(17)

13.1K 1.2K 176
                                    

Zawgyi🌴

"Mr:Xiao...

မောင့်ကိုရှာနေတုန်းမှာပဲဘယ်ကမှန်းမသိ ပေါ်လာတဲ့ ပန်က
သူ့အနားကို တစ်ရွေ့ရွေ့ ရောက်လာခဲ့သည်။

"မင်း..

"မအံ့ဩပါနဲ့..စကားပြောချင်တယ်
အချိန်ရမလား"

ရှောင်ကျန့် မျက်မှောင်ကျုံ့မိသွားသည် ။
သူက ဘာများပြောမလို့ပါလိမ့်.။

"ငါ့မှာ မင်းနဲ့စကားပြောဖို့အချိန်မရှိဘူး"

"အဟက်.. yiboနဲ့ပတ်သတ်နေတယ်ဆိုရင်ကော..

ဒီမိန်းမ ဘယ်လိုများ လာပြောရဲတာလဲ။ မျက်နှာပြောင်
တိုက်လိုက်တာ။

"အပိုတွေပြောမနေနဲ့ လိုရင်းကိုပြော...

"အဟမ်း..yiboက ပန်ကို ချစ်တာနော် "

ပန်က ခပ်ရွဲ့ရွဲ့သာ ပြောလာသည်မို့.. ရှောင်ကျန့်
စိတ်ထဲ အလိုမကျမှုတွေသာ ပြည့်လျှံလာသည်။

"မင်းက ဘာကိုပြောချင်တာလဲ.. အဟက်
မင်းအခုပြောမယ့်စကားက မောင်နဲ့ ငါ့ကို
ကွာရှင်းဖို့ပြောမှာတော့ မဟုတ်ဘူးမလား"

"ရှင် ဘယ်လိုများတွေးလိုက်တာလဲ ပန်က
အဲ့လိုလုပ်ပါ့မလား အဟက် ဒါဆို တို့လိုချင်တာ
ဘယ်ရပါတော့မလဲ"

တွေ့ကတည်းက ထင်သားပဲ လိုချင်တာရှိတာကိုလဲ
သိခဲ့တယ်။ ထို့နောက် ရှောင်ကျန့်တစ်ယောက်ဟန်ပါပါနဲ့
လက်ပိုက်ကာပန့်ကိုစေ့စေ့ကြည့်သည်။

"မင်းက ဘာလိုချင်တာလဲ....

ရှောင်ကျန့်ရဲ့အမေးကြောင့် ပန်က မျက်ခုံး
တစ်ချက်ပင့်တင်လိုက်ပြီး။

"သိဖို့ စောပါသေးတယ်.. ဒါပေမဲ့ အခု yiboက
ပန်ကို ပိုချစ်တာကိုတော့ ရှင်ယုံရမယ်
ပြီးတော့ yiboပေါ်မှာ အခွင့်ရေးအများဆုံးက ပန်ပဲ"

"မင်းပြောချင်တဲ့စကားကဒါပဲဆိုရင် သွားခွင့်ပြုပါဦး "

ထို့နောက် ရှောင်ကျန့်ရဲ့ ရယ်သံကြီးက
ထွက်ပေါ်လာသည်။

"စောင့်ကြည့်လိုက်လေ..

"မောင့်ကို မင်းနဲ့ပြိုင်လုမယ်လို့ထင်နေသလား
ငါ မောင့်ကို ချစ်ပေမယ့် ဘယ်တော့မှ
တစ်ခြားသူနဲ့ ယှဉ်မလုဘူး အဲ့လိုလုပ်ရအောင်လဲ
ငါ့တန်ဖိုးမဲ့မနေဘူးလေ ငါ မောင့်ကိုခန
လွတ်လပ်ခွင့်ပေးထားတာ မောင်
ဘယ်ရင်ခွင်ပဲရောက်နေပါစေ ငါ့ဆီကိုပဲပြန်လာမှာ"

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now