Zawgyi 🌴
နောက်နေ့တွေမှာyiboတစ်ယောက်ရှောင်ကျန့်ရဲ့ကုမ္ပဏီမှာမမယွီလွီ၏အကူအညီဖြင့်စတင်ဝင်လုပ်ပါတော့တယ်။ရှောင်ကျန့်နဲ့သူ့အခြေနေကတော့အခုထိဒုံရင်းကဒုံရင်းပါပဲ။ဒီတစ်ခါမှာအိမ်ပြန်နောက်ကျသူက၊သူမဟုတ်တော့ပဲ
ရှောင်ကျန့်သာဖြစ်နေတော့တယ်။သူလည်းပဲကုမ္ပဏီကိစ္စတွေ
နဲ့အလုပ်များနေတာကြောင့်ရှောင်ကျန့်ရဲ့ကိစ္စတွေမှာ
ဝင်မစွတ်ဖတ်ဖြစ်သလို၊သူငယ်ချင်းဖြစ်သူနဲ့ကောင်မလေး
ပန်တို့နဲ့တောင်မတွေ့ရတာတစ်ပတ်ပင်ပြည့်တော့မည်။တစ်ခါတစ်လေစိတ်ဖိစီးလို့မျက်နှာမကောင်းရင်ရှောင်ကျန့်က
ပျော်နေသလားမသိ၊သူ့ကိုခပ်မဲ့မဲ့ကြည့်တတ်ပါတယ် ။
ဆိုင်လဲတစ်နေ့တစ်ခေါက်သွားရ၊ကုမ္ပဏီလဲပြေးရမို့
ရှောင်ကျန့်နဲ့မျက်နှာချင်းဆိုင်မိတဲ့အချိန်ကသိပ်ရှားသွားပြီ။"နင်.. Yiboမလား.. "
ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့်ခြေလှမ်းတွေ
ရပ်တန့်သွားကာအနောက်ကိုချာခနဲလှည့်ကြည့်လိုက်သည်။"လီလီ..!
သူ့ရဲ့တအံ့တသြအသံနက်ကြီးကြောင့်ဖြစ်မယ်။လီလီက
မျက်လုံးအပြူးသားနဲ့ကြည့်ပြီးရယ်သွမ်းသွမ်းလေး
ပြုံးပြတယ်။"ယူ.. တို့ကိုမှတ်မိလို့ ဝမ်းသာပါတယ်.. ဒါနဲ့ ယူက
ဘယ်ကိုလာတာလဲ"အရှေ့မှာရှိတဲ့လီလီကိုမမှုန်မသုန်စိုက်ကြည့်မိတယ်။အရင်ကလိုမဟုတ်တော့တာကိုခံစားရသည်။
"ယူ့မှာ အရေးကြီးကိစ္စမရှိရင် တို့နဲ့စကားခနလောက်
ပြောကြရအောင်ကွာ"Yiboနာရီလေးကိုငုံ့ကြည့်တော့စောသေးတာကြောင့်
လက်ခံလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အခုမှလီလီနဲ့
လာတွေ့ရတယ်လို့။အဲ့ဒီနောက်လီလီကသားရေလက်ကိုင်အိတ်ကိုခုံပေါ်တင်ပြီး
သူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။"ယူက တိတ်ဆိတ်လိုက်တာ ဘာမှမပြေတော့ဘူးလား"
Yibo၊လီလီကိာမမှုန်မသုန်စိုက်ကြည့်ရာမှဟင်းခနဲ့
သက်ပျင်းသဲ့သဲ့ချပြီး။
YOU ARE READING
မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)Completed
FanfictionZawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤