(2)

21.7K 1.5K 80
                                    

Zawgyi 💓

မျက်လုံးတွေစဖွင့်တော့ ဖြူလွလွမျက်နှာကျက်ကကြိုတယ်။
ဘေးဘီကိုလက်နဲ့စမ်းကြည့်တော့ လစ်လပ်နေတဲ့
နေရာကြောင့် မျက်မှောင်တွေကြုတ်ရင်း အလိုမကျမှုတို့က
ဆောင့်တက်လာရဲ့။

"ကိုကိုအစောကြီး ကုမ္ပဏီကို သွားတာလား.. "

ထို့နောက် မနက်ခင်းလုပ်ငန်းကိုစတင်လိုက်သည်။
ပြီးတာနဲ့ စလိုးမိုးရှင်းအပြည့်ဖြင့် ထမင်းစားခန်းကို
ဦးတည်ရယ်။ Breakfast ဝိုင်းမှာရှိနေတာက
ပုဇွန်ဆီရောင်သမ်းနေတဲ့ ထမင်းကြော်ရယ် နွားနို့က
တစ်ခွက်၊ ပေါင်မုန့်မီးကင်နဲ့တကွ စတော်ဘယ်ရီယိုဗူးက
အနားမှာအသင့်အနေထား။

နောက် စနစ်တကျ ထိုင်ရင်းဖြင့် ခုံပေါ်မှာတင်ခဲ့သည့်စာကို
ယူဖတ်ရင်း စတင်စားနေလိုက်တော့တယ်။ စာဖတ်မှုအပြီး
နှုတ်ခမ်းတွေကတွန့်ခနဲ..။ အင်း ငါတောင် ကိုကို့ရဲ့
မေတ္တာတွေကြားမှာ ပျော်လာတတ်နေပြီပဲ။

"ရင်းအာ ခဏလာဦး"

"ဟုတ်ကဲ့.. လာပါပီ သူဌေး. "

"ငါအပြင်ခဏသွားအုံးမယ် ကိုကိုလာရင်လည်း
ငါအပြင်သွားတယ်လို့ ပြောလိုက်"

"ဟုတ်ကဲ့ သူဌေး.."

ဝမ်ရိပေါ်ဆိုင်ကယ်သော့ကို ဆွဲကာထွက်လာသည်။
နောက်၊ ဆိုင်ကယ်ပေါ်တွင်သေချာထိုင်ပြီး
မောင်းထွက်လာခဲ့တော့တယ်။ဒါကသူ့ရဲ့နေ့စဉ်လုပ်နေကျ
အလုပ်တစ်ခုဖြစ်တယ်။

"ဟာ.. ဟျောင့် ဝမ်ရိပေါ် ငါက မင်းမလာဘူးထင်နေတာ"

"ဘောမို့မလာရမှာလား... ဒီလိုပွဲကြီးကိုလေ.. "

"ဟက်ဟက် Wang yibo မင်းရောက်လာမယ်လို့
ငါ ထင်တောင်မထင်ထားဘူး တကယ်"

ဝမ်ချောင်ကာ မျက်ခုံးတွေပင့်တက်ပြပြီး မျက်နှာထက်မှာလည်း လှောင်ရိပ်သမ်းတဲ့အပြုံးတို့ကို
ချိတ်ဆွဲလို့ သူရှိရာကိုလျှောက်လာတယ်..။

"ဒီလိုပွဲကို ငါမလာပဲနေပါ့မလား ပုဇွန်ဦးနှောက်နဲ့
စဉ်းစားပေါ့.. "

"ဝမ်ရိပေါ် မင်း....!!!

ရိပေါ်စကားကြောင့် ဝမ်ချောင်မျက်နှာဒေါသစိတ်တွေဖြင့်သာ
ပေါက်ထွက်ကွဲတော့မလိုဖြစ်လာသည်။သို့ရာတွင်ရိပေါ်လည်း
ဟက်ခနဲရယ်ချလိုက်ပြီး။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now