Final

16.2K 1.8K 114
                                    

"Hello ...မကြာခင်အချိန်အတွင်း အင်ချွန်းလေဆိပ်ကို ဆိုက်ရောက်တော့မှာဖြစ်ပါတယ်။ ဂျယ်ဂျူးကနေ အင်ချွန်းခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ဆောင်းရာသီဝင်လာပြီဖြစ်လို့ နွေးနွေးထွေးထွေးနေကြဖို့လည်း မမေ့ပါနဲ့။ အခုပြောနေတာ ကပ္ပတိန် ပတ်ချန်းယောလ်ပါ"

ချန်းယောလ်ရဲ့ Announcement ကိုနားထောင်ရင် ဘတ်ဟျွန်းပြုံးနေမိသည်။ လေလှိုင်းကထွက်ပေါ်လာတဲ့ အသံကတောင် ပြတ်သားကြည်လင်ပြီးနွေးထွေးမှုရှိနေ၏။ ဒီလတွေထဲ သီချင်းတွေမလိုပဲ ချန်းယောလ်ရဲ့ ဒီအသံကတင် ဘတ်ဟျွန်းနှလုံးသားထဲ သံစဉ်တွေလို စီးဆင်းနေခဲ့ရသည်။ ကောင်းကင်မိုးသားတွေဆီကနေ မြေပြင်ပေါ်တဖြည်းဖြည်းချင်းနိမ့်ဆင်းလာတဲ့မြင်ကွင်းကို ပြတင်းတံခါးကနေဖြတ်ပြီး ဘတ်ဟျွန်းငေးမောမိသည်။ ရင်ခုန်ရတာတွေက အရင်အကြိမ်တွေနဲ့မတူ။ ကြောက်ရွံ့တတ်မှုတွေမကုန်စင်သေးရင်တောင် လုံခြုံစိတ်ချရခြင်းနဲ့ သက်တောင့်သက်သာခံစားမှုမျိုး ဘတ်ဟျွန်းရနေသည်။ အချစ်က အရာရာတိုင်းကို လှပစေတာလား။ တကယ်တော့ ချန်းယောလ်ဖြစ်နေတော့ ဘတ်ဟျွန်းရဲ့အရာရာတိုင်းက လှပကုန်တာပါ။

"ချန်းယောလ်..."

Flight ပေါ်ကနေ ချန်းယောလ်ဆင်းလာတော့ အောက်မှာရောက်နှင့်နေတဲ့ ဘတ်ဟျွန်းနီးက လက်ကိုဝှေ့ယမ်းပြပြီး လှမ်းခေါ်သည်။ လေပြေလာရာကိုမျက်နှာမူထားတာမို့ ဆံပင်နုနုတွေကတိုးဝှေ့ပင့်သပ်ခံနေရပြီး မျက်နှာရှင်းရှင်းလေးက ပိုထင်းနေခဲ့သည်။ ချန်းယောလ်ပြုံးချင်နေပေမယ့် ဘတ်ဟျွန်းနီးကိုငေးနေကြတဲ့ ဂျူနီယာတွေက မျက်နှာကိုတည်တင်းထားမိသည်။

"ဘတ်ဟျွန်းနီး..."

ဘတ်ဟျွန်းနီးနားကို ခြေလှမ်းကျဲတွေနဲ့သွားလိုက်ပြီး လက်ဖဝါးလေးတစ်ဖက်ကိုကိုင်ယူပြီး ချန်းယောလ်ဘေးဆွဲကပ်ပစ်လိုက်သည်။ ဘတ်ဟျွန်းနီးကတော့ လွတ်လပ်ပေါ့ပါးနေလိုက်တာ ဘေးဘီကိုလည်း သတိထားမိပုံမပေါ်။ ဒါတောင် LA မသွားခင် ချန်းယောလ်သောင်းကျန်းထားခဲ့တာကြောင့် ချန်းယောလ်တို့အကြောင်းက မကြေညာပဲ လူသိရှင်ကြားဖြစ်ခဲ့ပြီးလို့။

Love is in the AirWhere stories live. Discover now