Chapter-30(Zawgi&Unicode)

5.1K 254 6
                                    


Zawgi#

"ဘာ​တွေ တစ်​​ယောက်​တည်း​ပြော​နေတာလည်း...."

"အမယ်​​လေး...ခင်​များဘယ်​သူ....ဟင်​ မိုးမြင့်​ဟိန်း လွှတ်​စမ်း အခုချက်​ချင်းငါ့ကိုလွှတ်​​ပေးစမ်း....."

" အရင်​လိုကို့ကို ဟိန်း လို့မ​ခေါ်​တော့ဘူးလား..."

"ငါဘယ်​တုန်းက​ခေါ်ခဲ့ဖူးလို့လည်း..."

"မင်းက​တော့အရင်​လိုပဲ ကို့ကိုညာ​ပြော​နေတုန်းပဲ​နော်​..."

"$ပိုစကား​တွေလာ​ပြောမ​နေနဲ့ မင်းလက်​ကိုအခုချက်​ချင်းငါ့ခါး​ပေါ်ကဖယ်​​ပေးစမ်းလို့​ပြော​နေတယ်​​နော်​..."

" okay ​ကောင်းပါပြီကိုလွှတ်​​ပေးမယ်​ ဒါ​ပေမဲ့ ကိုတို့စကား​လေးခန​လောက်​​ပြောရ​အောင်​​နော်​...."

ထို့​နောက်​ မိုးမြင့်​ဟိန်းသည်​ ရဲမာန်​ခါးအားဖက်​ထား​သောလကိုလွှတ်​​ပေးလိုက်​သည်​...

" ငါ့မှာမင်း​နဲ့​ပြောစရာဘာအ​ကြောင်းမှမရှိဘူး ပြီး​တော့ငါ့မှာအလုပ်​ရှိတယ်​ မင်းနဲ့အချိန်​ဖြုန်းရ​အောင်​လည်းငါကမင်းလို
အလုပ်​ကိုလုပ်​ချင်​တဲ့အချိန်​မှလုပ်​လို့ရတဲ့လူမဟုတ်​ဘူး ငါအလုပ်​မလုပ်​ရင်​ အလုပ်​ပြုတ်​မယ်​ အလုပ်​ပြုတ်​ရင်​ ငါ့စား​ပေါက်​ပိတ်​မယ်​ အဲ့​တော့ငါသွားပြီ...."

"ကြည့်​မင်း​ပြော​နေပုံက ကိုကပဲအားယား​နေတဲ့သူကြ​နေတာပဲ..."

"အဲ့ဒါလည်းဟုတ်​​နေတာပဲ​လေ..."

"ဒီတစ်​ခါ​တော့ကိုစိတ်​ကြည်​​နေလို့မင်းကိုသွားခွင့်​ပြုလိုက်​မယ်​ ​နောက်​တစ်​ခါကျရင်​​တော့မင်းကို့လက်​ကဘယ်​လိုမှမလွတ်​​ဘူးဆိုတာမှတ်​ထားပါ"

မိုးမြင့်​ဟိန်းရဲ့စကားများကို ရဲမာန်​ကဘာမှပြန်​မ​ဖြေကြားခဲ့ပဲ စမ်းကြည့်​လိုက်​​လေဆိုတဲ့အထာနဲ့ မိုးမြင့်​ဟိန်းအား ပြန်​စိုက်​ကြည့်​ပြီးထို​နေရာမှထွက်​သွားခဲ့တယ်​....

ကျွန်​​တော်​တို့နှစ်​​ယောက်​ကဘယ်​လိုပတ်​သတ်​မှု​တွေရှိ​နေလည်းဆိုတာကိုသိချင်​​နေကြပြီမို့လား တစ်​​ယောက်​​တော့မိုးမြင့်​ဟိန်း ဆိုတဲ့သူက ကျွန်​​တော်​နဲ့ အသက်​တူရွယ်​တူ​​ကျောင်း​နေဘက်​​​တွေဖြစ်​ပြီး ကျွန်​​တော်​တို့နှစ်​​ယောက်​က အရင်​တစ်​ချိန်​က​တော့အရမ်းကိုခင်​ခဲ့ကြတဲ့အခင်​ဆုံးသူငယ်​ချင်း​တွေဖြစ်​ခဲ့ကြတာပါ ပြီး​တော့သူကကျွန်​​တော့်​ရဲ့ အချစ်​ဦး (သို့) The old crush ကြီးဆိုရင်​လည်းပိုမှန်​မယ်​......

I'm Sorry{Completed}Where stories live. Discover now