(5)

13K 1.2K 120
                                    

Zawgyi 🌴

yiboပြန်လာတော့ဧည့်ခန်းကဆိုဖာပေါ်မှာသူ့ကိုစောင့်ရင်အိပ်ပျော်နေတဲ့ရှောင်ကျန့်ကိုတွေ့လိုက်ရတာကြောင့်အနည်းငယ်ပြုံးလိုက်ပြီးပါးလေးကိုရွှတ်ခနဲနမ်းလိုက်သည်။

"ကိုကိုရေ.. "

ဧည့်ခန်းကsofaပေါ်မှာအိပ်ပျော်နေတဲ့ကိုကို့ကိုကြည့်ပြီးအူတွေအသည်းတွေလှိုက်ပြီးယားလာတာကြောင့်ပါးပြင်လေးကို
ဆွဲဖဲ့လိုက်သည်။သို့ရာတွင်သူဘာပဲလုပ်နေပါစေရှောင်ကျန့်
ကတော့နိုးဖို့ရာစိတ်ကူးမရှိသည့်ပုံ။

"အဟွန်း.. ချစ်ဖို့ကောင်းလိုက်တာ ကိုကိုရာ.."

ကိုကို့ရဲ့ဆူထော်နေတဲ့နှုတ်ခမ်းလေးကအိပ်ပျော်နေတာတောင် မောင့်ကို ဆူချင်နေသည့်ပုံ။ထိုနှုတ်ခမ်းလေးကိုပြွတ်ခနဲ့
နမ်းကာ ကိုကို့ ကိုပွေ့ချီလာပီး အခန်းထဲကိုခေါ်လာခဲ့သည်။ တော်သေးတယ် clubမှာမူးအောင်ထိ မသောက်လာလို့။

"အဟင်းအင်း... မောင်.. မောင်လား... "

မျက်လုံးစုံကိုဖွင့်ကြည့်လိုက်သည်နှင့် မောင့်ရဲ့
မျက်နှာချောချောလေးကို မြင်တွေ့လိုက်ရတာကြောင့်
အနည်းငယ်ပြုံးလိုက်မိသည်။

"အင်း.. မောင်ပါ... "

"မောင်...အပြင်က ဘာစားခဲ့ပီလဲ..
ကိုကိုဘာစီစဉ်ပေးရမလဲဟင် "

မဆူတဲ့အပြင် မောင့်ကိုစိတ်ပူတကြီးမေးနေတဲ့
ကိုကို့ကြောင့် အနည်းငယ်တော့အံ့ဩမိသား။

"ကိုကို ဘာလို့ မောင့်ကိုမဆူတာလဲ"

ဟုတ်ပါတယ်။ ဒါက မေးခွန်းလေးတစ်ခုပါပဲ ဒါပေမယ့်
ဘာဖြစ်လို့အဲ့ဒီမေးခွန်းလေးကြောင့်ရင်တွေနာရတာလဲ။
ကိုကိုမင်းကိုမဆူရက်တာသိရဲ့သားနဲ့တမင်မေးနေတာလားကွာ။

"မောင့်ကို ချစ်လို့.. "

ပြောပီး မောင့်ရဲ့နှဖူးလေးကို အနမ်းလေး
ပေးလိုက်တယ်။ ပြီးတော့နှုတ်ခမ်းလေးဆီအစချီလို့။
မောင့်ရဲ့နှုတ်ခမ်းလွှာလေးတွေကဒီနေ့မှအရောင်ဆိုးထားသလိုပဲ။ မဟုတ်မှလွဲရော ဒီနေ့ မောင်ကောင်မလေးနဲ့..။
မဖြစ်နိုင်တာ မောင်ဒီလောက်လွယ်လွယ်နဲ့နောက်ထပ်ရဖို့
လုံးဝမဖြစ်နိုင်တာကြောင့်ခေါင်းကိုဘယ်ညာခါရမ်းလိုက်တယ်။
မင်းရဲ့သံသယတွေမောင့်အပေါ်မှာအရမ်းများနေပြီရှောင်ကျန့်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now