Part 19

2K 127 3
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁၉)
#မုန်းပါနဲ့ဦး

"ဟာ…ဒီနေ့ ငြိမ်လှချည်လား.."
"ကိုရူပါ စားလေ…"
"စားရတာတောင် အားနာတယ်…ကိုကိုရာ…ဘာတွေ တွေးနေလို့လည်း..ကော်ဖီတွေ အေးစက် ကုန်ပြီ.."
"အဟွင်း..ဒီက စဉ်းစား စရာတွေ ရှိနေလို့ပါ.."
"ညီမရေ..ကိုယ့်လူ ကိုယ် ကြည့်ထိန်းနော်…အဖိုး လည်း မရှိတော့နိုင်တဲ့သူက ညီမလေး ပဲ ရှိတော့တယ်…"
"ဟို…ဟုတ်…"
"ဦးဒီက ပေါင်မုန့်စားမလား အချစ် ထောပတ်ကြက်ဥ လုပ်ပေးမယ်.."
"ကောင်မလေး စားပါ…ဒီက ဝနေပြီ.."
ဘာမှမဖြစ်သလို ပုံမှန်အတိုင်း တုန့်ပြန်လာတော့ အချစ် ခေါင်းထဲမှာတောင် ကြက်သီးထသွားရသည်.။
ဦးဒီက က လူအေးသလောက် အရာရာမှာ လျင်မြန်ပြီး ကြောက်ဖို့ကောင်းတယ် ဆိုတာ အချစ်သိပါသည်..။
ဒါကြောင့် အားလုံးကို လိမ်လို့ရရင်တောင် ဦးဒီက ကို လိမ်လို့ရပါ့မလား စိုးရိမ်မိသည်..။
"ညီ..ညနေ စင်ကာပူ လိုက်သွားလိုက်နော်.."
"ဟာ..မသွားချင်သေးဘူး.."
"မရဘူး..ညီ…ဖေကြီးကို ဖုန်းဆက်ပြီးပြီ…ညနေ လိုက်လာလိမ့်မယ် ပြောထားတယ်.."
"ကိုကိုကလည်း ညီ……အင်းပေါ့လေ…အိမ်ထဲမှာ ဟန်းနီးမွန်းထွက်ချင်တာ သိသာပါတယ်…ကောင်းပါပြီဗျာ ရှောင်ပေးပါ့မယ်.."
ကိုကို က အချစ်နဲ့ ဦးဒီက ကို မျက်လုံးမှေးကြည့်ပြီး ပြောတော့ ဦးဒီက ကို လှမ်းကြည့်မိသည်..။
ဒီလူကြီး ဘာတွေ ကြံစည်နေတာလည်း…။
ကိုကို့ကို အဝေးပို့ ပြီး အချစ် ကို ဘာတွေ များ လုပ်မလို့ပါလိမ့်..။
အချစ် စိတ်ထဲ သံသယ များစွာဖြင့် စူးဆိုက်ကြည့်နေပေမဲ့ ကော်ဖီ အေးစက်စက်ကို သောက်ပြီး ဝှီးချဲဖြင့် ထွက်သွားသည်..။
"မသွားချင်ဘူးဆိုကာမှ…"
ကိုကို့ ရဲ့ ညီးတွားသံကြောင့် အချစ် စားလက်စ မုန့်ကို ပါးစပ်ထဲ ထိုးသိပ် ထည့်ပြီး အပေါ်ကို လိုက်သွားမိသည်..။
"ဦးဒီက.."
'ပြော.."
"ကိုကို..ကိုရူပါ့ကို အဖြစ်မှန်ပြောလိုက်ပါ…မပြောရင်လည်း အချစ်ကို တစ်ခုခု စီစဉ်ပေးတော့ ..ဘာဖြစ်လို့ အိမ်ကနေ ထွက်သွားခိုင်းဖို့ ကြံစည်နေတာလည်း.."
"မင်းနဲ့ တစ်အိမ်ထဲ နေရင် အနာဂတ်အတွက် စိုးရိမ်ရတယ်လေ…"
"ဦးဒီက စကားတွေက အချစ်ကို စော်ကားနေတယ်နော်.."
"ဟုတ်တယ် ဒီထက် ရင့်သီးတဲ့ စကားလုံးတွေ ကျန်သေးတယ်…မင်းအနေနဲ့ ဆက်နားထောင်ရဲသေးရင်း တံခါး ကို လော့ခ်ချလိုက်ပါ…"
အချစ်ကို ခပ့်တေ့တေ့ ကြည့်ပြီး ပြောတော့ ဂရုမစိုက်ဘူးဆိုတာ သိအောင် တံခါးကို ပိတ်ပြီး ပြောတဲ့ အတိုင်း လော့ခ်ချပစ်လိုက်သည်..။
"ရပြီ…ပြော.."
"မင်း..နဲ့ ရူပါ မှာ ဘယ်သူမှားတာလည်း.."
"ဒါကတော့ အရှင်းကြီးပဲ…ဦးဒီက လည်း လူကြီးပဲ စဉ်းစားတက်မှာပေါ့.."
"အဟွင်း…ငါက မင်းလောက် ဗဟုသုတ မကြွယ်ဘူးလေ.."
အချစ် ကို ကြည့်ပြီး ပြောတော့ ဘာကို ဆိုလိုမှန်းမသိပေမဲ့ ကိုယ့်လုပ်ထားတာ ကိုယ်သိလို့ မျက်နှာ တစ်ခုလုံး ပူထူသွားရသည်.။
စိတ်ကို အတက်နိုင်ဆုံး တင်းပြီး တံတွေးတစ်ချက် မသိမသာ ဖြင့် မြိုချမိသည်..။
"အချစ် က မိန်းကလေးပါ…"
"တရားရုံးမှာ ရှင်းရင် မင်းက မိန်းကလေးပါဆို တာနဲ့ မပြီးဘူး…အသေးစိတ်ပြော…"
"အချစ် မနေ့ညက ကိုရူပါ့ကို အခန်းထဲ ပို့ပေးတယ်..ကိုရူပါက ဆွဲဖက်တယ် ပြီးတော့ ခုတင်ပေါ်ရောက်သွားတယ်…အချစ်ရုန်းပေမဲ့ မရဘူး..ပြီးတော့…..ပြီးတော့….."
"ပြီးတော့…ဘာဖြစ်လည်း ဆက်ပြောလေ…"
"ဦးဒီက ကို ဘယ်လို မျက်နှာ နဲ့ ပြောရမှာလည်း…မမေးပါနဲ့.."
"ငါကတော့ မင်း လိမ်နေတယ်ပဲထင်တယ်.."
"ဟင်.."
"ဟုတ်တယ်လေ…မင်းက လိမ်တဲ့ နေရာမှာ ဆရာ တစ်ဆူပဲ…"
"ဦးဒီက မရှင်းပေးနိုင်ရင်လည်း ရတယ်..အခု ကိုရူပါ့ကို သွား အသိပေးလိုက်မယ်.."
"ဟေ့ နေဦး.."
အချစ် အခန်း တံခါးနားကိုရောက်တော့ နောက်က ဟန့်တားလိုက်တဲ့ အသံကြောင့် ငြိမ်သက်သွားမိသည်..။
နောက်ကို မလှည့်ရဲလို့ ကျောခိုင်းလျက်သားဖြင့်သာ ရပ်နေရသည်..။
"လာပါဦး..မင်းကို ပြစရာ ရှိတယ်.."
"ဟင်.."
အချစ် လှည့်ကြည့်လိုက်တော့ ခုတင်ပေါ်မှာ ကွန်ပျူတာ တစ်လုံး ဖွင့်လျက်သား ဖြစ်နေပြီး မေးငေါ့ပြသည်..။
"ဒါ.."
"မင်းကိုမင်း အထင်ကြီးလွန်းတယ်…ပန်းအချစ်ဦး…မင်း ပညာကတော့ လေးစားစရာပဲ..တကယ်လို့ မနက်ကသာ မင်း ရူပါ့ ကို ပြောလိုက်ရင် ငါလည်း ဒီ ဗီဒီယို ကို ပြဖို့ ဆုံးဖြတ်ပြီးသားပါ…မင်း ဘာပြောချင်လည်း…အခု မပြောသေးပေ့မဲ့ မင်းအဒေါ်ကိုလည်း ခေါ်ရမယ်…အဖိုး ပြန်လာတာလည်း စောင့်ရမယ်…မိဘတွေ စုံညီစွာ တက်ရောက်လာတဲ့ ပွဲကျမှ မင်းရဲ့ စရိုက်ကို သိရအောင် ပြရမယ်…"
"ဟင်…မလုပ်..မလုပ်ပါနဲ့....အချစ် တောင်းပန်ပါတယ်…ဦးရယ်.."
အချစ်က ကိုကို့ကို ဖက်လိုက် တာတွေ ကိုကို ဘာမှ မလုပ်ခဲ့တာတွေ အားလုံး ပေါ်နေတော့ အူ အသည်း ပြောင်းပြန်ဖြစ်ရလောက်အောင် ကြောက်ရွံမိသည်..။
အဒေါ့်ကိုသာ ခေါ်တိုင်လိုက်ရင် …ဟင့်အင်း…မပြန်ချင်ဘူး…အဲဒီ့အိမ်ကို ဘယ်တော့မှ မပြန်ချင်ဘူး…တစ်နေ့ နှစ်နပ် စားရတဲ့ ထမင်း အတွက်ကို အရက်သမားတွေနဲ့ အမြဲဆူပူ ပြသာနာ ဖြစ် နေတဲ့ အိမ်ကို အချစ် မပြန်ချင်ဘူး…။
တစ်ချိန်လုံး သူများ ခိုင်းဘက် လုပ်နေရပေမဲ့ အကျိုးခံစားခွင့် ဘာမှ မရှိ…ငွေ ငါးရာထက် ပိုကိုင်ခွင့်မရတဲ့ အိမ်ကို အချစ် မပြန်ချင်ဘူး..။
အခန်းမရှိ တံခါးမရှိ အရက်သမား တစ်ယောက် ပြန်လာတိုင်း ဆူညံပြီး အိပ်ရေးပျက်ရတဲ့ ညတွေ ဆီ မပြန်ချင်ဘူး..။
အချစ် ကြောက်လန့်တကြား ဒူးထောက် ထိုင်ချလိုက်ပြီး ဦးဒီက ခြေထောက်မှာ မျက်နှာ အပ်ပြီး ငိုမိတော့သည်..။
"အချစ် တောင်းပန်ပါတယ်….အဒေါ့်ကို မခေါ်ပါနဲ့…အချစ်ကို ပြန်မပို့ပါနဲ့ ဦးရယ်…အချစ် အိမ်မပြန်ချင်လို့ပါ…"
"မင်း အပြစ်ကို..လူကြီးတွေကို အသိပေးမှ ဖြစ်တော့မယ်…ငါ ..မင်းကိုအကြိမ်ကြိမ် လမ်းမှန် တွဲခေါ်သားပဲ…မင်း ဗီဇ ကိုကတည်းက ဒီလို ဆို ငါ မင်းကို ကြောက်တယ်…အဲဒီ ဗီဇ ပိုင်ရှင်ကို ငါ လက်မခံနိုင်ဘူး.."
"ဟင့်အင်း..ဟင့်အင်း…မဟုတ်ဘူး…အဲလို မဟုတ်ပါဘူး…အင့်…အင့်…"
"ဟာ…ပန်းအချစ်ဦး…ဟေ့…"
၀ှီးချဲနားမှာ ခွေခနဲ့ လှဲကျသွားတော့ ဒီပါ အလန့်တကြား ဖြစ်သွားခါ ငုံ့ကြည့်မိသည်..။
ဒါကကော ဟန်ဆောင်နေတာပဲလား ပန်းအချစ်ဦး…။
"ဟေ့…မင်းနော်…ထပ်ဟန်ဆောင်ရင် ပိုဆိုးမယ်…"
"….."
"ဟာ.."
ဒီပါ ဝှီးချဲကို ရွေ့ပြီး ဖုန်းဆီ ရောက်သွားခါ လက်တွေက အလျှင်အမြန် ခလုတ်တွေပေါ် ရွေ့လျားနေမိသည်..။
ဖိုးကောင်းနဲ့ ကြီးကြီး တို့ ရောက်မလာခင် လပ်တော့ပ်ကို သိမ်းလိုက်ပြီး အိပ်ပျော်နေသလို ရှိတဲ့ကောင်မလေးကို ငေးခါ ရင်ထဲစို့ရပြန်သည်..။
မင်းကို ဒီလို ဖြစ်ဖို့ မရည်ရွယ်ပါဘူး ကောင်မလေးရယ်..။
မင်း ကြောက်ပြီး နောက်တစ်ခါ ဒီလို အတွေးဆိုးမျိုး မတွေးရဲအောင်ပါကွာ..။
"ဟယ်..ဘယ်လိုဖြစ်တာလည်း…သား..'
"ဖိုးကောင်း ပွေ့တင်လိုက်.."
"ဟုတ်…"
ကြီးကြီး နဲ့ မေဖူးက အနားမှာ ယပ်ခတ်လိုက် ရှုဆေးတို့ပေးလိုက်ဖြင့် အလုပ်များနေချိန် ဖိုးကောင်းကို ဆရာ၀န် အမြန်သွားခေါ်ခိုင်းရသည်..။
"မဟုတ်ပါဘူး…အင့်….မသွားဘူး.."
"သမီးလေး…သတိရပြီလား.."
"ဟင်…ကြီးကြီး….ဦး…အချစ်ကို ယုံပါနော်..အချစ်ကို မပြန်ခိုင်းပါနဲ့..အဟင့်….ဟီး…."
"ဘာဖြစ်တာလည်း…သမီးရဲ့…အို… မငိုနဲ့လေ…"
"ကြီးကြီး ထားခဲ့လိုက်ပါ..သူနဲ့ ကျွန်တေ်ာ စကားပြောချင်လို့…မေဖူး…ဖိုးကောင်းကို ဖုန်းပြန်ဆက်လိုက် ဆရာ၀န်မခေါ်နဲ့တော့လို့…"
"ဟုတ်.."
ကြီးကြီး က တံခါးပြန်ပိတ်ပြီး ထွက်သွားတာနဲ့ ခုတင်ပေါ်က ခုန်ဆင်း၍ အနားကို ပြေးလာတာ စိုးရိမ်မိသည်…။
ဒီပါ့ ခြေသလုံးကို ဖက်ပြီး မျက်နှာ အပ်ခါ ကလေး တစ်ယောက်လို ငိုနေပြန်သည်..။
"ဦး…အချစ်ကို မတိုင်ပါနဲ့နော်..ဘယ်သူကိုမှ မပြောပါနဲ့…အချစ် နောက်မလုပ်တော့ပါဘူး.."
"ကျစ်….."
"အချစ် နောက် မလုပ်တော့ပါဘူး…ကိုကို့ကို လည်း မချစ်တော့ပါဘူး.. ..နေ့တိုင်း တွေ့ချင်လို့ ရုပ်ရှင်ထဲက အတိုင်း ကြံမိတာပါ ဦးရယ်….အချစ် မစဉ်းစားတက်သေးလို့ပါ…အချစ်ကို ဒီတစ်ခါလေး ခွင့်လွှတ်ပေးပါ ဦးရယ်…အချစ် ဦး စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး နေပါ့မယ်… …အရင်အတိုင်း  ပြန်နေခွင့်လေး ပြုပါ ဦးရယ်…လုပ်ပါ …ဦးရယ်…အချစ်ကို မရက်စက်ပါနဲ့….ဟီး…..အင့်…အင်…"
တစ်ကိုယ်လုံး တုန်ယင်၍ ရိုက်သံ ပိုများလာတော့ စိတ်ပူမိပြန်သည်။
"ငါ စဉ်းစားလိုက်ဦးမယ်…မင်း ရုပ် မပျက်ပဲ နေသင့်တယ်…"
"ဟုတ်…ဟုတ်…အချစ် ..နောက် ဒီလို မလုပ်တော့ဘူး..ကတိပေးပါတယ်…"
"ငါတော့ မင်းကို ယုံကြည်ဖို့ အချိန်ယူရလိမ့်မယ်…လောက မှာ ယုံကြည်မှုရဖို့ အချိန်ကြာပေမဲ့ ယုံကြည်မှုပျက်သွားအောင် လုပ်ဖို့ အချိန်သိပ်မလိုဘူး..မင်း အမှားထဲက သင်ခန်းစာယူပြီး ရှေ့ဆက် မမှားဖို့ မှတ်ထားပါ…ယုံကြည်မှု ပျက်နေချိန် စိတ်ပျက်အောင် ထပ်လုပ်ရင်တော့ မင်း အဒေါ် အိမ် နဲ့ ရန်ကုန်က သိပ်မဝေးဘူးဆိုတာ သတိရပါ ပန်း အချစ်ဦး.."
"အင့်…ဟုတ်.."
ဒီပါ အခန်းပြင်ကို ထွက်လာချိန် သက်ပြင်း မောကြီးက ကပ်ပါလာတော့သည်..။
ကလေး တစ်ယောက်လို ကြောက်လန့်တကြား မတည်မငြိမ်ဖြစ်နေရင်း မူးပါလဲသွားတော့ ထွက်နေတဲ့ ဒေါသတွေကို မြိုချလိုက်ရသည်..။
သူ့နေရာမှာသာ အရွယ်ရောက်ပြီးသား စဉ်းစားတက်တဲ့ မိန်းမဆို အခြေအနေက တစ်မျိုးပြောင်းသွားနိုင်သလို သူ့လို လွယ်လွယ်ကူကူ ၀န်ခံမှာ မဟုတ်ဘူး ဆိုတာ သိပါသည်..။
ဟင်း…ဖေကြီးက အသက်ကြီးနေပြီမို့ စောင့်ကြည့်နိုင်အောင် စီစီတီဗွီ တက်ထားမိလို့ တော်ပါသေး…။
မဟုတ်ရင် ဘယ်လိုတွေတောင် ဖြစ်ကုန်မလည်း မတွေးရဲစရာပါ…။
ဒီလောက် အခြေအနေ ရောက်နေတာတောင် သူ့ကို အကြံပက်စက်တဲ့ သူလို့ မမြင်ရက်တာ ကိုယ့်ကိုယ်ကို အံသြမိသည်။
"အမေ..ဒီက အမေ နဲ့ တူနေပြီလားဟင်…အရာအားလုံး ခွင့်လွှတ်ပေးချင်နေတာ…မှားများနေမလား…"
ဒီပါ ပန်းချီကားကို မော့ကြည့်ရင်း ပြောမိချိန် ရှိုက်သံ သဲ့သဲ့ ကြားနေရသည်။
ကလေး တစ်ယောက်လို ကြောက်ပြီး ငိုနေတာ သနားပေမဲ့ ဘာပဲ ဖြစ်ဖြစ် မှတ်သွားအောင် ခြောက်ထားလိုက်တာ ကောင်းပါတယ်လေ…။
ညဏ်လေးကောင်းသလောက် တလွဲတွေ အသုံးချနေတာ စိတ်ဆိုးရခက် ပြောရခက်တဲ့ ကောင်မလေး..။
ဆယ်ကျော်သက် အရွယ် တစ်ယောက်ကို လွယ်လွယ်လေး ပေးစားပြီး ကလေး ထိန်းအလုပ်ပါ ပေးအပ်ထားသည့် ဖေကြီးကို ရင်ဖွင့်ချင်ပါရဲ့…။
ဒီပါ တစ်ယောက် အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရတာ ဘယ်သူမှ သိမယ် မထင်..။
ညနက်မှ အိပ်ယာက ထသွားတာ သိပေမဲ့ တစ်ခုခု သွားယူတယ် ထင်ခဲ့တာ..။
နည်းနည်းကြာလာတော့ ဝှီးချဲ ပေါ် မတက်ချင်ပေမဲ့ ပြန်တက်ပြီး အောက်ကို လိုက်သွားရသည်.။
ရူပါ့ကို တွဲပြီးအခန်းထဲ လိုက်ပို့ပေးရတာ တွေ့တော့ စိတ်ထဲကနေ ဖိုးကောင်းကို အပြစ်တင်မိသေးသည်..။
ငါးမိနစ်ကျော်တော့ ဒီပါ တံခါးဖွင့်လိုက်ချိန် မထင်ထားတဲ့ မြင်ကွင်းက ဆီးကြိုနေသည်..။
ရူပါက မူးရင် သွေးဆိုးတက်လို့ မေဖူးကိုတောင် ထွက်မစောင့်ဖို့  မှာထားရသည်..။
အခုလည်း ဖက်လိုက်တာလောက်ပဲ ထင်ပေမဲ့ သူ့ရဲ့ သရုပ်ဆောင် ချက်တွေကြောင့် မျက်လုံးပြူးခဲ့ရသည်လေ..။
ဒေါသလည်း ထွက် စိတ်လည်း တိုသလို..စပ်ဆုတ် ရွံရှာမှုလည်း ဖြစ်ခဲ့ရသည်..။
ထိုကတည်းက ကြောက်ရွံ့မှုနဲ့ တဇွတ်ထိုး ဆန်မှု နှစ်ခုရောနေတဲ့ မျက်နှာ အမူအယာကြောင့် ကလေး အတွေးနဲ့ ရုပ်ရှင်တွေ ကြည့်ပြီး အဲနည်း အတိုင်း လုပ်တာပဲလို့ ဖြည့်တွေးပေးထားရသည်..။
ဒီပါ အတွေးများဖြင့်
အောက်ဆင်းလာချိန်  ရူပါ့ ကား၀င်လာပြီး အိမ်ထဲ ပြေး၀င်လာခါ ဆိုဖာပေါ်ကို ကလေး တစ်ယောက်လို ပစ်ချထိုင်လိုက်သည်..။
"ဟူး..အိအိ အသက် ကြီးလာလို့လား မသိဘူး တအားရစ်တယ်.."
"ဘာဖြစ်လို့လည်း.."
"နေမကောင်းဘူးဆိုလို့ ဖုန်းဆက်တယ်လေ…ဘာဖြစ်တာလည်း ဆိုတော့ ရောက်မှပြောမယ်တဲ့…လူ ကို စိတ်ပူအောင်လုပ်တယ်….ကိုကိုပဲ ကောင်းတယ်..ကလေး လေး တစ်ယောက်ရထားတော့ ဟိတ်ဆို တိတ်ပဲ.."
ရူပါက ဖုန်းကိုင်ရင်း စိတ်ရှုပ်စွာ ညည်းပြနေတာ ဟိတ်ဆို တိတ် ပဲ ဆိုတဲ့ စကားကြောင့် ဒီပါ သဘောကျစွာ ပြုံးမိသည်..။
ကလေးတွေ ဆိုးရင် ဘာနဲ့ မှ မတူတာ မင်းမသိပါဘူး ညီရာ…စိတ်ဆိုးရခက် ရိုက်ရခက် နဲ့ ခွင့်လွှတ်တက်အောင် ပဲ ကြိုးစားနေရတာလေ…။
"သြော်..ကိုကို့ အတွက် ဒေါက်တာ ပေးလိုက်တဲ့ အခွေတင်ထားတယ်…လေ့ကျင့်ကြည့်ထားတော့ စစ်ဆေးချိန် ပြစ်ချက်ရှိရင် ပေါ်လာလိမ့်မယ်တဲ့.."
"အင်း.."
"သြော်…ညီမလေး.."
"ရှင်.."
ရူပါ ခေါ်လိုက်တဲ့ အသံကြောင့်ဒီပါ လှမ်းကြည့်လိုက်တာ လှေကား အနားမှာ တောင့်တောင့်လေး မတ်တက်ရပ်နေသည်..။
တစ်မနက်လုံး အခန်းအောင်းပြီး ငိုနေမယ်ထင်တာ…ဘယ်တုန်းကတည်းက ဆင်းလာတာပါလိမ့်..။
"အကို စင်ကာပူ သွားနေချိန် ကိုကို့ကို လမ်းလျှောက်ကျင့်ပေးလို့ရမလား.."
"ဟင်…ဟုတ်ကဲ့…"
"လိမ်မာတယ်…ခုံပေါ်မှာ အခွေ ရှိတယ် အဲဒီ့ အတိုင်း လျှောက်ရမယ် တဲ့ သိလား.."
"ဟုတ်.."
အခွေယူပြီး ထမင်းစားခန်းဘက်ကို ၀င်သွားတော့မှ ရူပါက ထလိုက်ပြီး ဒီပါ့ ပခုံးကို ဖျစ်ခါ
"လိမ်မာတဲ့ ကလေးတွေက ချစ်ဖို့ကောင်းပါတယ် ကိုကိုရာ…ချစ်ကြည့်လိုက်စမ်းပါ…ဆွေမျိုးမေ့သွားလိမ့်မယ်…"
"ညီ.."
"ဟဲ..ဟဲ…သနားစရာပဲ ….လူပျိုကြီးဆိုတော့လည်း ချစ်လို့ ဘယ်ကောင်းပါ့မလည်း…ကြီးမှ ၀က်သက်ပေါက် တယ် ဖြစ်နေပါဦးမယ်…."
"မင်း အကြောင်းတွေ ဖေကြီး ကို  ဖုန်းကြိုဆက်ထားပေးမယ်.."
"ဟား..ဟား…ညီ အိမ်ခဏ ပြန်လိုက်ဦးမယ်…ညနေ သွားခါနီး တစ်ခေါက် ပြန်လာခဲ့မယ်.."
"အင်း.."
ဒီပါ အကြည့်တွေ ထမင်းစားခန်းက မှန် ဆီ အမှတ်တမဲ့ ရောက်သွားတော့ လူရိပ် လှစ်ခနဲ့ ရွေ့သွားသည်..။
သူ့ အကြောင်းတွေ ပြောမလားဆိုပြီး ခိုးနားထောင်နေသည့်ပုံပင်..။
"ဟုတ်ကဲ့…ဖေကြီး..ညနေ လာဖို့ သေချာပါတယ်…ဟုတ်…"
"သြော်…ဟုတ်..ကောင်းပါတယ်…ဒီက လည်း ပြောစရာတွေ ရှိသေးတယ်….အဟွင်း.…မျက်နှာချင်းဆိုင်ပြောတော့ ပိုကောင်းတာပေါ့ ဖေကြီးရဲ့…အဟွင်း…မဟုတ် ပါဘူး.."
ဖုန်းပြောနေတော့လည်း အနားမှာ ရစ်သိရစ်သိဖြင့် တံမြတ်စည်းလှဲလိုက် ဖုန်သုတ်လိုက်ဖြင့် စပ်စုနေပြန်သည်..။
"ဟေ့..မင်း.."
"ဟင်.."
"ဖုန်းပြောနေရင် ရှောင်နေရမယ် ဆိုတာ မသိဘူးလား.."
"ဟို..ဟို…အချစ် ထမင်းပွဲ ပြင်ပြီးပြီလို့ လာပြောတာပါ.."
"သိပြီ…သွားတော့…"
"ဟုတ်ကဲ့…"
ဒီပါ ခပ်ငေါက်ငေါက် ပြောလိုက်တော့ ခေါင်းငုံ့ပြီး မီးဖိုခန်းဘက်ကို ၀င်သွားတာ ကြည့်ရင်း စိတ်ထဲက သနားမိပြန်သည်..။
အပြစ်လုပ်ထားတဲ့ ကလေး တစ်ယောက်လိုပဲ မျက်နှာငယ်လေး ဖြင့်အတိုင်ခံရမှာ စိတ်ပူနေတာ ဟန်ဆောင်မှု မပါဘူးလို့ သတ်မှတ်မိသည်..။
မင်း ရဲ့ ကြောက်ရွံနေတဲ့ အမူအယာ တွေကလည်း အလိမ်အညာ ဆိုရင်တော့ ငါ့ ၀ဋ်ကြွေးလို့ပဲ သဘော ထားလိုက်ပါမယ် ပန်းအချစ်ဦးရယ်…။
ငါ့စိတ်ထဲ မှာ မင်း အရမ်းဆိုးလည်း ခွင့်လွှတ်ချင်ပြီး မင်း မျက်နှာငယ်နေရင်  အကြောင်းမဲ့  သနားနေမိတာ ဘာကြောင့်များလည်း..။
"ကိုကြီး…ဒီမှာ မုန့်ညှင်းစိမ်းကြော်…"
"အင်း.."
အနားမှာ မေဖူးက လိုအပ်တာတွေ လုပ်ပေးရင်း ထမင်းစားစောင့်နေတော့ ဟိုကောင်မလေး ဘယ်ချောင်မှာ ငိုနေပြီလည်း တွေးပူရပြန်သည်..။
ငိုပါစေ…ဒါမှ မှတ်မှာလို့ ကလေးဆန်ဆန် တွေးလိုက်ပြီး ထမင်းဆက်စားနေရတာ သိပ်တော့ မြိုမကျချင်..။
"ကိုကြီး …ဆေး…"
"အင်း…"
မေဖူး လှမ်းပေးတဲ့ ဆေးကို ယူပြီး ရေတစ်ခွက်ယူဖို့ တစ်ခါ စောင့်ရသေးသည်..။
ရွှေခဲ သာဆိုရင် ဆေးထုတ်ပြီး ရေခွက်ပါ တန်းကိုင်ထားပြီးသား ဆိုတော့ ဒီပါ လည်း စောင့်ရတာ တစ်မျိုးဖြစ်နေသည်..။
ထမင်းစား ပြီး ခဏနားခါ  အပေါ်ကိုရောက်လာတော့ ဒီပါ့ ကို တွေ့တာနဲ့ တီဗွီထိုင်ကြည့်နေရာမှ ခုတင်ပေါ်ကနေ ခုန်ဆင်းသည်..။
မျက်နှာကို ခပ်တည်တည် ပြင်ထားတော့ သူ့ခမျာ ပျာနေပြီး အရင်လို မဟုတ်ပဲ ခပ်ကုတ်ကုတ်လေး နေသည်..။
"ဦးဒီက.."
"ပြော…"
"ဟို….လမ်းလျှောက်ကျင့်ရမယ်လေ…"
"မင်း ကြည့်ပြီးပြီလား.."
"ဟုတ်.."
ခေါင်းညိတ်ပြီး အနားကို ရောက်လာခါ ဒူးထောက် ထိုင်ချလိုက်၍ ဝှီးချဲက ကလစ်တွေကို ဖြုတ်ခါ ဘေးဘက်ကို ကပ်လိုက်သည်..။
ဒီပါ့ လက်ကို ဆွဲယူပြီး သူ့ပခုံးပေါ်တင်ခါ ခါးကို တွဲထူပေးတော့ ကိုယ်ကို ဖော့ပြီး ခပ်ဖြည်းဖြည်း ထရသည်..။
"ခြေထောက်ကို မညှာပဲ နှစ်ဖက် စလုံးနဲ့ လျှောက်ရမယ်တဲ့..တစ်ဖက်ကို ဖိနင်းလိုက်ရင် မကောင်းဘူးတဲ့.."
အာသွက် လျှာသွက်မလေး က ဆရာလုပ်ချင်ပေမဲ့ ဒီပါ့  မျက်နှာ အခြေအနေကို ကြည့်ပြီး  'တဲ့ ' ထည့်ပြောနေတာ သိတော့ လှစ်ခနဲ ပြုံးမိသွားသည်..။
ကြောက်တက်တာလည်း နှစ်ယောက် မရှိဘူး…ဆိုးတဲ့ နေရာလည်း နှစ်ယောက်မရှိ..။
"အ.."
ခြေချင်း၀တ် နာသွားတော့ လူက ဟန်ချက်ပျက်ပြီး လဲကျမလို ဖြစ်သွားချိန် တွဲထားသူရှိလို့ သက်သာရာ ရသွားသည်.။
"ထိုင်မလား..ဦး.."
သူ အပြစ်လုပ်တိုင်း 'ဦး' နေကျဆိုတော့ ဒီပါ မထူးဆန်းသလို ခေါင်းညိတ်ပြီး အနားက ဝှီးချဲကို လက်နဲ့ လှမ်းဆွဲ လိုက်သည်…။
"ဖြည်းဖြည်း ဦး.."
ခြေထောက်က တော်တော် နာနေလို့ ပစ်ချထိုင်လိုက်တော့ တွဲထားတဲ့ ကောင်မလေးလည်း ဒီပါ့ကိုယ်ပေါ် မှောက်လျက်သား ပြုတ်ကျလာသည်…။
"ဦး နာသွားလားဟင်…"
"ရတယ်…ဖယ်…"
"ဟုတ်.."
ဒီပါ့ ကိုယ်ပေါ်က ပြန်ထပြီး သူ့ပခုံးလေးကို ဖွဖွ ပွတ်နေတာ အမှတ်တမဲ့ တွေ့လိုက်တော့ စိတ်မကောင်းဖြစ်ရသည်..။
ကိုယ်ခြေထောက်တောင် မနိုင်တဲ့ လူတစ်ယောက် ကို ကလေး တစ်ယောက်က ထမ်းထားရသလို ဖြစ်နေပြီ..။
" …မင်း အောက်ကိုသွား.. ဖိုးကောင်းကို လွှတ်လိုက်…"
"ဟုတ်…"
ခေါင်းငုံ့ပြီး အခန်းထဲက ထွက်သွားတော့ ဒီပါ သက်ပြင်းချလိုက်ပြီး တီဗွီကို ပြန်ဖွင့်လိုက်ခါ လုပ်ရမဲ့ ပုံသဏ္ဍန်တွေကို ကြည့်နေမိသည်..။
"အကို ခေါ်တယ်ဆိုလို့ပါ.."
"အင်း…ငါ လမ်းလျှောက်ချင်လို့…"
"ဗျာ…ဟုတ်ကဲ့…"
"မင်း..ဟို ဗီဒီယိုကို ကြည့်ဦး..ဒါမှ နားလည်လိမ့်မယ်.."
"ဟုတ်…"
ဒီပါ နှစ်နာရီလောက် ချွေးတောက်တောက် ကျအောင် ကြိုးစားလျှောက်ပြီးချိန်မှ ဖိုးကောင်းကို ပြန်လွှတ်လိုက်ပြီး ရေချိုးဖို့ စီစဉ်ရသည်..။
ထိုင်ခုံပေါ်မှာ ရေချိုးပြီးတော့ အနားမှာ ဘယ်သူမှာ မရှိလို့ ခြေထောက်ကို သိပ်အားမပြုပဲ ဘေးတန်းကို ကိုင်ခါ ဝှီးချဲပေါ် ပြန်တက်ရသည်..။
ဒီကောင်မလေးက လိုအပ်ချိန်ဆို ဒီလိုပဲ ပျောက်နေကျလေ..။
ဒီပါ စိတ်တိုလို့ သူပြောတဲ့ အတိုင်း အဘိုးကြီး တစ်ယောက်လို ပွစိပွစိ ရေရွတ်ရင်း ရေချိုးခန်းထဲက ထွက်လာခါ အ၀တ်အစားတွေကို ကုတင်ပေါ် တက်ပြီး လဲရသည်..။
ဒီခြေထောက်လည်း မြန်မြန် ပြန်ကောင်းမှပါ…။
ဒီပါ ကားတိုက်ခံရတဲ့ မြင်ကွင်း ပြန်ပေါ်လာတော့ မျက်ခုံးတွန့်လျက် တွေးစရာတွေ ဖြစ်လာသည်..။
.
"သွားလိုက်ပါ မေဖူးရယ်…"
"မသွားရဲဘူး အချစ်ရဲ့ အကိုကြီး က သူ့ အခန်းကို ဘယ်သူမှ လာတာ မကြိုက်ဘူး…"
"ဦးဒီက ရေချိုးရင် သူ လိုတာတွေ လုပ်ပေးရမယ်…"
"အချစ် သွားလေ.."
"ဟင့်အင်း အချစ်သွားလို့မရဘူး.."
"ဘာဖြစ်လို့လည်း သမီးရယ်.."
"ဦးဒီက ကို ကြောက်တယ်…"
"သြော်…ကလေးရယ်..သားလေးက သမီးအပေါ်ကောင်းပါတယ်..နေစမ်းပါဦး…ကလေးက အစက မကြောက်ပါဘူး.."
"ဦးဒီက စိတ်ဆိုးနေတယ်.."
"ဒီကလေး က စိတ်မဆိုးတက်ပါဘူးး"
"တကယ်..အချစ်ကို စိတ်တို စိတ်ဆိုးနေတယ်.."
"ဟင်း….စိတ်ဆိုးနေလည်း အနားမှာနေရင် စိတ်ပြေသွားမှာပါ သွားလိုက်နော်.."
"ဟုတ်…"
အချစ် မေဖူးကိုရော ကြီးကြီး ကိုပါ စည်းရုံးလို့ မရတော့ ခေါင်းညိတ်၍ သက်ပြင်းပါ ရောချလိုက်မိသည်..။
အချစ်ကို အော်ငေါက် လွတ်မလား ဆိုတဲ့ ကြောက်စိတ်ဖြင့် အပေါ်ထပ်ကို တက်လာရသည်..။
အခန်းတံခါးကို ကြည့်ပြီး အထဲကို မ၀င်သေးပဲ အသက် ပြင်းပြင်း ရှိုက်မိသည်..။
ဆူလည်း ခံရမှာပေါ့လေ…အချစ်က အပြစ်လုပ်ထားမိသည်ကိုး…။
"ဟင်…"
ဘောင်းဘီပေါင်တိုလေး ဖြင့်ခြေချထိုင်ပြီး အောက်မှာ ကျနေတဲ့ ဘောင်းဘီရှည်ကို ကုန်းကောက်ဖို့ ကြိုးစားနေတော့ အချစ် အနားကို ရောက်သွားတော့သည်..။
"အိုး..မင်း.."
အချစ်ကို အော်တော့မလား စိတ်ပူရပေမဲ့ အချစ် လက်ထဲက ဘောင်းဘီကို ဆွဲယူပြီး တစ်ဖက်ကို လှည့်လိုက်တော့ ဦးဒီက အားနာလို့မှန်း သိလိုက်သည်…။
အချစ် ဘောင်းဘီရှည်ကို ပြန်ယူပြီး ၀တ်လို့ လွယ်အောင် ကွင်းလေးလုပ်လိုက်ခါ ခြေထောက်ကို ထိုးပေးရသည်..။
အရင်ကဆိုရင် ဦးဒီက ရေချိုးခန်းထဲက ထွက်ရင် ရေချိုး၀တ်ရုံ လေး ၀တ်ပေးပြီး အ၀တ်အစား၀တ်လို့ လွယ်အောင် အဆင်သင့် စီစဉ်ပေးရသည်..။
အခုတော့ နောက်ကျနေတော့ ဦးဒီက ခမျာ ရေချိုးပြီးစ ကိုယ်ဗလာဖြင့် ထိုင်နေရသည်..။
အချစ်လို ပြဿနာမလေးကို အခုချိန်ထိ နှင်မချသေးတာပဲ ဦးဒီက က အချစ်ရဲ့ ကျေးဇူးရှင် ဖြစ်နေပါပြီလေ..။
မဟုတ်ရင် အခုလောက်ဆို နေပူထဲ ဟင်းရွက် ခူးနေရပြီလေ…။
"၀တ်ပါ…"
ဘောင်းဘီကို ဒူးပေါ် အထိ ရောက်တော့ သူ့ဟာသူ ထပြီး၀တ်ခါ ပြန်ထိုင်သည်..။
အချစ် ရှပ် အကျီ င်္ ကြယ်သီးတွေဖြုတ်၍ လက် ထိုးခိုင်းလိုက်ပြီး ကျောဘက်ကို ပြန်သွားခါ နေရာ ပုံစံချပေးရသည်..။
ကြယ်သီးတွေ တပ်ပေးနေရင်း ဦးဒီက ရဲ့ ခပ်တည်တည်မျက်နှာကြီးကို မရဲတရဲ ခိုးကြည့်မိသည်..။
မနေ့ကလောက် မျက်နှာ မတင်းမာတော့ပေမဲ့ စိတ်ဆိုးနေတုန်းဆိုတာတော့ သိသာသည်..။
ရေသုတ်၀တ်ယူလိုက်ပြီး ပခုံးနားရောက်အောင် ရှည်လွန်းတဲ့ ဆံပင် မွဲခြောက်ခြောက်တွေကို ရေသုတ်ပေးရသည်..။
အရင်ကဆို ဆံပင်ရှည်တွေက ဘယ်လိုကြီးဆိုပြီး အပြစ်ပြောရင်း သုတ်ပေးနေကျပေမဲ့ အခုတော့ အသံတိတ်ရင်း ဖြည်ုးဖြည်း ချင်း သုတ်ပေးမိသည်..။
မျက်နှာကို သုတ်ပေးလိုက်တော့ အကြည့်ချင်းဆုံသွားချိန် အချစ် ရင်တွေတုန်ပြီး ကြောက်လာလို့ ခေါင်းငုံ့လိုက်ရသည်..။
"ဝှီးချဲ ယူလိုက်.."
"ဟုတ်…ခဏလေး…ဦး…ရေတွေစိုနေသေးလို့…သုတ်ပေးမယ်…"
အချစ် ကပျာကယာ အ၀တ်ပြေးယူပြီး သုတ်လိုက်ခါ ဦးဒီက ရဲ့ လက်မောင်းကို မရဲတရဲ ကိုင်ကြည့်သည်..။
မအော်တော့မှ တစ်ဆင့်တိုးပြီး အနားကပ်ခါ ထူပေးရသည်..။
"မင်း ထမင်းစားပြီးပြီလား.."
ခုံပေါ်ရောက်တာနဲ့ မေးလိုက်တဲ့ စကားကြောင့် အချစ် ၀မ်းနည်း သလို ဖြစ်ခါ ငိုချင်မိသည်..။
အချစ် စိတ်တွေ…ဘာပဲ ဖြစ်ဖြစ် အရေး တယူ မရှိလှသည့် ဘ၀ကို ဖြတ်သန်းခဲ့တာ အခုတော့ ဦးဒီက က စိတ်ဆိုးနေလျက်သားနဲ့ အချစ် ထမင်းစားပြီးပြီလား လို့ မေးဖော်ရသေးသည်..။
"မစားရသေးဘူး မလား…သွားစား..မနက် ၀ယ်ထားတဲ့ ထောက်ခုံ ကို ဖိုးကောင်းနဲ့ ပို့ခိုင်းလိုက်.."
"ဟုတ်.."
အချစ် မျက်တောင် ပုတ်ခတ်ရင်း  မျက်လုံးထဲ စူးခနဲ့ ဖြစ်သွားတော့ လက်နဲ့ ဖိပွတ်နေတာ ပိုဆိုးကုန်ပြီ…။
"ဘာဖြစ်တာလည်း.."
"၀င်သွားလို့…"
"ထိုင်ဦး.."
၀ှီးချဲ ရှေ့မှာ အချစ် ဒူးထောက် ထိုင်ချလိုက်တော့ ဦးဒီက က ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်ခါ
"မမြင်ရဘူး..ထဦး.."
"ဟုတ်ကဲ့.."
အချစ် မတ်တက်ရပ်လိုက်ပြန်တော့ ဦးဒီက က မော့ပြီး မမှီမကမ်း ကြည့်နေတာ မျက်လုံးက နာလှပြီ..။
"ဒီလိုပဲ ကြည့်ကြည့်လိုက်.."
၀ှီးချဲ ပေါ်က ဦးဒီက ပေါင် ပေါင်တက်ထိုင်ပြီး မျက်လုံးကို လက်နဲ့ ဆွဲဖွင့်ခါ အနားကို ကပ်ပြတော့ နောက်တွန့်သွားသည်..။
"တွေ့လားဟင်…"
"ဟင်…အင်း…ငြိမ်ငြိမ်နေ… မျက်တောင်မွှေးကျိုး၀င်နေတယ်.."
"ဟုတ်လား..လုပ်လိုက်…ထုတ်လိုက်..ဦးဒီက…"
အချစ် ပါးကို ကို ကိုင်ပြီး ထိန်းရင်း ဦးဒီက လက်က မျက်လုံးကို ထိမှာ ကြောက်လို့ ယောင်ပြီး ခဏခဏ မှိတ်မိသည်..။
"ဖွင့်လေ.."
"ကြောက်လို့.."
"ခဏပဲ….အပေါ်ကြည့်နေ…"
"ဟုတ်…"
"ရပြီ…"
အချစ် လက်ကို ဆွဲပြီး လက်ဝါးထဲထည့်ပေးတော့ မျက်လုံးပြူး ငုံ့ကြည့်ရင်း ဦးဒီက နဖူး နဲ့ တိုက်မိသွားသည်..။
"သွားတော့…နောက်ကျနေပြီ.."
အချစ် ခေါင်းညိတ်လိုက်ပြီး အ၀တ်အစား အဟောင်းတွေကို ကောက်သိမ်းခါ အောက်ထပ်ကို ဆင်းလာရသည်..။
ဦးဒီက စိတ်ဆိုးနေချိန် အချစ် မှာ တစ်ယောက်တည်း ဖြစ်နေသလို ခံစားနေရတာ ဘာကြောင့်ပါလိမ့်…။
.
"ဒုတ်…ချလွမ်း…"
တစ်ဖက်ခန်းက အသံတွေကြားတော့ အချစ် အိပ်မပျော်သေးလို့ ငုတ်တုတ်ထထိုင်မိသည်..။
ဦးဒီက ဘာတွေ လုပ်နေပါလိမ့်…။
ခုတင်ပေါ်ကများ လိမ့်ကျကုန်ပြီလား…ဆိုတဲ့ အတွေးဖြင့် ပြေးထွက်လာခဲ့မိသည်..။
"ဟင်…ဦးဒီက…"
"ကျစ်.."
"ရတယ်…အချစ် သိမ်းလိုက်ပါ့မယ်.."
"စာအုပ် စိုကုန်ပြီ…"
"အဖုံးလေးပဲ စိုတာပါ…"
  ဦးဒီက ကုန်းကောက်ဖို့ ပြင်နေတဲ့ အချစ် စာအုပ်ကို ပြေးကောက်ပြီး စာအုပ်အဖုံးကို အင်္ကျီ လက်စဖြင့် သုတ်လိုက်သည်..။
ရေခွက် မှောက်ကျတာတွေ့တော့ ခွက် နဲ့ အဖုံး ကို ကောက်သိမ်းလိုက်ရင်း..
"ဦး..ရေသောက်ချင်လို့လား.."
"အင်း…"
"အချစ် ယူပေးမယ်…ခဏ…"
အချစ် ရောက်စ တုန်းက ကြီးကြီး နေ့တိုင်း အနားမှာ လိုအပ်တာ လုပ်ပေးပေမဲ့ အချစ် လုပ်နေကျဆိုတော့ ဘယ်သူမှလည်း အပေါ် တက်မလာတော့ပါ..။
အခုတော့ ဦးဒီက  ရေသောက်ချင်တာတောင် ဒုက္ခရောက်နေရပြီလေ..။
"အင့်.."
"…"
ဘာမှ ပြန်မပြောပဲ ရေခွက်ကို တရှိန်ထိုး မော့ချ သောက်ပစ်လိုက်တော့  အချစ် သေချာလိုက်ကြည့်ရင်း..
"ဦးဒီက အိပ်မက် မက်လို့လား.."
"အင်း.."
"အချစ် ခဏစောင့်ပေးမယ်လေ…"
အချစ် မျက်နှာချိုသွေးပြီး ပြောလိုက်ခါ ခုတင် ခြေရင်း မှာ ၀င်ထိုင်လိုက်တော့ လူစီဖာ့ကို သတိရမိသည်..။
အခန်းထဲ မျက်လုံးဝေ့၀ဲ ရှာလိုက်တော့ လူစီဖာက အချစ် ယူလာတဲ့ ခြင်းထောင်းလေး ထဲမှာ သူ တစ်ကောင်တည်း အိပ်နေသည်..။
"အဟဲ..လူစီဖာကြီး.. နေရာကောင်းတွေ့သွားပြီ…"
အချစ် ရယ်ကြဲကြဲ ဖြင့် ကြောင်ကို အကြောင်းပြခါ စကားရှာရတော့ ဦးဒီက က ခေါင်းညိတ်ခါ လှမ်းကြည့်သည်..။
ဒီပုံစံဆို ဦးဒီကရဲ့ စိတ်ဆိုးနေတဲ့ မုန်တိုင်းက  တော်တေ်ာလေး အားလျော့သွားပြီး  ကြည်ကြည်လင်လင် ဖြစ်လာသည့်ပုံပင်..။
"ဦးဒီက အိပ်ပျော်မှ အချစ် ပြန်မှာပါ…အေးအေးဆေးဆေး အိပ်ပါ.."
"….."
စကား ပြန်မပြောပဲ ခေါင်းအုံးကို နေရာ ချပြီး လှဲချအိပ်လိုက်တော့ အချစ် စောင်ကို ဆွဲခြုံပေးရသည်..။
"ဟင်း…အိဖက်နေတာပဲ….လွမ်းလိုက်တာ…"
ဦးဒီက ကြားအောင် မတိုးမကျယ် ပြောရင်း မွေ့ယာလေးကို ပွတ်သပ်နေမိသည်..။
အရင်တုန်းက မြေကြီးပေါ် ဝါးခင်း ပေါ် အိပ်နိုင်ပေမဲ့ အခုတော့ မွေ့ယာ မရှိပဲ အိပ်ရတာ အဆင်မပြေ….။
မနက် အိပ်ရာထရင်လည်း တစ်ကိုယ်လုံး နာကျင် နေသည်..။
ဒီပုံစံ အတိုင်း အိမ်ကို ပြန်ရရင်တော့ အချစ်တို့ အဒေါ်အိမ်က ထမင်းတောင် စားတက်ပါတော့မလား မသိပါဘူးလေ…။
"ဦးဒီကလေ…တစ်ရေးနိုးရင် ခိုင်းလို့ရအောင်လေ…အချစ်လေ…ခြေရင်း နားလေးမှာ ခေါင်းတင် အိပ်မယ်နော်…လူက ဝှီးချဲပေါ်မှာပါ…"
"…."
"အဲလိုပဲ အိပ်လိုက်မယ်နော်…"
"…."
"အဟဲ…ဟဲ…အိပ်ပြီ.."
ကလေး တစ်ယောက် လိုမျိုး မျက်နှာချိုသွေးနေတော့ ဒီပါ မမြင်ရပေမဲ့ ပြုံးလိုက်မိသည်..။
ဒီကောင်မလေးဟာလေ…တက်လည်း တက်နိုင်တယ်…။
မင်းက လက္ခဏာ ဆရာမကြီးပဲ ပန်းအချစ်ဦးရယ်…
မင်းပြောသလိုပဲ တစ်ကိုယ်ကောင်းဆန်တက်တဲ့ မင်းကို တစ်အိမ်လုံး က ဘာကြောင့်များ ချစ်ချင်နေရတာလည်း ဟင်..။
"ဟေ့..လှုပ်မနေနဲ့…အပေါ်တက်ပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်… အိပ်…"
"ဟုတ်.."
ခုတင်ပေါ်ရောက်လာပြီး ငဖားမလေးက လူကို စောင်သေချာ ခြုံပေးခါ ခြေထောက်ကိုလည်း ဖက်ခေါင်းအုံး အနားမှာ ချပေးသည်..။
"ဟိ..ဟိ…အိနေတာပဲ…"
ခုတင်ပေါ်ရောက်တာနဲ့ ခိုးခုန်နေတာ ကြောင့် ဒီပါ့မှာ မူးချင်သလိုလို ဖြစ်လာပေမဲ့ မသိချင်ယောင် ဆောင်နေလိုက်ရသည်..။
တော်တော် ဆိုးတဲ့ ကောင်မလေး…။
.
"ဟူး..တော်ပြီ..ဒီနေ့ ဒီလောက်ပဲ.."
"လာပါ…ဦးဒီက ရဲ့..အချစ်တောင် ဘယ်လိုမှ မနေသေးဘူး.."
"တူလား..မင်း နဲ့ ငါ…"
အချစ် အနားက ထောက်ခံုံလေးကို ရှေ့တိုးရင်း နာတာ ပျောက်သွားအောင် ပြောမိတာ ဦးဒီက က အော်တော့ လန့်သွားရသည်..။
ဒီအိမ်ကို စရောက်ကတည်းက ဦးဒီက ညင်ညင်သာသာ ပြောတာပဲ ကြားဖူးနေတော့ မျက်ရည်စို့လောက် အောင် ခံစားရ သည်..။
ဟုတ်တာပေါ့..အချစ်က အပြစ်လုပ်ထားမိတဲ့ တရားခံ တစ်ယောက်ပဲလေ…။
အဒေါ်ဆီမှာဆို အပြစ်လုပ်ရင် အရိုက်ခံရပေမဲ့ အခုတော့ အရိုက်ခံရတာပိုပြီး ခံစားနေရသည်..။
အချစ် တံတွေး တစ်ချက် မြိုချပြီး လည်ချောင်းမှာ ခြောက်သွေ့အက်ကွဲသလို ဖြစ်လာတာကို သက်သာအောင် ကြိုးစားမိသည်..။
"ရေသောက်မလား..ဦးဒီက.."
"ဟင်း.."
ဦးဒီက က သက်ပြင်းချ၍ မျက်လုံးစုံမှိတ်ပြီး ထောက်ခုံကို ကိုင်ခါ ရှေ့ကို တိုးဖို့ ကြိုးစား  သည်..။
"ပန်းအချစ်ဦး.."
"ရှင်.."
"ငါ လမ်းလျှောက်ကျင့်နေတဲ့ အချိန် မင်း.…အနားကို မလာပါနဲ့.."
အချစ် မျက်လုံးပြူး ကြောင်ရင်း ငေးကြည့်နေရမှာ ဘာဖြစ်လို့များ မျက်ရည်တွေ ပြိုကျလာတာလည်း ကိုယ်တိုင်လည်း နားမလည် ဖြစ်ရသည်..။
"ဟာ…ဘာဖြစ်တာလည်း.."
"ဟင့်အင်း.."
"ငါ အရမ်းနာနေတယ်…အဲတော့ စိတ်တိုပြီး အော်မိမှာ စိုးလို့ပါ…စိတ်မကောင်း မဖြစ်ပါနဲ့…"
"အချစ် ခံနိုင်ပါတယ်…"
"ဘာကို ခံနိုင်တာလည်း… တစ်ခွန်းအော်မိတာ ငိုနေပြီးတော့…မင်းပြောတော့ မင်းက သိပ်သန်မာတာဆို…အခုတော့ ဘယ်လိုလည်း.."
အချစ် မျက်ရည်တွေကို လက်ခုံနဲ့ ဖိဆွဲ သုတ်လိုက်ပြီး ဦးဒီက ကို ရယ်ပြလိုက်ခါ ထောက်ခုံကို တစ်ချက် ရွေ့ပေးရသည်.။
"ဦးဒီက မို့လို့ပါ…သူများ တွေ ပြောရင် ဂရုကို မစိုက်ဘူး..နားရည်ဝနေပြီ…"
"ဟင်…ဘယ် သူများတွေ ပြောတာလည်း.."
"အချစ် ငယ်ငယ်ကတည်းက တွေ့တဲ့ လူတိုင်းပေါ့…"
"လူတိုင်း…"
ဦးဒီက က မယုံသလို မျက်ခုံးတွန့်ကြုတ်တက်သွားတော့ အချစ်အကြောင်းတွေ မပြောပြချင်တော့ပါဘူးလေ..။
တော်ကြာ ဟန်ဆောင်လိမ်ညာပြီး မျက်ရည်ခံထိုး တယ် ထင်နေပါလိမ့်ဦးမည်..။
"ထိုင်ဦး.."
"ဟင်.."
ဦးဒီက က ထောက်ခုံ လေးကို နောက်ဆွဲပြီး ဆိုဖာပေါ်မှာ ထိုင်ချလိုက်ခါ အချစ်ကို လည်း ရှေ့ခုံမှာ ထိုင်ဖို့ အမိန့်ပေးပြန်သည်..။
အချစ် သက်ပြင်းခိုးရှိုက်ရင်း ဦးဒီက ရှေ့မှာ ထိုင်လိုက်ရပေမဲ့ ကြောက်စိတ်တွေ ဖြစ်ရသည်..။
အချစ် ဘယ်လို အမှား ထပ်လုပ်မိပြီး 'မင်း အိမ်ပြန်တော့' လို့ ပြောလာမလည်းဆိုတာ နေ့တိုင်း ရင်တထိတ်ထိတ်ဖြင့် ဖြတ်သန်း၍ ဂရုတစိုက် လုပ်ပေးနေရသည်လေ..။
"မင်း မကျေနပ် တဲ့ လူ တစ်ယောက်လောက် ရှိလား.. ဘာဖြစ်လို့ မကျေနပ်လည်း ပြောပြ"
"ဟင်.."
အချစ် မျက်လုံး ပြူးပြီး ကြည့်မိတော့ ဦးဒီက က ခေါင်းရမ်းရင်း
"ငါ မဟုတ်တဲ့ တခြား တစ်ယောက်…"
"ဟာ..အချစ် ဦးဒီက ကို မကျေနပ်တာမျိုး မရှိပါဘူး.."
"ထားပါတော့…အခုချိန်….အဲဒီ့လူကို ပြန်တွေ့ရင် သူ့လုပ်ထားတာတွေ ဖျတ်ခနဲ  မြင်ယောင် လာမဲ့ လူမျိုးပေါ့.."
"အချစ် အဒေါ်ပေါ့…"
"ဘာ…"
"အိုး..မဟုတ်ဘူး..အခုအဒေါ် မဟုတ်ဘူး..အချစ် ငယ်ငယ်က နေခဲ့တဲ့ အဒေါ်လေး၀မ်းကွဲဆိုတာလေ.. သိတယ်မလား.."
"အင်း.."
"အဲ့ အဒေါ်နဲ့ သူ့သမီးကိုတော့ မတွေ့ချင်တော့ဘူး…ပြန်တွေးရင်လည်း မကျေနပ်ဘူး.."
"ဘာလို့.."
"အချစ် ဆယ်နှစ်ကျော် အရွယ်လောက်က အဒေါ်အိမ်မှာ တစ်ခါ သွားနေရသေးတယ်…အဖွားကို ပြောတော့ နွေကျောင်းပိတ်ချိန် လာနေပါတဲ့..အချစ်လည်း ရောက်ရော အလုပ်တွေ အများကြီး ခိုင်းတယ်…အချစ် မလုပ်တက်ရင်  ကောင်းကောင်းပြောတယ်…ပြောတဲ့ စကားတွေတော့ မမှတ်မိတော့ပါဘူး…ဒါပေမဲ့ တစ်နေ့ သူတို့ ပိုက်ဆံပုံးထဲက ငွေပျောက်တယ် ဆိုပြီး အချစ်ကို စွပ်စွဲတယ်…မယူပါဘူး ပြောတာ..မယုံဘူး…အချစ် ကို ဒဏ်ပေးရမယ် ဆိုပြီး မနက်စာ နဲ့ ညစာ ထမင်း မကျွေးဘူး…အစကတော့ ရေသောက်လည်း ရတယ်ဆိုပြီး စိတ်တင်းထားသေးတယ်…ညနေစောင်းလာတော့ ဗိုက်ဆာလို့ ငိုမိရော…အဲ့အချိန်က စ ပြီး အချစ် ထမင်းငတ်မှာ အရမ်းကြောက်သွားတယ်…အချစ် အကြောက်ဆုံးက ဆာလောင်မှု ဆိုတာကြီး ဖြစ်သွားတာပဲ…ဟဲ..ဟဲ…အဲဒါ ကြောင့် အခု အဒေါ် အိမ်မှာ မိုးလင်းတာနဲ့ ထမင်း ကုန်ပြီဆို အချစ်ပဲ…ဟင်းမပါလည်း အချဉ်နဲ့ စားပစ်လိုက်တာပဲ…အခုအဒေါ်က သဘောကောင်းတယ်လေ…ထမင်းကုန်သွားရင် ထပ်ချက်တာပဲ…တစ်နေ့ကို...."
"နေပါဦး…ပိုက်ဆံက မင်းယူတာ မဟုတ်ဘူးလား.."
အချစ် စကားပြောလက်စမှာ ဦးဒီက ရဲ့ မေးခွန်းကြောင့်  ဘာပြောရမှန်း မသိဖြစ်သွားရသည်..။
ယုံချင်စရာ မှ မရှိတာပဲလေ..နောက်ဆို ဦးဒီက လည်း အဒေါ်တွေလို ပိုက်ဆံ သော့ခတ် သိမ်းတော့မယ် ထင်ပါရဲ့…။
အချစ် မျက်ရည် ပြည့်ချင်နေတဲ့ မျက်လုံးကို ဖုံးကွယ်ရင်း ရယ်၍ ခေါင်းကို သာ ခါယမ်း ပြလိုက်သည်..။
"ဘယ်သူယူတာလည်း… သူတို့သိသွားလား.."
"အင်း…သူ့သမီး ယူပြီး ဒိုင်ယာရီစာအုပ်၀ယ်လိုက်တာ နောက်မှသိတယ်…အဲတုန်းက မမကြီး ယူတာ တွေ့တယ် လို့ ပြောမ်ိတာ ကို သူတို့ညီအစ်မတွေက အချစ်ညာတာပါ ဆိုပြီး အချစ် နှုတ်ခမ်းကို လိမ်ဆွဲသေးတယ်..အဲဒါကြောင့် အပေါ်နှုတ်ခမ်း ရှေ့ထွက်သွားတာ ဖြစ်မယ်..အဟဲ..ဟဲ…လူတွေက အချစ်ဘာပြောပြော လိမ်တယ်လို့ပဲ ထင်နေတယ်… အဖွားကတော့ အဖေ့ဆီက အကျင့်များလို့ သန္ဓေ မကောင်းတာလို့ ပြောတယ် … အချစ်လည်း တစ်ခါမှ မခိုးဖူးပါဘူး..အဒေါ်အိမ်မှာ မုန့်တွေထားတဲ့ နေရာ အချစ်သိတာပဲ.. ဗိုက်ဆာပေမဲ့ …ယူမစားပါဘူး…အဟား….ဟိုး...
ပေါက်စလေးကတည်း က အချစ်ကိုဆို အမေ လဲ မယုံဘူး…. …ဟိဟိ…အဲဒါကြောင့် အဒေါ်ဆိုလည်း…တစ်ခုခု ဆို သုံးလေးခါ ပြန်မေးတယ်…အခု ဦးဒီက လည်း မယုံဘူးမလား..ဟဲ..ဟဲ…"
"ယုံတာပေါ့…ငါ…မင်းကို အမြဲ ယုံပါတယ်…  အခုလို မေးကြည့်မိတာ..မင်းရဲ့ ပုံစံက ငယ်ငယ်တုန်းက အခြေအနေနဲ့များ ဆိုင်မလားလ ို့ပါ..ငါထင်တဲ့ အတိုင်းပဲ…မင်းက ဒဏ်ရာတွေ နဲ့ ငှက်ကလေးပဲ…"
"ဟင်.."
အချစ် ခေါင်းကို လက်ဝါးကြီး နဲ့ သပ်ပေးရင်း ပြောတော့ နားမလည်စွာဖြင့်သာ ငြိမ်နေလိုက်ရသည်..။
ဘာကြောင့်မှန်း မသိ စိတ်ထဲမှာ ငိုချင်သလိုလို ဦးဒီက ကိုပဲ ပြေးဖက် ချင်သလိုလို ဖြစ်လာမိသည်..။
"အချစ်…ရေသွားခပ်လိုက်ဦးမယ်.."
ဦးဒီက က ခေါင်းညိတ် ခွင့်ပြုလိုက်တော့မှ ထပြေးလာခဲ့ပြီး လှေကားထဲ ကို ရောက်တော့ ခေါင်းက ဆံပင်ကို ကိုင်ကြည့်မိသည်..။
အဖေ ရှိတုန်းက အရက်မမူးရင် တစ်ခါတလေ  သပ်ပေးတက်သည်..။
အဖေမရှိတော့တဲ့ နောက်ပိုင်း ခေါင်းကို ပွတ်သပ် ပေးတာ ဦးဒီက တစ်ယောက်တည်း ရှိသည်..။
ဒီလိုကျတော့လည်း..ဦးဒီက က  အချစ်ရဲ့ အကိုကြီး တစ်ယောက်လို ဖြစ်သွားပြန်ရော…။
.
"ဦးဒီက..လမ်းတောင် အလွှတ် လျှောက်နိုင်နေပြီ.."
"အင်း.."
ဒီပါ ၀ရန်တာ မှာ ထောက်ခုံလေး နဲ့ နေ့တိုင်း စမ်းလေ့ကျင့်ရင်း အခုတော့ နံရံ ကိုင်ပြီး လျှောက်နိုင်နေပြီ..။
ဒီပါတောင် စိတ်မရှည်ချင်ပေမဲ့ ပန်းအချစ်ဦးကတော့ အချိန်ပေးပြီး စိတ်ရှည်စွာဖြင့် နေ့တိုင်း တွဲခေါ်နေတာမို့ အခုလို မြန်ဆန်တာလို့ ထင်မိသည်..။
ကြက်ဥပူတင်း ပန်းကန်ကို ခုံပေါ်မှာ တင်ထားခဲ့ပြီး ဒီပါ့ ခြေထောက်ကို ငုံ့ကြည့်စပ်စုနေတော့ ခြေလှမ်း မမှန်ချင်သလို ဖြစ်လာသည်..။
"အ.."
"ဟာ…"
ဒီပါ့ လက်မောင်းကို တွဲကိုင်ပြီး ရယ်ပြတော့ ခုံတွေဆီကို ခပ်ဖြည်းဖြည်း လျှောက်သွားရသည်..။
အခုဆိုရင် ဝှီးချဲ မလိုပဲ ဖြည်းဖြည်းချင်း လျှောက်နိုင် ထိုင်နိုင်နေပြီ…။
"မင်း ဘာလို့ ခြေထောက်ကိုပဲ လိုက်ကြည့်နေတာလည်း…"
"ဟို…ခြေသည်းရှည်ပြီလားလို့ပါ.."
"မရှည်ဘူး..ဟိုတလောက မှ မင်းညှပ်ထားတာလေ.."
"ဟုတ်တယ်နော်…ဦးဒီက အသက်ကြီးလို့လား မသိဘူး..ခြေသည်းတောင် သိပ် မထွက်ချင်တော့ဘူး.."
မင်း ဖားချင်လို့ ခြေသည်းချည်း ညှပ်နေတာကိုးလို့ …
ဒီပါ ပြန်ပြောရင်လည်း ကလေး နဲ့ ခံငြင်းရာ ရောက်နေတော့ မကျေမနပ်ဖြင့်ပင် မုန့်ပန်းကန်ကို လှမ်းဆွဲလိုက်ရသည်..။
"သြော်..မင်း မှတ်ပုံတင် ဖိုးကောင်းကို ပေးလိုက်.."
"ဟင်..အချစ်မှာ ရှိဘူး.."
"ပါမလာဘူးလား.."
"မဟုတ်ဘူးလေ…မရှိတာပါ..မနှစ်က လုပ်တော့ ဆယ်ရှစ်နှစ် ပြည့်မှ လာဆိုလို့ မလုပ်ဖြစ်ဘူး.."
"ဟုတ်သားပဲ ခုကော ပြည့်ပြီလား."
"လိုသေးတယ်.."
မျက်လုံးကို မိုးပေါ်လှန်ကြည့်ပြီး မချိုမချဉ်ရုပ်ဖြင့်  မခန့်လေးစား ပြောတော့ ဒီပါ နားရွက်လိမ်ချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်..။
"ထားတော့…ဒီရက်ထဲ စင်ကာပူ သွားရမယ်..တစ်ပတ်လောက်နေမှာဆိုတော့ လိုအပ်တာတွေ အဆင့်သင့် လုပ်ပြီး ဘီဒို အောက်ဆုံးက ခရီးဆောင်အိတ်ထဲ ထည့်ထား…"
"ဦး.."
စောစောကပဲ ကြည်လင်နေတဲ့ မျက်နှာက ချက်ချင်း အုံမှိုင်းခါ မျက်တောင်တွေ ခတ်လာတော့ ဒီပါ နားမလည် ဖြစ်ရသည်..။
"ဘာဖြစ်လို့လည်း.."
"အချစ်ကို ဖိုးဖိုး နဲ့ တိုင်မှာလားဟင်…"
"ဒါကတော့ မင်း အနေအထိုင်ပေါ် မူတည်တာပဲလေ.."
"အချစ် တောင်းပန်ပါတယ်…ဦးရဲ့ ကျွန်အဖြစ်နေရမယ် ဆိုလည်း ဒီမှာပဲ နေချင်ပါတယ်…အချစ်ကို အိမ်ပြန်မပို့ပါနဲ့နော်…နော်လို့……ဦးဒီက.."
"လိမ်မာရင်ပေါ့…"
ဒီပါ ပြောပြီး ခပ်ဖြည်းဖြည်း ထ ခါ ကျောခိုင်းထွက်လာပေမဲ့ နောက်က ရှိုက်သံ သဲ့သဲ့ကို ကြားဖြစ်အောင် ကြားလိုက်သေးသည်..။
.
"ဟင်…ဒါ ယူသွားဖို့ အိတ်တွေလား…"
"ဟုတ်…"
"ကျစ်..မင်းဟာက အိမ်ပြောင်းမှာ ကျနေတာပဲကွာ…လာ တင်စမ်း ဒီကို.."
ဦးဒီက က ခုတင်ပေါ်မှာ ခြေချထိုင်နေရင်း အမိန့်ပေးတော့ အချစ် အိတ်ကို မနိုင်မနင်း မပြီး ခုတင်ပေါ် တင်ပေးရသည်..။
"ဟာ…ဒါက ဘာလည်း.."
"သွားတိုက်ဆေး သွားပွတ်တံ နားကြပ်တုတ်တွေလေ…"
"ဟင်း..ထားခဲ့..အဲဒီ့ အထုတ်လိုက် ထားခဲ့…"
"ဟုတ်.."
အချစ် လိုမယ်ထင်တာလေးတွေ တစ်ခုချင်းစီ စဉ်းစားပြီး ထည့်ထားရတာ ခုတော့ အထုတ်လိုက် ပြန်ထုတ်ရတော့သည်..။
"ဒါက ဘာလည်း.."
"ဟိုပစ္စည်း.."
"သိတယ်လေ…လေးငါးထုတ်တောင် ကုန်လို့လား.."
"မဟုတ်ပါဘူး ရှာရခက်မှာ စိုးလို့ပါ…"
"ထုတ် …ဒါလည်း…ကိုယ့် ဟာ့ကိုယ် အချိန်တွက်ကြည့် လိုမှ ထည့်…"
"အချိန်ဘယ်လို တွက်ရမလည်းဟင်.."
"မင်း.."
အချစ်မေးခွန်းကို မျက်မှောင်ကြီးကြုတ်ပြီး ခေါင်းစောင်းလှည့် ကြည့်တော့ အော်မှာစိုးလို့ ပခုံးပုရင်း ခေါင်းငုံ့လိုက်ရသည်..။
"အချစ် မှတ်မထားမိလို့ပါ အဲလိုပဲ ဖြစ်ချင်ဖြစ် မဖြစ်ချင်နေဆိုပြီး ထားလိုက်တာ …"
"ကောင်းတယ်..ထည့် တစ်ထုတ်ပဲ…"
"ဟုတ်း.."
အချစ် ဘေးမှာ ချထားတဲ့ အထုတ်တွေကို မျက်နှာပူလို့ ကပျာကယာ ယူပြီး ဘီိဒိုထဲ ထည့်လိုက်ရသည်..။
"ဒါ ဘာထုတ်လည်း.."
'အနွေးထည်ပါ…"
"မင်းသွားမှာ ကိုရီးယားတို့ အင်္ဂလန်တို့ မဟုတ်ဘူး…အနွေးထည် ဆယ်ထည်လောက်ထည့်စရာလိုလားကွာ…ထုတ်…တစ်ထည်ပဲ ထည့်.."
အချစ် တစ်ခါမှ မ၀တ်ရသေးတဲ့ အနွေးထည်တွေကို အထပ်လိုက် အိတ်တစ်လုံးနဲ့ ထည့်ထားတာ ဦးဒီက က အကုန်ပြန်ထုတ်ပြီး ခပ်ပါးပါး အဖြူလေး တစ်ထည်သာ ပြန်ထည့်ပေးသည်..။
"ဒါက.."
"ညအိပ်၀တ်စုံ…"
"တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး တစ်ဆယ် ဆယ့်တစ်..ပန်းအချစ်ဦး မင်း သွားမှာ တစ်ပတ်တည်းကိုး ဆယ်တစ်ထည် တောင် ထည့်စရာလားကွ…"
"အိမ်မှာ မ၀တ်ရသေးတဲ့ အသစ်တွေ အကုန်ထည့်ထားတာပါ ဦးဒီကရဲ့.."
တစ်ခု ကြည့်တိုင်း တစ်ခါ အဆူခံနေရတာ စိတ်မရှည်တော့လို့ တစ်ခါတည်း ၀န်ခံလိုက်တော့ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်..။
"ဂါ၀န် ဆယ်ထည် မလိုဘူး..သုံးလေးထည်ပဲ တော်ရောပေါ့…"
"ဘောင်းဘီ အကြပ်မထည့်နဲ့ ခရီးသွားရင် ပေါ့ပေါ့ပါးပါး ၀တ်မှ ကောင်းတာ…စတိုင်လ် ပန် နဲ့ အပွလေးတွေ ပေး.."
"ဟုတ်.."
"အရောင်နုလေးတွေချည်း မပေးနဲ့.....ငြိမ်ငြိမ်နေတာ မဟုတ်ဘူး...ဟိုဘက် က နီညိုပေး.."
"ဟုတ်.."
"ခြေစွပ်က ဘာလုပ်တာလည်း…အောင်မလေး…စလစ်တွေကော ရှုးတွေကော အောင်မယ် High Heel  တွေတောင် ပါလိုက်သေးတယ်…"
ဖိနပ်တွေ အကုန်ပြန်ထုတ်ပြီ ဝေဖန်နေတော့ အချစ် မျက်မှောင်လေး ကြုတ် လိုက် မျက်နှာ  ပြန်ပြင်လိုက် ဖြစ်နေရသည်..။
"အဟား…ဒီSuit ရှိတာ ငါတောင် မသိပါလား…ဘယ်သူ ၀ယ်ပေးတာလည်း.."
"ဖိုးဖိုး ၀ယ်လာတာလေ.."
"မင်းက ဘာ ပစ္စည်းရရ မပြပဲ ပြေးသိမ်းလိုက်တာပဲနော်.."
"ဦးဒီက ကို ပြဖို့ အဲနေ့က မတွေ့လို့ပါ…"
"လိမ်ပြန်ပြီ…ရူပါ အ၀တ်အစားတွေ ၀ယ်လာတဲ့နေ့က ငါရှိသားပဲ..အပေါ်ထပ်ကို ဖွက် ယူသွားပြီး ပြေးသိမ်းလိုက်တာ သိတယ်လေ…"
'ဟုတ်…နောက်ဆို ဘာရရ ပြပါ့မယ်.."
အချစ် အဲနေ့က တကယ် ဖွက်ပြီး ယူလာခဲ့တာ မို့လို့ စကားကို ရပ်လိုက်ခါ အပြစ်၀န်ခံရင်း နာခံလိုက်ရသည်..။
ဖိုးဖိုး ၀ယ်ပေးတဲ့ ကုမ္ပဏီ ပိုင်ရှင် သူဌေးတွေ ၀တ်ကြတဲ့ ဘောင်းဘီ နဲ့ ကုတ် ၀မ်းစက်လေး အချစ် မ၀တ်ဖူး မမြင်ဖူး ပေမဲ့  သဘောကျလို့ ချိတ်ကတောင် မဖြုတ်ပဲထားပြီး အိတ်ထဲ ထည့်ထားတာကို ပြန်ထုတ်ပြန်သည်..။
"ဦး..ဒါက.."
"မကောင်းပါဘူး…ပွဲတက်မှ ၀တ်လေ…"
"အင်း.."
"ပိုက်ဆံအိတ် မင်းကိုင်ဖို့လား.."
"မသိဘူးလေ…လိုမယ်ထင်တာ  ထည့်ထားတာပါ…"
"လောက မှာ ပိုက်ဆံ အိတ် အမျိုးမျိုးကိုင်နိုင်ဖို့ အရေးမကြီးဘူးကွ…ပိုက်ဆံများများ ပါတဲ့ အိတ် တစ်လုံး ကိုင်နိုင်ဖို့ပဲ အရေးကြီးတာ…အခွံတွေချည်းပဲ ထားခဲ့…ကလေး က ကလေးလို မနေဘူး.."
ပိုက်ဆံအိတ် အလုံးလေး နဲ့ လေးထောင့်လေး ကို ဘေးမှာ ချလိုက်တော့ အချစ်လည်း သိပ်မယူချင်တာကြောင့် ဘာမှ မပြော ဖြစ်ပါဘူး…။
"အ..အား…ခေါင်းလျှော်ရည် ရေချိုးဆပ်ပြာ လိုရှင်း  အ အား အိမ်မှာ သုံးတဲ့ ဒီဘူးကြီးတွေ ထည့်သွားစရာ မလိုဘူးလေ…ဟူး…အသုံးလိုတယ် ဆိုရင်လည်း အိတ်ကလေး နဲ့ ဒါမှ မဟုတ်ရင် အဖုံးလုံတဲ့ ဘူးသေးသေးလေး နဲ့ ခွဲထည့်ရတယ်.."
"ဟုတ်…"
ဦးဒီက ပြန်ထုတ်တာတွေ များလာတော့ အိတ်က တဖြည်းဖြည်း ချောင်ကျလာတာ အောက်နား ရောက်နေပြီလေ..။
အစကတည်းက ထည့်ပေးရင် အချစ်လည်း ပြန်သိမ်းစရာ မလိုဘူး..အခုမှ လာစစ်တော့ ပြန်သိမ်းရမှာတွေ များလိုက်တာ..။
"ဟင်…ဒီ အ၀တ် သေးသေးလေးက ..ဒါဘာ…."
"အိုး…"
ဦးဒီက က နားမလည်သလို မြှောက်ကြည့်နေတော့ အချစ် စိတ်မရှည်လို့ ဆောင့်ဆွဲ ယူပစ်လိုက်သည်..။
ရှက်ဖို့ကောင်းလိုက်တာ…။
"သြော်…ဆောရီး.."
ဦးဒီကလည်း သဘောပေါက်သွားသလို မျက်နှာကြီး လွဲပြီး နေရာ က ထရပ်ဖို့ ပြင်လိုက်သည်..။
"အဲဒါတွေလည်း လိုသလောက်ပဲထည့် ကျန်တာ ဘာမှ မရှိတော့ဘူး မလား.."
"ဟုတ်.."
"အင်း အိတ် အသေးကို ပြောင်းထည့်လိုက်…အဲ့ဒီအိတ်ကြီးက မိသားစုသုံး.."
'ဟင်.."
အချစ် ငုံကြည့်လိုက်ပြီး ထည့်ထားမိတဲ့ ပစ္စည်းတွေကို အားနာရသည်..။
တကယ်တော့ အိတ်ချောင်နေတယ် ဆိုပြီး အသစ်မှန်သမျှ ထိုးထည့်ခဲ့တာလေ…။
အခုတော့ ပြန်ခေါက်သိမ်းတော့ ပန်းအချစ်ဦးရေ….။
.
"ဟုတ်လား.."
"ဟုတ်တယ်… ၀င်သွားရင် ရုပ်ရှင်ထဲ ရောက်သွားသလို ဖြစ်သွားမှာ…."
"ခြင်္သေရုပ်ထုကြီး ဆီကိုလည်း သွားချင်တယ်.."
"သွားရမှာပေါ့…မောင်ဒီပါ က နေကောင်းသွားရင် သမီးကို လိုက်ပို့မှာပါ…ဒါကြောင့်အလုပ်တွေကိုတောင် သူ့ အတွင်းရေးမှူးကို သေချာမှာထားတယ်…."
"ဟုတ်လား ကောင်းလိုက်တာ…အချစ် စင်ကာပူကို သွားရမယ်ဆိုတော့ ရင်ခုန်နေတယ်.."
"အဟွင်း ဖြစ်တက်ပါတယ်…ကြီးကြီး တို့သွားတုန်းကလည်း ဒီတိုင်းပဲ မေဖူးကတော့ မူးလို့ ခေါင်းဆိုက်နေတာ အဲ့ကောင်မလေးကလေ…အပြန်လည်း ကျရောသူ့ အသံချည်းပဲ.."
"ဟိဟိ..မေဖူးလည်း ရောက်ဖူးတာလား.."
"…နှစ်ခါ ရောက်ဖူးတယ်…တစ်ခါတော့ ဆေးရုံမှာပဲ နေရတယ်…ပထမ တစ်ခါ အလည် သွားတုန်းက တော့ လျှောက်လည်ရတယ်လေ…"
'ဟုတ်လား..ပျော်ဖို့ကောင်းတာပေါ့…"
"အင်း…လည်စရာတွေ များလွန်းလို့ အချစ် မပြန်ချင်ပဲနေမှာ.."
'ဦးဒီက ကို နေရာစုံအောင် လိုက်ပို့ခိုင်းမယ်…ဟား..ဟား.."
"…ကောင်းတယ်….သားက အလုပ်နဲ့ ချည်းသွားနေတာ သမီး ပါတော့ လည်ရတော့မယ်…"
"ဦးဒီက လိုက်မပို့ရင် ဖိုးဖိုး နဲ့ တိုင်လိုက်မယ်..ဟိဟိ"
'ဟား..ဟား..ကောင်းတယ် ကလေးရေ…"
ဒီပါ ထမင်းစားခန်းထဲ ၀င်ဖို့ ပြင်နေတဲ့ ခြေလှမ်းတွေ ရပ်တန့်နေတာ အတော်ကြာပြီ..။
အထဲက လူထွက်လာမှ သူခိုး လူမိသလို ဖြစ်နေမှာ စိုးလို့ ကျောခိုင်းထွက်လာရပေမဲ့ နှုတ်ခမ်းက အလိုလို ပြုံးမိသွားသည်..။
ရွှေခဲ လို့ ခေါ်ရင် မကြိုက်ဘူးဆိုပြီး  ပျော်နေရင် ရွှေခဲလို သိပ်စကားများတာပဲ…။
မင်း အမြဲတမ်း စကားတွေ တတွတ်တွတ် များပြီး ပျော်နေစေချင်တာ…ဒီက ရဲ့ စေတနာ ဆန္ဒတွေပါ…။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
များသွားပြီ ရှည်သွားပြီ
တစ်ပိုင်းတည်းကို
သုံးသောင်းကျော်သွားတာ စံပဲ
သုံးပိုင်းစာကြီးတောင် ဟူး..💔😭
ရေးပြီးမှ ပြန်ဖတ်ပြီး မခွဲတက်တော့ဘူး 😭💔
စာအရှည်ကြီး ဖြစ်သွားတာ
ဆောရီးပါ နော့ 🙏😭💔
ကျော်ဖတ်တာတို့ မဖတ်တာတို့ဆို ကြေကွဲပီ 💔😭
နောက်လည်း ကျသွားတယ် 🙏
ဟိဟိ မနေ့က ကွန့်မန့်တွေ ဖတ်ရဲဘူး 😁
စိတ်အလိုကို လိုက်ခါ ငယ်သူမို့🎼 မသိတက်ခဲ့ပါ🎼 😁
Comment တွေ ဖတ်မိတာ စိတ်တိုနေကြပုံလေးတွေ အသည်းယားဖို့ ကောင်းတယ်😍
ခစ်ခစ် ကျေးဇူးထူးထူး ပါနော် 😍
စာရေးမပြီးလို့ Reply မပြန်ရသေးတာ ခွင့်လွှတ်ကြပါနော်

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now