Chapter-5 (Zawgi&Unicode)
6.7K 440 7
Zawgi#
1 month later,
   မိုး​သောက်​​ဖြေနိုင်​လား..​အေး​ပေါ့​လေ မင်းက​တော်​​​တော့​အေး​ဆေး​ပေါ့...ဒီ​နေ့10တန်းပြီးတဲ့အထိမ်းအမှတ်​အ​နေနဲ့ အပြင်​သွားကြရ​အောင်​​နော်​. ဟို​ကောင်​​တွေနဲ့လည်းချိန်းထားတယ်​..
   ပြီး​တော့ ဒီ​နေ့​တော့မင်းတို့နဲ့မလိုက်​နိုင်​​သေးပါဘူးကွာ.မင်းလည်းသိတဲ့အတိုင်းပဲမနက်​ဖြန်​ငါအိမ်​​ရွေ့ရမှာ အာ့​ကြောင့်​ဒီ​နေ့ညီမ​လေးနဲ့အပြင်​သွားပြီးလိုအပ်​တာ​လေး​တွေနည်းနည်းသွာဝယ်​ရအုန်းမယ်​...
   မင်းကလည်းကွာ ​အေး​ဆေး​ပေါ့​နောက်​ကျမှလုပ်​လည်းရတာကို မင်းကိုအိမ်​​ပေါ်ကလည်းဘယ်​သူမှအတင်းနှင်​မချပါဘူး
   မရဘူး​ဟေ့ မြန်​မြန်​​ရွေ့မှ ဦး​လေးတို့ကိုငါအရမ်းအားနာလှပြီ.. ​နောက်​.မင်းဦး​လေးကလည်း လစာကြိုထုတ်​​ပေးထား​တော့အိမ်​လစာလည်းအဆင်​​ပြေ​နေပြီ ​ပြောလည်း​ပြောပြီး​နေပြီး ​နောက်​ကျမှ​ပေါ့ကွာ မ​တွေ့ရ​တော့မဲ့လူ​တွေကျ​နေတာပဲ
   .​အေးပါ အာ့ဆိုမနက်​ဖြန်​မှ​တွေ့မယ်​ မနက်​ပိုင်း​ရွေ့မှာမို့လား ငါလာခဲ့မယ်​ ခု​တော့ bye bye ဟို​ကောင်​​တွေ​စောင့်​​နေ​လောက်​ပြီး
   (ကျွန်​​တော်​လည်းသူနဲ့​ပြောပြီးတာနဲ့ အိမ်​ပဲတန်းပြန်​လာခဲ့လိုက်​​တော့တယ်​)
   ကိုကို ပြန်​လာပြီလား ​ဖြေနိုင်​လား......
   အွင်း​ပေါ့ ညီမ​လေးရဲ့ကိုကိုပဲ ​ဖြေနိုင်​တာ​ပေါ့...
   ဒီလိုမှ​ပေါ့ ကိုကို ကိုကိုမြန်​မြန်​​ရေချိုး​တော့​လေ ​ဈေးသွားဝယ်​ကြမှာမို့လား...
   ဟုတ်​ပါပြီဗျာ ကိုကိုမြန်​မြန်​လုပ်​ခဲ့ပါ့မယ်​ ခနပဲ​စောင့်​.....
I'm Sorry{Completed}Where stories live. Discover now