Part 24

2.4K 120 0
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂၄)
#မုန်းပါနဲ့ဦး

"ဦးဒီက ကော်ဖီသောက်လေ.."
'မင်း ဘာမှ မစားခဲ့ဘူးမလား.."
"ဟုတ်.."
"မင်းပဲ သောက် လိုက်ပါ…"
"ဦးဒီက ဗိုက်အောင့်နေတာလေ.."
"နည်းနည်းပါ.."
"မရဘူး သောက်…"
ဒီပါ မျက်နှာအနား အတင်းတိုးကပ်ပေးနေတော့ ခွက်ကို ယူပြီး သောက်လိုက်ချိန် အရှေ့က ဖိုးကောင်းကို သတိရတော့ မျက်နှာတွေ ပူရသည်..။
ကျစ်…အိနြေ္ဒသိက္ခာ တစ်ခွဲသားနဲ့ နေခဲ့တာ အခုတော့ ဒီကောင်မလေးကြောင့် ရစရာကို မရှိတော့ဘူး..။
ဒီပါ မျက်နှာ ခပ်လွဲလွဲ ဖြင့် ကော်ဖီ အေးစက်စက်ကို တစ်လုတ် သောက်လိုက်ပြီး ပါးစပ်နားမှာ ရောက်နေတဲ့ ကိတ်မုန့် တစ်ဖဲ့ကို စားလိုက်ရသည်..။
"မင်းစားပါ…"
"အချစ် ဗိုက်မဆာသေးဘူး…ဦး စားပါ…"
"ငါ ဘယ်လို မြိုကျမလည်း.."
"ဦးဒီက ကလည်း ပိုပြီ…ပဲ သိပ်မများနဲ့နော်..အဖိုး ကြီးဆိုတော့  ကြည့်မကောင်းဘူး.."
"ဟာ…မင်းကလေ…"
"ပဲများတာ မဟုတ်ဘူး ပန်းအချစ်ဦးရေ…အကို က အဲလိုပဲ …အိမ်မှာဆိုရင်လည်း ကြီးကြီး တို့ မစားရသေးရင်တောင် ဆူနေတာပဲ.."
"ဟုတ်လား…အချစ်ပြောသားပဲ ဦးဒီက က လူကောင်းပါလို့.."
"အခုပဲ မင်းပြောတော့ ဒီက ပဲများနေတာဆို.."
"ဟဲ..ဟဲ…စလိုက်တာပါ..မုန့်စားလိုက်နော်…ဦးဒီက တစ်ခုခု ဖြစ်ရင် အချစ် ပူဆာစရာ လူမရှိ ဖြစ်သွားမှာပေါ့.."
"အင့်.."
ဒီပါ့ မျက်နှာနားကို အတင်းလိုက်ကပ်ပြီး ကျွေးနေတဲ့ ကိတ်မုန့်ကို ဖွဖွ  ကိုက်စားလိုက်ရင်း ကိုယ့် အဖြစ်ကို ကိုယ်ရယ်ချင်သွားရသည်..။
၀ှီးချဲလည်းပါလာသလို လူတွေရှေ့မှာ လူမမာ ဖြစ်နေတဲ့ ဒီပါက အခုတော့ ကလေးဆိုးလေး တစ်ယောက်ကို ထိန်းနေရပြီလေ..။
ဒီကလေးဆိုးမလေး..သုံးနာရီကြာလောက် ကိုယ့်ခုံနောက်ကျောမှာ ကပ်အိပ်လိုက်လာတာ ကို မသိတာ…ဒီပါတော့ တုံးလွန်းနေပြီ ထင်ပါရဲ့..။
"ဝါး…အိပ်ချင်လိုက်တာ.."
"ဘယ်အချိန်ကတည်းက ထနေတာလည်း.."
"အချစ် သတိထား အိပ်တာ ခဏခဏ  နိုးနေတယ်.."
"ခေါင်းမူးနေဦးမယ်…အိပ်လိုက်.."
"ဒီမှာ ဘယ်လို အိပ်မလည်း…ဦးဒီက ပေါ်မှာ အိပ်ချင်တယ်.."
ဒီပါ သင့်မသင့် စဉ်းစားချင့်ချိန်နေချိန် ကိတ်မုန့်  ကိုင်ထားတဲ့ လက်က အမှုန့်တွေကို ရိုက်ခါလိုက်ပြီး ပေါင်ပေါ်မှာ ခေါင်းလှဲချလိုက်ပြီ..။
"ပန်းအချစ်ဦး.."
"ရှင်.."
"မင်းကို မခေါ်တာ အန္တရယ် များလို့ပါ…အခုလိုက်လာတော့လည်း  ဘယ်တက်နိုင်မလည်း..မင်းက ငါ့လူဆိုတာကို လူတွေ မသိစေနဲ့.."
"ဦးဒီက ဘာတွေ ပြောနေတာလည်း.."
"ရုပ်ရှင်ထဲကလို လူဆိုးတွေ လိုက်လာလို့ သဘောပေါက်ပြီလား.."
"ဟင်…ဘယ်မှာလည်း.."
ထထိုင်ဖို့ လုပ်နေလို့ ဒီပါ ပခုံးကို ဖိထားလိုက်တော့ လူကို မျက်လုံးပင့်ကြည့်ပြီး မျက်ခုံးလေး ကြုတ်နေပြီ..။
"ရုပ်ရှင်ထဲကလိုပဲ ပေါ့..အဲဒါကြောင့် ငါ အပြင်ကို ထွက်ရင် ဝှီးချဲနဲ့ပဲ ထွက်ရမယ်..မင်းက…."
ဒီပါ ဆံပင်တိုလေးတွေဆီ အကြည့်ရောက်သွားတော့ ခရီးသွားတုန်းက ရှပ်ပွပွ ၀တ်တဲ့ သူ့ စတိုင်လ်က ချာတိတ်ကောင်လေး ပုံစံနဲ့ ခပ်ဆင်ဆင် တူပါသည်..။
နောက်က အိတ်ကို လှမ်းယူပြီး အထဲက ရှပ်အင်္ကျီ တစ်ထည်ထုတ်ခါ သူ့ ကိုယ်ပေါ် လွှမ်းပေးလိုက်တော့ ယူပြီး ကြည့်ပြန်သည်..။
"အပေါ်က အဲဒါ ထပ်၀တ်…အဲဒါမှ ယောင်္ကျားလေးနဲ့ တူသွားမှာပေါ့…"
"အင်း…ဦးဒီက ကို လူတွေက လိုက်သတ်နေတာလား ဟင်.."
"ဟုတ်တယ်…ကားနဲ့ သေအောင်တိုိက်ပေမဲ့ မသေသေးလို့ လိုက်သတ်ဦးမယ်.."
"ဟာ..ရဲတိုင်လိုက်ပါလား.."
"သက်သေမှ မရှိတာ ဘယ်တိုင်လို့ရမလည်း.."
"ဒါဆို ဦးဒီက အိမ်ထဲမှာပဲ နေပါလား..အခုလို လျှောက်သွားနေတာ…"
"အဖေ့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်မှာ ပေါ့…အဖေက အပင်ပန်းခံပြီး နောက်ဆုံး အမေ့ကိုပါ ဆုံးရှုံးပြီး သူ့ တစ်ဘ၀လုံး နောင်တတွေနဲ့ ရှင်သန်သွားရတာ ဒီလုပ်ငန်းတွေကြောင့်ပဲ….လူတစ်ယောက်လက်ထဲ  လွယ်လွယ်ပေးလိုက်ရမယ် ဆိုရင်တော့ အဖေ့ အပေါ် ဘယ်တရားပါ့မလည်း.."
"အချစ်က ဦးဒီက ကို စိတ်ပူလို့ပါ.."
"အဟွင်း…တစ်ယောက်တိုးလာပြီ.."
"ဟင်.."
မျက်လုံး ဝိုင်းလေးတွေနဲ့ မော့ငေးနေတဲ့  ကောင်မလေး ရဲ့ ဆံပင်တွေကို ခပ်ဖွဖွ ပွတ်ပေးရင်း ပြုံးလိုက်မိခါ
"အရင်က ဒီက ကိုဆိုရင် မိသားစု ၀င်တွေ က စိတ်ပူတက်ကြတယ်လေ…အခု ပန်းအချစ်ဦး တစ်ယောက် တိုးလာပြီ.."
"သြော်…"
'ကျွန်တော်လည်း ပါတယ်လေ…အကို.."
"ဟုတ်တယ်လေ…မင်းက ဒီကောင်မလေးထက် အရင် မိသားစု ဖြစ်နေတာ မဟုတ်ဘူးလား.."
"ဟဲ..ဟဲ…ဟုတ်တယ်.."
"ကိုဖိုးကောင်း ကလည်း လုနေပြန်ပြီ…ဦးဒီက အနားမှာ အချစ်ရှိရင် ဘာမှ မဖြစ်နိုင်ဘူး သိလား.."
"ပြောပါဦး..ဘာဖြစ်လို့လည်း.."
"အချစ်က ကာကွယ်ပေးမှာပေါ့."
"အဟွင်း ကျေးဇူးတင်ပါတယ်.."
"ဒီလို ရယ်ကြည့်ပါလား.. အဟား..ဟား..လို့.."
ဒီပါ့ကို လှောင်ပြီး ပြောနေတာ သိတော့ လက်သီးဖွဖွ ဆုပ်ရင်း နဖူးလေးကို ဖြည်းဖြည်း ထုပေးလိုက်သည်..။
သူ့ကို ထုမိတဲ့ လက်ကို ဖမ်းပြီး လက်နှစ်ဖက် နဲ့ ပွေ့ဖက်ခါ မျက်လုံးစုံမှိတ် အိပ်တော့သည်..။
သူ့အတွက် အန္တရယ်ဖြစ်မှာ စိတ်ပူခဲ့ရတာ အခုတော့ ပေါင်ပေါ်ရောက်နေပြီလေ..။
အိပ်မပျော်ပေမဲ့ မျက်လုံးမှိတ်ထားတဲ့ ကောင်မလေး မျက်နှာကို ငေးရင်း ထိချင်ကိုင်ချင်စိတ်တွေကို ချုပ်ထိန်းခါ သက်ပြင်းတစ်ချက်ခိုးရှိုက်လိုက်မိသည်..။
မျက်တောင် ဖျားလေးတွေ ဖိကပ်ပြီး အိပ်နေတာ အပြစ်ကင်းစင်တဲ့ ကလေး လေး တစ်ယောက်လိုပါပဲလား…ပန်းအချစ်ဦးရယ်…။
ရိုးသားတဲ့ အခါ အပြစ်မဲ့ ဖြူစင်တဲ့ ပုံရိပ်နဲ့ မင်း ပတ်၀န်းကျင်က လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားတာများလား…။
"ပန်းအချစ်ဦး.."
"ဟင်.."
အိပ်ပျော်နေတာ သိပေမဲ့ မနှိုးလို့ မဖြစ်တာမို့ ဆံပင်လေးတွေကို ဖိပွတ်ရင်း နှိုးလိုက်တာ မျက်တောင်လေးတွေ ပုတ်ခတ်ပြီး မျက်လုံးလေး ပွင့်လာသည်..။
"သွားလေ…ဖိုးကောင်းနဲ့ လိုက်သွားပြီး တစ်ခုခု စားခဲ့လိုက်…"
"ဦးကကော.."
မျက်လုံးကို ဖိပွတ်၍ ထထိုင်လိုက်ခါ မေးတော့  အိပ်ယာထစ မျက်နှာလေးကို ငေးရင်း ပြုံးခါ..
"မဆင်းတော့ဘူး.."
"ဟင်း…အချစ်ဘာ၀ယ်ခဲ့ရမလည်း.."
"ရတယ်..ဖိုးကောင်းကို ပြောပြီးပြီ..မျက်နှာလည်း သစ်ခဲ့ဦးနော်…လမ်းမှာ မနားတော့ဘူး.."
"ဟုတ်.."
ရှပ်အကျီ င်္ ကို လက်ကြယ်သီးတပ်ရင်း ပြောနေတော့ ဒီပါ အမြင်မတေ်ာတာနဲ့ အိပ်ချင်မူးတူး တပ်ထားလို့ လွဲနေတဲ့  ရင်ဘတ် ကြယ်သီးတွေ ပြန်ပြင်တပ်ပေးရသည်..။
"ရော့..ဦးထုတ်ဆောင်းသွား.."
"ဟုတ်.."
"ဖိုးကောင်းနား တအားလိုက်မကပ်နဲ့…"
"ဟုတ်…ဦးဒီကလည်း ဘယ်မှ မသွားနဲ့နော်…"
လူကြိး တစ်ယောက်လို လက်ညိုးထောင်ပြီး မှာကြားနေတော့ ဒီပါ စချင်လာတာနဲ့…
"အဟွင်း မင်းက ငါ့ကို စိတ်ပူနေတာလား.."
"အင်းပေါ့…"
"ဘာဖြစ်လို့လည်း.."
"ချစ်လို့လေ…အဲ..အချစ် ပူဆာရမဲ့ လူမရှိမှာ စိုးလို့ပါ..."
"အဟွင်း..ဟုတ်ပါပြီ…သွားတော့.."
ကားတံခါး ဖွင့်ပြီး ဟိုကြည့် ဒီကြည့် ပြေးဆင်းသွားတော့မှ သူ့လို့ ကောင်မလေး ကို ပြောပြမိတာ မှားပြီးလို့ သတ်မှတ်လိုက်ရသည်..။
သူလုပ်နေပုံကြောင့် လူတွေ ပိုပြီး သံသယ ၀င်တော့မှာလေ…။
"ဦးဒီ..အဲ.."
အချစ် ကားတံခါးကို ပြန်စေ့ပြီး ကိုဖိုးကောင်းဆီကို ပြန်ပြေး၍ သွားရသည်..။
"ဘာဖြစ်လို့လည်း ပန်းအချစ်ဦး."
"ဦးဒီက အိပ်ပျော်နေတယ်…ဖြည်းဖြည်း ဖွင့်နော်.."
"သြော်..အင်း…အကိုလည်း ပင်ပန်းနေမှာပဲ…"
"တကယ် လိုက်သတ်နေတာလား ဟင်.."
"အင်း..ကားနဲ့ တိုက်ပြေးတာတော့ တကယ်ပဲ…"
"အိုး…ဖမ်းလိုက်ပြီးရော.."
"မလွယ်ဘူးလေ.."
အချစ် ကားအနားကိုရောက်တော့ တံခါးကို ဖြည်းဖြည်း ဖွင့်ပြီး အသံမကြားအောင် ဖြည်းဖြည်းပဲ ပြန်ပိတ်လိုက်သည်..။
"ပြန်လာပြီလား.."
"ဟင်..နိုးသွားပြီ.."
အချစ် ဖော့ဘူး ကိုင်ထားတဲ့ လက်ကို မြှောက်လျက်သား ဖြင့် လှမ်းမေးတော့ ဦးဒီက က တစ်ချက်ပြုံးပြီး လက်ထဲက ဖော့ဘူးကို လှမ်းယူသည်..။
"ကြာသွားလား..အကို "
"မကြာပါဘူး..မင်းတို့ ထမင်းစားခဲ့လား.."
"ဟုတ်.."
"ဦးဒီက စားလိုက်လေ…ဒီမှာမနားရင် ဟိုကိစ္စ ဒီကိစ္စ ရှင်းချင်ရင်.."
"အဟွင်း..ယောင်္ကျားလေးပဲ.."
"ဟွင့်.."
အချစ် နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲက အချဉ်ပေါင်း ထုတ်ကို ဖောက်စားနေလိုက်တော့ ဦးဒီက က ထမင်းဘူးဖွင့်ပြီး စားနေပြီ…။
"စားကောင်းလား ဦးဒီက …အချစ် လည်း ဘာ၀ယ်ရမှန်း မသိလို့…ကြက်သား…"
"မင်းကြိုက်တာမလား.."
"အဟဲ…ဟုတ်တယ်…ဦးဒီက ဘာကြိုက်လည်း.."
"အ…အဟွတ်….ဟွတ်.."
"ဟာ…"
"ဟယ်…"
"အဟွတ်…..အဟွတ်…"
"ပေး…ဒီမှာ ရေသောက်လိုက်ဦး.."
"အဟမ်း.."
ထမင်းစားနေရင်း ဦင်္းဒီက ထသီးတော့ အချစ် ဖော့ဘူးကို ယူပြီး ဘေးမှာ ချခါ ကျောကုန်း ထုပေးရင်း ရေဘူးလည်း အမြန်ဖောက်ပေးရသည်..။
"ဟင်း.."
"ရပြီ…ဒီက..ကျောအောင့်နေပြီ.."
"အဲ..မေ့လို့.."
အချစ် လက်ကို ရပ်လိုက်ြ့ပီး ပြန်သပ်ပေးနေတော့ ဦးဒီက က လက်ထောင်ပြ၍ ရပ်ခိုင်းချိန် ကိုဖိုးကောင်းလည်း ကားထိုးရပ်ပေးရသည်..။
"အ…"
ဦးဒီက ကားတံခါး ဖွင့်ပြီး ဆင်းသွားတော့ အချစ်လည်း လိုက်သွားမိသည်..။
"ဟင်..ဦးဒီက…ဘာ..ဘာဖြစ်တာလည်းဟင်…ဘာဖြစ်တာလည်း.."
အချစ် မနားတမ်းမေးနေတာ ဦးဒီက က မဖြေနိုင်ပဲ ကိုဖိုးကောင်းက ကျောကိုဖိပေးရင်း…
"အကို အစားမရှိတော့ လေတွေခံနေပြီ ထင်တယ်…ပန်းအချစ်ဦး ရေဘူးပေးပါလား...."
"ဟုတ်.."
လမ်းမဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းဆိုက်နေတဲ့ ဦးဒီကကို စိတ်ပူ၍ အချစ် ရေဘူး ကိုင်ထားတဲ့ လက်တောင် ကတုန်ကယင် ဖြစ်နေရသည်..။
ကိုဖိုးကောင်းကတော့ ကျောကို ဖြည်းဖြည်းချင်း ဖိချပေးခါ ရေဘူး ပေးလိုက် တစ်ရှူး ပေးလိုက်ဖြင့် အလုပ်ရှုပ်နေသည်..။
"ဟင်း…ရပြီ…"
"ဦး…ဦးဒီက ဘာဖြစ်လို့လည်း ဟင်…ဘယ်လိုနေလို့လည်း.."
ဦးဒီက ရဲ့ လက်ကို ကိုင်ပြီး လှုပ်ရမ်းခါ မေးမိတော့ အချစ် ခေါင်းကို ပုတ်၍ ပြုံးပြခါ…
"စိတ်မပူပါနဲ့…ဖိုးကောင်း မန္တလေးမှာ မနားနဲ့တော့ အရောက်ပဲ မောင်း.."
"ဟုတ်ကဲ့.."
ကားပေါ်ရောက်ကတည်းက မျက်လုံးမှိတ် ကျောမှီအိပ်နေတဲ့ ဦးဒီက ကို ငေးရင်း အချစ်ငိုချင်သလိုလို ဖြစ်လာရသည်..။
ဦးဒီက သာ မတော်မဆ သေများသွားရင်…အိုး…မဖြစ်ပါစေနဲ့…
ကြောက်ဖို့ကောင်းလိုက်တာ…. ကြောက်ဖို့ကောင်းလိုက်တာ…။
ဦးဒီက ဘာဖြစ်မှန်း မသိပေမဲ့ အချစ် အနွေးထည်ကို ပြန်ချွတ်ခါ ဦးဒီက ကိုယ်ပေါ်ကို ခြုံပေးလိုက်ပြီး ထမင်းတလုတ်စာသာ အရာယွင်းသည့် ဖော့ဘူးလေးကို အိတ်ထဲ ပြန်ထည့်ထားလိုက်သည်..။
ညပိုင်းလည်း ထမင်းမစားတာကြာပြီ မနက်ကလည်း အချစ်ကို ညှာပြီး ဘာမှမစားထားတော့ တစ်ခုခု ဖြစ်နေပြီ ထင်ပါတယ်လေ..။
အချစ်သာ စကားနားထောင်ပြီး အိမ်မှာ ကျန်ခဲ့ရင် ဦးဒီကလည်း ဒီလို ဖြစ်မှာ မဟုတ်ပါဘူး..။
အခုတော့ အချစ်ကြောင့်…။
"အင်.."
"မထိနဲ့ ပန်းအချစ်ဦးး…"
အချစ် ပခုံးပေါ် မှီကျလာလို့ခေါင်းကို နေရာ ပြန်ချပေးဖို့ ပြင်နေချိန် ကိုဖိုးကောင်းက လှမ်းထားလို့ ရပ်လိုက်ရသည်..။
"နိုးသွားမှာ စိုးလို့.."
"အင်း.."
ဦးဒီက က အချစ်ပေါ်ကို မှီကျလာသည်မို့ မလှုပ်မယှက် ကျောက်ရုပ်ပုံစံ ငြိမ်နေရသည်..။
အချစ် ထက် အရပ်ပိုမြင့်တဲ့ ဦးဒီကကို ဒီတစ်ခါ ကျမှ ငုံ့ကြည့်ခွင့် ရတော့ အချစ် ပြုံးစေ့စေ့ ဖြင့် မျက်လုံးထောင့်ကပ်ခါ  ခိုးကြည့်နေမိသည်..။
အမွှေးအမျှင်တွေ က မျက်နှာပေါ်တစ်၀က်နီးပါး  ဖုံးကွယ် ထားပေမဲ့ မျက်ခုံးမထူမပါး နဲ့ မျက်လုံးက လိုက်ဖက်ပြီး လှသားပဲလေ..။
သေချာကြည့်တော့ မျက်တောင်တွေက စီတန်းထူသလို ဦးဒီက မျက်လုံးသာ ဖွင့်ထားရင် သူ့ မျက်အိမ်တွေကလည်း ညို့လဲ့လဲ့ ဖြစ်နေမှာပေါ့..။
အဲလို မျက်လုံး သိပ်မနက် ပဲ အညိုဘက်ကို သန်းနေတော့ စိတ်ဆိုးတဲ့ အခါ တခြားသူတွေထက် ပိုကြောက်ဖို့ ကောင်းတာလေ..။
အပေါ်နှုတ်ခမ်း အုပ်လုနီးပါး နှုတ်ခမ်းမွှေးတွေ ရှုပ်နေပေမဲ့ အောက်နှုတ်ခမ်းကျတော့ ပန်းရောင်သန်းနေသည်..။
လည်တိုင်ကလည်း အသားဖြူနုပြီး ကြည်လင်နေတာပဲ …ဟိုးအရင် အင်္ကျီ  လဲပေးတုန်းကဆို အသားဖြူဖြူ ရင်ဘတ် ကျယ်ကျယ်နဲ့ ရုပ်ရှင်မင်းသား လုပ်စားလို့ရသည်..။
ဦးဒီက သာ ဒီရုပ်ကြမ်းကြီးကို ဖယ်လိုက်ရင် တော်တော် ခန့်တဲ့သူ တစ်ယောက် ဖြစ်သွားမှာပါ…
အခုတော့ ….ဂွဒ်မဂျော့တော့ဘူး..။
.
"ဟင်..မန္တလေး ကျော်လာပြီလား.."
"ဟုတ်ကဲ့…"
ဒီပါ မျက်လုံးကို လက်ဖနောင့်နဲ့ ပွတ်လိုက်ပြီး ခေါင်းထောင်မိတော့မှ ဘေးက ရွှေခဲမလေးကို သတိရတော့သည်..။
"မှီအိပ်မိတာလား…ကောင်မလေး…ပခုံးနာနေပြီ ထင်တယ်.."
"ရပါတယ်…အချစ် မနာပါဘူး..ဦးဒီက ဗိုက်အောင့်သေးလား..တစ်ခုခု စားပါလားဟင်…"
"မစားချင်ဘူးဖြစ်နေတယ်…"
"ဦးဒီက ကြက်သားမကြိုက်တာ မသိလို့ပါ.."
"ြိကိုက်ပါတယ်…ဗိုက်ထဲမှာ နေသိပ်မကောင်းလို့ အစာအိမ်ကို အနားပေးလိုက်တာ…အစာအိမ် အားနည်းနေချိန် ခပ်ပျော့ပျော့ စားစရာတွေပဲ စားသင့်တယ်..မှတ်ထားဦး.."
"ဟုတ်.."
ခေါင်းကို လက်ညိုးထောက်ပြီး ပြောတော့ အရင်လို နှုတ်ခမ်းစူ မပစ်ပဲ ခေါင်းညိတ်၍ လိမ်မာပြနေတာကိုကတည်းက ထူးဆန်းနေပြီလေ..။
အတူနေတာကြာလာတော့ တစ်ခုခု အလိုရှိနေပြီဆိုတာ တန်းသိနေသည်..။
ရှပ်အကျီ င်္ အပွကြီး နဲ့ ခေါင်းကုတ်နေတဲ့ ကောင်မလေးကို ကြည့်ရင်း ဒီပါ ရယ်ချင်သွားသည်..။
မနေတက် ဖြစ်နေတဲ့ ပုံလေးကလည်း တကယ့် ကလေး တစ်ယောက်လိုပါပဲလား…။
"ဟေ့..ခေါင်းဘာလို့ ဒီလောက်ကုတ်နေတာလည်း.. သန်းရှိနေပြီထင်တယ်...."
"အာ…ဟုတ်ပါဘူး…အချစ် ဟာ့ အချစ် လက်ကျင့်ပါလို့…"
"မလုပ်နဲ့နော်..ခေါင်းကုတ်တိုင်း ဆံပင်ရဲ့ အမြစ်ကလေးတွေကို ထိခိုက်တယ်…"
"ဦးဒီက က ဆရာ၀န်ကြီးလား.."
"ကြည့်စမ်း..စကားပြောရင် နာခံမယ် မရှိဘူး..လူကြီးကို …"
"ဟွင့်…ကျန်းမာရေး ကိစ္စ သိတာ များလို့ ဆရာ၀န်လားလို့ မေးမိတာပါနော်.."
"စာအုပ်တွေထဲက သိတာပေါ့.."
"သြော်…ဟုတ်သားပဲ အချစ်တောင် ညက စာအုပ်ထဲမှာ ကြောင်တွေ အဲ…လူစီဖာ သေပြီ ဦး…"
"ဘာ…"
ဒီပါ မျက်လုံးပြူး၍ ဘာ လိုက်ချိန် ဖိုးကောင်းကလည်း ကားကို အရှိန်လျော့ ပစ်တော့ ပုခုံးနိမ့်ပြီး ခေါင်းငုံ့သွားတော့သည်..။
"မင်း..မင်း ဘာလုပ်လိုက်တာလည်း ပန်း အချစ်ဦး.."
"ဟို အခန်းထဲ မှာ ပိတ်ခဲ့မိလို့ပါ…အချစ် အခန်းတံခါး လော့ခ်ချပြီး နောက်ဘက်က ဆင်းလာတော့ သူ အခန်းထဲမှာကျန်ခဲ့တယ်လေ…"
"ဟူး…ဒါကို သေပြီလို့ ပြောစရာလား.."
လူစီဖာ့ရဲ့ အိပ်နေတဲ့ ပုံကို မြင်ယောင်ရင်း စိတ်လှုပ်ရှားနေတာတွေ အခုမှ လျော့ကျသွားခါ အသက်၀၀ ပြန်ရှုနိုင်ခွင့် ရတော့သည်..။
တော်ပါသေးရဲ့….လူစီဖာ့ကိုများ ပြောလိုက်တာ…ရင်တောင်တုန်သွားရသည်..။
"ဦးဒီက ကလည်း လူစီဖာ့ ကိုဆိုရင် အသက်ထွက်ပြီး လျှာပါထွက်နေတယ်.."
"ပြောပြန်ပြီ….ဟုတ်တယ်…လူစီဖာ့ ကို ချစ်လို့ လျှာပါထွက်တယ်…ဟုတ်ပြီလား.."
"ဟွင့်..ယောင်္ကျားကြီးဖြစ်ပြီး ရွဲ့လိုက်ရန်တွေ့လိုက်လုပ်နေတယ်.."
"ဟာ…တော်ပြီကွာ…ငြိမ်တော့…ဟိုကျရင် မင်းက ငါ့ ဝှီးချဲကို တွန်းရမယ် ကြားလား.."
"အွင်း.."
မျက်နှာက အလိုမကျစွာဖြင့် နှုတ်ခမ်းစူထားပေမဲ့ တာ၀န်ကျေ ခေါင်းညိတ်ပြတော့ ကျေးဇူးတင်ရသည်လေ..။
ဒီပါ စာရွက်စာတမ်းတွေကို ကြည့်ပြီး သက်ပြင်း တစ်ချက်ချခါ စိတ်ပူနေမိသည်..။
ကိုယ်တောင် ရင်မဆိုင်ရဲလို့ ကျိုးဟန်ဆောင်နေရတာ ဒီကောင်မလေးကို ပါ အန္တရယ်ပေးလာရင် ဘယ်လို လုပ်ရပါ့မလည်း…။
"စိတ်မပူပါနဲ့ …အချစ် စကားနားထောင်ပြီး လိမ်လိမ်မာမာ နေမှာပါ…"
"အဟွင်း.."
ဒီပါ့ သက်ပြင်း တစ်ချက်ကို အဓိပ္ပာယ်ဖော်ပြီး သူ့ဟာသူ ပြုပြင်လိုက်တော့ စိတ်ထဲ သဘောကျလို့ ခေါင်းကို ဖွဖွ လေး ပုတ်လိုက်မိသည်..။
"အခုနောက်ပိုင်း ပြင်ဦးလွင် လမ်းတွေ တော်တော် ကောင်းသွားတယ်…"
"ဟုတ်တယ် အကို..မနှစ်ကတောင် ဒီလောက် မကောင်းသေးဘူး.."
"ကောင်းမှာပေါ့…အချစ်တို့ ဆီက ပတ္တမြားတွေ ခင်းထားတာလေ…"
"ဟင်.."
"ဟောဗျာ…"
မိရွှေခဲတို့ ထပြီးပြောလိုက်သမျှ ဘာစကားတွေမှန်းကို မသိလို့ ဒီပါ မျက်မှုန်ကြုတ်လိုက်တော့ မိရွှေခဲကလည်း မျက်နှာကို ဟန်ပါပါ မဲ့သေးသည်..။
"ဦးဒီက က အချစ်ပြောတာ မယုံဘူးလား.."
"အင်းလေ…ပတ္တမြားခင်းတယ်ဆိုတာ ဘယ်လို အဓိပ္ပာယ် ရှိမလည်းကွာ.."
"ဒီလမ်းကို ဘယ်သူခင်းပေးတာလည်း.."
"အစိုးရပေါ့…"
"အစိုးရက ဘယ်က ပိုက်ဆံရလည်း…"
"ဟော…မင်းဟာက.."
"အခွန်တွေကနေ ရနေတာလေ.."
"မဟုတ်သေးဘူးလေ…"
"ဟုတ်တယ်…အချစ် ပြောတာ ဆုံးအောင်နားထောင်ကြည့်ကြည့်…အချစ်တို့ မိုးကုတ်က ပတ္တမြားတွေ ထွက်တာ ကြာကြာလှပြီ…အစိုးရလည်း အခွန်တွေ ရတယ်…ကုမ္ပဏီ ကြီးတွေလည်း ကြီးပွားနေတယ်…ဒါပေမဲ့ အချစ်တို့ မြို့မှာ ကလေးကစားကွင်းကောင်းကောင်းတောင် မရှိဘူး…အပန်းဖြေဖို့ နေရာကောင်းကောင်းလည်း မရှိဘူး…လမ်းဆိုလည်း ကြည့်ဦး…လှလှပပ ကို မရှိဘူး…သိန်းရာထောင်ချီတဲ့ ကျောက်တွေ ရောင်းတဲ့ စျေးတန်းကို ကြည့်ဦးမလား…ရန်ကုန် အသားစျေးငါးစျေးလောက်တောင် နေရာ ထိုင်ခင်းမရှိဘူး…ဒါတောင် အချစ်တို့က စိတ်ဓာတ်ကိုယ်ကျင့်တရားကောင်းလို့ ခိုးဆိုးလုနှိုက်မရှိတာလေ… ကျောက်မြတ်ရတနာ ကျောက်မြတ်ရတနာလို့ အော်နေတဲ့ ပစ္စည်းတွေကို ခုံလေး တစ်လုံးပေါ်တင် စုဝိုင်းထိုင်ကြည့် ထီးလေးတွေ မိုး ပြီး  အရောင်းအဝယ်လုပ်နေရတဲ့ ကျောက်ထွက်တဲ့ မြို့လေ…ရန်ကုန်လို နေရာမျိုးမှာမှ ကန်စွန်းရွက်က စျေးခုံမြင့်မြင့်ပေါ်မှာနေရသေးတယ်…အချစ်တို့ ဆီက ကျောက်တွေက ပိုအဆင့်နိမ့်နေတယ်လေ…"
ဒီပါ့ကို မျက်နှာချင်းဆိုင်ပြီး စွာစွာလောင်လောင် ပြောနေတော့  ဘာပြန်ပြောရမယ် မသိဖြစ်နေခါ..
"အဲလိုက.."
"နေပါဦးဆိုနေ….ပတ္တမြားမြေက ရတဲ့ ရတနာ တန်ဖိုးတွေက ပတ္တမြား မြေအတွက် ပြန်သုံးနေတာမှ မဟုတ်တာ…အစိုးရက တစ်နိုင်ငံလုံး လမ်းခင်း တံတားတွေ ဆောက်ပေးတယ်ဆိုတာ ဒါပဲလေ…အချစ်တို့ဆီက မတရားယူထားတာတွေ…"
"ဟာ..ဒီကောင်မလေး…"
ဒီပါ ပျာပျာသလဲ ဟန့်တားလိုက်တော့ နှုတ်ခမ်းစူပြီး နောက်ကိုမှီပစ်ခါ လက်ပိုက်၍ တောင်တွေက်ို လိုက်ငေးနေသည်..။
"ဦးဒီက ကြည့်ကြည့်…အဲတောင်တွေကို ခွဲနေတာ ကျောက်ခဲယူဖို့ အတွက်လေ…"
"အင်း.."
"အချစ်တို့ဆီက တောင်တွေကို ခွဲကြည့်ရင် တစ်ကမ္ဘာလုံး လိုချင်တဲ့ ပတ္တမြားထွက်တယ်…ဒါပေမဲ့ အချစ်တို့ အရပ်ဒေသက လမ်းတွေ က  ဒီကျောက်ခဲ ထွက်တဲ့ နေရာတွေလောက်တောင် တိုးတက်မှု မရှိဘူး…"
"တဖြည်းဖြည်းတော့…"
"မဖြည်းဘူး..မိုးကုတ်ပြည်သူတွေက ဟိုးသမိုင်းကြောင်းမှာကတည်းက သစ္စာရှိပေမဲ့ မင်းပြစ်ဒဏ်သင့်ခဲ့ရတယ်…ဦးငမောက်က ပတ္တမြားတစ်လုံးရတာကို တစ်ခြမ်းခွဲပြီး ဘုရင်ကိုဆက်တယ်…တစ်ခြမ်းကို တရုတ်ပြည် ကိုရောင်းလိုက်တယ်..ရောင်းလိုက်တဲ့ တစ်ခြမ်းကို တရုတ်ဘက် ကနေ လက်ဆောင်ပြန်ရတော့ ဘုရင်က ဆက်ကြည့်ပြီး တစ်ခြမ်းထဲ ပေးရမလားလို့ ဒေါသထွက်လို့ တစ်မျိုးလုံးကို သတ်ပစ်တယ်လေ…တစ်ခြမ်းပေးလို့ သတ်တယ်တဲ့လေ…ပြည်သူတွေ စားစရာမရှိလို့ ရောင်းစားတာကျတော့ ဘုရင်အမိန့်မနာခံမှုတဲ့လေ…တကယ်ဆို ပေးဖို့ကို မကောင်းတာ…အဲအတိုင်းပဲ အခုလည်း….ဖက်စပ်တွေ ရှိတယ်..ကုမ္ပဏီကြီးတွေရှိတယ်.. လာလုပ်ကြတယ်…မြို့သူမြို့သားတွေ ဘာမှလည်း မပြောဘူး မတောင်းဆိုဘူး…ကိုယ့်အိမ်မှာ တွင်းတူးချင်တိုင်း တူးလို့လည်း မရဘူး…ဒါလည်း အားလုံး ငြိမ်ခံနေကြတာပဲ…ဦးဒီက မိုးကုတ်မှာ ပေါက်ပြားပေါက်ရင်း ကျောက်တစ်ပွင့် ရခဲ့ရင် ပိုင်မယ် ထင်သလား မပိုင်ပါဘူးတဲ့ရှင်…နိုင်ငံတော် ပိုင်ရှင့်…ပတ္တမြားမြေက နိုင်ငံတော်ပိုင်ဆိုရင် နိုင်ငံတော်ကကော ပတ္တမြားမြေ အတွက် ဘာပြန်လုပ်ပေးထားလည်း..အချစ်တော့ မြေနီနီ နဲ့ တွင်းကြီးတွင်းငယ်  ကြွက်တွင်းတွေပဲ ကျန်ခဲ့တယ်လို့ မြင်တယ်..အရက်ဆိုင်တွေ မူးယစ်ဆေးဝါးတွေ ပိုများလာတယ်..လူတွေ စီးပွားရေးပိုကြပ်တည်းလာတယ်…ပတ္တမြားမြေဆိုတာက နွံနစ်သလို ဖြစ်လာပြီး အရောင်သိပ်မထွက်ချင်တော့ဘူး…."
"ဟင်း…မင်းက မကျေနပ်ချက်တွေ များလိုက်တာ ပန်းအချစ်ဦးရယ်…ဆွေမျိုး တွေကို မကျေနပ်ရာက အခု အစိုးရဘက်ကို လှည့်သွားပြန်ပြီ.."
ဒီက ဘာမှလည်း မပြောရပါပဲ သူကချည်း စွာလောင်နေတော့ ရင်မောစွာဖြင့် ပြေရာပြေကြောင်း ပြောပြရတော့သည်..။
"အချစ်ပြောတာ မဟုတ်လို့လား..ဒီလမ်းသစ်ကြီးတွေက ပတ္တမြားခင်းထားတာပါဆို…ဦးဒီကတို့ ရန်ကုန်မှာ ဆောက်ထားတဲ့ ပြည့်သူ့ အပန်းဖြေ ဘာညာတို့ လမ်းမကြီးတွေတို့ ကုန်းတံတားကြီးတွေတို့ ဘာဘာ ညာညာ တွေ အားလုံးမှာ အချစ်တို့ မြို့သားတွေရဲ့ အသက်တွေ သွေးတွေ ချွေးတွေ နဲ့ရတဲ့ အနီရောင်သယံဇာတ တွေ မကင်းပါဘူး…ပါကို ပါနေတယ်…"
"ရန်ကုန်က စီးပွားရေးမြို့တော်ဆိုတော့…"
"စီးပွားရေး မြို့တော်ဆိုရင် ကိုယ့်မြို့က ထွက်တာ ကိုယ်ရောင်ြး့ပီး မြို့ဆောက်ရင် မိုးကုတ်က ကျောက်ြမတ် ရတနာမြို့တော် ဖြစ်တယ် သိရဲ့လား…ဦးဒီက တို့ ရန်ကုန်က ဘာထွက်လည်း…ဘူးသီးကြော်ပဲ ထွက်တယ်.."
'ဘာ…"
"ဟား..ဟား…ဟား…"
တစ်ချိန်လုံး ငြိမ်နေတဲ့ ဖိုးကောင်းက ဝါးလုံးကွဲ ထအော်ရယ်တော့ ဒီပါတောင် ပြောရခက် ဆိုရခက် သွားတော့သည်.။
ပေါက်ပေါက်ရှာရှာ ပြောလည်း ပြောတက်တယ် မိရွှေခဲမ….။
သူ့လိုမျိုး ခပ်စွာစွာ နဲ့ အချက်ကျကျ စကားနိုင်လုပြီး  ပြန်မပြောနိုင်တဲ့ အခါ ဒီပါ့မှာ ပါးစပ် တပြင်ပြင်သာ ဖြစ်နေရသည်..။
"မင်း…မင်း..တော်တေ်ာ ရန်စွာနေပါလားဟမ်…ငါ့ကို ရန်တွေ့နေရအောင် ငါ မိုးကုတ်တောင် မရောက်ဖူးဘူး…ပြည်သူ့ ဘဏ္ဍာထိန်းလည်း မဟုတ်ဘူး…"
"သိပါတယ်…အချစ်က လမ်းကိစ္စကို ပြောတာပါ.."
"အောင်မလေး…ဦးဒီကတို့မြို့…ဦးဒီကတို့ ရန်ကုန် ဆိုတာ မင်း လက်ညိုးက ငါ့မျက်လုံးထိုးမိတော့မယ်လေ…"
"ဟွင့် မထိမိပါဘူး…အဲလိုပဲ ရန်ကုန်သားတွေ ပိုကိုပိုတယ်…သူများပစ္စည်းတွေနဲ့ ကောင်းစားနေတာလေ…"
"ဟ…"
"ဟိ..ဟီး…ဘူးသီးကြော်ထွက်တဲ့မြို့တဲ့…ဟိဟား..ဟား.."
နယ်ကတက်လာတဲ့ ဖိုးကောင်းကလည်း ရန်ကုန်ကို ဘယ်တုန်းကတည်းက အမြင်မကြည်မလင် ဖြစ်နေလည်း မသိ….ပြောစရာတစ်ခု ရသလို ပါးစပ်ကရွတ်လိုက် ရယ်လိုက်….။
ဒီပါ့မှာသာ ဘာမှလည်း မသိ ဘာမှလည်း မပြောရပါပဲ ရန်တွေ့ခံနေရတာ အောင့်သပ်သပ် ဖြစ်မိသည်..။
နိုင်ငံတော်ကို မကျေနပ်တာ ဘေးက လူကိုချည်း ဘုဆပ်ဆပ် ရန်တွေ့နေတော့ မျက်စိ ဘေးမှာရှိတဲ့ သဘာ၀ တောင်တန်းကြီးတွေကိုသာ ငေးနေမိသည်..။
"ဦးဒီက ဦးဒီက ပြင်ဦးလွင်ရောက်တော့မယ်နော်.."
"စကားလာမပြောနဲ့..ငါက ရန်ကုန်သား.."
"အိုး…ဟွင့် မပြောနေပေါ့…ကိုဖိုးကောင်း ဘယ်မြို့ကလည်း.."
"ကျွန်တော် ပန်းတနော်သားပါခင်ဗျ…ဆန်စပါးနဲ့ ငပိငါးခြောက်လည်း ထွက်ပါတယ်…ပန်းတနော် သင်ဖျာက နိုင်ငံခြားကိုတောင် ပို့နေရပါပြီ…"
"အဟိ…အချစ်က ဒီတိုင်းပြောလိုက်တာကိုပဲ…မုတ်လို့လား..ရုပ်ရှင်ထဲမှာဆို  သူငယ်ချင်းတွေစုပြီး ဘူးသီးကြော်ပဲ ထိုင်စားနေကြတာလေ….ဟာ လှလိုက်တာ…"
အချစ် ကားမှန်ကို မျက်နှာကပ်ပြီး အပြင်ကို ကြည့်လိုက်တော့ ပန်းခင်းတွေနဲ့ ပုံဖော်ထားတဲ့ မြို့အ၀င်လေးကို တွေ့နေရပြီ..။
ပထမတစ်ခေါက်လာတုန်းက သူများတွေနဲ့ ကပ်လိုက်လာတာ ထိုင်စရာမရှိလို့ ခပ်ကျုံ့ကျုံ့ထိုင်ရင်း ခြေထောက်တွေ ထုံကျဉ်ယောင်အမ်းခဲ့ရတာလေ..။
အဲတုန်းကလည်း ဒီပန်းခင်းကြီးကို မြင်တော့ အမောပြေသွားခဲ့ရသည်..။
"စစ်တက္ကသိုလ်က ရှေ့က ပန်းတွေ လှလိုက်တာ.."
"အဲဒါလည်း အနီတွေ စတေးထားတာပါ…"
"ဦးဒီက ကလည်း မိန်းမကျနေတာပဲ ရွဲ့စောင်းနေတယ်.."
"မင်းအရင် ရန်တွေ့တာလေ.."
"ထားလိုက်တော့ ဦးဒီကနဲ့ ကပ်လိုက်လာရတော့လည်း ဦးဒီက အမှန်ပဲပေါ့လေ.."
အချစ် မျက်နှာငယ်ဖြင့် ဟန်ဆောင်ပြောပြီး လမ်းမ ဘက်ကို ငေးနေရင်း ဟိုအရင်က မသွားခဲ့ရသည့် တရုတ်ဘုံကျောင်းကို သွားကြည့် ချင်လာသည်..။
စိတ်ဆိုးနေလို့ မဖြစ်ပါဘူး…စိတ်တိုလို့  အနားကလူ လက်ညိုးထိုး ရန်တွေ့မိတာ တကယ်တော့ ဦးဒီက မှားတာမှ မဟုတ်တာပဲ…. ပြန်ချော့ထားမှ တော်ရာကျမယ်..။
အချစ်  မျက်နှာကို အတက်နိုင်ဆုံး ပြုံး၍ ဦးဒီက ထိုင်နေတဲ့ ဘက် အလယ်ခုံလေးကို ခပ်ဖြည်းဖြည်း တိုးကပ်သွားလိုက်သည်..။
"အဟွင်း…ဟဲ.."
"မင်း အပြုံးတုတွေကို အရင်ပြင်…"
"ဟွင့်…ဦးဒီက အချစ်လေ..ဘုံကျောင်းသွားကြည့်ချင်လို့.."
'လျှောက်လည်ဖို့ လာတာ မဟုတ်ဘူးလို့ ပြောထားတယ်လေ…"
"အချစ်တစ်ယောက်တည်း သွားမယ်လေ…နော်..နော်လို့..နော်…လုပ်ပါ…အချစ်သွားချင်လို့ပါ..နော်…နော်..နော်လို့.."
'မနော်ဘူး…ငြိမ်ြိငိမ်နေစမ်းပါ ရွှေခဲရာ…ဒီက အဖြစ်အကြောင်းတွေကို ပြောပြထားပြီးပြီလေ…"
အချစ် နှုတ်ခမ်းစူပြီး ကိုင်လှုပ်နေမိတဲ့ လက်မောင်းကို ပစ်ချခါ ကားတံခါးနားကို ကပ်ပြီး ပြန်ထိုင်နေလိုက်တော့သည်..။
"ဟွင့်…နေမထွက်ခင်က လာတာ..အခု ကားပေါ်မှာတင် နေတောင် ၀င်သွားပြီ.."
"ဟုတ်တယ်…မနက်ဖြန် နေ၀င်တာနဲ့ ပြန်ထွက်ရဦးမယ် ပန်းအချစ်ရေ.."
ကိုဖိုးကောင်း စကားကြောင့် အချစ်မျက်လုံးပြူး၍ ဘေးက လူကြီးကို လှည့်ကြည့်တော့ မသိချင်ယောင်ဆောင်နေသည်လေ..။
ဟွန့်ရမလား..ဒီလောက် ဒုက္ခခံပြီး လိုက်လာရတာ တန်အောင်လည်ပြီးမှကို ပြန်ရအောင် ကြံပြမယ်..။
ပန်းအချစ်ဦးတို့ လိုချင်ပြီဆိုရင် ဘယ်ပြေးလွတ်မှာလည်း..မနက်ဖြန်မှ တွေ့မယ် ဘုံကျောင်းလှလှလေးရေ..။
အချစ် ကားမှန်တစ်ဆင့်ခံကြည့်ရင်း လက်ပြ တာ့တာ့ လုပ်နေမိသည်..။
.
"ပန်းအချစ်ဦး..လာလေ.."
"ဟင်..ဟုတ်.."
အချစ်ပြေးပြီး ဝှီးချဲကို တွန်းပေးလိုက်တော့မှ ကိုဖိုးကောင်းက လည်း ဟိုတယ်ထဲကို လျှောက်၀င်သွားတော့သည်..။
"ဟိုတယ်ကြီးကလည်း ကောင်းလိုက်တာ…"
"တိတ်တိတ်နေပါ ပန်းအချစ်ဦးရယ်.."
"ဦးဒီက ကလည်း ဘာကြောက်နေမှန်းကို မသိဘူး.."
အချစ် ခပ်တိုးတိုးပြောပြီး ကိုဖိုးကောင်းတံခါးဖွင့်ပေးတဲ့ အခန်းထဲကို ရောက်တော့မှ ဦးဒီက က သက်ပြင်းချတော့သည်..။
"ပန်းအချစ်ဦး.."
"ဟင်…"
"မင်းကို မှာထားမယ်..သေချာ နားထောင်….အခုက စပြီး လုံး၀လုံး၀ အပြင်မထွက်ပါနဲ့…ကြားလား.."
"ဟင် လည်ဖို့.."
'လုံး၀ မထွက်ရဘူး..နောက်မှ လည်ဖို့သပ်သပ် ခေါ်လာမယ်..အခုစကားနားထောင်နော်…"
"အင်း.."
"ကတိပေးလား.."
"မထွက်ပါဘူးဆို.."
"…..."
အချစ် ခဲလေသမျှ အရည်ပျော်ကုန်တော့ ခုတင်ပေါ် ၀မ်းလျားမှောက် ပစ်ချလိုက်ပြီး မျက်နှာအပ်ခါ ငိုချင်လာတော့သည်..။
လျှောက်လည်ချင်လို့ ဒုက္ခတွေ ခံပြီး လိုက်လာတာကို ဦးဒီက က အမိန့်ထုတ်ပြီး ချုပ်လိုက်ပြီလေ…။
"အကို…အဲ.."
ကိုဖိုးကောင်း အသံကြားတော့မှ အချစ် ကပျာကယာ ကုန်းထလိုက်ပြီး ဆွဲဖွထားတဲ့ ဆံပင်တွေကို လက်နဲ့ သပ်လိုက်ရသည်..။
"အစားအသောက်တွေ နှစ်ယောက်စာ ပြင်ခဲ့လိုက်တယ် …ဦးအောင်သူကတော့ ရောက်နေပြီ ထင်တယ်.."
"အင်း…နှစ်ရက်ကြိုရောက်နေတာလေ…."
"အကို့ ထွက်တွေ့လို့ ဖြစ်ပါ့မလား.."
"အန်ကယ်စိုး လာလို့ အချိန်မှီရင်တော့ မထွက်တော့ဘူးလေ…"
"ဟိုတယ် နှစ်ပတ်လည်ပွဲကို ရှယ်ယာရှင်တွေကိုတောင် မဖိတ်တာ ဒီလူ အံသြဖို့ကောင်းတယ်.."
"ရှယ်ယာရှင် အချင်းချင်း စိတ်၀မ်းကွဲ အောင်လုပ်နေတာလေ…မာန ကို ထိခိုက်လာရင် ဘယ်လောက်ပဲ ငွေ၀င်၀င် စွန့်ပစ်ချင်လာမှာပဲ …အဲတော့ မှ သူ့ အကွက်ထဲ ၀င်မှာပေါ့…အန်ကယ်စိုး ဖုန်း၀င်လာရင် ချက်ချင်း လာပြောပါ…"
"ဟုတ်ကဲ့…ဒါဆို ကျွန်တော် တစ်ဖက် အခန်းမှာ ရှိနေပါမယ်.."
ကိုဖိုးကောင်း ထွက်သွားတော့ အချစ် စားပွဲပေါ်က အစားအသောက်တွေဆီ အာရုံရောက်သွားခါ  အနားကို ပြေးသွားမိသည်..။
"ဦးဒီက စားမယ်နော်.."
"အင်း..ဖြည်းဖြည်း စားဦး..မစားခင်ရေသောက်ဦး…နေပါဦး...ခြေလက်တောင် မဆေးတော့ဘူးလား.."
"သိတယ်..သိတယ်..ဆူမယ်ဆိုတာချည်းပဲ …မစားတော့ဘူး.."
"ဟာ.."
အချစ် ခြေဆောင့်နင်းပြီး ရေချိုးခန်းထဲ ၀င်သွားခါ မျက်နှာကို ကောင်းကောင်း ဖိသစ်လိုက်၍ ခြေလက်ဆေးခါ ထိုင်နေမိသည်..။
ဒီလူကြီးနဲ့ လိုက်လာမှတော့ အပြောအဆို ခံပြီး စားရသောက်ရတော့မှာပေါ့လေ…။
အချစ်မှာ မျက်နှာလို မျက်နှာရဖြင့် အမြဲဖားနေရတဲ့ ဘ၀ကို မုန်းတီးလာပါပြီ…။
အစကတော့ ကိုကို နဲ့ မခွဲနိုင်လို့  နောက်တော့ အပြစ်လုပ်ထားလို့.. ပြီးတော့ အိမ်ကောင်းကောင်းက မပြန်ချင်တော့လို့ အကြောင်းပြချက် တစ်ဆင့်ချင်းစီကြောင့်သာ သည်းခံနေရတာလေ…။
"ကောင်မလေး.."
"….."
"ပန်းအချစ်ဦး.."
"….."
"မင်းအတွက်ပြောတာပါ…အကြာကြီး ကားစီးလာရလို့ လန်းသွားအောင်လို့ပါ…ထွက်လာခဲ့လေ.."
"……"
"ရွှေခဲ…"
"……"
"ဟာ…တံခါးဖွင့် ၀င်လာရမလား ပြော."
"….."
အချစ် မျက်နှာ စူပုတ်ပုတ်ဖြင့် ရေချိုးခန်းတံခါး ဖွင့်ခါ ထွက်လာချိန် ဦးဒီက က သော့ယူနေပြီလေ…။
"ဟင်း..ဆောရီး…ဆောရီး..လာထိုင်…စားကြမယ်.."
အချစ်ပခုံးကို ကိုင်ပြီး ခုံမှာ ထိုင်ခိုင်းနေပေမဲ့ လွဲပစ်လိုက်ခါ စားပွဲကို ကျောခိုင်းပစ်လိုက်သည်..။
"မစားတော့ဘူး..အိပ်တော့မယ်…"
"ဟာ ဖြစ်မလား….လာပါ…ဒီက ဗိုက်ဆာနေပြီ.."
"အချစ် မဆာဘူး.."
"မင်းကို မစားစေချင်လို့ ပြောတာ မဟုတ်ဘူး…မင်း အတွက် ပြောတာပါ.."
"အချစ်သိပါတယ်..ဦးဒီက နေကောင်းတာမဟုတ်ဘူး…စားပါတော့…"
"မင်း မစားပဲ ငါဘယ်လို မြိုကျမလည်း…"
"ဦးဒီက နဲ့ အချစ် ဘာဆက်နေလို့လည်း..ကိုယ့်လည်ပင်းနဲ့ ကိုယ်မြိုချတာပဲ.."
"အဟွင်း…မင်း နဲ့ ငါ က လင်မယားတွေလေ…"
"အိုး…အဲဒါ မကြားချင်ဘူး.."
"မကြားချင်ရင် လာ ထမင်းစားတော့…မစားရင် အတင်းဖက်ပြီး ခွံကျွေးရလိမ့်မယ်.."
ဦးဒီက ပြုံးစေ့စေ့ ဖြင့် ပြောတာကြောင့် အချစ် မကြောက်ပေမဲ့ ထမင်းဝိုင်း ထိုင်ခွင့် ရသွားပြီမို့ ၀င်ထိုင်ခါ ဇွန်းခက်ရင်း ကောက်ကိုင်လိုက်သည်..။
"မင်းကြိုက်တဲ့ ကြက်သား စား.."
"ဦးဒီက က ဘာစားမှာလည်း.."
"ဒီမှာလေ.."
ကြေးအိုး ပုံစံ ပန်းကန်ကို ဆွဲယူပြီး ဇွန်းနဲ့ မွှေပြတော့မှ အချစ် စိတ်ထဲ အားနာသလို ဖြစ်သွားမိသည်..။
နေမကောင်းတဲ့ လူက စားဖို့ သောက်ဖို့ စောင့်နေရတာ မဟုတ်သေးပါဘူး..။
နောက်ဆို ဦးဒီက ရဲ့ အခြေအနေ ကြည့်ပြီး စိတ်ဆိုးရမယ်လို့ စိတ်ထဲ မှတ်ထားလိုက်မိသည်..။
"အင့်…"
"ရပါတယ်…ဦးဒီက စားပါ…မနက်ကတည်းက ဘာမှ မစားခဲ့ရဘူးလေ.."
"အဟွင်း…အခုကျတော့ လူကြီးမ ဖြစ်သွားပြန်ပြီ.."
"အချစ်က လူကြီးပါ.."
"ဟုတ်ပါပြီ…"
ဦးဒီက က ပြုံးရင်း  ဇွန်းနဲ့ ခပ်သောက်နေတာကို အချစ် ငေးပြီး ကြည့်နေမိပြန်သည်..။
ဘာလို့များ မရယ်တက်တာလည်း မသိပါဘူး…ပြုံးပြီး လူတွေကို ဆွဲဆောင်နေတာလား..။
ဦးဒီက ရုပ်ကြမ်းကြီးနဲ့ ပြုံးတော့ ဘယ်လိုလှမလည်း..။
အမေ ညီအစ်မက မွေးထားတဲ့ ကိုရူပါ နဲ့ ဆို ၀မ်းကွဲ ညီအစ်ကိုဆိုတော့…ဦးဒီက ငယ်ငယ်တုန်းက ဘယ်လို ပုံမျိုးပါလိမ့်…။
"ဟွင့်.."
"အယ်..အဟဲ..ဟဲ…စားကောင်းလား…အထဲက ကြက်ဥ…"
အချစ် သတိလက်လွတ်ငေးနေမိတာ ဦးဒီက က ပြန်ကြည့်ချိန်နဲ့ တိုးသွားလို့ ဟန်ဆောင်ပြီး ပန်းကန်ကို ထိုးပြရသည်..။
ဦးဒီက က တစ်ချက်ပြုံးပြီး ကြက်ဥကို ခပ်ခါ အချစ် ပန်းကန် လှမ်းထည့်ပေးသည်..။
ပန်းအချစ်ဦးတို့ ဟန်ဆောင်မိခါမှ လူမမာ ဆီက လုစားတောင်းစားသလို ဖြစ်နေပါပြီ….ဟင်း…။
.
"ဟင် အိပ်တော့မလို့လား.."
"ဟုတ်…"
အချစ် ထမင်းစားပြီး ပန်းကန်တွေကို အခန်းပြင် ပြန်ထုတ်ပေးခါ တီဗွီ ထိုင်ကြည့် နေတာ ကြာတော့ မျက်လုံးစင်းလာတော့သည်..။
ဆိုဖာက ထလာပြီး ကုတင်ပေါ် လှဲအိပ်လိုက်တော့ ဦးဒီက က စောင်ဖြန့်ခြုံပေးခါ နဖူးကို စမ်းကြည့်ပြန်သည်..။
"နေကောင်းရဲ့လား..ရွှေခဲ.."
"ဟုတ်.."
"အိပ်ရေးပျက်ထားလို့ ဖြစ်မယ်..မချမ်းဘူးမလား.."
"အင်း…အဲကွန်းဖွင့်နော် ဦးဒီက.."
'အေးတယ်လေ.."
"ပူနေပါပြီ.."
"အင်း..အင်း…ဒီက အိပ်ခါနီး ဖွင့်လိုက်မယ် အိပ်တော့.."
ဦးဒီက က စာရွက်တွေနဲ့ အလုပ်ရှုပ်နေတာကို အချစ်ငေးကြည့်နေရင်း မျက်လုံးတွေ မှိတ်ချလိုက်သည်..။
"ဟဲ့….အချစ်…ဘာလို့ အိပ်နေတာလည်း.."
"ဟင်…အချစ် နေမကောင်းဘူး ဒေါ်လေး…"
"သွား..မုန်လာပန်း သွားပို့ရမယ်..."
"တကယ်ဖျားနေတာပါ.."
"နင် ဖျားနေတာ တစ်ပတ်ကို ခြောက်ရက်လောက်ရှိပြီလေ…သွား..သွား..နောက်ကျနေပြီ.."
"မဟုတ်ဘူး…တကယ် ခေါင်းတွေမူးနေတယ်.."
"ဒေါက်.."
"အား.."
"ကောင်းသွားပြီလား.."
အချစ် ခေါင်းမူးနေတဲ့ကြားထဲက ခေါင်းခေါက် ခံလိုက်ရတော့ ပိုပြီး မူးနှောက်သွားပေမဲ့ အဒေါ် မယုံဘူးဆိုတာ သိလို့ အိပ်ယာထဲက ထလာခဲ့လိုက်ရသည်..။
နေမကောင်းတာတောင် အိပ်ယာထဲ လှဲနေခွင့် မရတဲ့ ဘ၀မှာ ဆိုင်ကယ်နောက်ကို ခြင်းတောင်းတင် ၍ ဆိုင်ကယ် ကို သတိထား မောင်းခါ ထွက်လာခဲ့ရသည်..။

မုန်းပါနဲ့ဦးWhere stories live. Discover now