(14)

12.1K 1K 240
                                    

Zawgyi 🌴

"ကိုကို ဘယ်ချိန်က ရောက်တာလဲ ကြိုပြောရောပေါ့
မောင် လာကြိုရအောင်လို့ "

အနောက်ကနေသိုင်းဖက်ရင်းမတိုးမကျယ်လေသံနဲ့သာ
ပြောလာသည်။ တမင်ကိုအသိမပေးပဲရောက်လာတာ
ဒီလောက်ဆို မင်းမရိပ်မိဘူးလား။

"မကြာခင်ကမှ ရောက်တာပါ ကိုကိုလဲမထင်မိဘူးလေ
ဒီနေ့ပြန်လာဖြစ်မယ်လို့"

"ဘာလို့ မထင်မိတာလဲ ကိုကိုရဲ့ မောင်
သိသလောက်တော့ ကိုကို့လိုအပြောထက်
အလုပ်က ပိုမြန်တဲ့သူက ဒီနေ့လာဖြစ်မယ်ဆိုတာ
မထင်မိဘူးဆိုတော့ မောင့်အထင်
ဒါက နဲနဲ ထူးဆန်းနေသလားလို့"

Yiboခပ်ဟဟသာရယ်သွမ်းလေတော့ရှောင်ကျန့်လည်းပဲ
ဘာဆက်ပြောရမှန်းမသိပဲတွေတွေလေးသာကြည့်နေသည်။

"ထားလိုက်ပါ ကိုကိုရယ် အဲ့ဒါကအရေးမကြီးပါဘူး
ကိုကို့ ကိုဘယ်သူလိုက်ပို့တာလဲ"

"ကျင်းဇီယန်"

ကျွန်တော်စကားအဆုံး ကျောပေါ်ကိုခေါင်းမှီထားတဲ့
မောင်ရဲ့ ကိုယ်က မတ်ခနဲ့ဖြစ်သွားကာ
ဖက်ထားသည့် လက်တွေကပြေလျော့လာသည်။

"သူက ဘာလို့ ကိုကို့ ကိုလိုက်ပို့တာလဲ
တစ်ကယ်ဆို အဲ့ဒါတွေကို မောင်လုပ်လို့လည်း
ရနေတာပဲကို.. "

ထိုအခါကျွန်တော်ခပ်ရေးရေးပြုံးလိုက်မိတယ်။

"မောင်... မအားဘူးထင်လို့လေ"

ရှောင်ကျန့်က မျက်ခုံး၂ခုကို တွန့်ချိုးလျှက်
ဒဲ့မပြောချင်တာကြောင့် သွယ်ဝိုက်ကာ
ပြောလိုက်တော့ yiboမျက်နှာချက်ချင်း
ပျက်ယွင်းသွားရသည်။

"ကဲ ထားလိုက်တော့ ကိုကိုအနားယူချင်ပြီ"

အရှေ့မှာမျက်နှာပျက်စ ပြုနေတဲ့ မောင့်ကို
ကြည့်ပီး ကျွန်တော် ကမ္ဘာမပျက်ချင်။
မဟုတ်ရင် ဒီကောင်ကြီးက ရင်တွေပူလွန်းလို့။

"ဒါနဲ့ တစ်အိမ်လုံး အမှိုက်တွေရှုပ်ပွနေပါ့လား
အိမ်အကူတွေ ဘယ်ရောက်နေလဲ"

"ဟို.. မောင် သူတို့ကိုအိမ်ခနပြန်ခိုင်းလိုက်တာ
ကိုကို ဘယ်ချိန်ပြန်လာမလဲမသိလို့လေ
သူတို့လဲ မိသားစုနဲ့ ဝေးနေရတော့ မောင်လဲ
စေတနာနဲ့ပြန်ခိုင်းလိုက်တာ"

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now