19

5.6K 442 13
                                    


"  အဲ့တော့ပြောပါ နီနီ အိမ်ပြန်မလား ဟိုတယ်ငှါးရမလား "

ဒါ လေးစားမှုရှိတဲ့မေးခွန်းအဖြစ်သတ်မှတ်လိုက်ပါ။
အရိုးရှင်းဆုံးက သူမပေးမယ့်အဖြေ။
သဲသောင်ပြင်ကအပူချိန်ရှိနေဆဲပါ။
ပြေးတက်လာမလိုရေလှိုင်းတွေကအမှောင်ကိုပိုနက်စေသည်။

ဂျင်းနီကို ဘေးတစ်စောင်းလေးငေးနေတဲ့ သူ။
အလှပဆုံးသောအရာတွေဆိုတာ မှောင်ရီပျိုးချိန်တွေမှာ
ပိုမိုတွေ့ရတတ်သည်။

" Ella လေးက "

" Appa တို့အိမ်သွားချင်ဆိုလို့ Appaအတွင်း​ရေးမှူးက
ညနေကလာကြိုသွားတယ် "

" ဒါပေမယ့်လည်း "

ဂျင်းနီအိမ်ပြန်ချင်နေကြောင်းသူသိသည်။
ဒါပေမယ့် သူမှာလည်းအကြံနဲ့ပါ။
ဟိုးဝေးဝေးကလှမ်းမြင်နေရတဲ့ရေလှိုင်းတွေကို
ကြည့်လိုက်ပြီးပြုံးလိုက်သည်။ 

ထို့နောက် ဂျင်းနီလက်ကိုဆွဲကာထိုနေရာကို
ပြေးသွားလိုက်သည်။ ဒီနည်းလမ်းကအသင့်တော်ဆုံးပါ။
သူမရောသူရောရေတွေစိုသွားဖို့ကအဓိကမလား။
ဒါပေမယ့်ပျော်ဖို့တော့ကောင်းပါသည်။

" ဟပ်ချိုး.. "

ခပ်တိုးတိုးနှာချေသံက နှစ်ယောက်လုံးထံမှထွက်ပေါ်လာသည်။
ဂျင်းနီ သူ့ကိုမကျေမနပ်ကြည့်လိုက်သည်။

" မနက်ဖြန်ဖျားလို့ကတော့ ရှင်တွေ့ပြီပဲ "

လီဆာ ပြုံးပဲပြုံးနေလိုက်ပါသည်။
ရေထဲမှာအတူဆော့လိုက်ကြတာအတော်ကြာ
သွားကြသည်လေ။

ဂျင်းနီဆံပင်တွေကို လီဆာ အခြောက်သုတ်ပေးနေစဉ်
ဖုန်းဝင်လာသည်။

" ခဏနော် နီနီ အလုပ်ကိစ္စမလို့ပါ "

ဖုန်းကိုင်လိုက်ပြီး ဂျင်းနီဘေးကထသွားလိုက်သည်။
ဂျင်းနီကတော့ဘာမှမပြော။

" အင်း လမ်းကြောင်းရှင်းပြီလား ok မနက်မှပြန်လာတော့မယ်
ဒါနဲ့ ဝပ်ရှော့ဆရာကိုလွှတ်လိုက်ဦး ကျွန်မကားက
ဘရိတ်ကြိုးပျက်နေတယ် ပြီးတော့ Ella ကိုကြည့်ဖို့
စိတ်ချရတဲ့လူတစ်ယောက်ထားပေးပါ ရုံးချုပ်က
သက်တော်စောင့်အဖွဲ့တည်းကလည်းရတယ် "

EndlessWhere stories live. Discover now