Chapter-17(Zawgi&Unicode)

4.1K 260 4
                                    

#Zawgi

"ဟို​နေ့ကကိစ္စကို​မေ့လိုက်​​တော့”

"ဗျာ.......”

"အာ့ဒီ့​နေ့ကမင်း​ကောငါ​ကောမူး​နေ​တော့ စိတ်​​တွေလွတ်​သွားကြတယ်​ထင်​တယ်​ ဒါ​ကြောင့်​မင်းဘက်​ကအာ့ကိစ္စကိုဘာမှမဖြစ်​ခဲ့သလို​နေ​ပေးဖို့ငါ​မျှော်​လင့်​တယ်​”

"ဒါ...ဒါ​ပေမဲ့ ကျွန်​​တော်​အသိ​ပျောက်​​လောက်​တဲ့အထိ အာ့​နေ့ကမမူး​နေဘူး​လေ ပြီး​တော့အကို...အကို​လည်းမမူးခဲ့ဘူး​လေမဟုတ်​ဘူးလား ဘာ​ကြောင့်​အခုလို့​မေ့ဖို့စကားကို​ပြောရတာလည်းဗျာ"

"ငါ​ပြောချင်​တာက​တော့ဒါပဲ ငါသွားပြီ”

"ကျွန်​​တော်​အကို့ကိုဘယ်​လိုမှနားမလည်​နိုင်​​တော့ဘူး တခါတ​လေကျကျွန်​​တော်​ကအကို့အတွက်​လိုသုံးလိုပဲ အကိုဖြစ်​ချင်​တာ၊လုပ်​ချင်​တာ၊​ပြောချင်​တာရှိရင်​​ပြောလိုက်​တယ်​ ပြီးရင်​ဘာမှမဟုတ်​​တော့သလို​နေ​နေတယ်​ ကျွန်​​တော့်​ဘက်​ကိုတခါ​လေး​တောင်​မှမကြည့်​​ပေးခဲ့ဘူး ကျွန်​​တော်​ကအကို့အတွက်​ဘာကြီးလည်းဗျာ......”

မင်းမာန်​တစ်​​ယောက်​မိုး​သောက်​လှမ်း​အော်​​ပြော​နေတဲ့စကား​တွေကိုဘာမှပြန်​မ​ဖြေခဲ့သလိုမကြားချင်​​ယောင်​သာ​ဆောင်​ကာအာ့​နေရာမှထွက်​ခဲ့လိုက်​တယ်

**********************************

"အကို ကျွန်​​တော့်​ကိုဒီလိုပဲမုန်းလိုက်​​တော့မှာလားဟင်​ ကျွန်​​တော်​အကို့ကိုဘယ်​လိုမှမ​မေ့နိုင်​ဘူး အကို့ဆီကခါးသီးလွန်းတဲ့စကား​တွေကိုကြားရရင်​ ဒီ...ဒီကျွန်​​တော့်​ရင်​ဘက်​က​လေ အရမ်းကိုနာရတယ်​အကို သိရဲ့လား”

"မဟုတ်​.........”

"ကိုကို”

"ဟင်​ သုတ"

"ကိုကိုသူ့ဆီကိုမသွားရဘူး ကိုကို​ပြော​တော့သုတ​လေးကိုချစ်​တယ်​ဆို အာ့တာဆိုဘာလို့သုတ​လေးတို့ကိုအခုလို​ဝေး​အောင်​လုပ်​ခဲ့တဲ့သူဆီကိုသွားမှာလည်း ကိုကိုသူ့ဆီသွားရင်​ ကိုကို့ကို သုတ​လေးမုန်းပစ်​လိုက်​​တော့မှာ​နော်​.....ဟင့်​....."

I'm Sorry{Completed}Where stories live. Discover now