ရုတ်တရက်ကြီးမှိတ်ချလိုက်တဲ့ ဂျင်းနီရဲ့မျက်ဝန်းတွေ။အချိန်ကြာသည်ထိ ဘယ်လိုအထိအတွေ့မှာကျရောက်မလာတာကြောင့် ဂျင်းနီမျက်လုံးပြန်ဖွင့်ကြည့်မိသည်။သူမကိုပြုံးပြီးကြည့်နေတဲ့ လီဆာကိုတွေ့လိုက်ရပြီးသူကမျက်လုံးတစ်ဖက်မှိတ်ပြသည်။
" ဘာလုပ်မယ်ထင်လို့မျက်လုံးကိုမှိတ်လိုက်ရတာလဲ "
ရယ်သံစွက်နေတဲ့သူ့အသံကသူမကိုစနေသလိုပါပဲ။
အား ရှက်ဖို့တော့ကောင်းလိုက်တာများ။"ဘာ ဘာမှမထင်ပါဘူး ဒီတိုင်းမှိတ်လိုက်မိတာ "
ဂျင်းနီဘာမှမဖြစ်သလိုပြောပြီထရပ်လိုက်သည်။
လီဆာ သူမလက်ကိုဆွဲလိုက်ပါသည်။
ပြီးတော့ သူမကိုမော့ကြည့်နေသည်။" နီနီ "
" ကျွန်မအိပ်တော့မလို့ ရှင်စာဖတ်မှာမလား "
လီဆာကသူမကိုဘာမှပြန်မပြောပေ။
သူမခါးကိုလှမ်းဖက်လိုက်ပြီး သူမဗိုက်သားတွေဆီ
မျက်နှာအပ်ကာနေလိုက်တာကြောင့် မလှုပ်သာတော့။" လီလီ "
" နီနီ သိလားတော့မသိဘူး "
" ဟင့်အင်း မသိဘူး "
" အာ ပုံပြင်လိုလေးပါ ဒီလိုလေ "
လီဆာက သူမကိုသူပေါင်ပေါ်ပြန်ထိုင်စေသည်။
သူမရဲ့ပခုံးပေါ်ကို သူခေါင်းမှီတင်ထားသေးသည်။" အိမ်လေးတစ်အိမ်မှာ အဘိုးအိုလင်မယားရှိတယ်တဲ့အဲ့မှာ အဘွားဖြစ်သူက သူတို့စားဖို့ဆိုပြီးပေါင်မုန့်လေးတစ်ခုလုပ်လိုက်တယ် ပေါင်မုန့်လေးကနူးညံ့လှတယ်လေဒီတော့ အဘွားအိုကမစားရက်ဘူးပေါ့ "
" စားဖို့လုပ်တာလေ "
" အေးလေ အဲ့မှာ ပေါင်မုန့်လေးကတွေးတယ်
ဒီမှာနေရင်သူအစားခံမယ်ပေါ့လေ ဒီတော့
ပေါင်မုန့်လေးကပြတင်းပေါက်ကနေခုန်ဆင်းသွာတယ်အိမ်လေးကတောစပ်မှာဆိုတော့ သူကတောထဲရောက်သွားတယ်နောက်ကအဘွားအိုကအော်ပြီးလိုက်တယ် သူကပြေးတယ် နောက်ဆုံးတော့ ချောင်းငယ်လေးတစ်ခုဆီရောက်သွားတယ်လေ
အဲ့မှာခက်တာပဲ သူကပေါင်မုန့်လေ "