Part (4)

694 56 2
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (4)

တက္ကသိုလ်ဝင် စားမေးပွဲ လည်း နီးလာပြီမို့ မာန်ဟုန် အိမ်မှာပဲ သူငယ်ချင်း တွေ စုနေကာ စာ ဝိုင်းဖွဲ့ ကျက်ကြသည်..။

ဂိုက်ဆရာ လည်း မာန်ဟုန် အိမ်မှာပဲ သင်ပြပေးသည်..

ထက်မြက် အိမ်မှာ မကျက်ဖြစ်တာက ချစ်ချစ် ကြောင့်လည်း ပါတာပေါ့..။

ထက်မြက် ကလည်း သူ့တူမရှိနေရင် သူစာကျက်မရဘူး ဆိုတာနဲ့ မာန်ဟုန် အိမ်မှာ လိုက်နေတာ.. မင်းသန့်က သူ့ကို တစ်ယောက် ထဲ ထားလို့ ဆိုပြီး မကျေနပ်ချက်နဲ့ အိမ်ပေါ် ရောက်လာတာ..။

အခုတော့ မာန်ဟုန် အိမ်မှာ စာကျက်သံတွေ ဖုံးလွှမ်းနေသည်လေ..

ခြံထဲ ဆင်းကျက်သူကကျက်.. ဧည့်ခန်းမှာ ကျက်တဲ့သူက ကျက် ဝရံတာမှာ စာကျက်တဲ့သူကကျက် နှင့် ။

အန်တီမိ ကလည်း စာကျက်ရင်း စားဖို့ လက်ဖက်သုပ် လေး ကော်ဖီလေး ပြင်ပေးသည်..

မင်းသန့် အမေကလည်း အချ ဉ်ပေါင်းထုတ်တွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ဝယ်ထည့်ပေးသည်..။

ထက်မြက် အမကလည်း မုန့်တွေလုပ်ပြီး ထည့်ထည့်ပေးတော့ အစားအသောက်ကြောင့်တော့ မပူရ ။

စာသာ အဓိက ထားကျက်ဖို့ပဲ လိုတာ..

တဖြေးဖြေး နဲ့ စာမေးပွဲ ရက် ရောက်လာပြီ..။

သူတို့ကို အပို့အကြိုကို အိမ်တစ်အိမ်စီက တာဝန်ယူထားပေးသည်..

ဒီမနက်တော့ ထက်မြက် အမ မ ခင်မို့မို့ က လိုက်ပို့ပေးသည်လေ.. အဲ အမ တင်မဟုတ်ဘူး အပိုဆောင်း မဖူးရတီချစ်က သူ့ဦးလေး ကိုယ်ပေါ်မှာ အခန့်သား လိုက်ပါလာသည်..။

သူက စာမေးပွဲ စောပြီးတော့ လိုက်နိုင်တာကိုး..

" ပစ္စည်း စုံတယ်မလား.. ဘာကျန်ခဲ့လဲ လိုတာရှိရင် အမ ပြေးဝယ်ပေးမယ် "

" ကျွန်တော် လိုတယ်.. "

" ထက်မြက် ဘာကျန်ခဲ့တာလဲ.. "

" ကျန်ခဲ့တာ မဟုတ်ဘူး.. ပိုနေတာ ဒီ ဗြဲစိန်မ ကို ခေါ်ဦး "

" အော် အေး... သမီး လာ မာမီ့ဆီ "

နှလုံးသား ပိုင်ရှင်မို့ Where stories live. Discover now