Part (18)

669 60 19
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (18)

" ဟဲလို "

" ချစ်ချစ်.. ငါ "

" ဦးမင်း ဘာလဲ "

" နင့်ဆီ လဲ့လဲ့မွန် ရဲ့ ပုံ ပို့ထားပြီးပြီ.. ကိုယ့်ကိုယ်ကို ဝင်ကြည့်လိုက် "

" ok, thanks ဦးမင်း "

" you're welcome "

" bye.. "

" bye "

ချစ်ချစ် ဦးမင်း ပို့ပေးထားတဲ့ ပုံကို ကြည့်ပြီး မှတ်ချက်တွေ ပေးနေမိသည်..။

ဆရာမ ဆိုတဲ့ဂုဏ်နဲ့အညီ ယဉ်ပါသည်..

လှပါသည်..။

ဝမ်းဆက်လေးတွေနဲ့ လှပနေတဲ့ အမ ပါ..။

ဦးသေး ကြိုက်တာလည်း မပြောနဲ့.. ဒီ အမကလည်း လှတာကို..

ဦးသေးနဲ့ဆို ရှေ့သွားနောက်လိုက် တကယ်ညီမှာပဲ ။

ဦးသေး အတွက် ချစ်ချစ် ကူညီမှာပါ...

ဦးသေးလည်း အဆင်ပြေ ချစ်ချစ် လည်း အဆင်ပြေအောင် လုပ်ရမယ်..။

ဟဲဟဲ..

သူ့အချစ်​တွေကို တပ်မက်လို့..
ရေလာမြောင်းပေးဖို့ ဗျူ ဟာခင်းပြီး ကြိုးစားမည်..။

.

" ဒီဇိုင်းဘက်က လူလျော့နေတယ်.. ဒီဇိုင်နာတွေကလည်း လက်ယာလျော့နေတယ် "

" ဟုတ်တယ်.. အဲ့ဘက် လူထည့်ရမယ် "

တစ်ယောက် တစ်ပေါက် နဲ့ အစည်းဝေးမှာ မာန်ဟုန်ကို ပြောလာသည်..

" ဒီကိစ္စကို မောင်ရင် ကိုင်တွယ်ရှင်းပါ.. ဒီဇိုင်နာ မရှိရင် အဲ့ဘက် အရမ်းလျော့ကျ သွားပြီ income (ဝင်ငွေ) တွေ minus (အနုတ်)ပြနေပြီ ကိုယ်တွေမှာ expenses (ထွက်ငွေ)တွေပဲ တသီကြီး ထွက်နေပြီ "

" asset (ပိုင်ဆိုင်မှု) တွေပဲ လျော့ကျလာတယ်..ဒီလိုပုံစံနဲ့ ကိုယ်တို့မှာ ထပ် capital (ရင်းနှီးမြုပ်နှံမှု) မရှိတော့ဘူး ဘဏ်မှာ liabilities (အကြွေး) တွေပဲ ထပ်နေမှာ ဒီလို ပုံစံနဲ့ run ဖို့ မရလောက်ဘူး "

" ဒီဇိုင်နာကို ရှာတာ မရသေးဘူး လား.. "

" မရသေးပါဘူး ဗျ.. "

နှလုံးသား ပိုင်ရှင်မို့ Where stories live. Discover now