20

5.6K 421 15
                                    

" Lisa ဒါတွေဘယ်လိုဖြစ်ရတာလဲ "

လီဆာတို့့ဆိုလ်းရောက်တယ်ဆိုရင် သူ့Appa က
လှမ်းခေါ်သည်။ထိုင်ရုံရှိသေး သူ့Appaက
ဒေါသတကြီးပြောဆိုနေသည်။ စားပွဲပေါ်ကသတင်းစာ။ထို့နည်းတူ ဂျင်းနီလည်း ကုမ္ပဏီကိုချက်ချင်းသွားရသည်။

" မဟုတ်ဘူး Appa လီဆာဘာမှမသိဘူး
ပြခန်းကပန်းချီကားတွေအားလုံးက ကျွန်မလေလံအောင်ထားတာတွေပါပဲ အားလုံးသူ့တန်ဖိုးနဲ့သူရှိပြီးသားလေ"

" ဒါဆို ဘာလို့အတုတွေပါဆိုပြီး သတင်းထဲမှာရေးထားကြလဲ"

" အချိန်ခဏပေးပါ ကျွန်မဖြေရှင်းပေးပါမယ် "

လီဆာ ဒီလောက်သာပြောပြီးပြန်လာခဲ့သည်။
ပြခန်းကိုရောက်တော့ စစ်ဆေးရေးတွေတံဆိပ်အနီရောင်တွေကပ်ထားလိုက်ကြပြီ။ ဝန်ထမ်းအချို့ကိုလည်းတွေ့ရသည်။

" ဟို အားလုံးပဲ ကျွန်မတောင်းပန်ပါတယ်
ခွင့်ယူတယ်လို့ပဲသဘောထားပြီး ပြန်သွားပေးကြပါ
နောက်ပိုင်းအလုပ်ဆင်းဖို့ကိစ္စကို အတွင်းရေးမှူးဂီကနေအကြောင်းကြားပေးပါမယ် "

လီဆာ ဒီပြခန်းကိုဒီအတိုင်းတော့အဖြစ်မခံနိုင်ပါ။
သူ့ Appa ကစပေးခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းရင်းနှီးမှုကတန်ဖိုးကြီးလှသည်။ ဘာကဘယ်လိုတွေဖြစ်မှန်းမသိပေမယ့်လည်းသေချာစုံစမ်းရလိမ့်မည်။

" စစ်ဆေးရေးဌာနကဘာပြောလဲ "

" ပြခန်းပိတ်လိုက်ရမယ့်အခြေအနေပဲ တာဝန်ခံ
လွန်ခဲ့တဲ့တစ်နှစ်ကစလို့ဝယ်လို့ရသမျှကအကုန်အတုတွေကြီးပဲဖြစ်နေခဲ့တာ "

" အာ Appa တို့ကုမ္ပဏီရောမထိခိုက်လောက်ပါဘူးနော်"

" ပြခန်းကိစ္စအရင်ဖြေရှင်းရအောင် တာဝန်ခံ "

လီဆာ ခေါင်းသာညိမ့်လိုက်ရပေမယ့်
အဆင်မပြေနိုင်ကြောင်းသိနေသည်။
ပြန်လည်ဖြေရှင်းနိုင်ရင်တောင်မှအရင်လိုတော့
ဖြစ်နိုင်ဖို့ဆိုတာကြလိမ့်ဦးမည်။

ဂျင်းနီကုပ္မဏီသတင်းကလည်းပွတ်လောရိုက်နေသည်။
ခု ထပ်ထုတ်တဲ့ပစ္စည်းအသစ်က ထုတ်လုပ်တဲ့
နည်းပညာခိုးယူထားတဲ့အကြောင်း။
အကျႌဒီဇိုင်းကလည်း copy ဖြစကြောင်း။
သူ့ထက်ပင်အခြေအနေဆိုးကာ ရှယ်ယာဈေးတွေ
ကျနေတာမှမြင်လို့ပင်မကောင်းပါ။

EndlessWhere stories live. Discover now