Part (9)

607 49 1
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (9)

" ကိုဇော် အလုပ်သွားတော့မလို့လား.."

" အော် အေး.. ဟုတ်တယ် မင်း အိမ်လာတာ မလား "

" ဟုတ်ကဲ့ "

" မင်း အိမ်ရောက်တုန်း ချစ်ချစ် ကို ကြည့်ပြောပေးဦး.. အကိုတို့ ပြောတာ နားမထောင် ဘူး "

" ဟုတ် ကျွန်တော် ထက်မြက် ပြောလို့ သိပြီးပါပြီ.. ကျွန်တော် ပြောကြည့်ပေးပါမယ် ဗျ "

" ဟယ် မာန်ဟုန် ရောက်နေတာလား.. အမလည်း စကားသံ ကြားလို့ ထွက်လာကြည့်တာ "

" ဟုတ်ကဲ့ အမ.."

" မင်း အမနဲ့ စကားပြောကြဦး.. အကို အလုပ်နောက်ကျ နေပြီ သွားတော့မယ် "

" ဟုတ်ကဲ့ဗျ.. "

" မာန်ဟုန် မနက်စာ စားခဲ့ပြီလား.. မစားရသေးရင် အိမ်မှာပဲ စားသွားလေ "

" ဟုတ်ကဲ့.. ကျွန်တော် စားပြီးပြီဗျ "

" အလုပ်တွေရော အဆင်ပြေလား.. "

" ဟုတ်ကဲ့ ပြေပါတယ် ဗျ.. "

" အလုပ်တွေလည်း ဇွတ်ဖိလုပ်မနေနဲ့.. ငယ်ငယ်ရွယ်ရွယ်နဲ့ အေးဆေးရှာလည်း ရပါတယ် "

" ဟုတ်ကဲ့.. "

" ဟာ.. ဦး "

အပေါ်ကနေ ခုန်ပေါက်ဆင်းလာပြီး လူကို တွေ့တော့ အနားပြေးလာပြီ..။

" ကဲ စကားပြောကြဦး.. အမ အပြင် ခဏ သွားလိုက်ဦးမယ် "

" ဟုတ်ကဲ့ "

" ဦး.. လာ ခြံထဲ သွားထိုင်ရအောင် "

" အွန်း "

အိမ်ထဲ နှစ်ယောက် ထဲ နေတာ မသင့်တော်လို့ သူမလေး စကား လက်ခံမိသည်..။

" ဦး... မျက်နှာ ပိန်ကျသွားတယ် အိပ်ရေးပျက်ခံ အစားပျက်ခံပြီး အလုပ်လုပ်ပြန်ပြီလား "

ကိုယ်ကပဲ အရင် သူ့ကို ဟောက်ရမလား မှတ်တယ်.. သူက အရင် ဟောက်စား လုပ်နေပြီ

" နည်းနည်း ပါ "

" ပြောလိုက်ရင် ဒီအတိုင်း ချည်းပဲ.."

" မင်း ပညာသင် သွားမလို့ဆို "

" ဟွန်.. သတင်းက မြန်ပါ့ 5G ကွန်ရက်များ တပ်ထားသလား မှတ်ရတယ် "

နှလုံးသား ပိုင်ရှင်မို့ Where stories live. Discover now