LIITA(36)

13.4K 1.7K 53
                                    

ဝုန်း!

ကားနားရောက်ပြီးမှ နောက်ကြောင်းပြန်လှည့်ပြီး အိမ်ရှေ့တံခါးမကို ခပ်ကြမ်းကြမ်းဆောင့်တွန်းဖွင့်လို့ အိပ်ခန်းထဲ တန်းဝင်လိုက်ရသည်။

"ချန်းယောလ်..."

ဘတ်ဟျွန်းနီးခေါ်သံတိုးတိုးကိုကြားပေမယ့် ချန်းယောလ်လှည့်မကြည့်မိ။ ဗီရိုထဲက စာရွက်စာတမ်းဖိုင်တွဲတွေကိုဆွဲထုတ်ပြီး လိုအပ်မယ်ထင်တာတွေကို ဖိုင်တွဲယူလိုက်သည်။ အိပ်ခန်းဝမှာတောင့်တောင့်လေး ရပ်နေတဲ့ဘတ်ဟျွန်းနီးကို ကျော်ထွက်ပြီးမှ ချန်းယောလ်ခြေလှမ်းကိုပြန်လှည့်လိုက်ရသည်။

နှာခေါင်းထိပ်လေးနီပြီး မျက်တောင်ဖျားလေးတွေက စိုစွတ်နေတုန်း။ မျက်လွှာချထားတဲ့မျက်ဝန်းတွေက ချန်းယောလ်စိတ်တိုင်းကျဆုံးဖြတ်ခွင့်ပြုထားတဲ့သဘော။ စိတ်ဆိုးဒေါသဖြစ်ရခြင်းထက် မချင့်မရဲဖြစ်ရခြင်းတွေနဲ့ ချန်းယောလ်တောက်ခေါက်မိပြန်သည်။ ဝင့်ကြည့်လာတဲ့ မျက်ဝန်းလေးကိုရှောင်လွှဲပြီး လက်ချောင်းတွေကနေ ယှက်သွယ်ဆုပ်ကိုင်လိုက်သည်။ အပြုအမူကတော့ ညင်သာမှုသိပ်မရှိ။

"ဘတ်ဟျွန်းနီးပါလိုက်ခဲ့!"

"ချန်းယောလ်လီ..."

ချန်းယောလ်ထားခဲ့ရင် အလွဲတွေတွေးပြီး ဝမ်းနည်းနေလိမ့်ဦးမည်။ ချန်းယောလ်ကလွဲပြီး ဘယ်လိုအကြောင်းအရာကိုမှမတွေးနိုင်အောင် ဘတ်ဟျွန်းနီးစိတ်အထိ ချန်းယောလ်သိမ်းဝှက်ထားချင်မိသည်။ ကားပေါ်တွန်းတင်လိုက်ပြီး ခါးပတ်ပတ်ပေးနေတော့လည်း ချန်းယောလ်ကိုငေးကြည့်နေသည်။ ချန်းယောလ်မနူးညံ့ချင်တာတွေကိုသိနေပုံမို့ ဘတ်ဟျွန်းနီးကလည်း ဘာမှထပ်မမေး။ ကားပြတင်းမှန်ကနေ အဝေးကိုကြည့်နေတုန်း ဘတ်ဟျွန်းနီးလက်လေးတစ်ဖက်ကို ချန်းယောလ် ဆွဲယူဆုပ်ကိုင်လိုက်သည်။ ချန်းယောလ်ကိုမော့ကြည့်နေတဲ့ ဒီကောင်လေးက ဘာတွေတွေးနေတာဖြစ်လိမ့်ဦးမလဲ။ တကယ်ကိုအတွေးလွန်တတ်ပုံနဲ့ ချန်းယောလ်က ကွာရှင်းဖို့ခေါ်သွားတယ်လို့တော့ တွေးမနေလောက်ဘူးမလား။

××××××××××××××××××××××××××××

"ကပ္ပတိန်ပတ် ဘယ်လိုဖြစ်လို့!"

Love is in the AirWhere stories live. Discover now