LIITA(22)

10.4K 1.6K 97
                                    

"ဂျပန်မှာကျောင်းသွားတက်ဖို့ပြင်တော့ အီဂျောင်"

"ဦးငယ်!"

"ပြန်မအော်နဲ့! ဘာတွေကောင်းတာလုပ်ထားလို့ ပြန်အော်နေတာလဲ"

ဟွမ်အီဂျောင်လက်သီးကို တင်းတင်းဆုပ်ထားပြီး မြို့တော်ဝန်အီကိုစောင်းကြည့်ပစ်လိုက်သည်။ ဒေါ်လေးနဲ့ဆက်စပ်ပြီးမှ ဦးလေးတော်သည့်လူ။ အီမီအို့ကလည်း ဒေါ်လေးရဲ့ပထမအိမ်ထောင်က သမီးသာဖြစ်သည်။

"မင်းတို့ဟွမ်မျိုးရိုးလုပ်သမျှ ပြသနာတွေ ငါဘယ်လောက်ထိ ရှင်းရဦးမှာလဲ။ ရှက်ဖို့ကောင်းလိုက်တာ"

ဦးလေးအီ လွှတ်တော်ကိစ္စတွေနဲ့ရှုပ်နေတုန်း ဟွမ်အီဂျောင်နဲ့ မီအို့က ဒီကိစ္စကိုဖန်တီးခဲ့တာ။ ဒါတွေအားလုံး မီအို့အသုံးမကျလို့။ စီစီတီဗီမရှိတဲ့နေရာကိုမှာသာဆို ဗြောင်ဘတ်ဟျွန်းလွတ်ဖို့မလွယ်။ ပြီးတော့ ဟိုရှေ့နေအဒေါ်ကြီးက ဘယ်ကရောက်လာခဲ့သလဲ။

"ရှင့်သမီးကို ဟိုကစော်ကားဖို့ကြိုးစားတာနော် ယောက်ျား"

ဒေါ်လေးဆိုတာ ဟွမ်အီဂျောင့်အတွက်တော့ အရုပ်တစ်ရုပ်လိုပဲ။ ဒေါ်လေးက မိသားစုထဲမှာဘသမီးအငယ်ဆုံးဖြစ်တာပဲမို့ လောကကြီးအကြောင်းသိပ်မသိတာပဲမလား။

"ဘာမှမကြိုးစားဘူး။ ငါ စီစီတီဗီတွေအကုန် ကြည့်ပြီးပြီ။ မင်း သမီးကို ဘယ်လိုထိန်းကျောင်းထားတာလဲ။ ပြီးတော့ အီဂျောင်။ မအေမရှိတော့လို့ မင်းကသူ့အမေလို စောင့်ရှောက်တာ ကိစ္စမရှိဘူး။ ဆိုးလ်မှာလည်း ယောက်ျားလေးဂျူနီယာအချင်းချင်းလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်လို့ blacklist။ ရှေ့နေ ဟန်အွန်ဟေးဆိုတာ ဘယ်လိုလူလဲသိလား။ ဆိုးလ်တရားရုံးမှာ နိုင်ငံရေးဘက်ကလူတွေကို အမှုစစ်တဲ့နေရာမှာနာမည်ကြီး။ မင်းတူနဲ့မင်းသမီးနောက်ကြောင်းတွေအကုန်ဖော်လိုက်ရင် ငါ့နာမည်ဒီနေရာမှာ ရစရာရှိတော့မှာမဟုတ်ဘူး။ အီဆန်ကငါ့ပိုင်နက်။ မင်းတို့ဟွမ်မျိုးနွယ်တွေ စိတ်ထင်တိုင်းကြဲနေမယ်ဆိုရင် မင်းပါ သူတို့နဲ့လိုက်သွား!"

တကယ်တော့ အီဂျောင့်ဖေဖေကလည်းနောက်အိမ်ထောင်နဲ့။ အီဂျောင်အတွက် နွေးထွေးမှုဆိုတာ ဘယ်နေရာမှမရှိ။ ချန်းယောလ်က ဘတ်ဟျွန်းကို ဂရုစိုက်စောင့်ရှောက်တာမြင်တိုင်း ရင်ထဲကခံရခက်စွာ နာကျည်းခြင်း။

Love is in the AirWhere stories live. Discover now