4

6.3K 455 24
                                    

ပျော်ရွှင်ဖူးတဲ့အတိတ်တွေကိုမတမ်းတတော့ဘူး။
ပျော်ရွှင်ရမယ့် အနာဂတ်မှာ ကိုယ့်ဘေးနား
မင်းရှိနေပေးပါ။

Lisa ရဲ့စိတ်ကူးထဲကအိမ်ငယ်လေးပြန်လည်
အသက်ဝင်လာဖို့နီးကပ်နေခဲ့ပြီ။ 

" ကိုယ်တို့လက်ထပ်ပြီးရင် ဒီအိမ်​လေးမှာနေကြမယ်"

Jennie ကိုသူ့အိမ်လေးဆီခေါ်လာခဲ့သောနေ့။
သူမ ခေါင်းအသာညိမ့်ပြရုံသာ။

" နောက်တစ်လနေရင်လက်ထပ်ကြမယ် NiNi "

Lisa ၏စကားသံကတည်ငြိမ်စွာပင်။
Jennie ၏လျှောက်လက်စခြေလှမ်းတွေရပ်သွား
ပြီး သူ့ကိုလှည့်ကြည့်လိုက်တယ်။

" ပျော်ရွှင်ရမယ် ထင်လား Lisa "

" အင်း မင်းပျော်ရင်ပေါ့ "

" ကျွန်မကတော့ကျိန်းသေ...."

" ဆက်မပြောလည်းရတယ် NiNi
အိမ်ပြန်လိုက်ပို့ပေးမယ် "

Jennie စကားတွေမှာသူနာကျင်ရမှာ။
ကိုယ့်ကိုမချစ်ပါဘူးဆိုတဲ့သူနဲ့လက်ထပ်ဖို့
ဆုံးဖြတ်လိုက်ကတည်းက Lisa ဆိုတာ
သိပ်ကိုအေးစက်လွန်းရာကျနေမလား။
Jennie လက်ကိုဆွဲကိုင်ကာ ခြံပြင်ကိုပြန်ထွက်
လာတယ်။ ကားတံခါးဆွဲဖွင့်ပေးရင်ထိုင်စေတယ်။
Jennieဟာရုန်းကန်မှုမရှိနာခံလျက်။
Lisa ကားစတင်ထွက်ခွာချိန်မှာပဲ
Jennie မျက်လုံးတွေမှေးမှိတ်ထားလိုက်တော့သည်။

Jennie အတွေးတွေ။
သူမ Lisa မချစ်ပေမယ့် ပိုင်ဆိုင်ချင်တာ။
သူမသိရသလောက် သူအရမ်းအေးစက်တာပဲ။

Lisa ကော်ဖီဆိုင်တစ်ခုရှေ့မှာကားရပ်လိုက်တယ်။

" NiNi ကော်ဖီသောက်ရအောင် "

ပုံမှန်အတိုင်းပါပဲ။ Lisa က Jennie လက်ကို
ဆွဲလျက်ကော်ဖီဆိုင်လေးထဲဝင်သွားတယ်။
ထောင့်အစွန်းနားကခုံမှာဝင်ထိုင်လိုက်ကြတယ်။

" ခဏစောင့် ကိုယ်ကော်ဖီသွားမှာလိုက်မယ် "

Jennie ကိုထိုင်စေပြီး Lisa ကောင်တာဆီ
ထထွက်သွား၏။ ကော်ဖီနှစ်ခွက်ရဖို့အချိန်
အတော်ပေးရပုံပဲ။ လူအရမ်းရှုပ်နေတာမျိုး
မဟုတ်တာတောင်မှ Lisa ကြာနေသည်။
Jennie ကောင်တာဆီလှမ်းကြည့်လိုက်တော့
ကော်ဖီဖျော်တဲ့ကောင်မလေးနဲ့ စကားပြောနေသောသူ။

EndlessWhere stories live. Discover now