Chapter-26(Zawgi&Unicode)

5K 281 5
                                    

Zawgi#

"အကို​လေး ဂျပန်​က ရှယ်​ယာရှင်​​တွေက ရှယ်​ယာ​တွေပြန်​ထုတ်​​တော့မယ်​လို့သတင်းရတယ်​ အဲ့ဒါ​ကြောင့်​အကို​လေးကိုယ်​တိုင်​သွား​ဖြေရှင်းမှရ​​တော့မယ်​လို့ကျွန်​​တော်​ထင်​တယ်​..."

" ဂျပန်​ကဆို.....​..Tokyoကလား? သူတို့ကရှယ်​ယာ​တွေ​တော်​​တော်​များများပါထားတာမို့လား.."

"ဟုတ်​ပါတယ်​ အကို​လေး...သူတို့ကကျွန်​​တော်​တို့ရဲ့ပြိုင်​ဘက်​ကုမ္ပဏီဖြစ်​တဲ့ Blue Sky Company ရဲ့ကမ်းလှမ်းချက်​ကိုလက်​ခံပြီးသွားပူး​ပေါင်းမယ်​လို့လည်းသိရပါတယ်​"

"Blue Sky Company ဟာ့...အဲ့တာ မိုးမြင့်​ဟိန်း ဆိုတဲ့​ကောင်​ပိုင်​တဲ့ Company မို့လား..."

"ဟုတ်​...ဟုတ်​ပါတယ်​အကို​လေ...အဲ့ဒါ​ကြောင့်​...."

"ငါအစတုန်းက​တော့ ဒီအတိုင်း​ကျော်​သွား​တော့မလို့စဉ်းစားထားတာပါ..ဒါမက်​ မိုးမြင့်​ဟိန်း ဆိုတဲ့​ကောင်​ကငါနဲ့လာယှဉ်​ချင်​​နေမှ​တော့ ငါ့အ​ကြောင်း​လေး​တွေပြရ​သေးတာ​ပေါ့...
ရဲမာန်​...."

"ဟုတ်​အကို​လေး...ကျွန်​​တော်​ဘယ်​လိုလုပ်​လိုက်​ရမလဲ.."

"ဂျပန်​ကိုအမြန်​ဆုံးသွားနိုင်​​အောင်​စီစဉ်​​ပေးထား..."

"ဟုတ်​ကဲ့ကျွန်​​တော်​နားလည်​ပါပြီ..."

မိုးမြင့်​ဟိန်း....မိုးမြင့်​ဟိန်း...မင်းကငါ့ကိုလာယှဉ်​နိုင်​မယ်​ထင်​​နေတာလား...အဲ့ဒါဆိုရင်​​တော့မင်းအကြီးအကျယ်​မှားသွားပြီမှတ်​ထားလိုက်​​တော့....ငါဆိုတဲ့မင်းမာန်​ကို ဒီတစ်​သက်​မင်းနိုင်​​အောင်​လုပ်​နိုင်​မှာမဟုတ်​​သေးဘူး​လေ....

သူ့နာမည်​က မိုးမြင့်​ဟိန်း သူက​တော်​​တော်​ ​တော်​တဲ့ CEO တစ်​​ယောက်​ဆိုတာကျွန်​​တော်​လက်​ခံပါတယ်​...သူနဲ့ကျွန်​​တော်​ဘာ့​ကြောင့်​ဒီလို​တွေဖြစ်​သွားရလည်းဆိုရင်​ လွန်​ခဲ့တဲ့တစ်​နှစ်​က​လောက်​အ​ကြောင်းကို​ပြောရလိမ့်​မယ်​...

ကျွန်​​တော်​ အ​ဖေ့Company ကိုဦးစီးပြီးသိပ်​မကြာခင်​မှာ​အောင်​မြင်​ပြီးသူနဲ့ဆုံခဲ့တယ်​ Partner Company တစ်​ခုနဲ့ပတ်​သတ်​ပြီး​တော့​ပေါ့ အာ့တုန်းကလည်းအခုလိုပဲ...ကျွန်​​တော်​နဲ့အမြဲတမ်းအလုပ်​လက်​တွဲလုပ်​​နေတဲ့ partner ကိုသူကတစ်​ဖက်​လှဲ့နဲ့သူ့ဘက်​ပါ​အောင်​လုပ်​တယ်​​လေ...

I'm Sorry{Completed}Where stories live. Discover now