(13)

12.2K 1.1K 369
                                    

Zawgyi🌴

ဘန်ကောက်သို့ ၂ရက်တိတိရောက်ခဲ့ပီးနောက်
မောင့်အတွက် ပြုလုပ်ထားသည့် အစိမ်းရောင်
မာဖလာလေးက ပြီးဆုံးသွားခဲ့သည်။

တစ်ကယ်ဆို ကိုယ်က..သံပတ်ပေးထားတဲ့
အရုပ်လေးတွေလို မောင့်ကို စိတ်ပူလို့ပဲ
အထပ်ထပ် အခါခါ ပြောမိလိမ့်မယ်..
ဒါပေမဲ့ မောင့်တစ်ယောက်ကိုပဲ။

နေမင်းကြီးကမဟူရာကောင်းကင်ကြီး၏အထက်ကို
တစ်ရွေ့ရွေ့တက်လာနေခဲ့သည်။

လက်ထဲမှာ အငွေ့တထောင်းထောင်းထနေတဲ့
coffeeခွက်ကို ကိုင်ကာ ခေါင်းလေး
တစ်ဆတ်ဆတ်ငြိမ့်ရင်းသာ ပြုံးနေမိတယ်။

Ring 📱

ဖုန်းမြည်သံကြောင့် coffeeခွက်ကို အရှေ့က
ခုံပေါ် တင်လိုက်ပီး ဖုန်းကို ယူကာ ကြည့်မိတော့
အမည်မသိ ph no..ဘယ်သူမှန်းမသိသော်လဲ
ဖုန်းကိုင်လိုက်သည်။

"hello ရှောင်ကျန့် ပြောနေပါတယ်"

အနည်းငယ် တိတ်ဆိတ်သွားပြီးနောက်
ရယ်သံစွတ်နေတဲ့ အသံနဲ့ ပြောလာတဲ့လူတစ်ယောက်
ခန့်မှန်းခြေအရ ရင်းနှီးတဲ့သူဖြစ်မည်ထင်၏။

"ကိုကိုလား ဇီယန်ပါ"

အလိုမကျစွာ မျက်ခုံး၂ခုကိုတွန့်ချိုးမိသွားတယ်
ဒီမိန်းမ သူ ဘယ်လိုလုပ်ပီး....အဲ့ဒါတွေထားတော့
သူ့ဘာသာသိချင်ရင်ခနလေးပဲမဟုတ်လား။

"ဘာကိစ္စလဲ "

ခပ်ပြတ်ပြတ်စကားသံအဆုံး သူမက အားပါးတရ
ရယ်လိုက်သည်။ ပြီးခါမှ....

"ဇီလေ ကိုကို့ ကိုအရမ်းကို မြင်စေချင်တဲ့အရာ
တစ်ခု ရှိတယ် ကိုကိုသာ မြင်လိုက်ရင်
အရမ်းကို Surpriseဖြစ်သွားမှာ"

"ပြောချင်တာက ဘာလဲ"

"အဟမ်း.. ကိုကို့ရဲ့Weiboထဲမှာ
ဇီပို့ထားတဲ့ ပုံလေးတွေ တစ်ချက်ကြည့်ပေး"

သက်ပျင်းကို ခပ်ပြင်းပြင်းတစ်ချက်ချလိုက်မိတယ်။
ကျင်းဇီယန် ဒီမိန်းမက ဘာဖြစ်ချင်နေတာလဲ.. ။
အတွေးများစွာရှိနေသော်လဲ သူမစကားအတိုင်း
Weiboကို တစ်ချက်စစ်ကြည့်လိုက်ပါသည်။

ထိုအချိန်တွေ့ရသည်က တစ်ခြားမိန်းမတစ်ယောက်နဲ့
ပြုံးရွှင်ရယ်မောနေတဲ့ မောင်။ မောင့်မျက်နှာပေါ်မှာ
ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့အပြုံးတွေကိုပြန်တွေ့ရသည်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now