Chapter-35(Zawgi&Unicode) {Final}

14.2K 410 41
                                    

Zawgi#

မိုးကိုဖြိုခွင်း၍ ​ဆောင်းကို​ခေါ်​ဆောင်​လာခဲ့​လေပြီ ရာသီ​တွေတ​ရွေ့​ရွေ့​ပြောင်းလဲလာခဲ့ပြီးအမှတ်​တရများစွာ​ကို​ပေးစွမ်း​ပေးခဲ့​ပြီး​လေသည်​...​အေးချမ်းသာယာမှုအပြည့်​နှင့်​ပြည့်​နှက်​လျှက်​ရှိ​​သော​နေ့​လေးတ​နေ့ဝယ်​..လမ်းမထက်​၌​ဆောင်း၏သ​င်္ကေတကို​ဖော်​ကြူးပြသ​ပေး​နေ​သောနှင်းစက်​ဖွဲဖွဲ​လေးများနှင့်​ချယ်​ရီပန်းက​လေးများမှာလည်းစီရရီနှင့်​ပြည့်​နှက်​လျှက်​ပွင့်​လန်း​လှပ​နေ​လေ​​တော့သည်​......

လေပြည်​​လေးတ​အေး​အေးနှင်း​လေးတဖွဲဖွဲ​နှင့်​ဒီရာသီဝယ်​ချစ်​ရသူအ​ပေါင်းအား​နွေး​ထွေးမှုကို​ပေးစွမ်း​ပေးနိုင်​ရန်​အ​ကောင်းဆုံးအချိန်​အခါဖြစ်​​နေသည်​....

ထိုအ​ခြေအ​နေဝယ်​...မန္တ​လေးမြို့၏ထင်​ရှား​သောမင်္ဂလာဝတ်​စုံဆိုင်​တစ်​ဆိုင်​တွင်​လူနှစ်​​ယောက်​မျက်​နှာမှာအပြုံးပန်းများ​ဝေဆာစွာဖြင့်​မင်္ဂလာဝတ်​စုံများအား​ရွေးချယ်​​နေကြ​လေသည်​....

ထိုလူနှစ်​​ယောက်​မှာ​တော့...မင်းမာန်​နှင့်​မိုး​သောက်​အပြင်​မည်​သူများရှိ​နေအုန်းမည်​နည်း....သူတို့နှစ်​​ယောက်​၏​ဘေးပတ်​လည်​တွင်​လည်းသူငယ်​ချင်းတစ်​စုရဲ့အားကျသံများ၊စ​နောက်​သံများနှင့်​ပြည့်​နှက်​​လေ​တော့သည်​......

မင်္ဂလာဝတ်​ဆုံအပြည့်​ဝတ်​လျှက်​ထွက်​လာ​သောမင်းမာန်​နှင့်​မိုး​သောက်​အား မြင်​သူအ​ပေါင်းတို့ရဲ့မျက်​နှာမှာ​တော့အားကျမှုအပြည့်​များနှင့်​သာပြည့်​နှက်​​နေ​လေသည်​....

ဟုတ်​ပါတယ်​ ကျွန်​​တော်​နဲ့ကိုကိုက သဘက်​ခါဆိုမင်္ဂလာ​ဆောင်​ကြ​တော့မှာ​လေ...ကျွန်​​တော်​တို့နှစ်​​ယောက်​ ​ပျော်​ရွှင်​ခြင်း​တွေဝမ်းနည်းခြင်း​တွေ အဆိုးအ​ကောင်း​တွေကိုအတူတူအကုန်​မျှ​ဝေခံစားခဲ့ကြတယ်​....

မင်္ဂလာလက်​ထပ်​ပွဲဆိုတဲ့အရာကိုမ​ကျင်းပရင်​တောင်​ကျွန်​​တော်​တို့ရဲ့အချစ်​​တွေ​မေတ္တာဟာ​နည်းနည်း​တောင်​​လျော့နည်းသွားမှာမဟုတ်​ပါဘူး...ဒါ​ပေမဲ့ ကိုကိုရဲ့​မေ​မေနဲ့​ဖေ​ဖေက ဒီမင်္ဂလာပွဲကိုကျင်းပ​စေချင်​ကြတယ်​​လေ..ကျွန်​​တော်​ရဲ့ဦး​လေးနဲ့​ဒေါ်​လေး​တို့လည်းသ​ဘောတူကြတယ်​...

I'm Sorry{Completed}Where stories live. Discover now