(22)

13.9K 1.2K 253
                                    

Zawgyi 🌴

"အဲ့မှာ လက်မှတ်ထိုးစမ်း Wang yibo "

ကိုကိုကသူ့ကိုစေ့စေ့ကြည့်ပြီးလက်ထဲကပန်းသီးကိုတစ်ဂျွတ်ဂျွတ်ကိုက်ဝါးကာအရှေ့မှာမိန့်မိန့်ကြီးထိုင်ပြီးအမိန့်ပေးလေရဲ့။
ကွာရှင်းစာချုပ်များလားလို့ယူကြည့်တော့သူထင်သလိုမဟုတ်ပဲကုမ္ပဏီတစ်ခုလုံးကိုသူ့လက်ထဲလွှဲပြောင်းသည့်ဖြစ်နေတဲ့
စာချုပ်ကြောင့်မျက်လုံးပြူးသွားရသည်။

"ကိုကို ဒါက ဘာသဘောလဲ"

မဟုတ်မှလွဲရော ဒီကုမ္ပဏီကို ပေးပြီး ကွာရှင်းဖို့
မဲဆွယ်နေသလားကိုကို။ ဒါဆိုရင်တော့ ကိုကိုမှားသွားပြီ
မောင်လက်မခံနိုင်ဘူး။

"အဟမ်း လက်မှတ်ထိုးလိုက် ဒီနေ့ကစပြီးငါ့နေရာကို
မင်းဝင်ယူလိုက်တော့ကျဲကမင်းကိုအားလုံးသင်ပြပေးလိမ့်မယ်
ငါအေးအေးဆေးဆေးအနားယူချင်လာလို့"

အခုမှစိတ်သက်သာသွားဟန်ရင်ဘက်လေးကိုဖိကာအသက်ကိုပုံမှန်ရှူသွင်းမိတော့ကိုကိုကအထူးအဆန်းလုပ်ကာ
ကြည့်နေလေရဲ့။

ထိုးပွဲပြီးသည့်နောကိအိပ်ယာထဲက၂ရက်လောက်မထနိုင်ခဲ့။
ဒါပေမယ့် ကိုကိုလွှဲပေးသည့်တာဝန်ကိုတော့ကျေပွန်အောင်
ထမ်းဆောင်ခဲ့ရင်းကိုကို့ကိုလဲတစ်နေ့တစ်ခေါက်နမ်းဖြစ်ခဲ့သည်။ နှဖူးကိုနမ်းခြင်းရဲ့အဓိပ္ပာယ်က မြတ်နိုးခြင်းကုဋေတစ်ရာတဲ့။

"ဟုတ်ကဲ့ ကိုကိုစိတ်တိုင်းကျ မောင်လိုက်နာပါ့မယ်"

ထို့နောက် ဘေးမှချထားသည့်ရွှေရောင်ဖောင်တိန်လေးကိုယူပြီး
လက်မှတ်ထိုးလိုက်ပါ၏။

"ဟုတ်ပြီ မနက်ဖြန်ကစပြီး မမယွီလွီဆီကိုမင်းသွားတော့"

"ဟုတ်!!

"ဒီနေ့ ဦးလေးကျန်းဆီကိုပဲ သွားပေါ့"

"ကိုကိုမေ့နေတာတစ်ခုရှိတယ်"

ကိုကိုကစာချုပ်ကိုကျေနပ်စွာကြည့်ရင်းကဘာလဲဆိုတဲ့အကြည့်နဲ့မျက်လုံးလေးလှန်ပြီးကြည့်လာခဲ့သည်။ အဲ့ဒါကြောင့်
ပြုံးလိုက်ကာ။

"မောင် ဒီနေ့ ကိုကို့ ကိုမနမ်းရသေးဘူး"

ထိုစဉ် ရှောင်ကျန့်ရဲ့မျက်ဝန်းထဲအရောင်တစ်မျိုးဖြတ်ပြေးသွားသည်ကိုyiboသတိထားမိသည်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now