(32)

13.7K 1.2K 185
                                    

Zawgyi 🌴

ကုတင်ပေါ်က ကောင်လေးတစ်ယောက်၊ ဖွေးလွလွ
ပတ်တီးလေးဖြင့် သတိမေ့နေတာ အခုဆိုရင် ၁၃နာရီ
ကြာသွားပြီဖြစ်သည်။

"နင့်Drက စိတ်ကောချရလို့လား"

ခုနနဲ့လားလားမှမတူ လှည့်ကြည့်လာပုံက လူကိုအစိမ်းလိုက်
ဝါးစားတော့မယ့်အကြည့်နဲ့။ ထို့ကြောင့် ပန်မှာ
ကျောချမ်းမိသည်။

"စိတ်ချရပါတယ် အဲ့ဒါလျူရွှမ်ခေါ်ပေးတဲ့ Dr'

ယုံကြည်မှုအပြည့်နဲ့ပြောလာသောပန်ကြောင့် ရွှယ်ယမ်
ဟက်ခနဲတစ်ချက်ရယ်၍ပန်ဘေးတွင်တောင့်တောင့်ကြီး
ရပ်နေတဲ့လျူရွှမ်ကိုတစ်ချက်ကြည့်ကာ ။

"မင်းသူ့အပေါ်မှာ သိပ်ကိုယုံကြည်မှုတွေ လွန်ကဲနေပုံပဲနော်"

ရုတ်တရက်ကြီး ပဲလှော်ကြားဆားညှပ်ခံလိုက်ရသလို
ခံစားသွားရတဲ့ လျူရွှမ်တော့ တံတွေးပင် သီးမတတ်။

"ငါ့ကိုယုံ.. ငါမင်းတို့ကိုထိခိုက်အောင်လုပ်ပါ့မလား"

"လျူရွှမ်ပြောတာ ပန်လဲလက်ခံတယ် "

ရွှယ်ယမ်ဘာမှမပြောတော့။ သူ့အကြည့်တွေကို
ကုတင်ပေါ်မှာ ဒဏ်ရာဗလပွနဲ့ ပတ်တီးအဖွေးသားရှိနေတဲ့
Yiboထံသာပို့ထားလိုက်သည်။ သူညှင်းဆဲလိုက်လို့
ရသွားတဲ့ဒဏ်ရာလေးကိုလက်နဲ့ထိတွေ့ကြည့်၍
စိတ်မကောင်းတောင်ဖြစ်မိသေးတယ် ။

ဒါက မင်းအတွက်မပြောရလောက်တဲ့ ဒဏ်ရာပါ
အချိန်တန်ဆေးကုလိုက်ရင် ပြန်ပျောက်သွားလိမ့်မယ်
မင်းမှတ်မိလား ငါတို့ဆယ်ကျော်သက်အရွယ်တုန်းက
စားအတူ သွားအတူပဲလေ ရန်ပွဲကြီးနွှဲခဲ့တုန်းကဆို
ထောင်ထဲတစ်ညလောက် အိပ်ခဲ့ကြသေးတယ်။ အဲ့ဒီအချိန်
တုန်းကဆိုရင် ငါက နံရံကိုကျောမှီပြီး မင်းကတော့
ငါ့ပေါင်ပေါ်ကို ခေါင်းခုပြီးအိပ်ခဲ့တာလေ၊ ငါပြောတာ
မှန်တယ်မလား။

အဲ့ဒီအချိန်တွေကို ပြန်သွားချင်တယ်။ အဲ့ဒီအတွက်
မင်းယောက်ျားနဲ့ မင်း ၊ ကွာရှင်းမှဖြစ်မယ်။ ငါကလည်း
အဲ့လိုဖြစ်လာအောင်ဖန်တီးမယ်။

ထို့နောက် မျက်နှာလေးပေါ်က သူ့လက်ကိုပြန်ရုတ်၍
ပန်နဲ့လျူရွှမ်ရှိရာကိုတစ်လမ်းချင်းလျှောက်လာသည်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now