6

5.9K 467 19
                                    

I only you never leave me behind
Because good music can be so hard to find
I take you hand and pull it closer to mind
Thought love was dead ,
But was you're changing my mind...

My heart's a stereo.......

Make me you radio .......

အလုပ်ပိတ်ရက်ရဲ့မနက်ခင်းမှာလည်း လီဆာ
မနက်စာပြင်ဆင်နေရသည်။ ဂျင်းနီ ကတော့မထသေး။လီဆာ သူသဘောကျတဲ့သီချင်းလေးကို ညည်းနေရင်းအေးအေးဆေးဆေးပါပဲ။

သူ ဂျင်းနီ  ကိုသွားဖို့အပေါ်ကိုပြန်တက်လာခဲ့ပေမယ့် ဂျင်းနီ အလောတကြီးပြေးဆင်းလာတာတွေ့ရသည်။

" နီနီ ဘယ်သွားဖို့လဲ "

" ဟို အပြင်ခဏ "

လီဆာ အံသြသွားရသည်။
အပြင်သွားဖို့အဲ့လောက်အလောတကြီးဖြစ်ဖို့လိုလား။ပြီးတော့ မနက်စာတောင်မစားရသေးဘဲနဲလေ။ဘယ်ကဆက်မှန်းမသိသောဖုန်းကို ဂျင်းနီ
ပြန်ဖြေရင်းဆင်းသွားသည်။

" အင်း Oppa လာနေပြီ "

လီဆယ ခပ်သဲ့သဲ့ကြားလိုက်ရသော Oppa ဆိုသော
အသုံးအနှုန်းက ဘယ်သူကိုရည်ရွယ်တယ်ဆိုတာ
ချက်ချင်းသိလိုက်သည်။ ဂျင်နီး  ၏ရည်းစားဟောင်းဖြစ်သည့် ဂျွန်ဟီး ဆိုတဲ့အမျိုးသားဖြစ်သည်။

" နီနီ "

လီဆာ  ခပ်တိုးတိုးလေးလှမ်းခေါ်မိလိုက်တော့
ဂျင်းနီ  လည်ပြန်ကြည့်သည်။

" ဘာလို့လဲ လီလီ "

" ခဏလေး "

သူ အခန်းထဲဝင်သွားပြီးပြန်ထွက်လာတော့
သူ့လက်ထဲအနွေးအကျႌတစ်ထည်ပါသည်။
သူမကို ဝတ်ပေးလိုက်သည်ထိ သူဘာစကားမှမပြောပေ။

" ဒီနေ့ မနေ့ကထက်နှင်းပိုကျမယ်တဲ့ အေးနေမှာစိုးတာကြောင့်စောစောပြန်ခဲ့နော် နီနီ "

သူ့လှုပ်ရှားမှုတိုင်းကို ဂျင်းနီ သေသေချာချာကြည့်နေတယ်။သူ့နှုတ်ခမ်းပြုံးတာကအစ စကားပြောသံအထိအသက်မပါသလို။ဂျင်းနီ ဖုန်းမချရသေးပါ။

" ကျွန်မ မလာတော့ဘူး Oppa အလုပ်လေးပေါ်လာတာကြောင့်"

ထိုမျှသာပြောပြီ ဂျင်းနီ ဖုန်းချလိုက်သည်။
ပြီးတော့ သူမက သူ့ကိုအလှဆုံးပြုံးပြလိုက်တယ်။
သူ့လက်ဖဝါးကိုဆုပ်ကိုင်လိုက်ရင်း

EndlessWhere stories live. Discover now