LIITA(1)

45.8K 2.1K 52
                                    

"Hello, this is your captain speaking. Welcome from Korea. I'm expecting a smooth flight anticipate on time arrival in Korea at 9.30 PM. I hope you enjoy your flight. This is Captain Chanyeol Park and Captain Yixing Zhang. Thank you all"

Speaker ကိုပိတ်ပြီးနောက် Yixing Hyung ကို လှည့်ပြုံးပြလိုက်သည်။ ပြေးလမ်းပေါ်ကိုလှိမ့်နေပြီဖြစ်တဲ့လေယာဉ်ပေါ်ကနေ မီးရောင်ဖြိုင်ဖြိင်နဲ့ အင်ချွန်းလေဆိပ်ကို မြင်နေရသည်။

"Congratulations ချန်းယောလ်။ ကိုရီးယားမြေပေါ်ခြေချချင်း ဂုဏ်ပြုတယ်နော်။ Senior Captain အနေနဲ့ကိုယ့်နိုင်ငံ ပြန်လာရတော့ ဘယ်လိုခံစားရလဲ"

"မသိပါဘူး Hyung ရာ"

ဆံပင်တွေထဲလက်ထိုးဖွလိုက်ပြီး ချန်းယောလ်ခပ်ပါးပါးပြုံးဖြစ်သည်။ ဆယ့်ငါးနှစ်ကျော်ဝေးကွာနေတဲ့ ဒီမြေမှာမွေးဖွားခဲ့တာသာမဟုတ်ရင် သူပြန်လာဖြစ်ပါဦးမလား။ အရာအားလုံးက စိမ်းသက်သက်နဲ့ မြူမှုန်လိုပျောက်ကွယ်ချင်နေတဲ့မှတ်ဥာဏ်အပိုင်းအစတွေကတောင် အသစ်လိုပြန်စုဝေးလာတော့မလိုပဲ။ ဆယ်ကျော်သက်အရွယ်ကလို သွေးမဆူတော့ပေမယ့်ခံစားချက်ဆိုတာ သူ့အသက်အရွယ်နဲ့သူ ငွေ့ရည်ဖွဲ့တည်ရှိနေတာမျိုးမလား။

"တိုက်ခန်းရော ရှာပြီးပြီလား"

"မရှာရသေးဘူး Hyung။ လောလောဆယ်တော့ ကုမ္ပဏီကအဆောင်မှာပဲသွားနေလိုက်ဦးမယ်။ တိုက်ခန်းက သေသေချာချာနဲ့စိတ်တိုင်းကျတာလေးရှာချင်လို့"

"အင်း...ကောင်းပါတယ်။ Hyung ပေကျင်းကပြန်လာရင်လည်း ကူရှာပေးမယ်လေ"

"ကျေးဇူး Hyung"

ပါးချိုင့်နက်နက်ပေါ်တဲ့အထိပြုံးလာတဲ့ Yixing Hyung ကို ချန်းယောလ်လည်း ပြန်ပြုံးပြလိုက်သည်။ ခရီးတစ်ခုရဲ့အဆုံးသတ်မှာ ချစ်ခင်ရသူတွေနဲ့ခွဲခွာရဦးမည်။ ဆွစ်ဇာလန်လေကြောင်းတက္ကသိုလ်ကိုရောက်ရောက်ချင်းတွဲရတဲ့ ဒုတိယနှစ်စီနီယာကျောင်းသားက Yixing Hyung။ အရှေ့တိုင်းသားလည်းဖြစ်၊ အသောက်အစားအပျော်အပါးသိပ်စိတ်မဝင်စားတဲ့နှစ်ယောက်မို့ ကျောင်းပြီးတဲ့ထိ Hyung နဲ့အတွဲညီခဲ့သည်။ Airline တွေရွေးတော့လည်းအတူတူ။ ဒီဆယ့်ငါးနှစ်အတွင်း Hyung နဲ့မတွေ့ဖြစ်တဲ့နေ့မရှိသလောက်နည်းခဲ့ပေမယ့် ဒီလေယာဉ်ပေါ်ကဆင်းရင်တော့ Hyung နဲ့ခွဲရဦးမည်။ စကားတွေအများကြီးမပြောဖြစ်ကြပေမယ့် Yixing Hyung က ချန်းယောလ်အတွက် အစ်ကိုအရင်းလိုဖြစ်သည်။ ချန်းယောလ်တို့ရဲ့ အမေရိကားလေကြောင်းကုမ္ပဏီက ချန်းယောလ်နဲ့ Yixing Hyung အပါအဝင် အရှေ့တိုင်းသားတော်တော်များများကို မွေးရပ်မှာတာဝန်ထမ်းဆောင်စေတဲ့အတွက် ချန်းယောလ် ဆယ့်ငါးနှစ်အတွင်း ပထမဆုံးအိမ်ပြန်ရခြင်းဖြစ်သည်။ ရီရှင်း Hyung ကတော့ တရုတ်ကို ခဏခဏပြန်တယ်ဆိုပေမယ့်။ ယောက်ျားလေးတွေဖြစ်နေတာမို့ သတိရနေမယ်ဘာညာမပြောဖြစ်ကြပေမယ့် Yixing Hyung လည်းမျက်နှာမကောင်း။

Love is in the AirOn viuen les histories. Descobreix ara