(21)

16.9K 1.4K 435
                                    

Zawgyi 🌴

"ဒါက ဘာလဲကိုကို"

အိမ်ပြန်ရောက်သည်နှင့်အရှေ့ကိုချပေးတဲ့ကဒ်လေးကို
Yiboခပ်တွေတွေလေးကြည့်နေသည်။

"အဲ့ဒီလိပ်စာအတိုင်းသွား အဲ့ဒါက ငါ့ဆိုင်ပဲ ပြီးတော့
စားဖိုမှူးဖြစ်တဲ့ဦးလေးကျန်းကိုရှာပြီးသူ့ဆီက သင်ယူ!
ငါ့အစား အဲ့ဒီကို သွားပေး"

"ကိုကို"

"ငါစကားကို၂ခါမပြောချင်ဘူး နားလည်လား"

Yiboခေါင်းလေးငုံ့လို့ဟုတ်ဆိုပြီးပြောနိုင်ယုံကလွဲရင်
ဘာမှမတတ်နိုင်တော့။

"သွားတော့"

"အခုချက်ချင်းလား ကိုကို"

"ဟုတ်တယ် ပြီးတော့အများကြီးသင်ယူခဲ့ ငါ့ကိုနေ့တိုင်း
မင်းပဲချက်ကျွေးရမှာ"

"ကိုကိုက မောင်ချက်ပြီးသားမောင့်လက်ယာကို
စားချင်တာလား"

စကားအဆုံး ရှောင်ကျန့်ခေါင်းလေးကိုဖြေးညှင်းစွာညိမ့်သည်။

"မင်းကိုယ်တိုင် ချက်ပေးတာပဲလိုချင်တယ်.
အဲ့လိုပဲ ငါ့ရဲ့တစ်နေ့တာ ကိစ္စအားလုံးကို
တာဝန်ယူပီး လုပ်ပေးရမယ်"

"အဲ့ဒါ...

Yiboသက်ပျင်းတစ်ချက်လောက်ချပြီး။

"ဟုတ်ကဲ့ မောင် လက်ခံပါတယ် ဒါပေမယ့်!!!

ဒါပေမယ့် ဆိုတဲ့စကားကြောင့်ရှောင်ကျန့်ယုန်လေးနားရွက်ထောင်ဖြစ်လာသည်။

"ဒါပေမယ့် ဘာဖြစ်လဲ "

"မောင့်ဘက်ကလဲတောင်းဆိုစရာရှိသေးတယ် ကိုကိုမငြင်းပါနဲ့"

ငြင်းမှာမှန်းသိလို့အဲ့လိုပိတ်လိုက်တဲ့yiboကြောင့်ဟက်ခနဲ
ရယ်ချလိုက်တယ်။

"ပြောကြည့်ပါဦး!!

"မောင် နေ့တိုင်းကိုကိုခိုင်းသလို လိုက်နာပါ့မယ် ဒါပေမယ့်
မနက်တိုင်းကိုကိုကုမ္ပဏီမသွားခင်မောင်ကို၊ ကိုကို့ရဲ့
နှဖူးကိုနမ်းခွင့်ပေးပါ ပြီးတော့ အခန်းထဲကနေ ကားပေါ်ထိ
မောင့်ကိုပွေ့ချီခွင့်ပေး"

ထိုကဲ့သို့စကားကြောင့်ရှောင်ကျန့်၏ရင်ထဲအအေးလှိုင်းလေး
ဖြတ်ပြေးသွားသလိုခံစားလိုက်ရသည်။ သူသိတာပေါ့
Wang yibo, က ချစ်သူဘဝတုန်းကလိုလုပ်ပြီးသူ့ရဲ့
အချစ်ကိုပြန်ရအောင်ကြိုးစားနေတယ်ဆိုတာ။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now