Chapter-18(Zawgi&Unicode)

4.3K 252 4
                                    

# Zawgi

"အကို...အကို မနက်​စာအဆင်​သင့်​ဖြစ်​​နေပါပြီ”

"ငါ့အချိန်​ငါသိတယ်​ ​နောက်​တစ်​ခါငါမ​ခေါ်ပဲ မင်းမလာနဲ့ ”

"ဟုတ်​ကဲ့ ကျွန်​​တော်​​တောင်းပန်​ပါတယ်​😞”

မိုး​သောက်​ကိုစိတ်​တိုစွာ​ပြောပြီးသည်​နဲ့ မင်းမာန်​တစ်​​ယောက်​ထို​နေရာမှထွက်​သွား​တော့တယ်

"​ဒေါ်​လေးမြ ​ဒေါ်​လေးမြ........”

"ဟုတ်​အကို​လေး ကျွန်​မရှိပါတယ်​ ဘာခိုင်းစရာရှိလို့လည်းအကို​လေး”

"ကျွန်​​တော်​ခိုင်းစရာ​တော့မရှိပါဘူး​ပြောစရာပဲရှိတာ ​ဒေါ်​လေးမြ ​နောက်​တစ်​ခါ ဟို​ကောင်​​လေးကိုကျွန်​​တော်​မခိုင်းဘဲဘာမှမလုပ်​​ပါ​စေနဲ့၊ပြီး​တော့ကျွန်​​တော်​မ​ခေါ်ခိုင်းပဲနဲ့လည်းသူ့ကိုကျွန်​​တော့်​ဆီမလာပါ​စေနဲ့”

"ဟုတ်​ကဲ့ အကို​လေးကျွန်​မနားလည်​ပါပြီ”

"မင်းကအာ့နားမှာဘာလုပ်​​နေ​သေးတာလည်း ခြံထဲမှာလုပ်​ရမဲ့အလုပ်​​တွေတစ်​ပြုံကြီးရှိ​နေတာမင်းမ​တွေ့ဘူးလား သွားလုပ်​​လေ ဘာလည်းကိုယ်​လုပ်​ရမဲ့အလုပ်​ကို​မေ့​နေတာလား”

"မဟုတ်​..အာ့လိုမဟုတ်​ပါဘူးအကိုရယ်​ ကျွန်​​တော်​ကအကိုများဘာခိုင်းစရာရှိ​သေးလည်းလို့​စောင့်​​နေတာပါ”

"အာ့လိုဟုတ်​လည်းမတတ်​နိုင်​ဘူး ဒီလမ်းကမင်းဘာသာ​ရွေးထားတဲ့လမ်း အာ့​တော့မင်းဆုံးတဲ့အထိဆက်​​လျှောက်​​ပေါ့ ဒါ​ပေမဲ့ အခုတည်းကမင်းကလက်​​လျော့ချင်​​နေပြီဆိုရင်​လည်းထွက်​သွားလို့ရတယ်​​နော်​ငါမတားဘူး”

"ဟုတ်​ ကျွန်​​တော်​​ရွေးထားတာကိုကျွန်​​တော်​ဆုံး​အောင်​​လျှောက်​မှာဘာအကို ဒါဆိုကျွန်​​တော်​အလုပ်​သွားလုပ်​လိုက်​အုန်းမယ်​​နော်​..”

"​နေအုန်း.......မင်းငါ့ကိုအာ့လိုရင်​နှီးသလိုအသုံးအနှုန်းနဲ့ အကို...အကိုနဲ့မ​ခေါ်နဲ့စမ်း ငါကြားရတာနားခါးလွန်းလို့ သူများ​တွေလိုငါ့ကိုအကို​လေးမင်းမာန်​လို့​ဘဲ​ခေါ် ”

I'm Sorry{Completed}Where stories live. Discover now