Chapter-21(Zawgi&Unicode)

5.1K 289 6
                                    

#Zawgi

"အာ့....​ခေါင်း​တွေကိုက်​လိုက်​တာကွာ မ​နေ့ညက​သောက်​တာနည်းနည်းများသွားလို့ထင်​တယ်​ မျက်​နှာအမြန်​သွားသစ်​ပြီးအမူး​ပြေ​ဆေး​လေး​သောက်​မှ..

What the f*** ဘယ်​သူငါ့အနား​လာအိပ်​​နေတာလည်း”

ကျွန်​​တော်​​ရေချိုးခန်းသွားဖို့အလုပ်​ ​စောင်​ကိုဖယ်​လိုက်​တဲ့အချိန်​မှာ​တော့ မြင်​လိုက်​ရတဲ့ခန္ဓာကိုယ်​​လေး​ကြောင့်​လန့်​သွားကာ ဆဲမိတယ်​ ကျွန်​​တော်​ကိုယ်​ကို​စောင်းက​ဘေးနားကလူကိုကြည့်​မိ​တော့......မိုး​သောက်​ဖြစ်​​နေတယ်​ အရမ်းကိုလန့်သွားရတယ်​ ဘာ​ကြောင့်​သူကငါ့အနားမှာလာအိပ်​​နေရတာလည်း....

ထိုအချိန်​ကျွန်​​တော့်​ခန္ဓာကိုယ်​မှာ​ကောသူ့ခန္ဓာကိုယ်​မှာ​ပါမရှိ​နေတဲ့အဝတ်​အစား​တွေ​ကြောင့်​ ညကဖြစ်​ပျက်​ခဲ့သမျှ​တွေဟာကျွန်​​တော့်​ပုံရိပ်​ထဲ ပိတ်​ကားတစ်​ချပ်​ပြသ​နေသလိုကို တစ်​ခုပြီးတစ်​ခု​ပေါ်လာခဲ့တယ်​....

"​သေးစမ်း...ငါဘာ​တွေ​လျှောက်​လုပ်​လိုက်​မိတာလည်း” လို့သာ​ပြောမိတယ်

မ​နေ့ညက ဒီပါ​ ​ခေါ်လို့ကျွန်​​တော်​ခြံကအပြန်​မှာသူနဲ့အတူသွား​သောက်​ခဲ့တယ်​ သူ့ဆီ​ရောက်​​တော့သူကမိုး​သောက်​ကိုကြိုက်​​နေလို့ဆိုပြီး ဖွင့်​​ပြောရင်​ကျွန်​​တော့်​ကိုကူညီ​ပေးဖို့​လည်း​ပြောတယ်​ ဒီပါ က အစကတည်းက မိန်းက​လေး​တွေကိုစိတ်​မဝင်​စား​ပဲ ​ယောကျာင်္​လေး​တွေကိုပဲစိတ်​ဝင်​စားတဲ့သူဆိုတာသိ​နေ​ပေမဲ့ အခုလိုမိုး​သောက်​ကိုကြိုက်​တယ်​လို့​ပြော​တော့ ကျွန်​​တော့်​ရင်​ထဲမှာ ခဲအကြီးကြီးတစ်​လုံးဆွဲထားသလိုခံစားလိုက်​ရတယ်

ဒီပါ ကလည်းသူဘယ်​​လောက်​ကြိုက်​​နေ​ကြောင်း၊မိုး​သောက်​ကိုဘယ်​လိုက​နေစပြီး​ကြွေ​သွားရ​ကြောင်း၊မိုး​သောက်​ကဘယ်​​လောက်​ချစ်​ဖို့​ကောင်း​ကြောင်း ၊အစုံအစုံကိုကျွန်​​တော့်​ကို​ပြောပြ​နေတယ်​ မိုး​သောက်ကကျွန်​​တော့်​အိမ်​ကအလုပ်​သမားဖြစ်​​နေပါ​စေ သူလက်​ခံနိုင်​တယ်​ဆိုတဲ့အ​ကြောင်းကိုလည်းထပ်​ခါထပ်​ခါ​ပြော​နေတယ်​ တစ်​ခါတစ်​ခါကြသူ​ပြော​နေတဲ့စကား​တွေကကျွန်​​တော့်​နားထဲကိုဝင်​မလာခဲ့ဘူး....

I'm Sorry{Completed}Where stories live. Discover now