Chapter-20(Zawgi&Unicode)🔞

6.1K 287 5
                                    


Warning🔞နည်းနည်းပါတဲ့အတွက်​မဖတ်​ချင်​ရင်​ဒီ Ch ကို​ကျော်​ဖတ်​လို့ရပါတယ်​​နော်

#Zawgi

"အား.......ကျွတ်​ကျွတ်​ "

ကိုက်​လိုက်​တဲ့​ခေါင်းကွာ တူ​တွေနဲ့ဝိုင်းထုထားသလား​အောင့်​​မေ့ရတယ်​ ​နေပါအုန်းအခုငါဘယ်​​ရောက်​​နေတာလည်း ​အော်​ဟုတ်​သားပဲငါအ​အေးခွက်​သယ်​လာရင်းမူးလဲသွားတာပဲ သတိမလစ်​ခင်​​လေးမှာအကို​ပြောလိုက်​တဲ့စကား​တွေကိုပြန်​​တွေး​နေမိပြန်​ပြီ ဒီမျက်​ရည်​​တွေကလည်းအလွယ်​တကူကျလွာ်​လိုက်​တာ....

"သား​လေးမိုး​သောက်​သတိရလာပြီလား ကိုထွန်း​ရေ........ အကို​လေးမင်းမာန်​ကို​ပြောလိုက်​ပါအုန်း မိုး​သောက်​​လေးသတိရလာပြီလို့
ဘယ်​လိုလည်းသက်​သာရဲ့လား ဘယ်​နားအဆင်​မ​ပြေတာရှိလည်း​ဒေါ်​လေးမြကို​ပြော​လေ"

ဒေါ်​လေးမြ​ရောက်​လာလို့မျက်​ရည်​​တွေကိုမမြင်​​အောင်​အမြန်​သုတ်​လိုက်​တယ်​.

"အာ..ကျွန်​​တော်​အဆင်​​ပြေပါတယ်​ ​ဒေါ်​လေးမြရဲ့ ကျွန်​​တော်​လည်းသတိရလာပြီပဲအရမ်းစိတ်​မပူပါနဲ့​တော့​နော်​ အခုလိုကျွန်​​တော့်​ကိုလုပ်​​ပေးတာနဲ့တင်​အားနာလှပါပြီ"

"မဟုတ်​တာကွယ်​ ဘာအားနာစရာရှိလို့လည်း ​ဒေါ်​လေးအတွက်​ မိုး​သောက်​​လေးကသား​လေးတစ်​​ယောက်​လိုပါပဲ အားမနာ​နေနဲ့​နော်​ လိုတာရှိရင်​​ပြော ​ဒေါ်​လေး​အောက်​မှာ သား​ဆေး​သောက်​ဖို့အတွက်​ဆန်​ပြုတ်​​လေးသွား​နွေးလိုက်​အုန်းမယ်​"

တံခါးအပြင်​ဘက်​မှာ​တော့မင်​မာန်​တစ်​​ယောက်​ သူတို့နှစ်​​ယောက်​​ပြော​နေတာ​တွေနား​ထောင်​ရင်းရပ်​ကြည့်​​​နေမိတယ်

အော်​ ဒီ​လောက်​ဖြစ်​​နေတာ​တောင်​ အဆင်​​ပြေပါတယ်​လုပ်​​နေတယ်​ မင်း​က​တော်​​တော်​ကိုခံနိုင်​ရည်​​တွေရှိ​နေတယ်​​ပေါ့​လေ

"​ဟော...အကို​လေးကဒီမှာ​ရောက်​​နေတာလား ​​ဒေါ်​လေးကကိုထွန်းကို​တောင်​သွား​ခေါ်ခိုင်း​နေတာ လာ​အထဲဝင်​​လေအကို​လေး မိုး​သောက်​​လေးလည်းအခုပဲသတိရလာတာ"

I'm Sorry{Completed}Where stories live. Discover now