Part 31

2.6K 117 0
                                    

မုန်းပါနဲ့ဦး
အပိုင်း (၃၁)
#မုန်းပါနဲ့ဦး

"ရွှေခဲ…"
"ဟင်…"
"လာဦး.."
"ဟုတ်…"
ဒီပါ့ စာဖတ်ခန်းရှေ့မှာ ခေါက်တုန့် ခေါက်ပြန်လျှောက်ရင်း ချောင်းနေတော့ ခေါ်လိုက်ရတော့သည်..။
သင်တန်းမှာ ထူးချွန်ဆုရထားတာ သိလို့ ဘယ်လို ဂုဏ်ပြုပေးရင် ကောင်းမလည်း စဉ်းစားရတာလည်း..ခေါင်းပူနေပါပြီ..။
"လာ…"
ဒီပါ ခေါ်လိုက်မိတော့ ပေါင်ပေါ်က လူစီ့ဖာကို တွန်းချပြီး သူက တက်ထိုင်နေရာလုတော့သည်..။
ကလေးဆိုးမလေးရဲ့  ခေါင်းကို ဖွဖွ ဖိပြီး ဆံပင်နုလေးတွေကို ခိုးပြီး နမ်းလိုက်မိသည်..။
ဆံပင်တိုတာကြောင့်များလား....နေ့တိုင်း ခေါင်းပါထည့်လျှော်နေတော့ သူ့ဆံပင် အိအိလေးတွေက ခေါင်းလျှော်ရည် အနံ့ အမြဲသင်းနေတက်သည်.။
နီးကပ်လွန်းလို့ မော့ကြည့်လိုက်ရင် သွေးကြော မျှင်လေးတွေ အစ မြင်ရသည့် ပါးနုနုလေးကို နမ်းရှိုက်ချင်ပေမဲ့ သည်းခံ မြိုသိပ်ရတာ များလာတော့ ဘယ်အချိန်များ ပေါက်ကွဲထွက်ကုန်မလည်း မသိ..။
"ဘေးမှာထိုင်ပါလားကွာ…မင်းက ကလေးလား.."
"အွင်း.."
"ဆယ်ရှစ်နှစ်က ကလေးပေါ့.."
"ဟိ..မဟုတ်ဘူး…အချစ်လေ..ထူးဆန်းနေတယ်..အရင်က အရာအားလုံးကို ကြမ်းကြမ်းတမ်းတမ်းပဲ…
အခုကျတော့ တစ်မျိုး ဖြစ်နေတယ်…အချစ်အပေါ် မှာ အရမ်းကောင်းပြီး  အလိုလိုက်တာဆို အဖေ ပြီး ရင် ဦးပဲ သိလား…အဲဒါကြောင့် ငယ်ငယ်တုန်းက အဖေ့ပေါင်ပေါ်မှာ ထိုင်ခဲ့ရသလို ဦးပေါ်မှာ ထိုင်ချင်တယ်..တစ်ခါတလေ…အဖေ့ကို ကျောပိုးသလို ဦးကိုလည်း ပိုးကြည့်ချင်တယ်…"
"ဟင်…"
"ဦးကလည်း..မျက်လုံးကြီး ထွက်သွားဦးမယ်.."
မျက်လုံးမပြူးခံနိုင်မလား…သူ့ကို ကျောပိုးရမှာလေ…ကြားလိုက်တာတောင် အဆင်မပြေလို့ မျက်လုံးပြူးမိတာ မှားသလား..။
ဒါပေမဲ့ အရွယ်ငယ်ငယ်လေးဖြင့်
မိဘဆီက အကြင်နာအယုယ မခံရတာ ကြာပြီမို့ တောင့်တ နေတာ နားလည်ပါသည်..။
ဒီပါ ပြုံးရင်း နဖူးက ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ခါ ပါးလေးကိုတော့ အခွင့်အရေးရတုန်း တို့ထိကြည့်မိသည်.။
"ဒါ…ဦး၀ယ်လာတာလား.."
"အင်း…ကြိုက်လား.."
လက်ထဲက ချောကလက်ဝေဖာချောင်းကို ကိုက်ပြီး ပြောတော့ ပါးစပ်မှာ ပေကုန်တာတွေကို သုတ်ပေးရင်း မေးလိုက်ချိန် ခေါင်းညိတ်ရုံ အဖြေပေးပြီး ပါးစပ်ထဲ အကုန်ထည့်စားလိုက်သည်..။
လက်ကို ရိုက်ခါနေတော့ မျက်ခုံးတွန့်မိပေမဲ့ ဘေးက တစ်ရှူးယူခါ ကပျာကယာ လက်ထဲ ထိုးထည့်ပေးရသည်..။
မဟုတ်ရင် နီးစပ်ရာကို ကပ်သုတ်တော့မှာ သိနေသည်လေ…။
"မနက်ဖြန် သင်တန်းရှိလား.."
"ဟမ်.."
ပုံမှန် အတိုင်းမေးလိုက်ပေမဲ့ မျက်လုံးလေး ပြူးပြီး မော့ကြည့်လာလို့ မသိချင်ယောင်ဆောင်နေလိုက်ရသည်..။
"အင်း.."
ခေါင်းညိတ်ပြီး ဘေးက လူစီဖာ့ကို ကောက်ယူခါ ရင်ဘတ်ပေါ် တင်ပေးတော့ တစ်ခုခု ဖြစ်နေပြီဆိုတာ သိလိုက်သည်..။
ဘာဖြစ်လို့မပြောသေးတာပါလိမ့်..။
အံသြအောင် လုပ်မလို့လား… မဖြစ်နိုင်ပါဘူး..ဘာပဲ ဖြစ်ဖြစ် သူ့ရင်ထဲမှာ မထားပဲ ပြေးလာပြီး ပြောတက်တာလေ… တစ်ခုခုတော့ လွဲနေပါပြီ..။
"မနက်ဖြန် သင်တန်းက အရင်အချိန်ပဲလား.."
"အင်း.."
"ဒါဆိုရင်တော့ ပြဿနာပဲ…ဖိုးကောင်းက အလုပ်ရှိတယ်…ထက်အောင်နဲ့ သွားလိုက်မလား.."
"ဟင်…မဖြစ်ဘူး.."
ဒီပါ့ကို ငုံ့ကြည့်ပြီး ပျာပျာသလဲ ခေါင်းရမ်းလိုက်ခါ ကိုယ်ပေါ်ကဆင်း၍ ဘေးမှာ ထိုင်လိုက်တော့ လှည့်ကြည့်ရသည်..။
"ဘာဖြစ်လို့လည်း.."
"ဟို..ဟို…"
စကားတွေ ဆက်ထွက်မလာပဲ ခေါင်းငုံ့သွားတော့ ရင်တွေပူရပြီ…။
"ဟင်…ပန်းအချစ်ဦး..မင်း..ဘာ..ဘာတွေ လုပ်လိုက်ပြန်ပြီလည်းဟင်.."
"အိုး…ဦးကလည်း..မလုပ်ရသေးပါဘူး.."
"လုပ်ခါနီးနေပြီ..လုပ်တော့မယ်…စတောင် လုပ်နေပြီလား  မသိပါဘူးကွာ…"
"အချစ်ကိုဆို အထင်သေးတယ်…"
"အထင်သေးတာ မဟုတ်ဘူး..မှားသွားမှာ စိုးရိမ်နေတာလေ…မင်း မသိဘူးလား.."
"အွင်း..ဒီမှာ..ရော့…"
အင်္ကျီ  အိတ်ကပ်ထဲက ပို့စကတ် သေးသေးလေးကို ထုတ်ပေးတော့ ဒီပါ ယူပြီး ဖတ်ကြည့်လိုက်တာ ဖိတ်စာ ဖြစ်နေသည်..။
"တော်လိုက်တဲ့ ကောင်မလေး…သင်တန်းဆင်းပွဲမှာ ထူးချွန်ဆု ယူရမယ်ပေါ့…"
"အင်း…"
ဒီပါ ပါးလေးကို ဖွဖွဖျစ်ခါ ပြောလိုက်တော့ ရှက်ရယ် ရယ်၍ ခေါင်းညိတ်ဖြေသည်။
"ဒါကြောင့်..ထက်အောင် နဲ့ မသွားချင်တာလား.."
"မဟုတ်ဘူး..ကိုဖိုးကောင်းနဲ့ သွားရမယ်လေ.."
"ဘယ်လို.."
"အိမ်က တစ်ယောက်ခေါ်ရမယ်ဆိုလို့…ကိုဖိုးကောင်းကို ခေါ်သွားမလို့ပါ.."
"ဖိုးကောင်းက အိမ်က ဒရိုင်ဘာလေ…ရွှေခဲရဲ့…အုပ်ထိန်းသူ မှ မဟုတ်တာပဲ.."
"ဒါဆို အချစ်က ဘယ်သူ ခေါ်သွားရမလည်း..ဘယ်သူက လိုက်ပေးမှာလည်း.."
"ဒီက လိုက်မှာပေါ့…"
ဘေးနားက သူမလေး ပခုံးပေါ် လက်တင်ပြီး ဆံပင်လေးတွေကို သပ်ပေးရင်း နူးညံ့ညင်သာစွာ ပြောလိုက်ပေမဲ့ မျက်လုံးပြူး ခေါင်းရမ်းပြန်သည်..။
"ဟင်…မရဘူး..မရဘူး..ဦးဒီက လိုက်လို့မရဘူး.."
"ဘာဖြစ်လို့လည်း…"
"….."
"ဘာဖြစ်လို့လည်း..ဒီက မေးနေတယ်လေ…"
"……"
"ပန်းအချစ်ဦး…"
"ရှက်လို့…"
"ဟင်…"
"……."
"မင်းက ဘာကိုရှက်တာလည်း…"
"ဟို…ဟိုလေ….ဟိုဟာ…"
"ပြောစမ်းပါ..ဘာမှ မြိုသိပ်ဖုံးကွယ်ဖို့ မကြိုးစားနဲ့…ပြောလေ…"
ဒီပါ ခပ်စပ်စပ်ပြောလိုက်တော့မှ မျက်ရည်ပြည့်နေတဲ့ မျက်၀န်းတစ်စုံနဲ့ စူးစူးရဲရဲ မော့ကြည့်လာတော့သည်..။
နှုတ်ခမ်းကိုက်ပြီး စီးကျလာတဲ့ မျက်ရည်တွေကို ဖိသုတ်ပစ်နေသေးသည်..။
"ဦးဒီက လိုက်မှာ ရှက်လို့ သိပြီလား.."
"ငါက ဘာဖြစ်နေလို့လည်း.."
"သင်တန်းမှာ အချစ်ထက် ကြီးတဲ့ သူတွေချည်းပဲ. …ဒါပေမဲ့ အချစ် တစ်ယောက်တည်း ယောင်္ကျားရှိတာ…ရှိတဲ့ ယောင်္ကျားကလည်း..အချစ်ထက် ဆယ်နှစ်ကြီးတဲ့ အဖိုးကြီး…သူတို့ သိရင် အချစ် ကို ဝိုင်းလှောင်မှာ မခံနိုင်ဘူး..ပြီးတော့…ဦးဒီက က ဝှီးချဲ မပါပဲ လာနိုင်လို့လား…မျက်နှာမှာလည်း ဒီရုပ် အတိုင်း ဆံပင် ကလည်း ဒီပုံစံ အတိုင်းပဲလာမှာ …အချစ်ရှက်တယ်…အသက်ကြီးကြီး ခြေကျိုးကြီးကို ယူထားရတဲ့ အချစ်ကို ..လူတွေ ဘယ်လို ပြောကြမလည်း...မသွားဘူး..ရှက်တယ်…"
"ဒါပဲလား..မင်းတွေးတက်တာ..ဒါပဲလား.."
"ဟုတ်တယ်.."
"ရုပ်ဆိုးလို့..အသက်ကြီးလို့..ခြေကျိုးနေလို့…ဒါတွေကြောင့် မင်းက ဖိုးကောင်းကို ခေါ်သွားမယ်ပေါ့…မင်းသူငယ်ချင်းတွေကို ဘယ်လို မိတ်ဆက်ပေးမလည်း..ဒါငါ့ယောင်္ကျား သူဌေးကြီး ဦးဖိုးကောင်းလို့လား.."
"ဦးနော်…"
"ငါ ပြောတာ မဟုတ်လို့လား…မင်းသူငယ်ချင်းတွေ မင်းအိမ်ကိုလည်းလာဖူးတယ်…မင်း နေထိုင်၀တ်စားမှုကို ကြည့်ပြီး ချမ်းသာသူ လို့ ခန့်မှန်းထားမှာပဲ…မင်း အခုလို မိတ်ဆက်ပေးထားမယ်…နောက်တစ်ခါ လမ်းမှာ ဖိုးကောင်း ကိုတွေ့ရင်…မင်းလိမ်ထားတာတွေ ပေါ်ပြီ…လောက မှာ မရှိတာ ရှက်စရာမဟုတ်ဘူး..ပန်းအချစ်ဦး..မရှိတာကို ရှိဟန်ဆောင်နေတာ မှ ရှက်ဖို့ကောင်းတာ..မင်း အဲဒါကို တွေးပြီး ရှက်သင့်တာ ပန်းအချစ်ဦးရဲ့…"
ဒီပါ စိတ်ပျက်လွန်းလို့ အသံတွေတောင် တုန်တက်ကုန်တာ ရင်ဘတ်ထဲ ဘာတွေ
ဖြစ်ကုန်မလည်းတောင် မသိတော့ပါဘူး..။
ဒေါသ နဲ့ စို့နစ် မှုက ဆတူ ဖြစ်သွားတော့ ဒေါသတွေကို အတက်နိုင်ဆုံး မြိုချပစ်နေရသည်..။
"လူတစ်ယောက်ရဲ့ အဆောင်အယောင်တွေကို အတုဖန်တီးလို့ ရရင်တောင် အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို အတု လုပ်လို့ မရဘူး..ဘာဖြစ်လို့လည်း ဆိုတော့ အဲဒါတွေက ကိုယ်ပိုင် အရည်အချင်း ကြောင့် ပိုင်ဆိုင်ခွင့်ရတာတွေပဲ…
လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍန်က အရေးမကြီးဘူး..သူ့ရဲ့ စိတ်ဓာတ်က အရေးကြီးတာပါ…ဒီတစ်ခါ တော့ ငယ်တဲ့ သူရဲ့ အတွေးပဲလို့ ဖြည့်တွေးပေးလို့မရတော့ဘူး..စော်ကားလွန်းတယ်…ပန်းအချစ်ဦး..မင်းကို ဘယ်လောက်ပဲ ပြုပြင်ပေးလည်း..မင်းမှာက…လူဗြိန်း အသိတွေ ပဲ ရှိတယ်…"
"ဟုတ်တယ်…အဟင့်…"
" မင်းက ငါ့ရဲ့ ခံစားချက်ကို နားမလည်တက်သေးဘူးလား..ငါ..မင်းကို ဘယ်လောက်တောင် ချစ်လည်း မင်း ခံစားလို့မရဘူးလား ဟင်…ငါ့ အချစ်က မှားနေလို့လား..ငါ့ မိန်းမ ငါ့ဇနီးကို  ငါ့  နာကျင်ခံစားရလည်း မျက်လုံးမှိတ် ခွင့်လွှတ်ပြီး ချစ်ဖို့ပဲ  ကြိုးစားခဲ့တာပါ…မင်း ငါ့ဘက်ကို မြင်ကြည့်ပါဦးလား…မင်းနဲ့ စသိကတည်းက… မင်းနဲ့ လက်ထပ်လိုက်ကတည်းက …ငါ မင်းအပေါ် ကြင်နာ ချစ်ခင်ခဲ့ရင် တူသော အကျိုးနဲ့
တစ်နေ့ မင်းချစ်လာမယ်လို့ မျှော်လင့်ခဲ့တယ်.. ငါ့မိန်းမ ..ငါ့ဇနီး အဖြစ်ဆို မင်းမှာ ပြစ်ချက်တွေ အများကြီးပဲ …ပန်းအချစ်ဦး…ဒါပေမဲ့…ငါ အဲလို မသတ်မှတ်ခဲ့ပါဘူ…လူလောကကြီး အကြောင်းကို သိပ်နားမလည်သေးတဲ့..ဆယ်ကျော်သက်…ကလေးလေး တစ်ယောက်လို့ ငါ့စိတ်ထဲမှာ သတ်မှတ်ထားတယ်…မင်း ရဲ့ အမှားတွေက လက်မခံနိုင်စရာ ဖြစ်နေရင်တောင် လမ်းမှန်ပြပေးဖို့ပဲကြိုးစားခဲ့တယ်.. မင်းမေ့နေတာ..မင်းနဲ့ငါက လက်ထပ်ထားတဲ့ လင်မယားတွေပါ… ယောင်္ကျား ဆန်ဆန် အခွင့်အရေး ယူလို့ရပါတယ်.…ဒါပေမဲ့.. အချစ်ကို အဓမ္မ ပုံစံ မျိုး မယူချင်ဘူး…
ကလေးတစ်ယောက်လို့ မြင်နေမိတဲ့…မင်းကြောက်သွားမှာ..စိတ်မကောင်းဖြစ်သွားမှာ…ငါ အရမ်း စိုးရိမ်တယ်…မေတ္တာဆိုတာ အသွား အပြန်ရှိကို ရှိတယ် ဆိုတဲ့ ငါ့ ခံယူချက်နဲ့ အရာရာကို မင်းဘက်ကို ငှဲ့ပြီး  ဖြည့်တွေးပေးခဲ့တယ်…ငါ့ဘက်က အစွမ်းကုန် ချစ်ပေးပေမဲ့ မင်းဘက်က သိတက်မှုလေးတောင် ပြန်မရပါလား ..ဟင်…တခြားလူတွေရဲ့ အမြင်ကိုပဲ ဂရုစိုက်တက်တဲ့ မင်းကို ငါ ဘာလို့များ ကရုဏာထား ချစ်မိတာလည်း…ဘာလို့များ တန်ဖိုးထားမိတာလည်း.. တကယ်ဆို မင်းက ဒါတွေမှ မလိုတာပဲ…မင်းအတွက် ငါ့ရဲ့ ကရုဏာထား ကြင်နာ သိတက်မှုတွေက ဘာများအသုံး၀င်မှာလည်း…မင်း လိုအပ်တာက လူမြင်တင့်တယ်တဲ့ လက်တွဲဖော် တစ်ယောက်ပဲ..တကယ် ချစ်ခင် ကြင်နာပြီး ရိုးမြေကျ တာ၀န်ယူရဲတဲ့ လက်တွဲဖော်ကို လိုအပ်တာ မဟုတ်ဘူး.."
"အချစ်…အဲလို….အဟင့်…..ဟီး….."
"မင်းကို ငါပြောပြီးသားနော်…မင်းငိုသံက ငါ့ကို အရမ်းနှိပ်စက်တယ်..မငိုပါနဲ့…မင်း စိတ်ချမ်းသလို လုပ်ပါ…မနက်ဖြန်…ဖိုးကောင်းကို အဆင့်သင့် ပြင်ခိုင်းထားလိုက်မယ်…"
"ဦး.."
"မခေါ်ပါနဲ့…ပန်းအချစ်ဦး..ငါတို့ ဘယ်လို ပတ်သက်နေလည်း ပြန်စဉ်းစားရဦးမယ်….လူကြီးတွေ သဘောတူလို့ စေ့စပ်ခဲ့လို့ လက်ထပ်ခဲ့ကြပေမဲ့..မင်း က ငါ့ကြောင့် အခုလို အရှက်တကွဲ စိတ်ဆင်းရဲနေရတာကို သတိမထားခဲ့မိဘူး…ငါ့မေတ္တာ အရိပ်အောက်မှာ မင်းဘဝလေး သာယာပျော်ရွှင်နေတယ်လို့ပဲ  ထင်ခဲ့မိတယ်…ငါရဲ့ ကရုဏာ ကြောင့်ဖြစ်ပေါ်လာတဲ့ မေတ္တာ အကြင်နာတွေက မင်း အတွက် အနှောင့်အယှက် ဖြစ်ခဲ့ရတာ စိတ်မကောင်းပါဘူး…အချိန်ကာလအပေါ် သံယောဇဉ်ကို မျှော်လင့်မိတာ မှားသွားတယ်…မင်းက စရောက်လာကတည်းက ကိုယ့်ပလန်နဲ့ ကိုယ်ပဲလေ…ပျော်သလိုသာ နေပြီး စိတ်ချမ်းသာသလိုသာ တွေးနေပါ..လိုအပ်တာရှိရင် ပြောပေါ့…"
"အင့်…"
ဆိုဖာပေါ်မှာ ငိုရင်း ကျန်ခဲ့ပေမဲ့ လူစီဖာ့ကိုပဲ ပွေ့ပြီး စာဖတ်ခန်းထဲကို ခေါ်လာခါ အခန်း တံခါးကို ဂျက်ချပစ်လိုက်သည်..။
အလုပ်စားပွဲပေါ်က မှတ်စုစာအုပ်ကလေး မှာ ကိုယ်ချထားတဲ့ မနက်ဖြန် အတွက် ပလန်တွေကို ဖြဲဆုတ်ပစ်ရမှာလား..။
မလိုပါဘူး..ကိုယ် အနားမှာ မရှိသရွေ့ သူပျော်နေတာပဲလေ..။
ငယ်ရွယ်သူ တစ်ယောက်မှာ ပျော်စရာ အချိန်တွေ အများကြီး ရှိသင့်ပါတယ်လေ..။
စားပွဲပေါ်က အဖေနဲ့ အမေ့ရဲ့ ဓာတ်ပုံကို ကြည့်ရင်း ပြုံးပြလိုက်ပေမဲ့ အမြင်တွေ ဝါးသွားသည်..။
"ဒီက ငယ်ငယ်ကတည်း က အဖေက သတ္တိရှိစေချင်တယ်..အမေနဲ့ မတူစေချင်ဘူး..အမေ့လို့ တစ်ဘ၀လုံး ပေးဆပ်ပြီး တိတ်တိတ်လေးနေသွားမှာ စိုးတယ်လို့ ပြောဖူးတယ်နော်…ဒါပေမဲ့ အဖေရယ်…ဒီက ကိုယ်ထဲ မှာ အမေ့သွေးတွေ များလို့ဖြစ်မယ်…ဘာလုပ်လုပ် ဘာပြောပြော အပြစ်မမြင်ပဲ ချစ်ပဲ ချစ်နေတယ်လေ….အဖေ ပြောသလိုပါပဲ..ဒီက က အမေ နဲ့ အားလုံးတူနေတယ်….ဒီက အချစ်တွေကို သူ နားမလည်ခင်မှာ…ဒီက တိတ်တိတ်လေး ပျောက်ကွယ်သွားရမှာလား…"
"အဖေ မှာထားတဲ့ အတိုင်း…ဒီက…နှလုံးသား ဆန္ဒ အရ ချစ်ပါတယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်….
ဘယ်လောက် ချစ်ကြောင်း သိအောင် ကိုယ်မသိခဲ့တဲ့ ပျော်စရာတွေကို သူ့ အတွက်  ဖန်တီးပေးခဲ့ပါတယ်..
ဒါပေမဲ့…တစ်ဖက်က ခါးခါးသီးသီး မလိုလား ဘူးဆိုတာ သိတော့ ဒီက ဘယ်လို ဆက်လုပ်ရမလည်း အဖေ…
နောက်ထပ် ဖွင့်ပြောရင် သူ့မှာ နားခါးနေပါလိမ့်မယ်… နောင်တတွေ မရှိအောင်ပဲ တိတ်တဆိတ် ချစ်နေလိုက်ပါတော့မယ်..."
.
"ဒေါက်…ဒေါက်…"
"အင်…"
"ဦးလား.."
"ကြီးကြီးပါ သမီး…သင်တန်းရှိတယ်မလား.."
"ဟင်…ဟုတ်…"
အချစ် အပျင်းကြောဆန့်ပြီး ထထိုင်လိုက်တော့ ဘေးကခေါင်းအုံးက နေရာမရွေ့သလို ဦးဒီက နေရာက အခင်းလည်း ဒီတိုင်းပဲလေ…။
ဒါဆို ညတုန်းက စာဖတ်ခန်းထဲမှာ အိပ်တာလား..။
အချစ် တွေးလိုက်တာနဲ့ မျက်ရည်တွေစို့လာလို့ မျက်တောင် ပုတ်ခတ်ခါ ခုတင်ပေါ်က ဆင်းခဲ့ရသည်..။
ညတုန်းက အကြာကြီး ထိုင်ငိုပြီး အိပ်ချင်လာလို့ အခန်းထဲရောက်တာတောင် ဦးဒီက က အရင်လို မချော့တော့ စိတ်မကောင်း ပိုဖြစ်ရသည်.။
"ဟူး.."
သွားတိုက်ဆေး ထည့်နေရင်း အရင်ရက်တွေက အိပ်ယာ နှိုးပြီး တစ်ခါတည်း လက်ထဲ ထိုးထည့်ပေးတာကို သတိရသည်..။
အချစ် ရေတစ်ခါတည်း ချိုးတော့လည်း တံခါးမှာ အင်္ကျီ  ချိတ်ထားပေးမဲ့ ဦးဒီက  မရှိတော့ တာဝါ ပတ်ရင်း အပြင်ကို ထွက်လာရသည်..။
ချွတ်ထားတဲ့ အ၀တ်အစား အပုံလိုက်တွေကြောင့် ဦးဒီက ကို သတိရပြန်သည်..။
"ဒေါက်..ဒေါက်…အချစ်ရေ.."
"ဟင်.."
"၀င်ခဲ့ရမလား.."
"ဟုတ့်ကဲ့ရှင့်.."
"ခေါင်းရေသုတ်ဘူးလား.."
အချစ် ခေါင်းရေစိုနဲ့ ထွက်လာရင် ဦးဒီက သုတ်ပေးနေကျမို့ ဒီတိုင်းထွက်လာခဲ့မိတာပါ။
ဆံပင်တွေကို ကိုင်ကြည့်ရင်း…
"အင်း..ထားလိုက်ပါ…ဘာဖြစ်လို့လည်း….မေဖူး.."
"သြော်..ဒီမှာ…ကိုကြီး ဒရိုင်ဘာ လာပေးသွားတာလေ.."
"ဟင်..ဘာလည်း.."
အဖြူရောင် အိတ်ကြီး ကို ဆွဲယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲက ဘူးရှိနေလို့ ဆွဲထုတ်လိုက်သည်..။
"ဟယ်…ဂါ၀န်လေးပဲ…အစိမ်းနုဖက်ဖက်လေး…အချစ်နဲ့ဆို လိုက်မှာပဲနော်…"
"ဟင်..အင်း.."
အချစ် ဆွဲထုတ်ပြီး ကိုယ်မှာ ကပ်ကြည့်လိုက်တော့ ဂါ၀န်ဒူးအောက်ကလေးက တော်တော် လေးကို လှပါသည်..။
အင်္ကျီမှာ ပုလဲ ကပ်တွေ ပါပြီးသားမို့ အမြင်လေးဆန်းပြီး ပွဲတက်ပုံစံလေးလည်း ဖြစ်နေသည်..။
"၀တ်လိုက်လေ…"
" အင်း…"
အချစ် အ၀တ်အစားလဲပြီးတော့မှ ညတုန်းက ဦးဒီက ကို လိမ်ခဲ့မိတာ သတိရပြီး ငိုချင်လာပြန်သည်..။
အစကတော့ ကောင်းကောင်းမွန်မွန်ပြောမလို့ပါပဲ…ဒါပေမဲ့ ဦးဒီက  က အော် တော့ အချစ်လည်း စိတ်တိုပြီး မဟုတ်တာတွေ လျှောက်ပြောမိတာပါ…။
အချစ်က ဘာလို့ရှက်ရမှာလည်း.. ဦးဒီကရယ် ….အချစ် ကြောက်လို့ပါ ….အချစ်ကိုပဲ ချစ်နေစေချင်တာပါ..။
ဦးဒီက တခြား ကောင်မလေးတွေနဲ့ ရင်းနှီးသွားမှာ မလိုလားတာ ဘာဖြစ်လို့လည်း..အချစ်မသိဘူး..။
ဦးဒီက သာ မမပိုးတို့ နဲ့ သိသွားရင် အချစ်ကို အရင်လို မချစ်တော့မှာ စိုးလို့ပါ….။
ဦးဒီက ကို မဟုတ်တာတွေ ပြောပြီး အချစ်လည်း နာကျင်ကြေကွဲ နေရတယ် ဆိုတာ ဦး ကတော့ ဘယ်သိပါ့မလည်း..။
အချစ်ဆိုတာ လူဗြိန်းအသိပဲ ရှိသူမို့..အရင်လိုပဲ ခွင့်လွှတ်ပေးပါ…ဦးရယ်..။
"ဒီရှူး ဖိနပ်ကလေး နဲ့ ဆို ပိုလိုက်မယ်.."
"ဒါက…"
"မနက်ကပဲ ကိုကြီး ယူလာတာလေ…ဒီလက်ပတ်ကလေးလည်း ၀တ်ပါတဲ့.."
"ဦးဒီက ကောဟင်.."
"သွားပြီ…အချစ် သင်တန်း နောက်မကျအောင် နှိုးပေးဖို့ မှာသွားတယ်.."
"သြော်.."
အချစ် အဝတ်လဲခန်းထဲ ရောက်တော့ စီးကျလာတဲ့ မျက်ရည်ကို သုတ်ရင်း နောင်တ ရနေမိသည်။
အချစ်ကို မမုန်းလိုက်ပါနဲ့ ဦးရယ်…
ဦးသာ မုန်းသွားရင် အချစ် ကမ္ဘာကြီးက ဘာမှ မရှိတော့သလို ဖြစ်သွားမှာလေ…။

မုန်းပါနဲ့ဦးWhere stories live. Discover now