Part (21)

784 55 7
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (21)

ချစ်ချစ် မျက်နှာလေး ဝမ်းဝေးရိုက်ပြီး ခြေမျက်စိဖုံးတဲ့ ဂါဝန်ဖြူ လေး ကို ဝတ်လိုက်သည်..

မုန်ရှေ့ တစ်ပတ်လည် ကြည့်ပြီး ရယ်ကာ အောက်ကို ပြေးဆင်းခဲ့လိုက်သည် ။

" ဦး ရေ.. "

" ဖြေးဖြေး လာလေ.. "

မာန်ဟုန် ဧည့်ခန်းမှာ ထိုင်နေတာကို ပြေးလာပြီး လူနား လာထိုင်တော့ ခေါင်းလေးပုတ်ပြီး ပြောရသည်..။

" ဖြေးဖြေး လာရင် ဦး နား ရောက်ဖို့ ကြာနေမှာ.."

" မခြွေပါနဲ့ဗျာ.. လူက တဲတဲလေး ရပ်နေရတာ "

မာန်ဟုန် ရယ်ရင်း ပြောမိသည်..။

ဦး က ရယ်ရင်း ချစ်ချစ် ကို ပြောနေတော့ ချစ်ချစ် သဘောကျ ကာ ဦး မျက်နှာကို ကြည့်နေမိသည်.

ှအခု ဦး နဲ့ ချစ်သူ တွေ ဖြစ်သွားပြီတဲ့..

မယုံနိုင်စရာ..။

ချစ်ချစ် တစ်ချိန်လုံး တောင့်တခဲ့တဲ့ အရာက အခု ပိုင်ဆိုင်နေရပေမယ့် အိပ်မက် တစ်ခုလိုပဲ..။

တကယ်ပဲ ဦး အချစ် ကို ချစ်ချစ် ရနေတာလား..

မာန်ဟုန့် မျက်နှာကို ငေးငေးလေး ကြည့်နေတဲ့ လက်တောက် လေးကြောင့် မာန်ဟုန် ရယ်ပြကာ ပါးလေးကို ဆွဲဆိတ်လိုက်သည် ။

" ဘာလို့ အဲ့လောက် ကြည့်နေတာလဲ.. "

" ခ်ခ်.. အိပ်မက် ထင်နေတုန်း "

" ကိုယ့်အသားကိုယ် ဆွဲဆိတ်ကြည့်လေ.. "

" ကြည့်ပါဘူး.. အိပ်မက် မက်နေတယ် ဆိုရင် နာလို့ ထပြီး မယောင်ချင်ဘူး ဒီအတိုင်း အိပ်မက် ကိုပဲ ဆက်မျော နေချင်တာ "

မာန်ဟုန် ပြောဖို့တောင် စကား လမ်းစ ပျောက်ရပြီ..။

သူမလေး ကိုယ့်ကို အဲ့လောက် ချစ်နေသည်တဲ့လား..

" ချစ်ချစ် "

" ဟွန် "

" ကိုယ့်ကို အဲ့လောက် ချစ်လား.. "

" အဲ့ထပ်ကို ပိုချစ်တယ် "

မာန်ဟုန် သဘောကျ ကာ သွားလေးတွေ ပေါ်သည်ထိ ရယ်မိသည်..။

နှလုံးသား ပိုင်ရှင်မို့ Where stories live. Discover now