Part (26) Final

1.3K 53 10
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Final

" ဦးမင်းရေ.. ဦးမင်း "

ချစ်ချစ် ဒီလောက် အော်ခေါ်နေတာ ကို လှည့်မကြည့်တဲ့ ဦးမင်းကြောင့် အနောက်ကပြေးလိုက်ရသည်..။

" ဦးမင်း.. "

မင်းသန့် အသံကြားလို့ လှည့်ကြည့်တော့ ချစ်ချစ်မ..။

အနားထိ ပြေးလာပြီး ဟောဟဲဟောဟဲ လုပ်နေသေးတယ်..

" ဘာဖြစ်တာလဲ "

" တွေ့လို့လိုက်လာတာပေါ့.. အခုတလော ပျောက်နေတဲ့ ဦးမင်း ကို တွေ့လို့ လာတာ "

" အေး..ငါ အလုပ်မအားလို့ မလာဖြစ်သေးတာ"

" အခုက "

" ဗိုက်လာဖြည့်တာ.."

" တော်တော် အလုပ်ကြိုးစားနေပါလား.. အခုမှစားမှာ ဆိုတော့ "

" အပိုတွေမပြောနဲ့.. နင်ကရော ဘာလာလုပ်တာလဲ "

" ဒီနား ခဏလာရင်း ဦးမင်းကို တွေ့လို့ လာတာ.. "

" ဘာစားမလဲ "

" ဦးမင်း ဝယ်ကျွေးမလို့လား "

" အရင်ကလည်း ငါပဲ ဝယ်ကျွေးရတာများ.."

" ဦးမင်း.. "

" ဘာလဲ "

" ဦးမင်းရော ရည်းစားတွေ ဘာတွေထားဖို့ စိတ်မကူးဘူးလား.. ဦးရော ဦးသေးရော ရှိနေပြီ "

" သူတို့က အပူတွေ ဝယ်နေတာ.. ငါက အာ့တွေ အပူမှန်းသိလို့ ကပ်ကိုမကပ်ဘူး "

" မရနိုင်ရင်မရနိုင်ဘူးလို့ပဲ ပြောပါ ဦးမင်းရယ်.. ဦးမင်း အရည်အချင်း မရှိလို့ အခုလို ဖြစ်နေရတာများ "

" ငါခေါက်လိုက်ရ သေတော့မယ် "

ဦးမင်းက လက်သီးတရွယ်ရွယ် လုပ်နေတာမို့ ချစ်ချစ် ရယ်မိသည်..။

" မဟုတ်လို့လား "

" ငါက အရည်အချင်း ပြည့်မှီလွန်းလို့ အနားကပ်မခံတာ..သဘောပေါက် "

" လူပျိုကြီး အရမ်း ယုံကြည်မှု မပြင်းနဲ့နော်.. တော်ကြာ ကျန်ရစ်ဖြစ်ပြီး ငှက်ပျောတုံး ဖက်သေနေရမယ် ဒါပေမယ့် စိတ်မပူပါနဲ့ ချစ်ချစ် အခုကစ ငှက်ပျောပင် တစ်ခြံလောက် ဦးမင်း အတွက်စိုက်ပေးမယ် "

နှလုံးသား ပိုင်ရှင်မို့ Opowieści tętniące życiem. Odkryj je teraz