Part 32

3.1K 123 2
                                    

မုန်းပါနဲ့ဦး
အပိုင်း (၃၂)
#မုန်းပါနဲ့ဦး

"ဦးရေ….ဦး…"
"…….."
ဖိုးဖိုးပြန်လာလို့ အခန်းထဲ ပြန်ရောက်လာပေမဲ့ ဦးဒီက က  အချစ်ကို ကျောပေးပြီး ပြန်အိပ်နေပြီ..။
အချစ်ကို ကလဲ့စားချေနေတာလားမသိ…။
အချစ်မှာ အိပ်လိုက်တိုိင်း ဦးဒီက က ကျောပြင်ကြီး ကို ကုန်းကိုက်ချင်စိတ်ပေါက်လောက်အောင် စိတ်ညစ်ရပါသည်..။
"သြော်…အိပ်ပျော်သွားပြီကိုး…အိပ်…အိပ်…."
ဦးဒီက ပခုံးကို ပုတ်ပေးလိုက်ခါ ခုတင်ပေါ်က ပြန်ဆင်းပြီး တံခါးနားကို လျှောက်သွားချိန်..
"ဘယ်လည်း.."
"ဟင်..အိပ်သေးဘူး.."
"….."
"ဟို…ဗိုက်ဆာလို့…ဦးကော စားဦးမလား.."
"မစားဘူး..ခုချိန်မှ ဘာစားမှာလည်း…"
"သိဘူးလေ…ရှာရမှာပေါ့.."
"ကျစ်.."
ဦးဒီက က ခုတင်ပေါ်က ခြေချပြီး မတ်တက်ရပ်လိုက်တော့ အချစ် အစွမ်းကုန် ပြုံးပြရင်း အနားကို ပြေးသွားမိသည်..။
"ဦးဒီကလည်း လိုက်မလို့လား.."
"ပြန်အိပ်.."
"ဟင်.."
အချစ်ကို ပြောပြီး အခန်းတံခါးဖွင့် ထွက်သွားတော့ နှုတ်ခမ်းစူရင်း အိပ်ယာပေါ် နောက်လှန်ချလိုက်ခါ မျက်နှာကျက်ကို ငေးကြည့်နေမိသည်..။
"တကယ် ဗိုက်ဆာနေတာကိုပဲ……ဟင့်..ဦးဒီက လူဆိုးကြီး တကယ် ရက်စက်တယ်.."
အနားက ဖက်ခေါင်းအုံးကြီးကို ကန်ချပစ်လိုက်ပြီး ဦးဒီက ရဲ့ ခေါင်းအုံးကို လက်သီးနဲ့ ကောင်းကောင်းထိုးပစ်လိုက်သည်..။
"ဟာ.."
"အယ်.."
အချစ် ခေါင်းအုံးကို ထိုးနေတာ အားမရလို့ ကုန်းကိုက်နေချိန် အခန်းတံခါးဖွင့်ပြီး ဦးဒီက ၀င်လာတော့ မျက်လုံးပြူး၍  အမြန်ပြန်ထိုင်လိုက်ရသည်..။
ခေါင်းအုံးကို နေရာပြန်ချပြီး ရယ်ပြခါ ကိုယ့်နေရာကိုယ် တိုး၍ လှဲအိပ်ပစ်လိုက်သည်..။
"ဒီမှာ…နွားနို့နဲ့ ကိတ်မုန့်.."
"ဟင်.."
အချစ် ခုန်ထပြီး ခုတင်ပေါ်က ဆင်းပြေးခါ စားပွဲပေါ်က တင်လိုက်တဲ့ ခွက်တွေကို ငုံ့ကြည့်မိသည်..။
"ဦး..သွားယူပေးတာလား.."
"……"
"အဆိပ်တော့ မပါဘူး မလားဟင်…"
"……."
အချစ်ကို စကား ပြန်မပြောပဲ အိပ်ယာပေါ် တက်ခါ ပြန်လှဲ အိပ်တော့ အချစ် ခေါင်းကုတ်ပြီး စားပွဲဘေးက ခုံကို ဆွဲထုတ်ခါ ထိုင်ရသည်..။
အရင်လို အနားမှာ ထိုင်ပြီး ခေါင်းလေး သပ်ပေးရင် ဘယ်လောက်တောင် ကောင်းလိုက်မလည်း..။
.
"ဖေကြီး…စားကြည့်ကြည့်…အချစ် ချက်ထားတာပါ…"
"ဟုတ်လား…ငါ့သမီးတောင် ဟင်းချက်တက်ပြီ.."
"ဟုတ်…သြော်…ဦးလည်း..ထည့်စားလေ..ဒီမှာ…"
အချစ် မျက်နှာကို အစွမ်းကုန် ၀င်းပအောင် ပြင်ပြီး ချဉ်စပ်ကြော်ကို လှမ်းထည့်ပေးလိုက်တော့ ဦးဒီက က ပန်းကန်လှမ်းပေးသည်..။
ကြည့်ကြည့်ပါ….ဒီမျက်နှာကို ကြည့်လေ…ကြည့်ပါဆို…။
အချစ် စိတ်ထဲက ဂါထာ ရွက်ပြီး အကြာကြီး ဇိမ်ဆွဲ ထည့်ပေးနေပေမဲ့ ဦးဒီက က အချစ်ကို မော့ကြည့်မလာတော့  လက်လျော့လိုက်ရတော့သည်..။
"အောင်သူ့ကိစ္စ တွေ ဘယ်လိုလည်း သား.."
"ဒီက ထောင်မချချင်ဘူး..ဖေကြီး.."
"ဟေ….ဒီကောင် က အန္တရယ်လေ…"
"သူ ငွေတွေအားလုံး ပြန်ပေး ပြီးပြီပဲလေ…လူ့ဘ၀ ခဏလေးကို အသက်ကြီးခါမှ ထောင်ထဲမှာ အချိန်ကုန်ရမှာ သနားတယ်..ပြီးတော့ အဖေ့ လက်ထပ်ကတည်းက သူကူညီ လုပ်ကိုင်လာခဲ့တဲ့ မျက်နှာကို ထောက်ပြီး   သိက္ခာကျအောင် မလုပ်ချင်ဘူး…"
"ဟင်း..ငါ့သားကတော့ စံပါပဲ…ထားပါတော့…မင်း ဝှီးချဲနဲ့ သွားလာနေတာကကော.."
"မလိုအပ်တော့ရင် အရင်အတိုင်း ပြန်နေပါ့မယ်…ဖေကြီး.."
"အေးလေ….သားက ပိုသိမှာပေါ့…အရင်အတိုင်း ပြန်နေပြီဆိုရင် လက်ထပ်ပွဲ လုပ်ရဦးမယ်.."
"ဟင်.."
"သမီး အသက်မပြည့်သေးလို့ တရား၀င် မင်္ဂလာ ပွဲ မလုပ်ရသေးဘူးလေ…အဲဒါကြောင့် နောက်နှစ် ဒီဇင်ဘာလောက်ကို လုပ်ပေးမယ်…မင်းတို့ ဒက်ဒီ ကတော့ ဟိုမှာ တစ်ပွဲ လုပ်ချင်နေတယ်…သူတို့လည်း ရောက်လာဦးမှာပါ..အဲ့ အခါကျ ညှိနှိုင်းပေါ့..."
"ဟုတ်ကဲ့…"
"အချစ်..အသက်ပြည့်ပြီ…အခု ဒီဇင်ဘာကိုလည်း လုပ်လို့ရပါတယ်..ဖိုးဖိုးရဲ့.."
အချစ် လောအား တကြီး ပြောလိုက်တော့ ဖိုးဖိုး က ရယ်ရင်း..
"ပွဲ အကြီးကြီး ဆိုတော့ လိုအပ်ချက်မရှိအောင် ကြိုတင် ပြင်ဆင်စရာတွေ များတယ် သမီးရဲ့..လူပေါင်း ရာချီလာမှာလေ.."
"ဟင်…ရာချီမယ်.."
အချစ် အံသြသလို မေးတော့ ဖိုးဖိုးက ခေါင်းညိတ်ပြခါ ဦး ဒီက ကို ကြည့်တော့ ရေခွက်ထည့်ပြီး ဖိုးဖိုး ကို ရှေ့ကို ချပေးနေသည်..။
အခုလို သူစိမ်းဆန်နေတဲ့ ဦးကြောင့် အချစ်ငိုချင်နေပြီ သိရဲ့လား..။
ဦးသာ ရုတ်တရက် ကြီး…"ဘယ်လို သဘောထားလည်း.."လို့ မေးလာခဲ့ရင် "အရမ်းချစ်တယ်..ဦးရယ်"လို့ ဖြေမိမှာပါ…။
အခုတော့ ဦးက မမေးတော့ဘူးလေ..။
"ဟို  …ဖေကြီး…ကို တစ်ခု ခွင့်တောင်းစရာ ရှိလို့ပါ..."
"ပြောလေ…"
"ဟို..ပန်းအချစ်ဦးက အချက်အပြုတ်တွေ စိတ်၀င်စားလာတော့..ဦးအောင်သူ သမီး ကလျာ က စားဖိုမှူးပါ ….ဟိုတယ်မှာ ၀င်မလုပ်ခင်…အိမ်မှာ လာသင်ပေးဖို့ တောင်းဆိုထားတယ်…"
"ဘာ…ဒီမြေခွေး သမီးကို ပတ်သက်စရာလား…မင်း က ဟိုတယ်မှာတောင် အလုပ်ပေးဦးမယ်..ဟုတ်လား.."
အချစ် ထမင်းစားနေရင်း ဦးဒီက နဲ့ ဖိုးဖိုး ကို တစ်လှည့်စီ ကြည့်ခါ ဘာတွေ ပြောနေကြမှန်းလည်း မသိပါဘူး..။
ရှေ့ ပန်းကန်ထဲက မုန့်ညှင်းရွက် ကို ခါးကိုင်းပြီး ခပ်ခါ ဦး ဒီက ပန်းကန်ထဲ ထည့်ပေးတော့ လူကို မကြည့်ပဲ လက်နဲ့သာ ဟန့်တားသည်..။
"မိဘ မကောင်းတာ သားသမီး နဲ့ မဆိုင်ပါဘူး ဖေကြီးရယ်…ကလျာက မိန်းကလေး တစ်ယောက် ပေမဲ့ သူ့ အရည်အချင်း နဲ့ သူ့ဘ၀ကို  မြင့်တက်အောင် ကြိုးစားနေတဲ့ မိန်းကလေး ပါ…သူ့အဖေ လုပ်ထားတာတွေ သူလည်း တစ်ခုမှ မသိပါဘူး.."
"သား နဲ့ သူနဲ့ က သိလို့လား.."
"ဟုတ်ကဲ့…ဒီက သူငယ်ချင်းပါ.."
"သြော်…အေးလေ…ဒါဆိုလည်း ခေါ်ကြည့်ပေါ့…"
"ဟုတ်…"
ဦးဒီက က ဖိုးဖိုးကိုပဲ ကြည့်ပြီး စကားပြောရင်း ထမင်းစားနေတော့ အချစ် စိတ်မပါပဲ ထိုင်စားနေရတော့သည်.။
မျက်နှာချင်းဆိုင်ရင်တောင် ေ၇ှာင်နေသလိုလို ဖြစ်နေတာ ဘယ်လို လုပ်ရပါ့မလည်း..။
အခုတော့ မမသိမ့်တို့ ပြောသလို  အချစ် ချစ်မှန်း သိသွားလို့ ဦးဒီက မချစ်တော့တာ များလား…။
.
"ဟင်း.."
အချစ် အိပ်နေရာက ထထိုင်လိုက်ပြီး ဘေးက ဖန်မီးအိမ်လေးကို ကောက်ယူခါ ကြည့်မိသည်..။
အကုန်လုံးကို ဖုန်းတွေ ပေးပြီး မေဖူးကိုလည်း ဂါ၀န် တစ်ထည်ပေးပေမဲ့ အချစ်ကို ကျတော့ ဒီ မီးအိမ်ကြီး ပေးတယ်လေ..။
ဖန်နဲ့ လုပ်ထားတဲ့ ရွက် လှေပုံသဏ္ဍန်လေးကို မီးလေးတွေ ပြေးနေတော့ ကြည့်လို့ကောင်းပါသည်..။
အသံလေးသာ မြည်ရင် ပိုကောင်းမယ်လို့တွေးရင်း ရောင်စုံပြေးနေတဲ့ မီးလေးတွေကို ထိုင်ကြည့်နေမိသည်..။
"ဟင်.."
ပုံရိပ်ကလေးတွေက ပြေးနေတော့ အချစ် မျက်လုံးပြူးပြီး သေချာအောင် အနားကို ကပ်ကြည့်လိုက်ရသည်.။
"အမေ..အဖေလည်း ပါတယ်…"
အချစ်တို့ မိသားစု ဓာတ်ပုံလေးရဲ့ ပုံရိပ်က အထဲကို ဘယ်လို ရောက်နေတာပါလိမ့်..။
ဒီဓာတ်ပုံက အချစ် ငယ်ငယ်က ဘုရားပွဲ စျေးတန်းမှာ လျှောက်ရင်း ရိုက်ထားတဲ့ ပုံလေးပါ..။
အချစ် သုံးနှစ်သမီးတုန်းက အမေ ကို အဖေ က ဖက်ထားပြီး အချစ်ကိုလည်း တစ်ဖက်က ချီထားသေးသည်..။
ဒီ ဓာတ်ပုံလေးက မိသားစု ဓာတ်ပုံလေး မို့ အဒေါ်ပေးတဲ့ အခန်းလေးရဲ့ နံရံမှာ ထိုးထားတာလေ…။
"ဒါက.."
ဦး လုပ်ပေးထားတာ သေချာပေမဲ့ ဘယ်တုန်းက ဓာတ်ပုံရပြီး အချစ်လက်ထဲရောက်အောင် ဘယ်လို စီစဉ်လိုက်တာပါလိမ့်..။
အချစ် မီးအိမ်လေးကိုကိုင်ပြီး အခန်းထဲက ထွက်သွားလိုက်သည်။
တစ်ဖက်က စာဖတ်ခန်း တံခါးတွန်းကြည့်လိုက်တော့ အထဲ က ပိတ်ထားလို့ ငိုချင်သွားသည်.။
"ဒေါက်..ဒေါက်…ဦးရေ..ဦးဒီကလးရေ…"
"ဘာလည်း.."
မာစပ်စပ် တုန့်ပြန်မှု ကို အချစ်မှာ မျက်ရည်ကျလောက်အောင် ခံစား ရသည်မို့…အပြုံးမျက်နှာလေးပျောက်သွားခါ...တံတွေး တစ်ချက် မြိုချလိုက်၍..
"ဦး ပြန်မရောက်သေးဘူး ထင်လို့ပါ..ဘာမှ မဟုတ်ဘူး.."
စကားတွေကို သတိထားပြီး ပြောခါ အခန်းထဲ ပြန်ရောက်လာခဲ့ရသည်…။
အချစ် ကို မမုန်းပါနဲ့  ဦးရယ်…အချစ် ဦးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်လို့ပါ..။
အခုတော့ စကားပြောခွင့်ရ ဖို့တောင် ခက်ခဲနေပြီလား..။
ဦးပြောတော့ စတွေ့ကတည်းက စကားများလို့ ရွှေခဲလို့ ခေါ်လိုက်တာဆို…။
ရွှေခဲ က စကားမပြောရင် နေမကောင်းဘူးလား လို့ ခဏခဏမေးတယ်လေ…။
"အင့်.."
အချစ် ခုတင်ပေါ်မှာ ခေါင်းမှောက်ပြီး မျက်ရည်မကျပဲ ရှိုက်နေမိသည်.။
"ဟင်.."
အခန်းထဲမှာ ရုတ်တရက် မှောင်သွားပြီး..ညအိပ်၀တ်စုံ အဖြူရောင်နဲ့ ဦးက ခုတင်ပေါ်မှာ ၀င်အိပ်လိုက်တော့ အချစ် ကပျာကယာ ပြန်ထလိုက်သည်..။
"ဦး.."
"ငါ ပင်ပန်းနေပြီ…အိပ်တော့…"
အချစ့်ကို ကျောပေးပြီး အိပ်လိုက်တော့  ပြောမဲ့ စကားတွေကို ရပ်တန့်လိုက်ရပေမဲ့ ဇွဲမလျော့ပဲ ခေါင်းအုံးပိုက် ခါ ခုတင်ပေါ်က ဆင်းသွားလိုက်သည်..။
"…."
စကားမပြောပဲ ဦးဒီက ဘေးမှာ အတင်းတိုးလှဲအိပ်တော့ သက်ပြင်းချပြီး နောက်ကို ဆုတ်ပေးသည်..။
အချစ်ကို မလိုလားမှန်း သိပေမဲ့ ဦးဒီက ရင်ဘတ်ထဲ ခေါင်းတိုးခါ ငြိမ်နေမိသည်..။
အချစ်ကိုယ်ပေါ်ကို အရင်လို လက်တစ်ဖက် ရောက်မလာတော့ မော့ကြည့်မိသည်..။
မျက်လုံးစုံမှိတ်ထားတဲ့ ဦးဒီက ရဲ့ အေးစက်တဲ့ တုန့်ပြန်မှုကြောင့် ရင်ဘတ်ကြီးကလည်း မနွေးတော့ဘူးလေ…။
အချစ် မငိုချင်တော့ဘူး..ဘာဖြစ်လို့လည်း မသိပေမဲ့…ဦးဒီက မချော့တော့ဘူး..ဂရုမစိုက်တော့ဘူး ဆိုတာ သိတော့ …ငိုရမှာတောင် ကြောက်နေတယ်..ဦးရယ်…။
.
"ဒုန်း…ဒုန်း…"
"ဦးဒီက…တံခါးဖွင့်ဦး.."
ဒီပါ စားပွဲမှာ အလုပ်များနေချိန် တံခါးကို ထုပြီး အော်နေတော့ ခုံက အမြန်ထပြီး တံခါးဖွင့်ခါ စိုးရိမ် တကြီး ကြည့်မိသည်..။
"လာဦး.."
ဒီပါ့ လက်ကို ဆွဲပြီး အခန်းဘက်ကို ခေါ်သွားတော့ ဘာတွေ ဖြစ်ကုန်ပြီလည်း တွေးရင်း လိုက်သွားရသည်..။
"ဒီမှာ.."
"ဟင်.."
ဘီဒို  အောက်ဆုံးပုံး ကို ဆွဲထုတ်ထားပြီး လက်ညိုးထိုးပြတော့ ဘာကို ပြတာလည်း သေချာ ကြည့်ရသည်..။
ဘယ်လိုမှ စဉ်းစားလို့ မရတဲ့ အဆုံးမှာတော့…။
"ဘာလည်း.."
"ဟမ်…ဒီထဲက ပိုက်ဆံနဲ့ တစ်ရှူး ဘယ်ကို ရောက်သွားလည်း.."
"ငါ ဘယ်လို သိမလည်း.."
'ဘာလို့ မသိရမှာလည်း..အချစ် ဒီမှာ ပိုက်ဆံထားတာ ဦးဒီက တစ်ယောက်တည်း သိတာလေ.."
"ဘယ်လို…မင်း..ငါ ယူလိုက်တယ်လို့ စွပ်စွဲနေတာလား.."
"စွပ်စွဲတာ မဟုတ်ဘူး..သေချာသိနေတာ.."
"ဘယ်လို သေချာနေတာလည်း.."
"ပိုက်ဆံ ထားတဲ့ နေ့က ဦးဒီက လည်း သိနေတာလေ.."
"ဒါနဲ့ပဲ.."
"ဟုတ်တယ် အချစ်လည်း မယူဘူး…ဘယ်သူမှလည်း မသိပဲ ပျောက်သွားရင် သိတဲ့..ဦးပဲ.."
"ဘာဖြစ်လည်း.."
"ယူမှာလေ.."
"ဘာ.."
ဒီပါ ဒေါသထွက်လို့ အသံ မြှင့်တက်သွားပြီးမှ သက်ပြင်းချရင်း ဒေါသတွေကို လေနဲ့ ပြန်ထုတ်လိုက်ရသည်.။
ဘယ်လိုဖြစ်ပြီး သူခိုးလို့ စွပ်စွဲ စော်ကား ရက်တာလည်း..။
ပြီးတော့လည်း  ပိုက်ဆံလေး ငါးသောင်းနဲ့ တစ်ရှူး သုံးပြီးသား တစ်ခုကို လက်ညိုးထိုးပြီး စွပ်စွဲ ပြောနေတာ မကျေနပ်ဖြစ်ရသည်..။
"ဦး…ယူမလားလို့.."
လက်နောက်ပစ်ပြီး ခေါင်းငုံ့ခါ လေသံတိုးတိုးနဲ့ ပြောတော့ ဒီပါ ခိုးပြုံးလိုက်မိသည်..။
သိတယ်…တမင်တကာ အကြောင်းရှာနေတယ်ဆိုတာလေ..။
"ငါက ဒီ ပိုက်ဆံ ငါးသောင်းကို ဘာဖြစ်လို့ ယူရမှာလည်း.."
"ဟို..ဟို…"
"ပြောလေ…"
"သ၀န်တိုပြီး ဖျက်စီးလိုက်တာ နေမှာပေါ့…"
"ဘာကို သ၀န်တိုရမှာလည်း…ဘာဖြစ်လို့ သ၀န်တိုရမှာလည်း..…မင်းရဲ့ မစ္စတာ ဘရိန်းက နှစ်ယောက်သိတယ် တစ်ယောက်မယူရင် တစ်ယောက်ယူဆိုတာမျိုးပဲ တွေးတက်တာလား…ပိုက်ဆံတွေမှာ မုန့်တွေ ကပ်နေတာ မတွေးမိဘူးလား..တစ်ရှူး သုံးပြီးသားကို ပါ ညှပ်ထည့်ထားတာ မသိဘူးလား..မင်းလို အစားသမားကို ပုရွက်ဆိတ်တွေပဲ သ၀န်တိုလို့ ယူသွားပြီထင်တယ်..လိုက်တောင်း…ငါ့ကို မနှောင့်ယှက်နဲ့..အလုပ်လုပ်နေတယ်…"
ဒီပါ ပြောပြီး ကျောခိုင်းခါ ထွက်လာတော့ လူစီဖာက အခန်း၀မှာ ထိုင်နေလို့ ကောက်ပွေ့ချီလိုက်ပြီး..
"ဦး.."
အခန်း၀ကို ရောက်နေတဲ့ ခြေလှမ်းတွေက ခေါ်သံ တိုးလျလျ လေးကြောင့် ရပ်တန့်သွားရသည်..။
"အချစ် ကို စိတ်မဆိုးပါနဲ့..အချစ် ကို မမုန်းပါနဲ့နော်.."
ဒီပါ ဘာမှ မတုန့်ပြန်ပဲ ထွက်လာပေမဲ့ နှုတ်ခမ်းပေါ်မှာ အြ့ပုံးသစ် တစ်ခု ဖြစ်တည် လာတော့သည်..။
ဒီကစိတ်ဆိုးတော့လည်း ကလေး တစ်ယောက်လို သူ စဉ်းစားမိသလောက်နဲ့ ပြန်ချော့ ဖို့ ကြိုးစားနေသည်ပဲလေ…။
နေပါစေဦး…တစ်ခါတလေ မရိုမသေနဲ့ တအားရိုင်းတက်တာကိုတော့ မှတ်လောက်အောင် စိတ်ဆိုးပစ်လိုက်ဦးမည်လို့ တွေးရင်း ပြုံးခါ လူစီဖါကို ချီမြှောက်နမ်းလိုက်မိသည်..။
.
"ကလျာ သင်ရမှာ..သူလေ.."
"သြော်…ကလေးလေးပဲ.."
"ဆယ်ကိုးပြည့်တော့မယ်ရှင့်.."
"သြော်…လူကောင်သေးလို့ ဖြစ်မယ်..မျက်နှာလေးကလည်း ကလေးလိုပဲ.."
ဦးဒီက  ကားနဲ့ တင်ခေါ်လာပြီး ဧည့်ခန်းမှာ ဧည့်ခံခါ မိတ်ဆက်ပေးတော့ အချစ် မကြည်မသာပုံစံ ဖြင့် နှုတ်ဆက်နေရသည်..။
လူကိုများ ကလေးတဲ့ အသက်ပိုပြောလိုက်တော့လည်း မျက်နှာက ကလေးတဲ့…။
"ဒီပါ့ ညီမလေးလား.."
"အဟွင်း.."
"ပြောလိုက်လေ…ဦးရဲ့…ကျွန်တော့် ဇနီးလေးပါလို့.."
ဦးဒီက အဟွင်းပဲလုပ်တော့ အချစ် အမြင်ကပ်ကပ် နဲ့ ပြောလိုက်တာ ကို အန်တီမမ က
"ခစ်ခစ်…ဟုတ်လား..ဒီပါ မင်္ဂလာဆောင်လိုက်တာ တို့တောင် မသိဘူး…မဖိတ်ဘူးနော်.."
"အင်း..ခြေထောက်မကောင်းတုန်းက အမြန်လုပ်လိုက်ရလို့ပါ…"
"သြော်.."
"နောက်နှစ် ဒီဇင်ဘာကို လက်ထပ်ပွဲ လုပ်မယ်လေ…အဲ့အခါကျရင် အန်တီ့ကို ဖိတ်ပါ့မယ်.."
"ကျေးဇူးပါ.."
အချစ် အမြင်ကပ်လို့ ၀င်ပြောလိုက်တာကို ဘာမှ မဖြစ်သလို ပြုံးပြီး ပြန်ပြောနေတာ စိတ်ထဲက ဒေါသတွေ ပြည့်သိပ်နေပါပြီ..။
ဒီမိန်းမကြီးနဲ့ ဘယ်လို သိနေတာပါလိမ့်…။
ကြီးကြီး ပြောတော့ မိန်းကလေး အပေါင်းအသင်း တောင် မရှိပ်ါဘူးဆို…အခုကျတော့ သူငယ်ချင်းတဲ့…။
စကားတွေ ပြောမကုန်လိုက်တာ..ကျောင်းတုန်းက အကြောင်းတွေကော စားသောက်ဆိုင် အကြောင်းတွေကော ရှုပ်နေတာပဲ…။
အချစ်ဟာ့ အချစ် အင်တာနက်က ဟင်းချက်နည်းတွေ ချက်ကြည့်နေတာကို ဘာဖြစ်လို့ ဒီမိန်းမကြီးကို ခေါ်ပေးတာလည်း…
သူ့ဟာသူ ဘာကြီး ဖြစ်ဖြစ်…စားဖိုမှူး နဲ့ ဟင်းချက် အလုပ်ကို လုံး၀ကို စိတ်မပါတော့ပါဘူး..။
ကြည့်ဦး..အဟွင်း..အဟွင်း နဲ့ ဆွဲဆောင်နေတာလေ….။
ဟို မိန်းမကလည်း မိန်းမ ရှိပါတယ်ဆိုမှ တခစ်ခစ် နဲ့ တော်တော် ရယ်ချင်နေတယ်ပေါ့…။
"အန်တီ…သင်တော့မလား.."
"ပန်းအချစ်ဦး.."
ဦးဒီက က  ပြန်ခေါ်တော့ အချစ် မျက်နှာ စူပုတ်ပုတ်ဖြင့် ခေါင်း ငုံ့လိုက်ပြီး လက်ညည်းတွေကိုပဲ ဆိုက်ကြည့်နေလိုက်သည်..။
"သင်မယ်လေ…မီးဖိုဆောင် ကို သွားရအောင်နော်…ဒီပါ…သွားတော့မယ်.."
"သူက ကလေး လိုပဲ.."
"ရပါတယ်.."
အချစ်ကို အပြစ်ပြောပြီး ထသွားတော့မှ အချစ် ခြေလှမ်းကြဲကြဲ နဲ့ မီးဖိုဆောင်ဘက်ကို ၀င်လာခဲ့လိုက်သည်..။
အချစ်က ဘာလုပ်ရသေးလို့ ကလေးလိုပဲ ဆိုပြီး ပြောလိုက်တာလည်း..။
တကယ် ကလေးလိုပဲ နေပြရမှာပေါ့လေ..။
.
"မေဖူး.."
"ဟင်.."
"ဒီနေ့ ဒေါ်ကလျာ ဘာနဲ့ ပြန်သွားလည်း.."
"ကိုကြီး လိုက်ပို့တယ်လေ…"
"လုပ်ပြန်ပြီ.."
အချစ် မျက်နှာစူပုတ်ပုတ် ဖြင့် လက်ထဲက ကြက်ဥကို ဖျစ်ခြေပစ်လိုက်ခါ အမှိုက်တောင်းထဲ ပစ်ထည့်လိုက်သည်..။
ကြက်ဥတစ်လုံး အလေအလွင့် ဖြစ်သွားလို့ပေါ့လေ..။
မဟုတ်ရင် ဒီနေရာမှာ ဒေါ်ကလျာ ဖြစ်နေလောက်ပြီပေါ့…ဟွင်း..။
"အဟဲ..ဟဲ…ဦး..ပြန်လာပြီ.."
အချစ် နဲ့ ဖိုးဖိုး ဆိုဖာမှာ ထိုင်ပြီး တီဗွီကြည့်နေတုန်း ဦးဒီက ရဲ့ ကားမီးရောင်တွေ့လိုက်တော့ အချစ် အိမ်ထဲက ပြေးထွက်သွားလိုက်သည်..။
"ဦး.."
"…….."
အရင်လို ဝှီးချဲနဲ့ ဟန်ဆောင်စရာ မလိုတော့ ဦးဒီက  ကိုယ်တိုင်ပဲ ကားမောင်းနေတော့သည်..။
အဲဒါကြောင့်လည်း ဒေါ်ကလျာကို အကြို့အပို့လုပ်ပေးလို့ ရနေတာပေါ့လေ…။
အချစ် ကားတံခါး အနားမှာ ရပ်စောင့်နေတော့ ဦးဒီက က အချစ်ကို မကြည့်ပဲ ကွန်ပျူတာ နဲ့ အိတ်တစ်လုံး ဆွဲယူခါ ဆင်းလာသည်..။
"အချစ်ကိုင်ပေးမယ်.."
အချစ် လှမ်းယူတော့ ဦးဒီက က လွဲယူပြီး ထွက်သွားတာမို့ အချစ် နောက်ကနေပဲ ပြေးလိုက်ရတော့သည်..။
"ဖေကြီး..ဒီက ပြန်ရောက်ပြီ…"
"အေး…သား..မင်း နောက်ကျလိုက်တာကွာ.."
"ဟုတ်တယ်…ကုမ္ပဏီ က ပြန်တော့ ကလျာက ဖေကြီး အတွက် Caramel Pudding လာယူပါဆိုလို့ ၀င်ယူနေရသေးတယ်.."
"သြော်..ဒီကောင်မလေး…ဥာဏ်ကောင်းသားပဲ…ဟိုနေ့က  သမီးကို လုပ်တက်ပြီလားလို့  ဒီတိုင်းပြောလိုက်တာပါ…"
"အဟွင်း..ဟုတ်တယ်…ကလျာက ငယ်ငယ်ကတည်း က ဉာဏ်ကောင်းပြီး ရင့်ကျက်ပါတယ်.."
"ကောင်းပါတယ်…အစတုန်းက အောင်သူ့ သမီးမို့ ကြည့်မရချင်ပေမဲ့ အခုလိုအနေအထိုင်တက်တော့ ငါ့မြေး အတွက်လည်း ကောင်းတာပေါ့…ဟုတ်တယ်မလား…သမီး…"
"ဟုတ်ကဲ့.."
အချစ် ခေါင်းညိတ်လိုက်ပြီး  သက်ပြင်းလေးပါ ခိုးချနေမိသည်..။
ဒေါ်ကလျာက ဖိုးဖိုးကိုတောင် မုန့်ကျွေးပြီး ဆွဲဆောင်နေတာ…
ဦးဒီက ကလည်း ကလျာက ရင့်ကျက် ပါတယ်တဲ့လေ…
ပန်းအချစ်ဦးတို့ကတာ့ ကလေးဆန်လို့ စကားကို မပြောချင်တော့ဘူး ထင်ပါရဲ့…။
"ဘာတွေလည်း..သား.."
"ပူတင်းမုန့်ပါ…ထည့်ပေးပါလား ကြီးကြီး…ဒီက ..ဖိုးဖိုး ကို နှိပ်ပေးလိုက်ဦးမယ်.."
"ပေး..ပေး…ကြီးကြီး ယူခဲ့လိုက်မယ်.."
ဦးဒီက ပြန်ထွက်သွားတော့ အချစ် လိုက်မသွားချင်သေးလို့ တံခါးကို မှီပြီး ရပ်နေလိုက်မိသည်..။
"တော်ပါသေးရဲ့..ဟိဟိ…အချစ် လုပ်လိုက်တာ…ကန်စွန်းဥ ပူတင်းတွေ မှောက်ကုန်ပြီ.."
"ဟေ….ဟုတ်လား…အမလေး…ဟိုကောင်မလေး က နှစ်နာရီလောက် အချိန်ပေး လုပ်ထားတာ ..ဘယ်လို ဖြစ်တာတုန်း ဟယ်…နင်တို့ကလည်း.."
"မေဖူး အအေးခံထားတယ် သတိပေးတာ…အချစ်က မြန်မြန်အေးအောင် နေရာရွေ့တော့ အိုးလိုက်မှောက်ကော…"
"ဟင်း…အချစ် တို့ကလည်းကွယ်…ရန်ချည်းစောင်နေတာပဲ…
စောင်းသလို ရွဲ့သလို ပြောနေတော့ ဟိုကောင်မလေး စိတ်ဆိုးသွားရင် ဒုက္ခ…ပညာတက်မို့လို့လား မသိဘူး… မထင်လောက်အောင် သည်းခံ နားလည်စိတ်ရှိတယ်… ကောင်မလေး က ရိုးသားတဲ့သူ ဆိုတော့ ကြားထဲက ငါတို့ လူကြီးတွေ အားနာစရာပဲ…
ဟင်း…မောင်ဒီပါ့မလည်း ဒုက္ခ…."
ကြီးကြီး ကတောင်  အပြစ်မြင်လာပြီမို့ အချစ် စိတ်မကောင်းဖြစ်ခါ လှေကားတစ်ဆစ် ချိုး အထိ တက်သွားခါ မှေးထောက် ထိုင်နေမိသည်..။
အခုဆို အချစ်ကို ဘယ်သူမှ မချစ်တော့ပါဘူးလေ…။
အချစ် ကြောက်တယ် ဦးရယ်…အချစ်ရဲ့ ဦးကို အန်တီကလျာ အပြီးပိုင်သွားရင် ဘယ်လို လုပ်မလည်း..။
ဦးက အချစ်ကို မချစ်တော့ပဲ အရမ်းတော်တဲ့ အန်တီကလျာကိုပဲ ချစ်သွားရင် အချစ်ရူးရမှာပါလေ…။
.
"ပန်းအချစ်ဦး.."
"ရှင်…လာပါပြီ…"
"အောက်ထပ်မှာ ဆရာမ ရောက်နေပြီ…"
"ဟင်..ဘယ်က ဆရာမလည်း.."
ဒီပါ့ကို မျက်လုံးပြူးပြီး မသိသလို ပြန်မေးနေတော့ စိတ်တိုလာပေမဲ့ အတက်နိုင်ဆုံး မြိုသိပ်ထားလိုက်ရသည်..။
ဒီနေ့ဆိုရင် ကလျာလာနေတာ ဆယ်ရက်ကျော်လောက် ရှိပြီပဲ…ဒါကို ဘယ်က ဆရာမလည်းဆိုတော့ ဒီက ဘယ်လို ပြန်ပြောရမှာလည်း..။
"သွားလေ.."
"ဆရာမဆို.."
"မင်းကို ဟင်းချက်နည်းတွေ သင်ပေးနေတဲ့ ဆရာမ.."
"သြော်..ဒေါ်ကလျာလား..ဟွင့်…"
မခန့်လေးစား ခေါ်ပုံကိုက ဒေါ်ကလျာဆိုတော့ တကယ်များ အဲလို ခေါ်နေရင် ကလျာ့ကို အားနာစရာတွေ ဖြစ်နေပြီပေါ့လေ..။
ဦးအောင်သူက အလွဲသုံးစား လုပ်မှု နဲ့ ထောင်မကျပေမဲ့ လျော်ကြေးငွေအတော် များများ ကုန်ပြီး နီးစပ်ရာ အသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာကျဆင်းတာကို မခံစားနိုင်လို့ သူ့ဇာတ်ိကို ပြန်ပြီး တရားရိပ်သာ ၀င်သွားပြီလေ…။
ကျန်ခဲ့တဲ့ ကလျာကိုတော့ သူငယ်ချင်း တစ်ယောက် အဖြစ်ကူညီပါလို့ တောင်းဆိုတော့  အဖေ့ နဲ့ တွဲပြီး အလုပ်လုပ်ပေးခဲ့တာ ထောက်ထား၍ ဒီပါ ခေါင်းညိတ်လိုက်မိသည်..။
ဟိုတယ်မှာ စားဖိုမှူး ခေါင်းဆောင် အဖြစ် အလုပ်ခန့်ဖို့ ဒီပါ့ဘက်က အရင် ဖိတ်ခေါ်လိုက်တော့ ကလျာက စဉ်းစားဦးမယ်လို့ တုန့်ပြန်သည်..။
နိုင်ငံခြားမှာ ဘွဲ့အတော် အများ ရထားသည်မို့ သူ့မှာလည်း ပညာမာန ရှိတာ နားလည်ပေးနိုင်ပါသည်..။
ဒါကို ပန်းအချစ်ဦးတို့ အပြောအဆိုမတက်လို့ စိတ်ဆိုးသွားမှာလည်း စိုး၇ိမ်နေရပြီလေ..။
"ကလျာ…စောင့်ရတာကြာသွားလား.."
"မျကာပါဘူး.ဒီပါ.."
"ဆောရီးနော်….ပန်းအချစ်ဦး.."
"လာပြီ…လာပြီ…လက်ကို ဆပ်ပြာနဲ့ လေးခါ ဆေးနေရလို့ပါရှင့်…"
လက်ကို ရေသုတ်ရင်း ထွက်လာပြီး ပြောတော့ ကလျာက ပြုံးနေပေမဲ့ ဒီပါကတော့ မျက်နှာပူ အားနာရပါသည်..။
"ဒီက သွားလိုက်ဦးမယ်..ညနေ ကိုတော့ ကားစီစဉ်ပေးထားတယ်…"
"ကျေးဇူးတင်ပါတယ်.."
"အင်း.."
ဒီပါ အလုပ်ကို ထွက်လာရပေမဲ့ စိတ်ထဲမှာ မဖြောင့်မတန်းဖြစ်နေရလို့ နောက်ကိုဆို ပန်းအချစ်ဦးကို ပြောထားရတော့မယ်လို့ ဆုံးဖြတ်မိသည်.။
.
"ပန်းအချစ်ဦး.."
"ဟုတ်ကဲ့ရှင့်.."
"မင်းကို..ဓားနဲ့ လှီးဖို့ ပြောတာလေ.."
"စက်က ပိုမြန်ပါတယ် နောက်ဆို လူတိုင်း စက်တွေပဲ သုံးလာကြမှာလေ…လက်နဲ့ဆို တစ်နာရီ ကြာရင် စက်နဲ့ဆို တစ်မိနစ်ပဲ..ဟဲဟဲ.."
"တို့ သင်ပေးနေချိန်မှာ တို့ စကားကို နာခံပေးပါလား.."
"ဟုတ်…"
အချစ် လက်ထဲက ပစ္စည်းတွေကို ချပြီး ဓားနဲ့ တုံးယူခါ ခရမ်းချည်သီးတွေ ကြက်သွန်တွေ သခွားသီးတွေကို လှီးဖြတ်နေရသည်..။
ဒီလို သင်ချင်ပါတယ်လို့ တစ်ခါမှလည်း မပြောမိပါဘူး..။
ဦးဒီက သူ့ဟာ့သူ ဇာတ်လမ်းထွင်ပြီး အချစ်ကို အသုံးချနေတာလေ…။
ကိုဖိုးကောင်း အလုပ်များနေတာ အကြောင်းပြပြီး ညနေဆို အလုပ်က စောပြန်လာပြီး တစ်ခါ အိမ်လိုက်ပို့ပေးရသည်..။
ပြီးတော့ ဒေါ်ကလျာက တစ်ယောက်တည်းနေတာ ဆိုတော့ အချစ်မှာ နာရီကြည့်ပြီး အမျိုးမျိုးတွေး နေရင်း ပူလောင်နေရသည်..။
ဒီမိန်းမကြီး ကလည်း ဘာဖြစ်လို့ ဒီလောက် ချောနေတာလည်း မသိဘူး..။
သူများတွေ မီးဖိုချောင်၀င်ရင် အဆီပြန် အပူပြန်နေတာ သူကတော့ အသားဖြူနုနုလေးမှာ နှုတ်ခမ်းနီ မိတ်ကပ်နဲ့လေ…။
ဦးဒီက ကလည်း ဒီမိန်းမကြီး အိမ်ကိုလာမှ နေ့ခင်းဆို တစ်ခေါက် ပြန်လာပြီး ရေချိုး အ၀တ်အစားလဲလိုက် ထမင်းပြန်စားလိုက်နဲ့ လမ်းကြောင်း ကျနေတာလေ..။
"ရှည်ကုန်ပြီ.."
"ဟင်..ဟုတ်.."
အချစ်ကို သတိပေးတော့ စိတ်ထဲ မကျေနပ်ပေမဲ့  ခေါင်းညိတ်နာခံပြီး ပြင်လုပ်ပေးရသည်..။
"မနေ့က ဆော့ဖ် လုပ်ကြည့်သေးလား..အဆင်ပြေလား.."
'ဟုတ်.."
"မင်းက အတက်မြန်သားပဲ…တို့ဆိုရင် သုံးရက်သင်ရတယ်.."
"အချစ်က ငယ်တော့ ဉာဏ်ကောင်းတယ်လေ…"
"အဟွင်း…ဟုတ်မယ်.."
ဦးဒီက လို ရယ်ပြီး ဦး ဒီက ပုံစံ အတိုင်း အချစ်ကို အလျော့ပေးအလိုလိုက်သလို ပြောလာတော့ မျက်နှာလေး စူပုတ်ပုတ် ဖြစ်သွားပြီးမှ ပြန်ုပြင်ရသည်..။
"ထိုင်းပုစွန်ကော လုပ်တက်ပြီနော်.."
"အင်း..ဦးဒီက ကို တောင် လုပ်ကျွေးပြီးပြီ.."
"ဟုတ်လား..ကောင်းတယ်ပြောလား.."
"ကောင်းတယ်ပြောတာပေါ့..သူ့ မိန်းမလေး အပင်ပန်းခံ ချက်ကျွေးထားတာပဲလေ…"
"အဟွင်း…ဟုတ်ပါတယ်.."
အချစ် လိမ်ပြောလိုက်ရပေမဲ့ ကျေနပ်တယ်လေ…
အချစ်ချက်ထားတာကို မေဖူးတောင် မစားနိုင်လို့ အိုးလိုက် သွန်ပစ်လိုက်ရသည်လေ…။
ဒေါ်ကလျာက ရယ်တော့ အချစ် ကို လှောင်သလို ခံစားရပြီး ဒေါသတွေ ဖောင်းလာတော့သည်..။
"အန်တီကလျာကလည်း..ရယ်ချင်တာကို ရယ်ပါလားလို့…ရယ်ပါများရင် အသက်ရှည်တယ်တဲ့လေ…"
"နေပါစေ…လှီးထားဦး…တို့ အီတလီ  ခေါက်ဆွဲ အတွက် လိုအပ်တာတွေ ပြင်ပြပေးမယ်.."
"ဟုတ်.."
အချစ်ကို အရေးမပါသလို ပြောပြီး သူ့ဟာသူ အလုပ်တွေ လုပ်နေတော့ အချစ်မှာသာ ဒေါသထွက်ပြီး အသီးတွေကိုသာ ဖိလှီးနေလိုက်သည်..။
"ဒီက အစ်မလေးက တော်လိုက်တာနော်.."
"အဲလောက်မဟုတ်ပါဘူး…ကြီးကြီး…ဒီမှာ မြည်းကြည့်ပေးပါဦး.."
"အင်း…ဟယ်..ကောင်းသားပဲ…မေဖူး မြည်းကြည့်စမ်း.."
"အွင်း….ဘာမှမလိုဘူး..အားလုံး ဂွက်စတိ.."
မေဖူးနဲ့ ကြီးကြီး နဲ့ ချီးမွန်းသံတွေကြောင့် အချစ် အသီးလှီးနေတဲ့ လက်က နှေးကျသွားရသည်..။
အချစ် ချက်တဲ့ ဟင်းတွေကို မြည်းရင်တော့ ဆားက ပေါ့လိုက် ငန်လိုက် သုံးလေးခါလောက် ပြန်ပြင်ပေးရသည်လေ..။
နောက်ပိုင်းကျတော့ ပြင်ရတာ များလို့ ကြီးကြီး က" မေဖူး….သမီးပဲ မြည်းလိုက် " လို့ ပြောတက်နေပြီ..။
အခုတလော တစ်အိမ်လုံးမှာ အချစ်က အရေးမပါတဲ့ အရှုပ်မှန်း သိလာတော့ စိတ်မကောင်း ဖြစ်ရသည်..။
အချစ် တစ်နေ့ကုန် ခိုင်းတာတွေ စိတ်မပါပဲ လိုက်လုပ်နေရသလို နေ့လည် ထမင်းစားချိန် ကျတော့ ထမင်းဝိုင်းမှာ သူ့ကိုပဲ ဝိုင်းချီးကျူးကြသည်လေ..။
"ဒီပါ ကြိုက်ရဲ့လား.."
"အင်း အားလူးက ဆိမ့်နေတော့ တစ်မျိုးပဲ.."
"အင်း…အီတလီစာလေ…"
" …တစ်ခါမှ မစားဖူးပေမဲ့ ကြိုက်ပါတယ်.."
"ဖေကြီး စားကြည့်ပါလား.."
"အင်း.."
ဦးဒီက က ဖိုးဖိုး ကိုလည်း ထည့်ပေးလိုက်တော့ အချစ် လက်တည့်စမ်းပြီး လုပ် ထားတဲ့ အရွက်စိမ်းသုပ် ပန်းကန်လေးက ကိုင်တဲ့သူ မရှိပဲ ဖြစ်နေသည်..။
"အင်း..မဆိုးဘူးကွ…"
"ဖိုးဖိုး..အရွက်သုတ်.."
"အိုး..မထည့်နဲ့တော့ သမီး..မေဖူး..ဆားဘယ်နှကြိမ် ထည့်လိုက်လည်း မသိဘူး.လျှာပေါ်တောင် ခါးနေတယ်.."
ဖိုးဖိုး က မေဖူး သုပ်တယ် ထင်ပြီး အားမနာတမ်း ဝေဖန်လိုက်တော့မှ အချစ်ရဲ့ ပြစ်ချက်တွေ ကို သိလိုက်ရတော့သည်..။
"ဒါက ထိုင်းစတိုင်လ် "
"အဟွင်း..ဒါတော့ ဒီက သိတယ်..အရင်တုန်းက တစ်ခါ လုပ်ကျွေးဖူးတယ်မလား…အိမ်မှာ လာစားတုန်းကလေ…"
"အင်း..ဟုတ်တယ်…မှတ်မိတယ်နော်…"
"အရသာ ကောင်းရင် မမေ့တော့ဘူးလေ..ဖေကြီး..ဟုတ်တယ်နော်…"
"အဟား..ဒါတော့ ဟုတ်တယ်…တို့ သားအဖက အစားကောင်းဆိုရင် မမေ့တော့ဘူး.."
ဦးဒီက က သူ့အိမ်တောင် လိုက်ပြီး ထမင်းစားဖူးသည်ကိုး..။
အချစ် ငန်တူးနေတဲ့ ကိုယ့် အရွက်သုတ်တွေကိုပဲ အားနာနာ နဲ့ ထိုင်စားပြီး ထလာခဲ့ပေမဲ့ ဘယ်သူမှလည်း သတိမထားမိပါဘူးလေ…။
.
"အန်တီ မပြန်သေးဘူးလား…ကားရောက်တာ ကြာနေပြီ…"
"အင်း..ဒီပါ့ကို စောင့်နေတာပါ…"
"ဘာဖြစ်လို့လည်း..ဒီနေ့ ဦးလိုက်မပို့ဘူးတဲ့လေ…ဘာလို့ စောင့်နေတာလည်း"
"အဟွင်း..မင်းက သ၀န်တိုနေတာပဲ.."
အချစ်ကို မကြည့်ပဲ ပစ္စည်းတွေကို ကောက်သိမ်းရင်း ပြောလိုက်တော့ အချစ် မျက်မှောင်ကြုတ်ပြီး အနားကိုရောက်သွားသည်..။
"ဟုတ်တယ်..တိုတယ်…ဦးဒီက က အချစ် ယောင်္ကျားပဲ "
"ဒီပါကတော့ ညီမလေးလိုပဲတဲ့.."
သူစိမ်း တစ်ယောက်ကို ဦးဒီက က သူ့သဘောထားတွေပါ ပြောပြထားတော့ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားသည်.။
"အဲ..အဲဒါ…သူ့စိတ်လေ…အချစ်ကတော့ ဦးဒီက က အချစ်ရဲ့ အချစ်ဦး…အချစ်ဆုံး ယောင်္ကျား..အဲဒါကြောင့် သ၀န်တိုတယ်..သိပ်တိုတာပဲ…"
"ဟုတ်ပါပြီ…"
ဒီိမိန်းမကြီး ဦးဒီက နဲ့ ဘယ်လောက်တောင် ရင်းနှီးနေလည်း မသိဘူး…စကားတုန့်ပြန်တာက အစ တူနေပြန်သည်..။
ဟွင့်…ညီမလေး လိုပဲတဲ့ ဒါ သပ်သပ် ကလဲ့စားချေနေတာ ဦးဒီက အကျင့်ပုတ်ကြီး…။
ဒေါ်ကလျာကို ကြည့်တော့
အချစ်ကို ဂရုမစိုက်ပဲ သူလုပ်စရာ ရှိတာတွေ သိမ်းပြီးလုပ်နေတာမို့ အချစ်လည်း လက်တွေက အလိုလို ကူသိမ်းပေးမိသည်..။
"ကလျာ.."
"ဟော..ရောက်ပြီလား.."
"ဆောရီး…ကြာသွားလား.."
"မကြာပါဘူး..ကဲ…ပန်းအချစ်ဦး…တို့ပြန်မယ်..နိုင်ငံတကာ ဟင်းအမယ် သုံးဆယ်လောက်တောင် ချက်တက်နေပြီပဲ…မမေ့အောင် လေ့ကျင့်နော်…"
"ဟုတ်…"
အချစ် ခေါင်းညိတ်ပြီး ခပ်တိုးတိုး ပြောလိုက်တော့ သူ့ ဆွဲခြင်းလေး ယူ၍ ဦးဒီက နဲ့တူတူ ထွက်သွားပြီလေ..။ မီးဖိုခန်း ထဲမှာ အချစ်တစ်ယောက်တည်း သက်ပြင်းချကျန်ခဲ့သည်..။
.
"တကယ်သွားမှာလား.."
"အင်း.."
"ဟိုမှာက.."
"ဘာလည်း…တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့လား…ကျောင်းတက်တုန်းကလည်း တစ်ယောက်တည်း တက်ခဲ့တာပဲလေ.."
ဒီပါ့ စကားကို ဖြတ်ပြောလိုက်တော့ ရှေ့ဆက်ရမဲ့ စကားလမ်းကြောင်း ပြတ်သွားရသည်…။
"ဒါပေမဲ့…"
"တို့ကို အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်…ဒီပြိုင်ပွဲက အိပ်မက်တစ်ခုပဲလေ…အခုလို နောက်တစ်ဆင့်တက်ခွင့်ရတာကို လက်မလွတ်ချင်ဘူး.."
သူ ဆုံးဖြတ်ပြီးသား ကိစ္စမို့လို့ ဒီပါ ထပ်ပြောဖို့ မကြိုးစားတော့ပဲ ခေါင်းညိတ်လိုက်ရတော့သည်..။
"တစ်ခုဆို ဖုန်းဆက်နော်.."
"အင်းပါ …တီဗွီက ကြည့်နေပေါ့ ရှုံးရင်တော့ ကိုယ်တိုင်ပဲ ဖုန်းဆက်လေ."
"အင်း.."
ဒီပါ ခေါင်းညိတ်လိုက်ပြီး ကားကို ဂရုစိုက်မောင်းနေလိုက်ချိန် ဒီလို ထွက်သွားတာ ပန်းအချစ်ဦးကြောင့်များ လားလို့တွေးမိသည်..။
"ဟို..ပန်းအချစ်ဦး စကား.."
"အဟွင်း..ကောင်မလေးက ဒီပါ့ကို အတော်ချစ်တယ်နော်…သ၀န် တိုတဲ့ ပုံစံကလည်း...ချစ်စရာလေး…သူ့ကြောင့် မဟုတ်ပါဘူး…ဖိတ်စာ မေးလ် ရောက်နေတာ ကြာပြီ…ဒီပါက ကောင်မလေးကို သင်ပေးပါလို့ တောင်းဆိုတော့ မငြင်းချင်လို့ လက်ခံလိုက်တာပါ…"
"သြော်..ဆောရီး..ပြောရောပေါ့…"
"ရပါတယ်…ဆောရီးက တို့ ပြောရမှာပါ…အဖေ့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးလို့..ကျေးဇူးတင်ပါတယ်...."
ဒီပါ ကားအရှိန်လျော့လိုက် ရင်း က အပြန်အလှန် စကားပြောနေချိန် ရွှေခဲ စွာစွာလောင်လောင် ပြောထားတာ သတိရတော့ မျက်နှာပူ အားနာ ရပြန်သည်..။
"ပန်းအချစ်ဦး..အပြောအဆို မတက်တာလည်း..ကလေးလိုပဲမို့ ခွင့်လွှတ်ပါ…ကလျာ...."
"ကလေးပုံစံလေးမို့ ချစ်ဖို့ကောင်းတာပေါ့…ကဲ သွားပြီ…ဂွဒ်လက်ခ်.."
"အင်း.."
ကားပေါ်က ဆင်းသွားတဲ့ ကလျာကို လက်ပြနှုတ်ဆက်လိုက်ပြီး ကုမ္ပဏီကို ဆက်ထွက်လာခဲ့လိုက်ရသည်.။
ဟူး..ကလျာတောင် ဒီကောင်မလေး သ၀န်တိုတက်တာ သိသွားတော့ ဒီပါ မျက်ခုံးပင့်မိသည်..။
ဘာတွေများပြောပြီး ရန်ထောင် လိုက်ပါလိမ့်..။
.
"ဦး.."
"ပြော.."
ဒီပါ ၀ရန်တာမှာ ဓာတ်ပုံလေး ကိုင်ပြီး ရင်ဖွင့်နေတုန်း နောက်က ရောက်လာလို့ ခပ်စပ်စပ်ပဲ ပြန်ပြောလိုက်မိသည်..။
"အချစ် မသင်ချင်တော့ဘူး..အန်တီ ကလျာကို မလာနဲ့လို့ ပြောလိုက်မယ်.."
"ဘာ..မလာနဲ့..ဟုတ်လား.."
"အင်း.."
" ဟိုက အဆင့်မြင့် စားဖိုမှူး မင်းဒီလို လွယ်လွယ်ပြောခွင့် မရှိဘူး…ဘာဖြစ်လို့ မသင်ချင်တာလည်း…"
"မသင်ချင်ဘူး..အချစ်ကို အကြောင်းပြပြီး ဦးတို့ အချစ်လမ်းခင်းနေတာလေ.."
"ဘာကြ…"
ဒီပါ ခုံကနေ ရုတ်တရက် လှည့်ကြည့်လိုက်တော့ အနားက ရောက်လာပြီး ဆွေခနဲ ၀င်ထိုင်လိုက်သည်..။
ကိုယ်ကဒေါသထွက်ရမလား မှတ်တယ်..သူမျက်လုံးက ပိုပြီး မီးတောက်နေသည်လေ…။
"မင်း..ဘာတွေ လျှောက်ပြောနေတာလည်း..ပန်းအချစ်ဦး.."
"အချစ် မသေချာပေမဲ့ သိနေတယ်…"
"မင်းကလေ မရင့်ကျက်လိုက်တာ…. မသေချာသေးပဲ ပြောတာ တစ်ဖက်သားကို စွပ်စွဲစော်ကားတာပဲ…မဟုတ်မမှန် မသေချာတဲ့ သံသယတွေ၊ စိတ်ခံစားချက်တွေ ကို ရင်ထဲမှာ မထိန်းချုပ်နိုင်ပဲ ပါးစပ်ပေါ် ရောက်လာနေသမျှ..ရင့်ကျက်မှာ မဟုတ်ဘူး.."
"အိုး…မကျက်ပလေ့စေ…စိတ်ထဲရှိတာ ပြောမှာပဲ…မသင်ချင်ဘူး…မသင်ဘူး…လုံး၀ကို မသင်ဘူး...ဦးလည်း…အဲ့မိန်းမကြီးနဲ့ ကင်းကင်းနေပါ..မဟုတ်ရင်…ဖိုးဖိုးနဲ့ တိုင်ပစ်မယ်….အဲတော့မှ ..မှားပါပြီ..ရွေခဲလေးရယ်..လာမပြောနဲ့..မရဘူးမှတ်…"
ဒီပါ ကို လက်ညိုးထိုးကျိန်းပြီး နှုတ်ခမ်းလေးတွေတုန်လောက်အောင် ဒေါသတကြီး ခြိမ်းခြောက်နေတဲ့ ကောင်မလေးကြောင့် မနေနိုင်ပဲ ပြုံးလိုက်မိတော့သည်..။
"အဟွင်း…ငါမှန်နေရင်..ဘာကြောက်စရာလည်း..မင်းတိုင်လည်း…ဖေကြီးက မင်းကို သဘောထားသေးသိမ်ပြီး..အသိဉာဏ် မရင့်ကျက်တဲ့ မ်ိန်းကလေးလို့ပဲ သတ်မှတ်မှာပေါ့..ကလေးလေးရယ်.."
"မခေါ်နဲ့…ကလေး မဟုတ်ဘူး…သူတို့ကျတော့ ဖြစ်ချင်တိုင်း ဖြစ်ပြီး…ဟင့်..အချစ်ကိုကျတော့  အားလုံးက လူဆိုးမကြီး ထင်အောင်လုပ်တယ်..အင့်."
ကလေးလို့ ခေါ်လိုက်လို့ ဆွေ့ဆွေ့ခုန်နေတဲ့ လူကြီးမလေးက ဒီပါ့ ကျောကုန်းကို တွန်းပစ်ပြီး အိမ်ထဲကို ၀င်သွားတော့ တစ်ယောက်တည်း ပြုံး၍ ကျန်ခဲ့ရသည်..။
"အမေ့…ချွေးမက လူဆိုးမလေး..သိလား.."
ဒီပါ့ လက်ထဲ က ဓာတ်ပုံကို မြှောက်ပြီး ပြုံးခါ အမေ့ကို တိုင်လိုက်၍ အမေ့ ဓာတ်ပုံလေးကို နမ်းလိုက်မိသည်..။
"အမေ့ကို ချစ်တယ်…အဖေ့ကိုလည်း ချစ်ပါတယ်.."
ဒီပါ ပြောပြီး ကောင်းကင်ပေါ် ကို မော့ငေးခါ ခုံနောက်ကျောကို မှီချလိုက်သည်..။
ရွှေခဲလေးကို စိတ်ကောက်နေတာ တစ်လတောင် ပြည့်တော့မယ်…
အိမ်မှာ နေရင်း သ၀န်တိုလိုက်…ရန်စောင်လိုက်…မျက်နှာငယ်လေးနဲ့ လိုက်ချော့လိုက်ဖြင့်
ဇွဲမလျော့ပဲ တကောက်ကောက်လိုက်နေတာ ပိုပြီး ချစ်ဖို့ကောင်းပါသည်..။
.
"အမေက ကံကောင်းလိုက်တာနော်…"
"…."
"အချစ် စာအုပ်ဖတ်ပြီး…စိတ်မကောင်းဘူး..ဒါပေမဲ့ အဖေက အမေ့ကို အမြဲချစ်တယ်.နောက်ဆုံး အချိန်ထိ သစ္စာရှိတယ်…အမေ့သားကလည်း..အမေ့ကို အရမ်းချစ်တယ်..ညတိုင်း ချစ်တယ်လို့ပြောတယ်…အမေက အချစ်တွေ အများကြီး ရနေတာပါ…အခု အချစ်လည်း အမေ့ကိုချစ်တယ်..နောက်ပိုင်းကျရင်လည်း..ကလေးတွေ…အဲ…ကိုရူပါ့ကလေးတွေလည်း အမေ့ကိုချစ်နေမှာပါ.."
"……"
အချစ် မှန်ဘောင်အောက်နားလေးကို ကိုင်ပြီး ရင်ဖွင့်ပြောနေမိပေမဲ့ ဘာမှ မတုန့်ပြန်တဲ့ ပန်းချီကားကတော့ ငြိမ်သက်နေသည်..။
ဦးဒီက ဒီပန်းချီကားကို တစ်ခါတလေ စကားပြောနေတာ တွေ့ရင် အချစ် နားမလည် ဖြစ်ရပေမဲ့ သိပြီးတဲ့ နောက်မှာတော့ အချစ်ကိုယ်တိုင်လည်း ရင်ဖွင့်တက်နေပြီ..။
"အမေ…မိန်းကလေး..အချစ်က..ဘာဖြစ်လို့ သနားစရာ ကောင်းနေတာလည်း ဟင်…ဘာဖြစ်လို့ ထုတ်ပြောချင်တိုင်း ပြောခွင့် မရှိပဲ စဉ်းစားချင့်ချိန် နေတာလည်းဟင်…အမေ သာ အဖေ့ကို ထုတ်ပြောလိုက်ရင်…စိတ်မကောင်းစရာတွေ ဖြစ်လာမှာ မဟုတ်ဘူးမလား…အဖေကလည်း အမေ့ကို အရမ်းချစ်မယ်..ဦးဒီက ကလည်း အဖေ ရယ်  အမေ ရယ် နဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရမှာပေါ့နော်…ထားပါတော့လေ…အဲလို ပဲ အချစ်လည်း ဦးဒီက ကို ခံစားချက်တွေ ဖွင့်ပြောလိုက်ရင် အခုလို ငိုရမှာ မဟုတ်ပါဘူး…အခုတော့…ဦးဒီက က အချစ်ကို မချစ်တော့ဘူး…လုံး၀ မချစ်တော့ဘူးလေ…"
"ဘာဖြစ်လို့ အချစ်ဆိုတာ နာကျင်စရာတွေပဲ ဖြစ်နေတာလည်း…အချစ် နာမည် က အချစ် ဖြစ်နေတာကြောင့် တစ်ဘ၀လုံး စိတ်ချမ်းသာစရာ မရှိခဲ့တာများလား.."
"ဟင်း…ဟုတ်မှာပါလေ…"
အချစ် သက်ပြင်းချ၍  ၀ရန်တာကို ထွက်လာပြီး မှေးထောက်ခါ ငေးကြည့်နေမိသည်..။
ဦးဒီက ကလည်း အခုတလော ပြန်လာတာ နောက်ကျလိုက်တာ…။
ပြန်လာရင်လည်း အချစ်နဲ့ မျက်နှာချင်း မဆိုင်တာ သိပေမဲ့ ဘာကြောင့်မှန်း မသိမျှော်နေမိသည်..။
ဖိုးဖိုး က သူ့သူငယ်ချင်း တစ်ယောက်ရဲ့ နာရေးကို သွားရတော့ အိမ်မှာ အချစ်တစ်ယောက်တည်း ပျင်းနေရသည်..။
"ဟာ..လူစီဖါ…လာ..ကလေး.."
ခြေထောက်အနားမှာရောက်လာတဲ့ လူစီဖါကို ကောက်ချီပြီး ခုံမှာ ထိုင်ခါ ကောင်းကင်ကို ငေးကြည့်နေမိသည်..။
အချစ်ရောက်ခါစ… အိမ်ကြီးကို တွေ့ကတည်းက ပျော်ခဲ့ရသည်..ပြီးတော့ ပိုင်ဆိုင်မှုတွေ ..အိပ်ယာကြီးတွေ ..ရေချိုးကန်နဲ့ အ၀တ် အစား အကောင်းစား ကားကောင်းကောင်းစီးရတာ တွေကြောင့် ပျော်ခဲ့ရပါသည်..။
အခုတော့…အဲဒီ့ အရာအားလုံးရှိနေရဲ့နဲ့ …ဦးရဲ့ စိမ်းကားမှု ကြောင့် ပျော်စရာ မရှိတဲ့ ကမ္ဘာကို ရောက်နေသလိုပါပဲ…။
"လူစီဖာ…နင် ချစ်ဖူးလားဟင်..မချစ်ဖူးရင်..မချစ်ချင်ပါနဲ့...စိတ်လှုပ်ရှားတာတို့…တိတ်တိတ်လေး ခိုးချစ်ရတာတို့က သက်သာပါဦးမယ်ဟာ..အများကြီး အချစ်ခံရပြီးမှ အမုန်းခံရတော့ ရင်ဘတ်ကြီး ကွဲကြေသွားသလိုပဲ…အစကတည်းက မချစ်ပြခဲ့ရင် ကောင်းမှာပဲ..ငါက အရွယ်ငယ်သေးလို့ စဉ်းစားချင့်ချိန် နိုင်စွမ်း သိပ်မရှိဘူးတဲ့ ..နုလုံးသားကလည်း နုသေးလို့လား မသိဘူး..တခြားလူတွေထက် ပိုပြီး နာကြင်နေရသလိုပဲ.."
"ဟင်း…"
အချစ် လူစီဖာ့ကို ပိုက်ထားရင်း သက်ပြင်းချခါ အိမ်ထဲ ၀င်လာခဲ့လိုက်သည်..။
အခန်းထဲရောက်တော့ တီဗွီ ဖွင့်ထားပေမဲ့ ဖန်မီးအိမ်လေးကို မီးဖွင့်ခါ ကြည့်နေမိသည်..။
အချစ်အတွက် ဒီအိမ်ကြီးက ပျော်စရာ မကောင်းတော့ဘူးဆိုတာ သိတော့ တစ်ယောက်တည်း အထီးကျန် ခြောက်ခြားစရာတွေ ဖြစ်လာသည်..။
"ဦး.."
အချစ် ဖန်မီးအိမ်ကို မီး ဖွင့်လိုက်ပိတ်လိုက်ဖြင့် ဆော့နေတုန်း အခန်းတံခါးဖွင့်ပြီး ဦးဒီက ၀င်လာတော့ ထသွားမိသည်..။
"နောက်ကျတယ်နော်…”
"…………”
"ဦး…စကားပြန်ပြောပါလား…အချစ် ဦးကို  ပြောမိတာ ရိုင်းမိတာတွေ… ခွင့်လွှတ်ပါနော်…”
"………”
"ဒီမှာ…အ၀တ်လေ..ဦး.."
ဘီဒိုထဲက အ၀တ်တွေကို ထုတ်ပြီး အဆင့်သင့် ပြင်ပေးခါ လှမ်းပေးတော့ အချစ် ကို မကြည့်ပဲ လှမ်းယူခါ ရေချိုးခန်းထဲ ၀င်သွားသည်..။
အချစ် ခုတင်ပေါ်မှာ ထိုင်ပြီး ဖုန်းထဲက ဦးဒီက အိပ်ပျော်နေတဲ့ ဓာတ်ပုံလေးကို ငေးကြည့်နေမိသည်..။
" တစ်ချိန်တုန်းက စိတ်ကစားတဲ့ အချစ်မို့ ဦးကလည်း ဂရုစိုက်ပေးလို့ အခုလို မနာကျင်ခဲ့ရပါဘူး.…အခုတော့ ဦးက မခေါ်မပြောတော့ ..ဦီးရဲ့ တည်လွန်းတဲ့ မျက်နှာကိုတွေ့တိုင်း ရင်ဘတ်ထဲက နာတယ်....တကယ်တော့ အချစ်က ဦးရဲ့ ငြိမ်းချမ်းတဲ့ ရင်ဘတ်ကြီးထဲ ၀င်ချင်တယ်. အချစ်ကို ကြည့်တိုင်း မပွင့်တပွင့်  ပြုံးတက်တာလေး..ပြန်တွေ့ချင်တယ်… ကြင်နာဖေးမတဲ့ လက်နဲ့ပွေ့ပိုက် ထားပြီး အရင်လို ချစ်တယ်….အရမ်းချစ်တယ် ဆိုတာမျိုး ကြားချင်တာပါ ..အခုတော့ အဲဒါတွေ ပျောက်ဆုံးနေတဲ့ အိမ်လှလှကြီး မှာ မပျော်တော့ဘူး….ဦးရယ်…မပျော်တာချင်း အတူတူ မနာကျင်တဲ့ အရပ်မှာ ပဲ နေချင်တော့တယ်…ဘာကိုမှလည်း မမက်တော့ပါဘူး..အဒေါ်အိမ်ကိုပြန်မယ်..အရင်လို ထားရာနေ စေရာသွား ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်မယ်..စိတ်ကူးယဉ်တာလေးတော့ ပြောင်းလိုက်ပါ့မယ်…ဦးဒီက ဆိုတဲ့ လူကြီးကို အတင်းဖက်ပြီး ရင်ခွင်ထဲမှာ အချစ် အိပ်နေရတယ် ဆိုတာမျိုးပေါ့…
အချစ်က ငယ်သူမို့ မတွေးတက် မဆင်ခြင်တက်လို့ အမှားတွေ အများကြီး လုပ်ခဲ့မိတယ်…ဦး က အရမ်းချစ်တာဆိုတဲ့ စိတ်ကူးယဉ် အသိနဲ့ ဆိုးချင်ခဲ့တာမျိုးပါ…နုနယ်တဲ့ နုလုံးသားကို သနားသော အားဖြင့် မမုန်းလိုက်ပါနဲ့ဦးရယ်..အဟင့်..အင့်.."
အချစ် ရင်ခွင်ထဲက ဦးဒီက ခေါင်းအုံးကို ပစ်ချပြီး ခုတင်မှာ လဲအိပ်ခါ ကျောပေးထားပေမဲ့ တိတ်တဆိတ် မျက်ရည်ကျနေမိသည်..။
ဦးဒီက မုန်းနေရင် တစ်စက္ကန့်တောင် အချစ် တကယ် မနေတက်ဘူး..မနက်ဖြန် အဒေါ့်ဆီကိုပဲ ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်သည်..။
ဖိုးဖိုးကို ပြောရင် ဦးဒီကကို ဆူနေဦးမှာသေချာတယ်..အဲဒါကြောင့် ဘယ်သူ့ကိုမှ မပြောပဲ တိတ်တိတ်လေး ထွက်သွားပါတော့မယ်လေ…။
"အဆိုးမလေး.."
ဒီပါ ရေချိုးခန်းမှာ မှီရပ်နေရင်းဖြင့် ခပ်တိုးတိုး ပြောခါ ပြုံးလိုက်မိသည်..။
သူ့ဟာသူ ထင်ချင်တာထင် ပြောချင်တာပြောပြီး ခံစားနေတာလေးကလည်း သနားစရာလေးပါပဲလေ…။
မဖြစ်ပါဘူး..ဒီလိုပုံစံနဲ့ စိတ်ထိခိုက်ပြီး နေမကောင်းဖြစ်လာရင် ဒီပါက ရင်ကျိုးရဦးမည်…။
မနက်ဖြန်ကျရင်တော့  အိပ်ယာနိုးနိုးချင်း ကိုယ်တိုင်ပဲ ပြန်ချော့လိုက်ပါမယ်လေ…။
ဒီပါ မနက်ဖြန် အကြောင်း ကြိုတွေးရင်း ပြုံးလိုက်ခါ ပါးနှစ်ဖက်ကို Shaving cream လိမ်းလိုက်ပြီး မသုံးတာကြာနေတဲ့ ရိတ်စက်ကို ထုတ်လိုက်သည်..။
အချိန်ပိုင်း အတွင်း ပြောင်ချော်ချော် ဖြစ်သွားတဲ့ မျက်နှာကို ကြည့်ခါ နှာခေါင်းရှုံ့မိပြီး  ဆံပင်တွေကို အကြည့်ရောက်သွားသည်.။
ဆံပင်ကို ကိုယ်တိုင် ပုံသွင်းနေကျမိ်ု့လို့ လှန်တင်လိုက်ပြီး ဘီးနဲ့ ညှိလိုက်ခါ ခပ်ဖြည်းဖြည်း  ဖြတ်ချလိုက်သည်..။
"ရွှေခဲလေး.."
"….."
"အိပ်ပြီလား.."
"….."
ကျောပေးပြီး အိပ်နေလို့ လက်ကလေးကို ဆွဲလိုက်တော့ အိပ်ပျော်နေပြီလေ…။
နှာဖျားနီနီလေးကို လက်ညိုးနဲ့ တို့ထိလိုက်ပြီး ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ခါ ရင်ခွင်ထဲ ဆွဲထည့်လိုက်မိသည်..။
"နောက်တစ်ခါဆို…ငိုလောက်အောင် စိတ်မကောက်တော့ပါဘူး…"
"အရမ်းချစ်တယ်…ကလေးရယ်…"
ဒီပါ့ ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ ကောင်မလေးရဲ့ နဖူးစပ်ကလေးကို ခိုးနမ်းပြီး စောင်ခြုံပေးလိုက်ခါ မျက်လုံးမှိတ်ထားလိုက်သည်..။
မနက်ဖြန် အကြောင်းတွေကို မင်းအတိုင်း စိတ်ကူးကြိုယဉ်တက်နေပြီ ပန်းအချစ်ဦးရယ်…။
.
"အင်…"
အချစ်နိုးတော့ ဦးဒီက က အ၀တ်အစားလဲခန်းထဲ ရောက်နေပြီမို့ အိပ်ချင်ယောင်ဆောင်နေလိုက်သည်..။
ခဏကြာတော့ အခန်းထဲက ထွက်လာပြီး အချစ်ကို စောင်ခြုံပေးခါ ထွက်သွားသည်..။
ဦးဒီက လမ်းလျှောက်ထွက်တိုင်း ခေါ်ပေမဲ့ အချစ် အိပ်ချင်လို့ ဆိုပြီး တစ်ခါမှ မလိုက်ခဲ့ပါဘူး…။
ဒီနေ့တော့  အပျင်းမကြီးပဲ လိုက်ချင်ပေမဲ့ ခေါ်မှ မခေါ်တော့တာပဲလေ…။
အချစ် ခုတင်ပေါ်က ဆင်းလိုက်ပြီး မျက်နှာသစ်သွားတိုက်ခါ မိုးကုတ်မှာ ဦးဒီက ၀ယ်ပေးတဲ့ အားကစား ၀တ်စုံလေးကို ထုတ်လိုက်သည်..။
နေ့ခင်းကားနဲ့ ပြန်သွားမယ်ဆိုရင် ဦးဒီက အလုပ်မသွားခင် အချိန် အထိ အနားမှာ နေချင်ပါသည်..။
ဒါပေမဲ့…ခပ်လှမ်းလှမ်းကပဲ ကြည့်ခွင့်ရတာနဲ့ပဲ ကျေနပ်ရပါမည်လေ…။
အချစ် အ၀တ်အစားတွေ လဲ ပြီး ၀ရန်တာထွက်ကြည့်တော့ မိုးလင်းစအလင်းရောင်အောက်မှာ ဦးဒီက က ခြံထဲက ထွက်သွားပြီ..။
အချစ် ဦးထုတ်ကလေး ယူဆောင်းပြီး လှေကားတွေကို ပြေးဆင်းသွားလိုက်ခါ ခြံတံခါးကို ဖြည်းဖြည်းချင်းဖွင့်ရသည်..။
"ဟော..ဟိုမှာ.."
အရှေ့က ခေါင်းစွပ်အနက်နဲ့ ပြေးနေတဲ့ ဦးဒီက နောက်ကို ပြေးလိုက်ရင်း အချစ် မောလာပေမဲ့ ဦးဒီက က အရှိန်မလျော့ဘူးလေ…။
ခြေထောက်ဒဏ်ရာရထားတာတောင် တော်တော် ပြေးနိုင်တဲ့သူကြီးလို့ စိတ်ထဲက တွေးရင်း အမောဖြေ၍ ဆက်ပြေးရသည်..။
ပြေးနေရင်း အရှိန်လျော့ပြီး ခပ်ဖြည်းဖြည်း လမ်းလျှောက်တော့မှ အချစ်လည်း အရှိန်လျော့ခွင့်ရတော့သည်..။
နားကြပ်ထိုးပြီး လမ်းမပေါ် တက်ပြေးနေတာ အချစ် စိတ်ပူပေမဲ့ နေ့တိုင်းဒီလိုပဲ သွားနေကျ သူမို့ နောက်ကနေ ငေးရင်း  လိုက်နေရသည်..။
အချစ် ပလက်ဖောင်းမှာ ခဏထိုင်ပြီး အမောဖြေနေတုန်းလေး ဦးဒီက ကလည်း ခပ်ဖြည်းဖြည်း လမ်းလျှောက်သွားသည်..။
ဘာဖြစ်လို့များ နောက်ကိုလှည့်မကြည့်တာလည်း ဦးရယ်…။
စိမ်းကားအေးစက်နေတဲ့ ဦးရင်ခွင်ထက်…အခုလို ကျောခိုင်းနေတာပဲ ကောင်းပါတယ်လေ…။
အချစ် ပြန်ထပြီး နောက်ကနေ လိုက်ပြေးတော့ သိပ်မကြာခင် ဦး နဲ့ မလှမ်းမကမ်းကို ရောက်သွားသည်..။
"တီီ.."
"ဟင်…"
နောက်က ကား တစ်စီး အရှိန်မြန်မြန်နဲ့ မောင်းလာတာမို့ အချစ် ရှေ့က ဦးဒီက ဆီကို အကြည့်ရောက်သွားသည်.။
နားကြပ်နဲ့ လမ်းလယ်ပေါ်ကို ရောက်လုနီးနီး ဖြစ်နေတာလေ…။
"ဝှီးချဲနဲ့ ဖြစ်သွားတာက ကားနဲ့ တိုက်ပစ်တာလေ…ရူပါ့ မျက်စိရှေ့တင်ပဲ…"
"ရန်သူများတယ်…"
"မင်းကို အန္တရယ် မရှိစေချင်လို့ ပါ..ရွှေခဲရယ်.."
"ကားနဲ့ တိုက်တော့ လက်စပျောက်ပေါ့လေ…"
"အသေသတ်တာပဲလေ….မသေတော့ လိုက်သတ်ချင်နေတုန်းပဲ…"
'ဟင့်အင်း..ဟင့်အင်း..မဟုတ်ဘူး…ဦး.."
အချစ် ခေါင်းခါရမ်းရင်း ကတုန်ကယင် ဖြစ်နေတဲ့ စိတ်ကိုစုစည်းပြီး ခြေထောက်တွေကို အားကုန်ပြေးခိုင်းလိုက်သည်..။
"ဦး…"
"ဟင်.."
"ကား…."
"အ…"
"ဟာ…"
ဒီပါ လမ်းပေါ်ကို ထိုင်လျက်သား ကျသွားပေမဲ့ အနားမှာ ဘာတွေ ဖြစ်သွားလည်း နားမလည်နိုင်ဖြစ်နေရသည်.။
ခပ်လှမ်းလှမ်းမှာ ခွေကျနေတဲ့ အနွေးထည်နဲ့ ကောင်မလေးကို တွေ့တော့ မျက်လုံးပြူး၍ ပြေးသွားမိသည်.။
"ဟင်…ပန်း..ပန်းအချစ်ဦး….ပန်းအချစ်ဦး…"
"ဦး….ဦး…အချစ်ကို..မုန်းပါနဲ့ဦး…ဦးရယ်.."
"မင်း…ဘယ်လို….ဟာ…ရွှေခဲ….ပန်းအချစ်ဦး…"
ဒီပါ့လက်ပေါ်မှာ ခွေကျသွားတဲ့ ကောင်မလေးကို ပွေ့ပိုက်ထားရင်း မထင်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ရင်ခုန်နှုန်းတွေ တအားမြန်လာသည်..။
"မရဘူး..မဖြစ်ရဘူး…အဲလို မဟုတ်ဘူး..…ပန်းအချစ်ဦးရယ်…ဒီက ဘယ်လောက်ချစ်လည်း…မင်းသိပါတယ်…ကောင်မလေး…"
ဘ၀ တစ်လျှောက်လုံး ချစ်သူရဲ့ အထင်လွဲမှု တွေ နောင်တနဲ့ ရှင်သန်သွားရမဲ့ ဘဝတွေ ကို ကြောက်ခဲ့ရတာပါ…။
ဒီလို မလုပ်ပါနဲ့ ပန်းအချစ်ဦးရယ်…မုန်းပါ့မလား…ကောင်မလေးကို ဒီက မုန်းပါ့မလား…ဒီက  ဘယ်လောက်ချစ်လည်း မင်းသိတယ်မလား…မင်း လည်း  ချစ်တယ်မလား….ဟင်…မျက်လုံး ဖွင့်ပါဦး…ဒီက ရူးသွားလိမ့်မယ်…။
ဖြူဖျော့နေတဲ့ မျက်နှာလေးနဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းက ဘာစကားမှ ထွက်မလာတော့ ဒီပါ နှုတ်ခမ်းတွေ တုန်ယင်ရင်း အသံထွက်လို့ မရ ဖြစ်ခါ
ပါးလေးကို ပုတ်၍ နိုးသည်..။
နဖူးက စီးကျလာတဲ့ သွေးစီးချောင်းက မျက်ခုံးကို ကျော်၍ စီးကျလာတော့ ဒီပါ မထိရဲ မကိုင်ရဲ ဖြစ်ရင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် ပခုံးလေးကို လှုပ်ရမ်း နေမိသည်..။
"မင်း..မင်း..ကတိပေးထားတယ်လေ….စိတ်ဆိုး စိတ်ကောက်လည်း..ငါ့ကို ဒီလို မခြိမ်းခြောက်ဖူးလို့ ကတိပေးထားတယ်လေ…ရွှေခဲ…ရွှေခဲလေး… စကားပြောပါ…"
အိပ်မက်တစ်ခုပဲ ဖြစ်ပါတော့လား…။
မဖြစ်ရဘူး…အဲလို မဖြစ်ရဘူး…အဲလို ဖြစ်ခွင့် မရှိဘူး…။
ဒီပါ ခေါင်းတွင်တွင် ခါယမ်းရင်း ဘ၀မှာ ချစ်မိတဲ့ တစ်ဦးတည်းသော အချစ်ဦးကို ရင်ခွင်မှာ တင်းကြပ်စွာ ပွေ့ပိုက်ထားမိသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
လမ်းမထက်မှာ မြူနှင်းတွေ ဝေနေဆဲ ချစ်ရသူနှစ်ယောက် ပွေ့ဖက်လျက်သား လဲကျနေသည်။
အရေးပေါ်ကားရောက်လာချိန်
"နှစ်ယောက်စလုံး…အသက်မရှိတော့ဘူး”
အဲလို ချစ်သွားပြီ 😢💔😭
ဒီလိုပဲ ဇာတ်သိမ်းရင် ကောင်းမလား 💔😭
ဦးဒီကလည်း အမောဖောက်နေပြီ 😭💔
စပိုက်ကာတို့မရတော့ဘူး တအားတွေ ငိုချင်နေပါပြီ 😢💔😭
မလှမေ ကို သတိရတယ်
အထင်လွဲမှားမှု တစ်ခုက မချိမဆန့် နောင်တ တွေချည်းပဲ 😢💔😭
ကွန့်မန့်လေးတွေ ဖတ်ပြီးမှ နောက်တစ်ပိုင်း စရေးတော့မယ် 😢💔😭
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now