14

5.8K 478 37
                                    


Lice ဆိုတဲ့အသံကိုဖုန်းထဲကနေဂျင်းနီပြောတာကို
ကြားလိုက်တည်းကအခြေအနေသိပ်မကောင်းဘူးဆို
တာကိုလီဆာနားလည်လိုက်ပါသည်။
အိပ်ပျော်နေတဲ့ Ella ကတော့နိုးလာပြီ။

" Ella ကြားလိုက်လား 15 မိနစ်အတွင်းတဲ့ "

" ဟင့်အင်း မကြားလိုက်ဘူး "

အာ့ လီဆာကိုကဂဏာမငြိမ်ဖြစ်နေတာပါ။
Ella လေးကခုမှနိုးတာကိုသူမနဲ့ဖုန်းပြောတာကို
ဘယ်လိုလုပ်ကြားရမှာလဲလေ။

" ထ ထ မျက်နှာသစ်ပြီးသွားရအောင် "

မျက်နှာကိုတောင်အလောသုံးဆယ်သစ်ကာ
အိမ်ရှေ့မှာရပ်ထားတဲ့ကားကိုအမြန်မောင်းရပြန်သည်။
ဒီကားကသူမအလုပ်သွားချိန်တွေမှာ သူအပြင်သွားဖို့
လီဆာ၏အတွင်းရေးမှူးကနေ့စဉ်လာပို့ကာ
ညနေရောက်ရင်ပြန်လာပြီးယူသွားတတ်သည်။

" Ahh Ellaလေး Papa နဲ့မာမီရန်ဖြစ်ကြရင်
နည်းနည်းဝင်ထိန်းနော် ငိုတာပဲဖြစ်ဖြစ် မကြိုက်တဲ့ပုံပြပေး
ပြီးတော့ မာမီက Papa ကိုသနားလာအောင်လုပ်ပေးရမယ်"

" Papa မကောင်းဘူး  မာမီသနားပါတယ်
ဒီအတောအတွင်း Papa ကိုအရမ်းဂရုစိုက်ခဲ့ပေးတာကို "

" Ella ကလည်း Papa က သမီးလေးရဲ့မာမီကို
အရမ်းချစ်တာ သူကပြန်မှမချစ်တာကို "

" တော်ပြီ ဒီတစ်ခါ မာမီဘက်ကနေမှာ "

ဒီကလေးအကြောတင်းပုံကဘယ်သူနဲ့တူတာပါလိမ့်။
ဂျင်းနီနဲ့တူတာပဲနေမှာပါ။ လက်ပိုက်ပြီးမျက်လုံးမှိတ်ထားက
လီဆာကိုဂရုမစိုက်သည့်ပုံစံနဲ့နေနေတာကြောင့်
လီဆာပြုံးလိုက်မိသည်။

" အဂျစ်လေးတွေ ဒီအမေဒီသမီးတူတူပဲ
ငါ့မှာသာချစ်လိုက်ရတာ ဟွန်း "

Ella ပါးကိုလှမ်းဆွဲဖျစ်ကာ ခေါင်းကိုခပ်ပွပွလေးပုတ်လိုက်ရင်း
ကားကိုသာဂရုစိုက်ပြီးမောင်းလာလိုက်သည်။
အဆောက်အဦရှေ့ကားရပ်ပြီး Ella​လေးလက်ဆွဲကာ
အထဲဝင်သွားလိုက်တယ်။

အထဲမှာတော့ပြပွဲလာတဲ့လူတွေကိုအများအပြားကို
တွေရသည်။

' အပေါ်ထပ်တက်လာခဲ့ ရှင့်ရုံးခန်းထဲမှာကျွန်မရှိတယ် '

message တစ်စောင်ဝင်လာတာက ဂျင်းနီပို့လိုက်တာ။
Ella ကိုပွေ့ချီလိုက်ပြီး အပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။
ကလေးကဟိုငေးသည်ငေးမို့ဘာမှမသိပေမယ့်
သူကတော့ဘာဖြစ်မလဲစိုးရိမ်နေရတာနဲ့ပဲ
ဘာကိုမှသတိမထားမိပေ။

EndlessWhere stories live. Discover now