LIITA(32)

17.7K 1.8K 177
                                    

ဘတ်ဟျွန်းနိုးလာတော့ တစ်ကိုယ်လုံး ကိုက်ခဲလေးလံနေသည်။ တင်းတင်းကြပ်ကြပ်ဖက်ခံထားရတာကို လှုပ်လိုက်တာနဲ့ ခါးရိုးတစ်လျှောက်က စူးအောင့်တက်သွား၏။ ကျောပြင်ကျယ်ဆီက ရင်ခုန်သံနဲ့နွေးထွေးမှုတွေက အဝတ်မကပ်တဲ့ဘတ်ဟျွန်းတစ်ကိုယ်လုံးကိုလွှမ်းခြုံနေခဲ့သည်။ ဘတ်ဟျွန်းပြုံးလိုက်မိပြီး ခါးမှာဖက်တွက်ထားတဲ့လက်တစ်ဖက်ကို ဖွဖွလေးကိုင်ပြီး ဖယ်လိုက်ရသည်။ ပေါင်ခြံတွေကလည်း စေးကပ်နေတာမို့ ဘတ်ဟျွန်းမနေတတ်တော့။ အလင်းရောင်သဲ့သဲ့တိုးဝင်နေပေမယ့် မနက်ခင်းပိုင်းတော့မရောက်သေး။ အချိန်အားဖြင့် မနက်ခင်း ၅နာရီခွဲသာရှိသေးသည်။

ကုတင်ပေါ်က ခြေဆင်းထိုင်လိုက်ပေမယ့် ခြေထောက်တွေက အားမရှိသလိုဖြစ်နေပြန်သည်။ စောင်ပုံထဲမြှုပ်နေသည့် လူကြီးမကျကလေးတစ်ပိုင်းကိုပြန်လှည့်ကြည့်ပြီး ဘတ်ဟျွန်းရင်ဘတ်ကအမှတ်အသားတွေကို ပြန်ငုံ့ကြည့်လိုက်ရသည်။ နီညိုရင့်ရောင်ကိုက်ရာ ဗရပွတွေက ဘတ်ဟျွန်း ရင်ဘတ်နဲ့ဝမ်းဗိုက်ထိရှိသည်။ ပုခုံးစွန်းမှာလည်း နီရဲနေပြီး လက်မောင်း၊ လက်ဖျံနဲ့ လက်ဖမိုးမှာတောင် နမ်းစုပ်ထားသည့်အရာ အကွင်းလိုက်။ ဘတ်ဟျွန်းတို့အဖြစ်က တွေးကြည့်တော့လည်း ရယ်ချင်စရာ။ ဆယ့်ငါးနှစ်ကြာပြီးမှ မင်္ဂလာဦးညကိုဖြတ်သန်းရသည့်အဖြစ်။
ဆယ့်ငါးနှစ်လောက်မြိုသိပ်ထားခဲ့ရတဲ့ အလွမ်းတွေရော၊ အနမ်းတွေရော ချန်းယောလ်သွန်ချခဲ့ပုံရပါသည်။

ကုတင်ဘေးတန်းလန်းကျနေသည့် ညဝတ်အင်္ကျီက ချန်းယောလ်ဟာဖြစ်ပေမယ့် ဘတ်ဟျွန်းကောက်ဝတ်လိုက်သည်။ လက်တွေကို ကုတင်မှာအားပြုထောက်ပြီးမတ်တပ်ရပ်လိုက်တော့ ချန်းယောလ်ညဝတ်အင်္ကျီကတောင် ဘတ်ဟျွန်း ပေါင်လယ်လောက်ထိ ဖုံးထားပေးနိုင်၏။ ခြေလှမ်းက တစ်လှမ်းချင်းကို တရွေ့ရွေ့။ ခြေလှမ်း ဆယ်လှမ်းတောင်မလျှောက်ရတဲ့ ရေချိုးခန်းကို ဘတ်ဟျွန်း ခြေလှမ်းတစ်ရာလောက်လှမ်းရမည်ထင်သည်။

"ဘတ်ဟျွန်းနီး!"

ကျောဘက်ကအသံကြောင့် ဘတ်ဟျွန်း လက်ဖြန့်ပြီး ခြေလှမ်းတွေမှားကုန်တော့မလိုဖြစ်ခါနီးမှာပဲ ကျောပြင်ကျယ်ထဲနစ်ဝင်သွားသည်။ ချန်းယောလ်က ဒူးအောက်ကနေ လက်လျှိုဝင်ပြီးချီမပစ်လိုက်တာ စွေ့ခနဲ။ ဘတ်ဟျွန်းလက်တွေက ချန်းယောလ်လည်တိုင်ကို သိုင်းဖက်လိုက်မိတာနဲ့ မျက်နှာကိုပါ ပုခုံးကြားထဲဝှက်ထားလိုက်မိသည်။ ချန်းယောလ်တစ်ကိုယ်လုံး အဝတ်မရှိ။ အခုမှ အသားချင်းထိနေရတာကို ဘတ်ဟျွန်းမျက်နှာပူချင်နေသည်။

Love is in the AirWhere stories live. Discover now