Chapter-4 (Zawgi&Unicode)

7.1K 455 6
                                    

Zawgi#

ကျောင်းပိတ်​ရက်​မှာ ချမ်းငြိမ်းတစ်​​ယောက်​အိမ်​ကို​​စော​စောစီးစီးလာပြီး အပြင်​သွားဖို့အတင်​​ခေါ်ခဲ့တယ်

  အပြင်​​ရောက်​မှ အလုပ်​ကိစ္စလို့​ပြော​ကော ကျွန်​​တော်​10တန်းပြီးရင်​ ဦး​လေးတို့အိမ်​ကထွက်​သွားမဲ့ကိစ္စကိုသူ့ကို​ပြောပြထားတယ်

ဟုတ်​တယ်​​လေ သူကကျွန်​​တော့်​ရဲ့တစ်​ဦးတည်း​သောသူငယ်​ချင်း​လေးကို​ ​ပြောပြထားရမှာ​ပေါ့

စစသိ​တော့သူကတားပါတယ်​ ဒါ​ပေမဲ့ အ​ဒေါ်အ​ကြောင်းကိုသူလည်းသိ​တော့ မတား​တော့ပါဘူး

   But သူလည်းအလုပ်​နဲ့​နေစရာကူရှာ​ပေးမယ်​တဲ့ သူ့အသိ​တွေရှိတယ်​တဲ့ ​ကျောင်းကလည်းမကြာခင်​ပြီး​တော့မှာဆို​တော့အခုကတည်းကရှာထားမှရ​တော့မယ်​​လေ.

  သူ​ပြောတဲ့ဆိုင်​နား​ရောက်​ခါနီးမှ ကားတစ်​စီးနားသွားပြီးမှန်​ကြည့်​ကာ အလှကပြင်​​နေ​သေးတယ်​​လေ မ​ပြောချင်​ဘူး ​ပြောရင်​လည်းစိတ်​ကဆိုးအုန်းမယ်

ဘာတဲ့ သူက​ပြောပါ​သေးတယ်​ ဒီလို​တွေပြင်​​နေတာက ​ကောင်​မ​လေး​တွေသူ့ကိုမြင်​ရင်​ oppa ဆိုပြီးဖြစ်​သွား​အောင်​လို့တဲ့. မူး​​တောင်​လဲသွားအုန်းမယ်​ဆိုပဲ

ဆိုင်​ထဲ​ရောက်​ပြီးခနကြာ​တော့သူ​ဋ္ဌေးဆိုတဲ့သူနဲ့ ချမ်းငြိမ်းနဲ့ အနားပြန်​​ရောက်​လာခဲ့တယ်

  မင်းနာမည်​က မိုး​သောက်​​နော်​ ပြီး​တော့ခုမှ 10တန်းတတ်​​နေတာဆို

  ဟုတ်​. ဟုတ်​ပါတယ်​ဗျာ ​ကျောင်းကလည်းမကြာခင်​ပိတ်​​တော့မှာပါ

  မင်းက​ကျောင်းပိတ်​မှလုပ်​မှာလည်းဖြစ်​ တူ​လေးချမ်းငြိမ်းရဲ့သူငယ်​ချင်းလည်းဖြစ်​​တော့ ငါအစမ်းခန့်​ကြည့်​ပါ့မယ်​လေ

  ဒါ​ပေမဲ့ အလုပ်​ကစားဖွဲထိုး​နော်​ မင်းပုံစံ​လေးကနုနုဖတ်​ဖတ်​နဲ့ လုပ်​နိုင်​ပါ့မလားကွာ ပြီး​တော့လစာကလည်းနည်းနည်းပဲရမှာ​နော်

   ဟုတ်​. လုပ်​နိုင်​ပါတယ်​ခင်​ဗျ လ​စာကလည်းကျွန်​​တော်​တစ်​​ယောက်​အတွက်​က ​လောက်​ပါတယ်

I'm Sorry{Completed}Where stories live. Discover now