တစ်ယောက်ယောက်ကို ချစ်နေရခြင်းကိုက
ကြီးမားတဲ့ဝဋ်ကြွေးတစ်ခုလို့သတ်မှတ်ကြတယ်။
သူ့ရဲ့ဂရုစိုက်မှုသေးသေးတွေကိုတောင်
အလွန်တရာမက်မောနေမိတာမျိုးပေါ့။
ဒါကို ရူးသွပ်တယ်ဆိုလည်းရူးသွပ်တာပဲထားပါတော့။ု▫
ခုနောက်ပိုင်းတွေမှာ ဂျင်းနီတွေးမိပြုလုပ်မိတဲ့အရာတိုင်းမှာ
လီဆာနဲ့Ella အတွက်ကပိုများခဲ့သည်။
သူတို့နှစ်ယောက်လုံးကိုပိုဂရုစိုက်ဖြစ်တယ်။သူမအလုပ်သွားချိန်တွေဆို လီဆာတို့တွေနေရတာ
အဆင်ပြေအောင် သူမအိမ်ကအဒေါ်ကြီးကိုခေါ်ပေးထားခဲ့သည်။သူမထပ်ပြီးတွေးမိတာက လီဆာဆိုတဲ့ကလေးကြီးအတွက်မုန့်။
ဟိုအရင်တည်းကသူမလုပ်ပေးချင်ခဲ့တဲ့အရာတစ်ခုရှိတယ်။ဒီထက်ပိုပြီးရိုးရှင်းတဲ့ဝန်ခံခြင်းတစ်ခုရှိခဲ့မယ်ဆိုရင်
ဂျင်းနီ လီဆာကိုချစ်ခဲ့လိမ့်မည်။
ဘယ်လိုအရာတွေကဖွင့်ပြောဖြစ်ဖို့တားဆီးနေခဲ့တာလဲ
ဆိုတာသူမကိုယ်တိုင်တောင်မသိခဲ့ပေမယ့်
သူ့အပေါ်စွဲလမ်းမိတာကတော့သေချာသည်။သူ့ရဲ့ဂရုစိုက်မှုတွေကြောင့်လား။
တစ်ကယ်တမ်းသူ့ကိုဆုံးရှုံးရမှာ သူမသိပ်ကြောက်ခဲ့တာ။
ဂျွန်ဟီးနဲ့ပတ်သတ်မိပြီး သူတို့ရဲ့ဆက်ဆံရေးပျက်ပြားခဲ့ရ
ပေမယ့် ဘယ်အချိန်မေးမေးသူမရဲ့ ဆုံးဖြတ်ချက်က
သူဆီမှာပဲအဆုံးသတ်ခဲ့မှာပါပဲ။နောက် သူ့အပေါ်သူမသဘောကျတာတစ်ခုရှိသေးသည်။
လုံးဝကို အသေးစိတ်ဂရုစိုက်တတ်ပြီးသည်းခံနိုင်တာပါပဲ။
တစ်ခါတစ်လေ လူသားမှဟုတ်ရဲ့လားလို့တွေးမိသည်ထိကို
အေးစက်လွန်းတဲ့သူက သူမရှေ့မှာတော့
အမြဲရယ်မောနေတတ်ပါသည်။စတင်ခြင်းမကောင်းတဲ့အဆုံးသတ်ဟာလှပရိုးထုံးစံမရှိဘူး
ဆိုတဲ့စကားသိပ်မှန်တာလို့ပဲ ဂျင်းနီပြောချင်ပါသည်။
မရည်ရွယ်ဘဲလိမ်ညာထားမိရာက အခြေအနေတွေ
ဆိုးရွားသွားခဲ့ရသည်။ဂျွန်ဟီးနဲ့သူမတွဲခဲ့ကြတယ်ဆိုတဲ့သတင်းရဲ့နောက်ကွယ်မှာ
ဂျွန်ဟီးသဘောကျတာ သူမရဲ့ညီမဝမ်းကွဲဆိုတဲ့အကြောင်း
ကိုတော့ဘယ်သူမှမသိခဲ့ကြပေ။