တစ်ယောက်ယောက်ကိုသတိတရနဲ့တွေးမိချိန်မှာ
ကိုယ်စာဖတ်လို့မရခဲ့ဘူး။အင်း ဖတ်လို့မရခဲ့ဘူး။
ကိုယ်အနားမှာမင်းရှိနေတာကြောင့်။.
တစ်လခန့်ကြာပြီးသောအချိန်ကာလရောက်သည့်တိုင်ဆေးရုံခုတင်ထက်မှာ လီဆာကအိပ်ပျော်နေဆဲပါပဲ။ခွဲစိတ်တာတွေအားလုံးအဆင်ပြေမယ့်ခုထိတော့သတိရမလာသေးတာကြောင့် မိသားစုတွေရောဂျင်းနီရောစိတ်ပူနေရပြန်တယ်။
နေ့နေ့ညညသူနိုးလာဖို့ ဂျင်းနီစောင့်နေရသည်။" တောင်းပန်ပါတယ် မြန်မြန်သတိရပါတော့ လီလီ "
ဂျင်းနီအမြဲဆုတောင်းနေမိသည်။
" ကြယ်တွေကြွေရင်ဆုတောင်းပြည့်တယ်တဲ့
ကိုယ်ကတော့ ကြယ်တွေကြွေတာကိုသိပ်မကြိုက်ပေမယ့်
ဆုတောင်းရတာကိုကြိုက်တယ် "" ရှင့်ဆုတောင်းကဘာလဲ လီလီ "
" အင်း ကိုယ့်ဆုတောင်းကလား နီနီလေ တစ်ခြားဘာရှိမှာလဲ "
သူနဲ့ပြောခဲ့ဖူးတဲ့စကားတစ်ချို့ကိုသူမကြားယောင်နေသည်။
သူ့လက်ကိုတွေကိုရေပတ်တိုက်ပေးနေသည်။" ကိုယ်ဘာလို့အကြွေစေ့ကိုသဘောကျလဲ သိလား "
" ဟင့်အင်း လီလိီ ဘာလို့လဲ "
" ခေါင်းနဲ့ပန်းဆန့်ကျင်ဘက်တွေလေ အဲ့ဒီအရာနှစ်ခုပေါင်းတော့မှအကြွေစေ့လေးဖြစ်လာရတာ လောကမှအမှန်ကြီးပဲရှိတာမကောင်းဘူး အမှားဆိုတာလည်းရှိရတယ် ဒါမှပြည့်စုံတာ နီနီ "
အကောင်းအဆိုးဒွန်တွဲသလို အချစ်နဲ့အမုန်းလည်းအတူရှိရတယ်လို့သူပြောဖူးသည်။သူမပြန်မချစ်ရင်တောင်မှ သူချစ်နေရင်ဘဲသူတို့ကြားမှာလှပနေပြီတဲ့လေ။
" ဘာလို့သတိမရသေးတာလဲ "
ဂျင်းနီ သူ့မျက်နှာလေးကိုကိုင်လိုက်ရင်းပြောလိုက်ပေမယ့်သူမလက်ကိုပုတ်ချခြင်းခံလိုက်ရသည်။
" အဲ့ဒီလက်နဲ့ ဘယ်ကိုလာကိုင်တာလဲ မထိနဲ့ "
ပြတ်သားရှင်းလင်းစွာကြားလိုက်ရတာလီဆာရဲ့အသံ။ဂျင်းနီးပျော်လွန်းလို့ထငိုမိတော့မယ်တောင်ထင်ရသည်။