13

5.7K 468 26
                                    

" Papa ရေသောက်ချင်တာလား "

အိမ်ရှေ့ဧည့်ခန်းမှာ လီဆာအတူကစားနေကြတဲ့
Ella လေးဟာ လေးနှစ်ပင်ပြည့်ခဲ့ပြီ။
မူကြိုပို့ထားရပြီဖြစ်တာကြောင့် စနေ တနင်္ဂနွေ နေ့တွေမှ
သာ လီဆာနဲ့အတူကစားကြရသည်။

ဂျင်းနီကဒီလေးနှစ်အတွင်း ကုမ္ပဏီမှာအရေးပါတဲ့သူ
တစ်ယောက်တောင်ဖြစ်နေခဲ့တော့ အလုပ်များသည်။
ဒီနေပိတ်ရက်ပေမယ့်အရေးကြီးတဲ့ပရောဂျက်ရှိတာကြောင့်
မနားရ။

ချယ်ယောင်းတို့တွေလည်း သူတို့အိမ်တွေမှာပြန်နေဖြစ်ကြ
တော့ နေ့စဉ်လိုလို Ella နဲ့ လီဆာ ပဲအတူရှိကြရသည်။

" ရတယ် Papa ဘာသာထသောက်လိုက်မယ် "

Ella လေးက Ok ဆိုပြီးလုပ်ပြသည်။လီဆာပြုံးလိုက်မိသည်။
သူ မျက်လုံးတွေပြန်မြင်နေရပြီဆိုတာကို
သူနဲ့ Ella ဘဲသိကြသည်။ဂျင်းနီတောင်မသိသေးဘူး။

" Papa ဒီနေ့ မာမီကိုပြောပြရအောင်
လိမ်ထားသလိုကြီးဖြစ်နေတာမကောင်းဘူး "

" အင်း ပြောကြတာပေါ့ "

ဧည့်ခန်းမှာဆော့ကစားနေရာမှ သူတို့တွေပန်းချီဆွဲခန်းထဲကို
ရောက်ရှိနေကြသည်။ ကလေးကိုပန်းချီဆွဲသင်ပေးနေရင်း
အချိန်တွေကိုကုန်ဆုံးဖြစ်ကြသည်။

" Papa "

" ဟင် ဘာလဲ Ella "

" Leo တို့တွေ တို့ဗိုက်ဆာနေတယ်ထင်တယ် "

စိတ်ကူးထဲပေါ်လာတဲ့ ပုံရိပ်တစ်ခုကိုသူရေးဆွဲနေတာ။
ပန်းချီဆွဲတဲ့ထဲစိတ်ရောက်နေတော့အချိန်တွေကိုတောင်
သတိမထားမိ။ နာရီကြည့်မိတော့ နေ့လည် 12 ကျော်ပြီ။

" အာ Ella လေးရော ဆာနေပြီလား "

" အင်း Papa နည်းနည်းဆာနေပြီ "

ကလေးငယ်က ချစ်ဖို့သိပ်ကောင်းပါသည်။
ဂျင်းနီသေးသေးလို့ပြောလို့ရလောက်အောင်ပင်
လီဆာကိုချွဲတတ်ပါသည်။

" လှလိုက်တာ ဘူတာရုံလေးမဟုတ်လား Papa
ဟိုမှာဝင်လာတဲ့ရထားစက်ခေါင်းလေးက ခပ်ဝါးဝါးလေး "

Ella က သူ့ဆွဲလက်စပန်းချီကိုကြည့်ကာသဘောကျနေသည်။
လီဆာ ကလေးကိုပွေ့ချီလိုက်သည်။

EndlessWhere stories live. Discover now