မနက်လင်းကတည်းကလီဆာနဲ့ဂျင်းနီတို့အယောင်ယောင်အမှားမှား။တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ဘဲမနက်စာစားကြသည်။
Ella မှာသာသူတို့ကိုကြည့်ပြီးယောင်လည်လည်။" ကျောင်းကိုဘယ်သူလိုက်ပို့မှာလဲ "
" Papaပို့ပေးလိမ့်မယ် "
" မာမီပို့ပေးလိမ့်မယ် "
တစ်ယောက်တစ်ခွန်းထွက်လာတဲ့စကားတွေကစီးချက်မညီ။ညကနဲ့ကွာခြား။ ဟမ်း ။အဒေါ်ကြီးကတော့ရယ်လို့။
" နှစ်ယောက်လုံးလိုက်ပို့ပေးပါ ဒါဆို ဘာဖြစ်နေပါလိမ့်တစ်ခုခုပဲမရိုးသားကြဘူး ဘုရားသခင်မကြိုက်တာတွေလုပ်ထားကြပုံပဲ "
" ဘုရားသခင်ကခွင့်ပြုတယ် Ella လေးရဲ့ "
ဒီလိုဆိုတော့လည်းနှစ်ယောက်သားတူနေပြန်တယ်။
ပြောပြီးကာမှာတစ်ယောက်ကိုတစ်ယောက်ကြည့်ကာရယ်မိကြသည်။လက်ချင်းခပ်ဖွဖွထိမိတာတောင်အရှက်သည်းသည့်အခြေနေ။လီဆာရဲ့အကြည့်စူးစူးအောက် ဂျင်းနီခေါင်းပင်မဖော်နိုင်။ဘယ်လောက်တောင်ချစ်ဖို့ကောင်းခြင်းဆုတောင်းတွေနဲ့
ပြည့်စုံခဲ့ပါလဲကိုယ့်မိန်းကလေးရယ်။Ella ကိုကျောင်းပို့ပေးပြီးထိစကားမပြောဖြစ်ကြသေးပါ။ကားထဲမှာတစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်။တိတ်ဆိတ်မြဲတိတ်ဆိတ်ဆဲ။
" ရင်တွေခုန်ပါတယ် မင်းရဲ့အကြည့်ကြောင့်ကွယ် "
လီဆာခပ်တိုးတိုးဆိုမိလိုက်တဲ့သီချင်းစာသားက
သူ့absပါးပါးလေးကို သူမကိုဆွဲလိမ်ခွင့်ပြုသလို။
( ပြောရဦးမယ် အလုပ်ထဲက ကလေးမတွေက
ကိုယ့်ကိုတွေ့တိုင်း abs ကိုဆွဲလိမ်ကြတယ်
ဗိုက်မှာအခေါက်မရှိပြားချပ်နေတော့အတော်နာတယ် နောက်ပိုင်း ဝေးဝေးသာရှောင်ရ လွယ်မနေဘူး )" အ... နီနီ "
စပ်ဖြင်းဖြင်းနာကျင်မှုက မောင်းလက်စကားကို
လမ်းဘေးထိုးရပ်စေသည်။ အကျႌအောက်က
ဗိုက်သားတွေဘယ်လိုဖြစ်နေလို့ကြည့်မနေချင်တော့။အနည်းငယ်တော့နီရဲနေမှာပါ။သူ့ကိုခပ်စောင်စောင်လေးပြန်ကြည့်နေတဲ့သူမ
လည်ပင်းအပေါ်ထိလုံသည့်ကုပ်အကျႌထူထူကြီးကိုဝတ်ထားပုံကရယ်ချင်စရာ။