LIITA(30)

15.5K 2K 138
                                    

"ပြန်လာပြီလား"

ဆယ်ဟွန်းက ဧည့်ခန်းမှာထိုင်နေတာဖြစ်သည်။ ချန်းယောလ်ခေါင်းငြိမ့်ပြပြီး အိပ်ခန်းထဲတန်းဝင်လိုက်သည်။ အိပ်မောကျနေတာတောင် ဘတ်ဟျွန်းမျက်နှာလေးက နွမ်းလျနေပုံပေါ်နေသည်။ နဖူးပေါ်ကဆံပင်လေးတွေကို သပ်တင်ပြီး ဘတ်ဟျွန်းမျက်နှာလေးကို ချန်းယောလ်ငေးနေမိသည်။ စောင်အောက်ထဲကလက်ဖဝါး နွေးနွေးလေးကိုလည်း ထွေးဆုပ်ထားမိ၏။ ချန်းယောလ်ရှိနေတဲ့နေရာမှာမှ ဘတ်ဟျွန်းဝေဒနာခံစားရသည့်အတွက် ချန်းယောလ်ရင်ထဲ မသက်မသာဖြစ်နေမိခြင်းဖြစ်သည်။ မျက်ကွင်းညိုညိုလေးတွေက မီးရောင်မှိန်မှိန်အောက်မှာတောင် သိသာနေတာပဲဖြစ်သည်။

"ချန်းယောလ်..."

တံခါးခေါက်ပြီး ခေါ်လာသည့် ဆယ်ဟွန်းအသံ။ ချန်းယောလ်ကုတ်အင်္ကျီချွတ်ပြီး အခန်းပြင်ထွက်လာလိုက်သည်။ ဆယ်ဟွန်းလှုပ်ရှားနေသံကို ထမင်းစားခန်းဘက်က ကြားရသည်။

"ငါ မင်းအတွက် ဟင်းတွေနွှေးထားပေးတယ်။ တော်သေးတယ် ဘတ်ဟျွန်းချက်ထားပြီးသားတွေရှိလို့။ ငါလည်းဗိုက်ဆာတာနဲ့ ဒါပဲစားလိုက်တာ။ ဘတ်ဟျွန်းကိုတော့ ဖရုံသီးဆန်ပြုတ်ဝယ်ကျွေးလိုက်တာပဲ"

ဆယ်ဟွန်းက ရေထဲသေတ္တာထဲက မက်ဂျူတစ်ဘူးဆွဲထုတ်လာသည်။ ချန်းယောလ်လည်း တစ်ဘူးဆွဲယူလိုက်၏။

"ထမင်းအရင်စားလေ"

"အဆာပြေစားခဲ့တယ်"

မရည်ရွယ်ထားဘဲ ထမင်းစားစားပွဲမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်မိသွားရသည်။ ဧည့်ခန်းက မီးအလင်းရောင်နဲ့ပဲ ထမင်းစားခန်းက မီးပျပျလင်းသည်။

"Cabin crew အတွက် အလုပ်ခန့်စာရတော့မှ ငါနဲ့ဂယောင်ဆူးကို ဖွင့်ပြောတာ"

ဆယ်ဟွန်းက မက်ဂျူတစ်ငုံသောက်ပြီး အဝေးကိုငေးကြည့်ရင်း စကားစလာသည်။

"ကျောင်းတက်နေတဲ့တောက်လျှောက် ရေကူးသင်တန်းတွေတက်၊ အမြင့်ခုန်သင်တန်းတွေခိုးသွားတာလည်း ငါတို့မသိလိုက်ရဘူး။ ငါတို့ကိုပြတဲ့အလုပ်ခန့်စာက သူ ၂၅ခါလောက်ဖြေပြီးမှအောင်လာတယ်ဆိုတာကိုလည်း အဲ့တော့မှ အသိပေးခဲ့တာပဲ။ သူ ရည်ရွယ်ထားတာက မင်းဂယောင်းဂျူလေကြောင်းတက္ကသိုလ်ကနေ ဘွဲ့ရပြီဆို သူလည်းအခြေကျနေပြီမို့လို့ မင်းအမေဆီ ခွင့်သွားတောင်းမယ်ပေါ့။ ပထမတစ်နှစ်မှာပဲ မင်းပျောက်သွားပြီးတော့ ဘွားနဲ့နှစ်ယောက်ဘူဆန်ကိုလည်းမပြန်တော့ဘဲ ဂယောင်းဂျူမှာပဲ စိုက်ခင်းပျိုးတယ်။ သူကတော့ စာသင်လိုက်၊ ကျောင်းတက်လိုက်။ ငါနဲ့ဂယောင်ဆူးကိုတိုင်ပင်ရင် သေချာပေါက် တားမှာသိလို့ သူ့ဘာသာတိတ်တိတ်လေး cabin crew အလုပ်ခေါ်စာတွေမှာကြိတ်လျှောက်နေခဲ့တာ။ ကံကောင်းချင်တော့ ငါ posting ကျတဲ့ airline နဲ့ သူအလုပ်ဝင်လိုက်တဲ့ airline က တစ်ခုတည်း။ ဘတ်ဟျွန်း အများကြီးပင်ပန်းခဲ့တယ် ချန်းယောလ်။ ထုတ်မပြောပေမယ့် ဘူဆန်ကထွက်လာပြီး စိတ်ထောင်းကိုယ်ကြေသွားတဲ့ဘွားက ဘာမှသိပ်မလုပ်နိုင်တော့ဘူးလေ။ စိုက်ခင်းကရတဲ့ငွေဆိုတာ ဘာမှစားမလောက်ဘူး။ ကျောင်းစားရိတ်တွေဆိုတာလည်း နည်းမှမနည်းဘဲ"

Love is in the AirWhere stories live. Discover now