမျက်မှောင်ကျုပ်နေသည်မှာအခုအချိန်အထိဖြစ်သည်။အနှီအိမ်ရှေ့စံကိုဒီနေရာမှာတင်သတ်ပစ်ချင်နေသောစိတ်ကိုထိန်းချုပ်ထားရသည်မှာလည်းသူ၏စိတ်ရှည်သည်းခံမှုများစမ်းသပ်သည့်စာမေးပွဲအလားပင်ထင်မိသည်။Lu Cang အားစိတ်ဝင်စားနေသည်မှာသိသာလွန်းလှသည့် အိမ်ရှေ့စံHuan Shu ChengအားMu Yueဘယ်လိုလုပ်စိတ်ရှည်နိုင်မှာလဲ။အခုအချိန်မှာတော့လိုက်ပါပို့ဆောင်ရမည်ဟူသော
တာဝန်ကြောင့်အိမ်ရှေ့စံဒဏ်အားထပ်မံခံရပါဉီးမည်။

Lu Cang နဲ့Jingအဆောင်တွင်းမှထွက်သွားသောအချိန်တည်းကအနှီအိမ်ရှေ့စံသည်မသာမာအပြုံးပြုံးကာ မေးခွန်းမေးမည်ဟုခွင့်တောင်းလာသည်။ပထမကတော့ရှေ့ဆက်ကြံရွယ်မည့်အစီအစဉ်များနှင့်ပတ်သတ်၍ဟုMu Yueထင်ခဲ့သည်။ဘယ်သူကရောထင်မှာလဲ..သူဆိုလာသောမေးခွန်းများသည်;

"စစ်သူကြီးMu,လက်ထောက်စစ်သူကြီးကလေအတော်စွမ်းဆောင်နိုင်တဲ့သူဖြစ်မယ်ထင်တယ်..စစ်တပ်ထဲမှာကောဘာတွေလုပ်လေ့ရှိလဲ..စစ်သားတွေကြည့်ရတာလည်းသူ့ကိုသဘောကျတဲ့ပုံပဲ..ပြန်လာတော့ဝမ်းသာအားရကြိုဆိုကြလိုက်တာ..သူကခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ်ထင်တယ်နော်..
အားတဲ့အချိန်တွေမှာသူဘာလုပ်လေ့ရှိလဲဟင်.ရုံးတော်ကိုရောသူနဲ့တူတူတက်လား..မြင့်မြတ်တဲ့အမျိုးအနွယ်ဆိုတော့မတူတဲ့ရုံးတော်တတ်ရတာလား"

စသဖြင့် သူ၏မေးခွန်းများတွင်စစ်ရေးစစ်ရာစိုးစဉ်မျှမပါLu Cang ချည်းသာပါသည်။

အဆိုးဆုံးကတော့အဖြေရရန်ဇွဲကောင်းလြှခင်းဖြစ်သည်။အမြဲတစေတွေ့ရတတ်သည့်ဖော်ရွေလှသောအပြုံးနှင့်စိတ်ရှည်လှစွာအဖြေအားစောင့်စားနေလိမ့်မည်။Mu Yueအတွက်တော့ထိုအပြုံးအားကြည့်နေရသည်မှာမျက်စိဆံပင်မွှေးဆူးလွန်းလှသည်။အဲ့ဒီလက်ထောက်စစ်သူကြီးရဲ့ကိုယ်ရေးကိုယ်တာများကိုMu Yueကဘယ်လိုလုပ်သိမှာတဲ့လဲ။Mu Yueလည်းမတတ်နိုင်ပဲ
အိမ်ရှေ့စံပါးစပ်ပိတ်စေဖို့ရန်လုပ်ဖြေရသည်ကများသည်။စိတ်ထဲကတော့ခေါင်းကိုက်ဝေဒနာသယ်ဆောင်လာသောLu Cangရောအိမ်ရှေ့စံကိုရောပါကျိန်ဆဲလျက်ရှိသည်။
Jing သာဒီအကြောင်းစုံကိုသိသွားမယ်ဆိုလျှင်ဘယ်လိုနေမလဲမြင်ချင်သေးသည်

မဟုတ်သေး..နေပါဉီး..ပိုင်ဆိုးပိုင်နင်းနိုင်လှသောဧကရာဇ်မသိတာသာအကောင်းဆုံးဖြစ်မည်

Mu Yueအားစိတ်အနှောင့်အယှက်ပေးသောနောက်တစ်ချက်မှာဘယ်အရာမှအတည်မကောက်ယူသောအိမ်ရှေ့စံ၏လုပ်ရပ်များကြောင့်လည်းပါသည်။Lu Cangအကြောင်းမေးမြန်းဖို့သာလောဆောနေတတ်သည်။
Jingပေးသောအမိန့်အားအရေးပါဆုံးလို့မှတ်ယူထားသောMu Yueသည်အိမ်ရှေ့စံ၏ပေါ့ပေါလေးစဉ်းစားကာဧကရာဇ်အားလည်းအထင်အမြင်သေးနေပုံများအားလက်မခံနိုင်ဖြစ်နေ၏။
အဲ့ဒါတင်သာမကကြိုတင်မှန်းဆကာခေါင်းရှောင်ထွက်သွားသောDing Pengကြောင့်လည်းစိတ်တိုရသေးသည်။

ဒီစုံတွဲဒဏ်ကိုအတူတူမျှဝေခံလာခဲ့ပြီးမှ...

တစ်ချိန်ချိန်တော့အိမ်ရှေ့စံပေးတဲ့နားဒုက္ခကိုDing Peng ခံရစေမည်။
အနှီHuan Shu Cheng သာမဟာမိတ်မဟုတ်ဘူးဆိုရင် အိမ်ရှေ့စံသောဘာသောနားမလည် ပါးစပ်ကိုဆွဲပိတ်ထားလောက်ပြီးပြီ။

"အရှင်မင်းကြီးရဲ့အမိန့်အရ အရှင်မင်းသားသွားလိုရာနောက်လိုက်ခဲ့ပါမယ်"

Huan Shu Chengနှင့်Mu Yueနန်းတော်သို့လိုက်ပါသွားရတော့မည်။တောက်ပနေသောအိမ်ရှေ့စံမျက်ဝန်းများအားကြည့်ခြင်းဖြင့်Mu Yueတော့ထပ်ကံဆိုးတော့မည်ထင်ပါသည်။ဘယ်အရာကတော့Lu Cangအကြောင်းမဆုံးနိုင်တဲ့မေးခွန်းတွေမရပ်နိုင်တဲ့စကားတွေထက်တော့ဆိုးနိုင်ပေဉီးမလား။

"ကောင်းပါတယ် ကြိုတင်တော့သတိပေးထားပါရစေ..Mingdiနန်းတွင်းကDatong လိုတော့တည်ငြိမ်မနေပါဘူး..တစ်ချက်မှားတာနဲ့အသက်ပျောက်နိုင်ပါတယ်..
နန်းတွင်းမှာလည်းဘယ်ဟာကိုယ့်လူလဲရန်သူလဲဆိုတာတောင်ခွဲခြားမသိနိုင်ပါဘူး..မျက်နှာနှစ်ခုနဲ့လူတွေကများပြားလှပါတယ်..အရှေ့မှာတော့သကာရည်လောင်းနေပေမယ့်အနောက်မှာဓားသွေးနေကြသူတွေပါ"

ဖော်ရွေပျူငှာနေရာမှပြောင်းလဲသွားသောအိမ်ရှေ့စံ၏အနေအထားကြောင့်Mu Yueထံ၌လည်းနဂို
တည်ငြိမ်သောရုပ်သွင်ကပြန်လည်ရောက်ရှိလာသည်။အခြားတိုင်းပြည်များထံမှနန်းတွင်းအာဏာလုမှုများနှင့်ပတ်သတ်ပြီးအရှုပ်အရှင်းများကိုMu Yueကြားဖူးခဲ့သည်။
အတွင်းကောအပြင်ပါမကျန်ဆူပူထကြွသောလူအများကတော့ကောင်းကင်၏အလိုတော်ကျအတိုင်းမင်းဆိုးအားဖြုတ်ချလိုသည်ဟုလက်ခံထားကြသည်။မင်းအနွယ်ဝင်အချင်းချင်းသည်လည်းနန်းလုရင်းဖြင့်သတ်ဖြတ်ကြသည်။
Datongမှာတော့ထိုသို့မဟုတ်။ဧကရာဇ်တွင်ခေါင်းဆောင်နိုင်စွမ်းရှိသောအမွှာညီအစ်ကိုရှိသော်ငြားလည်းသစ္စာဖောက်ခြင်းမရှိပဲနှစ်ဉီးအတူသဟဇာတမျှစွာပူးပေါင်းလုပ်ဆောင်ကြသည်။
ဆူပူထကြွမှုများဆိုသည်မှာလည်းဧကရာဇ်ကျင်းဇုန်နန်းတတ်အုပ်ချုပ်မင်းလုပ်သည့်တစ်လျှောက်လျော့ပါးသွားခဲ့သည်။တစတစစီပင်တိုးတတ်ဝပြောလာသောနိုင်ငံအခြေအနေနှင့်တည်ငြိမ်အေးချမ်းသောတိုင်းသူပြည်သားများကြောင့်တော်လှန်လိုသည့်လူအများလည်းအရှုံးပေးနှင့်နေပြီဖြစ်သည်။ခေါင်းမာကာဆက်လက်တော်လှန်နေသောအဖွဲ့များဆိုသည်မှာလည်းဘာမျှပင်မတိုက်လိုက်ရပဲအနိုင်ရနိုင်သည့်အဖွဲ့များသာကျန်သည်။

"အရှင်မင်းသားရဲ့ သတိပေးစကားကိုမှတ်ထားလိုက်ပါမယ်.."

တပ်ဖွဲ့ခေါင်းဆောင်အားတိုက်ပွဲအတွက်တပ်ပြင်ရန်ညွှန်ကြားချက်များHuan Shu Chengပေးခဲ့သည်။
Datongနှင့်တိုက်ခိုက်ရန်မဟုတ်Datongအားကူညီရန်ဖြစ်သည်။Fuတိုင်းပြည်ပါဝင်လာသည်ဖြစ်၍သတိရှိနေရမည့်အချိန်လည်းဖြစ်သည်။Fuတိုင်းပြည်သည်စစ်ရေးစစ်ရာစည်းရုံးလှုံဆော်ရေး၌နာမည်ကျော်ကြား၏။ကောင်းမွန်စွာလေ့ကျင့်ပေးထားသောသန်မာသည့်စစ်သားများနှင့်စစ်တပ်အားဖွဲ့စည်းထား၏။
ဘာပဲဖြစ်ဖြစ်အနိုင်ရကိုရ ရမည်ဆိုသောစကားသည်Fuစစ်သည်တွေကြားအရိုးဆွဲနေခဲ့သည်။

Datongနှင့်ပူပေါင်းရမည်ဆိုသောစကားကြောင့်ရဲမက်များသည်စိတ်ရှုပ်ထွေးကုန်ကြ၏။လတ်တလောကပင်တိုက်ပွဲဖြစ်နေပြီးမှအခုလက်ငင်းပူးပေါင်းရမည်ဖြစ်သွားတာအားမယုံနိုင်ဖြစ်ကြသည်မှာလည်းမဆန်းလှ။ထို့အပြင်တိုက်ပွဲအားဉီးဆောင်မည့်စစ်သူကြီးလည်းရှိမနေ။
Huan Shu Chengကတော့Datongနှင့်ပူးပေါင်းလုပ်ဆောင်မည်ဖြစ်၍Datongကပဲဉီးဆောင်မည်ဟုလက်ခံအောင်ပြောခဲ့သည်။Datong၏စစ်တပ်ခေါင်းဆောင်သည်စစ်သူကြီးနေရာယူကာဉီးဆောင်နိုင်စွမ်းရှိသူလည်းဖြစ်သည်။Shu Chengဆိုလိုသောစစ်တပ်ခေါင်းဆောင်သည်အမောင်Lu Cangဖြစ်၏။
တွေဝေသွားကြပေမဲ့လည်းစစ်ရေးအကြံပေးစကားအတိုင်းDatongတပ်နှင့်ပူးပေါင်းကာစစ်တိုက်ရန်ပြင်ဆင်ကြတော့သည်။သူ့စစ်တပ်အားDatongလက်တွင်းထားခဲ့သည်ဖြစ်၍အခုအချိန်တွင်မှုအတွင်းပြဿနာကိုအရင်ဖြေရှင်းရန်ဉီးတည်လိုက်သည်။

နန်းတွင်းရြှိပဿနာများ၏အရင်းအမြစ်,မိန်းမပျိုYu

အနှီမြေခွေးနဲ့တူသောမိန်းမအားShu Chengအရင်တည်းကသဘောမကျခဲ့။
ဘုရင်နောက်ကွယ်တွင်ပုန်းနေသောကြောင့Shu Chengအဖို့ဖယ်ရှားရန်အခွင့်မသာခဲ့။
Shu Cheng မိခင်အားနှင်ထုတ်ကာမိဖုရားနေရာကိုယူရန်ကြံရွယ်နေသည်ကိုလည်းသိထားခဲ့သည်။
နန်းတွင်း၌သူမသဘောကျလွှတ်ပေးထားဖို့ဆိုသည်မှာမည်သို့မျှမဖြစ်နိုင်။
မိဖုရားအဝေးရောက်နေသည်မှာလည်းတစ်မျိုးကောင်းနေပြန်သည်။မိခင်ရှိရာနန်းဆောင်တစ်ဝိုက်တွင်ချောင်းမြောင်းတိုက်ခိုက်ခြင်းမပြုနိုင်ရန်စစ်သည်ရဲမက်အမြောက်အမြားချထားခဲ့သည်။နန်းတွင်းအိပ်ဆောင်၌မိခင်ဆက်နေမည်ဆိုလျှင်အလုပ်ကြံခံရဖို့ကအလားအလာပိုများနေသည်။

အခုအချိန်တွင်နောက်ကျောကပံ့ပိုးပေးသောDatongလည်းရှိနေပြီမလို့မြေခွေးမအဖို့လွတ်လမ်းမရှိတော့။
အခုလည်းထိုမြေခွေးမ သူ့အားဖယ်ရှားရန်အပြင်းအထန်ကြိုးပမ်းနေလောက်ပြီဆိုတာShu Chengအတတ်သိသည်။


မျှော်လင့်ထားသလိုပင်နန်းတော်သို့သွားရာလမ်းတစ်လျှောက်ခြုံခိုတိုက်ခိုက်သူများလွန်းလှသည်။
ခြုံခိုတိုက်ခိုက်သူများသည်ကံမကောင်းလှ။ShuCheng တစ်ယောက်တည်းဆိုလျှင်အဖမ်းခံရကောင်းခံရနိုင်သည်။တစ်ဖွဲ့တည်းပင်မဟုတ်များပြားလှသောအဖွဲ့များသည်ကြိုစောင့်နေကြ၏။ရက်စက်ပြင်းထန်သောတိုက်ခိုက်ပုံများအရထိုသူများသည်Shu Chengအားသတ်ရန်လာကြောင်းထင်ရှားလာ၏။

"အရှင်မင်းသား..တိုက်ခိုက်တဲ့သူကများလိုက်တာ..ဘယ်လိုဖြစ်တာလဲ"

"ဘာကြောင့်များဖြစ်မလဲ...ဒီHuan Shu Chengကိုနန်းတော်ဆီမရောက်စေချင်လို့ပေါ့
တရားခံကတော့သူဘယ်သူလဲဆိုတာဖော်ပြနေပြီ"

အခက်အခဲများတော့ရှိပေမဲ့လည်းMu Yueနှင့်Shu Chengပေါင်း၍အကုန်လုံးကိုနှိမ်နင်းနိုင်ခဲ့သည်။အနှီလူတွေ၏နောက်ကွယ်တွင်စစ်သူကြီးYan Liရှိနေသည်ကိုShu Cheng အတပ်ခန့်မှန်းနိုင်သည်။

••••••••

အရှေ့ပိုင်းဒေသတွင်အင်အားအကြီးဆုံးဟုကြွေးကြော်လေ့ရှိသည်မှာအခြားတိုင်းပြည်မှမကျူးကျော်လာအောင်လေလုံးထွားခြင်းသက်သက်မျှသာဆိုသည်ကိုMingdiကဖော်ပြလျက်ရှိသည်။
နန်းတော်သည်Datongနှင့်ယှဉ်နိုင်စရာမရှိပေမဲ့လည်းခန်းနားထည်ဝါသည်လို့တော့ဆိုလို့ရ၏။
ကံမကောင်းလှစွာဖြင့်ခမ်းနားထည်ဝါမှုဆိုသည်မှာလည်းအသုံးမကျသောဘုရင်လက်အောက်တွင်ပျက်စီးကုန်၏။
ဂုဏ်သိက္ခာရှိရှိကိုယ့်အဆင့်အတန်းကိုယ်ထိန်းရမည့်အစားဆင်းရဲဒုက္ခြကီးစွာသောအသွင်သည်ဘုရင်မျက်နှာထက်ဖြစ်တည်လျက်ရှိသည်။စစ်ပြေငြိမ်းကြောင်းစာချုပ်ချုပ်ခဲ့သည်ကြားသိစဉ်ကပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။အရူးနှင့်တူသောအပြုံးသည်မျိုးရိုးလိုက်တာပဲလားလို့တောင်Mu Yueထင်မိသည်။
စစ်ရပ်စဲခြင်း၏နောက်ကွယ်ကအကြောင်းအရာကိုကြားသိရချိန်မှာတော့မျက်နှာလည်းဖြူရော်ရော်ဖြစ်သွားသည်။

"ထပ်ပြီးဆွေးနွေးလို့မရတော့ဘူးလား Shu Cheng"

"စိုးရွံ့မိပါတယ်..အရှင်မင်းကြီး..Datong ဧကရာဇ်ကတောင်းဆိုမှုပြုလုပ်ပြီးသားပါ"

"ဒါပေမဲ့"

"ဖခမည်းတော်..Shu Chengရဲ့ရိုင်းပြမှုကိုခွင့်လွှတ်ပါ
သူမနဲ့တိုင်းပြည်အနာဂတ် ဘယ်ဟာကပိုအရေးပါ ပါသလဲခမည်းတော်
ဧကရာဇ်ကျင်းဇုန်ကဒီတိုင်းပြည်ကိုDatongလက်အောက်ခံအနေနဲ့ထားပြီးအုပ်ချုပ်ခွင့်ကိုပေးအပ်သွားမည်ဟုဆိုလာပါတယ်..Datongသိမ်းပိုက်ထားတဲ့နိုင်ငံတွေကလည်းMingdiလက်အောက်ခံဖြစ်လာမှာပါ
ကျွန်တော်မျိုးတို့အတွက်ဆုံးရှုံးသွားတာမရှိမယ့်အပြင်ပိုမိုအင်အားတိုးလာပါလိမ့်မယ်
သစ္စာခံမှုအပေါ်Datongရဲ့တစ်ခုတည်းသောတောင်းဆိုချက်ကXiang နိုင်ငံမင်းသမီးတစ်ပါးဖြစ်တဲ့
မိန်းမပျို Yu ရဲ့ဉီးခေါင်းကိုပေးအပ်ရန်ပါ"

မိန်းမပျိုYu အကြောင်းအားဧကရာဇ်ကျင်းဇုန်ကိုပြောပြလိုက်သူမှာShu Cheng ကိုယ်တိုင်ပင်ဖြစ်သည်။
Xiangတိုင်းပြည်ကိုစိစိညှက်ညှက်ချေထားသူသည်ဧကရာဇ်ကျင်းဇုန်ဖြစ်ကြောင်းသိသောShu Chengသည်မြေခွေးမအားဖယ်ရှားရန်Datongအကူအညီရယူဖို့အစီအစဉ်ဆွဲထားခဲ့သည်။
Datong၏အာဏာကိုသူ့ဖခမည်းတော်လွန်ဆန်နိုင်မည်မဟုတ်သည်ကိုလည်းShu Cheng သိသည်။

ဖခမည်းတော်မဆုံးဖြတ်နိုင်ဖြစ်နေသည်အားမြင်ရတာကိုShu Chengအံ့တော့မအံ့သြမိ။

"စစ်သူကြီး Mu Yueကဧကရာဇ်Jing Zong ကိုယ်စားကွပ်မျက်မှုမှာမျက်မြင်သက်သေအနေနဲ့ရှိပါမယ်..
နှစ်ရက်အတွင်းအကြောင်းမပြန်ဘူးဆိုရင်Datong ဘက်ကစစ်ပြေငြိမ်းခြင်းကိုမရှိခဲ့ဘူးလို့ယူဆပြီးMingdiကိုကျူးကျော်ဖို့စတင်မှပါ
ကိုယ်လုပ်တော်တစ်ယောက်ထက်ပိုပြီးဆုံးရှုံးမှုများမှာအသေအချာပါပဲ"

တိုင်းပြည်အားကာကွယ်လိုသောကြောင့်တော့ဟုတ်မည်မထင်ခေါင်းနဲ့နေရာတည်မြဲဖို့ရာအတွက်တစ်ယောက်အသက်ဆုံးရှုံးဖို့ရာကလွဲပြီးမရှိတော့မှန်းသေချာနားလည်သွားကာကွပ်မြတ်ရန်ဘုရင်Huan Hu Tong အမိန့်ပေးလိုက်သည်။

"အရှင်မင်းကြီး..Xiang Yu မှာဘာအပြစ်များရှိလို့လဲ"

ငိုကြွေးမြည်တမ်းလျက်မိန်းမပျိုYu ဖမ်းခေါ်သွားရာနောက်လိုက်ပါသွားသည်။လှပသောမျက်နှာထက်မျက်ရည်များရွှဲဆိုကာတောင်းပန်တိုးရှိုးနေတာကြောင့်Huan Hu Tingအသည်းခိုင်ခိုင်ထားနေရသည်။

“အရှင်မင်းကြီး၏အမှုတော်ကိုစိတ်ရင်းစေတနာထက်သန်စွာနှင့်ထမ်းဆောင်ခဲ့သူပါ
Xiang Yuဂရုအစိုက်ဆုံးကအရှင်မင်းကြီးကျန်းမာပျော်ရွှင်နေဖို့ပါပဲ
ဘာလို့များလဲ..အရှင်မင်းကြီး"

စကားများအပေါ်စိတ်ပျော့သွားပြီးShu Chengရှိရာလှည့်ကြည့်လာသည်။သူ၏ကိုယ်လုပ်တော်နည်းတူတောင်းပန်တိုးရှိုးသောအကြည့်နှင့်

"Shu Cheng.. ပြန်စဉ်းစားပါဉီး"

"ဖခမည်းတော်..ကျွန်တော်မျိုးဆုံးဖြတ်နိုင်စွမ်းမရှိပါ..စစ်သူကြီးMu YueကဒီမှာDatongရဲ့နားနဲ့မျက်စိအနေနဲ့ရောက်ရှိနေခြင်းပါ..
ဧကရာဇ်ကျင်းဇုန်ဆန္ဒအတိုင်းမဆောင်ရွက်ဘူးဆိုရင်...."

တမင်တကာစကားဖြတ်လိုက်ပြီးမိန်းမပျိုYuရှိရာသို့ကရုဏာသက်သောအကြည့်များကြည့်လိုက်၏။
Mu Yueလည်းဖြစ်ပျက်နေသောဇာတ်လမ်းအားကြားဝင်မရှုပ်လို၍ဘေးမှသာရပ်ကြည့်နေသည်။
တောင်းပန်သောအကြည့်များနှင့်Huan Hu Tongကကြည့်လာသော်လည်းMu Yueဂရုမစိုက်ပဲမျက်နှာထားကလည်းတင်းမာလှ၏။

"မိန်းမပျိုYu.အခြားသူများကောင်းစားရန်အတွက်အနစ်နာခံတယ်ဆိုတာကရုဏာသက်ဖွယ်ကောင်းလှပါတယ်...တိုင်းပြည်အတွက်အနစ်နာခံခြင်းကိုနောက်မျိုးဆက်အဆက်ဆက်အမှတ်ရနေကြမှာပါ"

စကားရဲ့နောက်ကွယ်ကဆိုလိုရင်းကိုသိနေသည့်အတွက် Shu Cheng အားမိန်းမပျိုYuစိတ်တွင်းမှကျိန်ဆဲနေမိသည်။အိမ်ရှေ့စံသည်Datongမှစစ်သူကြီးနဲ့အတူပြန်ရောက်လာကတည်းကဒီလိုတြွေဖစ်လာတော့မည်ကိုကြိုတွေးမိထားခဲ့သည်။ဤကံကြမ္မာဆိုးအောက်မှလည်းလွတ်မြောက်တော့မည်မထင်။ဧကရာဇ်ကျင်းဇုန်သည်သူမသေခြင်းနှင့်ပတ်သတ်ပြီးသက်သေယူရန်အတွက်စစ်သူကြီးMu Yueအားထည့်ပေးလိုက်သည့်အပြင်အချိန်တိုအတွင်းလည်းလုပ်ဆောင်ခိုင်းထားသည်။
ဧကရာဇ်အားအယုံသွင်းနိုင်ရန်သူမနေရာတွင်အစားထိုးမည့်သူအားစီစဉ်နိုင်ဖို့ရာအခွင့်အရေးပင်မပေးခဲ့။

"အရှင်မင်းကြီး...Xiang Yuဒီတိုင်းပြည်ကိုရောက်ကတည်းက Xiang Yuတစ်ဘဝလုံးအရှင်မင်းကြီးကိုပုံအပ်ထားတာပါ..
Xiang Yuတောင်းတဲ့ဆုဟာအရှင်မင်းကြီးအတွက်ပျော်ရွှင်ဖို့ပါပဲ
အရှင်မင်းကြီးကိုတစ်သက်လုံး ပြုစုစောင့်ရှောက်ပေးချင်တာပါ
Xiang Yu အတွက်အမှန်တရားလိုအပ်ပါတယ်"

ချိုမြိန်သောကိုယ်လုံးလေးအားနောက်တစ်ကြိမ်ထိတွေ့ကိုင်တွယ်ဖို့အခွင့်အရေးမရှိတော့။
သွေးဆောင်မြူဆွယ်နေသောကိုယ်လုံးလေးကိုနောက်ထပ်တစ်ကြိပ်ပဲဖြစ်ဖြစ်အရသာခံနိုင်ဖို့မျှော်လင့်မိပေမဲ့လည်း......

"Xiang Yu.. အချစ်ရယ်...အကျွနုပ်အတွက်လည်းခက်ခဲပါတယ်..နားလည်ပေးပါ"

ကျေနပ်မှုတွေကိုသိုဝှက်လျက်အဖြစ်အပျက်တစ်ခုလုံးအားShu Chengရူစားနေသည်။
နောက်ဆုံးတော့လည်းရွံရှာဖွယ်မိန်းမပျိုYu၏အဆုံးသက်သည်မျက်စိရှေ့သို့ရောက်လာခဲ့သည်။
ဘေးမှကြည့်နေသောMu Yueသည်လည်းဤအခြင်းအရာအရတော့Shu Chengနှင့်Jingတူညီလှသည်ဟုကောက်ချက်ချမိသည်။

နောက်ဆုံးတော့ တိုင်းပြည်ကိုမွှေနှောက်နေသည့်အန္တရာယ်တစ်ခုတော့ ပြီးဆုံးသွားခဲ့ပြီ။
နောက်ထက်ကျန်နေသည်မှာ စစ်သူကြီးနှင့်ကိုယ်ရံတော်တပ်မှုး..........

••••••

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now