LIITA(25)

13.3K 1.7K 132
                                    

အင်ချွန်းရဲ့နာမည်ကြီးတွေထဲကတစ်ဆိုင်ဖြစ်တဲ့ DJ Photo Studio ရှေ့မှာရပ်ပစ်လိုက်တဲ့ကားသံကငြိမ့်ခနဲ။ မှန်နဲ့ဒီဇိုင်းဆင်ထားသည့်အဆောက်အဦဖြစ်တာကြောင့် Studio ထဲကလူတွေချန်းယောလ်ကိုလှမ်းကြည့်နေသည်အား မြင်နေရသည်။ ကားပေါ်ကဆင်းဆင်းချင်း အဖြူရောင်ပိုင်းလော့ဝတ်စုံရဲ့ပုခုံးနှစ်ဖက်ကို တစ်လှည့်စီခါပစ်လိုက်သည်။

"Yo! Man ကားလဲလိုက်တာလား"

Studio ထဲဝင်လိုက်တော့ နှုတ်ဆက်လာသည့် ဆယ်ဟွန်းအသံကမြောက်ကြွကြွ။ နေကာမျက်မှန်ကိုမချွတ်ပဲ ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ ဂယောင်ဆူးက လက်တွေပိုက်ထားပြီး ချန်းယောလ်ကိုစူးစိုက်ကြည့်နေ၏။ ဒီလိုအားယားနေသည့်ရှေ့နေကို အခုမှမြင်ဖူးခြင်းပင်။

"ဘယ်မှာလဲ"

"Dressing Room ထဲမှာ"

ချန်းယောလ်မေးလိုက်တာကို ဂယောင်ဆူးက သိပြီးလက်ညှိုးညွှန်ပြသည်။ ချန်းယောလ် ခြေလှမ်းကျဲတွေ Dressing Room ကိုဦးတည်မိသွား၏။ ကိုယ်လုံးပေါ်မှန်တွေအပြည့်နဲ့ Dressing Room ထဲမှာ ချန်းယောလ်လို အဖြူရောင်ယူနီဖောင်းနဲ့ကောင်လေးက ကျောပေးမတ်တပ်ရပ်နေခဲ့သည်။ ချထားတဲ့ဘယ်ဘက်လက်သန်းကြွယ်ကလက်စွပ် အဝေးကကြည့်တာတောင် ပြိုးပြက်လဲ့နေသည်။ ချန်းယောလ်ဝင်လာတာကို သတိထားမိပုံနဲ့ မှန်ထဲကနေ လှမ်းကြည့်လိုက်ချိန်မှာ အကြည့်ချင်းစုံသွားခဲ့သည်။ နေကာမျက်မှန်တပ်ထားတာမို့ ချန်းယောလ်မျက်ဝန်းတွေရဲ့ ဦးတည်ရာကိုတော့ သူမသိနိုင်။

"သတို့သား မိတ်ကပ်လေးနည်းနည်းလောက်..."

"ယောက်ျားလေးကို ဘာမိတ်ကပ်လိမ်းမှာလဲ။ ရှုပ်ရှုပ်ယှက်ယှက်"

အဖြူရောင်ကောင်လေးနားက မိတ်ကပ်ဆရာကောင်လေးမျက်နှာကပျက်ခနဲ။

"မိတ်ကပ်လိမ်းလိုက်မှ ဓာတ်ပုံရိုက်ရင် ကြွနေမှာ"

"အခုလည်းကြွတယ် မလိုဘူး။ ရင်ကပ်ပန်းသာပေး"

"ဟုတ်ကဲ့"

ရိုးရိုးရှင်းရှင်း အဖြူရောင်နှင်းဆီပွင့်တစ်ပွင့်ကိုအစိမ်းရောင်ကျောက်ခတ်ပန်းအချို့နဲ့တွဲချည်ထားသည့် ရင်ကပ်ပန်း။

Love is in the AirTempat cerita menjadi hidup. Temukan sekarang