Part (6)

726 51 10
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (6)

" ဦးသေး "

အိမ်ထဲ ဝင်ဝင်ချင်း ခါးထောက်ပြီး စူပုတ်​ပုတ်​နဲ့ ကြည့်နေတဲ့ ခွေးမလေး ။

" ဘာလဲ "

" မနေ့က ဦးကို ဘာမှမလုပ်လိုက်ဘူး မလား.."

အခုထိ ဘာမှမဘာရသေးဘူး.. ဟိုဘက်ကို ကိုးဆယ်ရာခိုင်နှုန်းက ပါနေပြီ ။

ဘယ်ကတည်းက ယိမ်းယိုင်နေမှန်းမသိခဲ့တာ ကိုယ် အ ခဲ့လို့ပဲ ထင်တယ်..

" ငါက ဘာလုပ်ရမှာလဲ "

" သိနေတယ်လေ.. ဦးသေး မလုပ်မှန်း "

မျက်နှာ အချိုးပြောင်းသွားပြီး လူလက်ကို လာတွယ်ပြီး ပြုံးဖြီးနေလိုက်တာ စောနက ရုပ်နဲ့ တခြားစီ ။

" လာ ငါ မေးစရာ ရှိလို့.."

သူ့လက်ကို ဆွဲပြီး ခြံထဲ ခေါ်သွားလိုက်သည်..။

" နင် မာန်ဟုန် ကို တကယ်ကြိုက်နေတာလား.."

" ဟုတ်ပါဘူး.. "

" ဘာ.. နင် ကစားစရာ မဟုတ်ဘူး နော် "

" ချစ်ချစ် က ဦးကို ချစ်တာ.. ကြိုက်တာ မဟုတ်ဘူး "

" ကလေးက ကလေးစကားမပြောဘူး.."

" ကလေး မဟုတ်တော့ဘူး.. ရင်ခုန်သံ ကို အဓိပ္ပာယ် ဖွင့်တတ်တဲ့ အရွယ် ရောက်နေပြီ "

ပြောမှပဲ.. ပိုဆိုးနေပြီ ။

" နင် ဆယ်တန်း နော်.. စိတ်ကစားနေလို့ မရဘူး စာမေးပွဲ သွားထိမယ် "

" ချစ်ချစ် ရာဇဝင်​ မှာ စာမေးပွဲ ကျတယ် ဆိုတာ မရှိစေရဘူး.. ပြီးတော့ ချစ်ချစ် စိတ်ကစားနေတာ မဟုတ်ဘူး အတည် အတည်ကို heart ထိနေတာ "

" လာလာချည်သေး heart ထိတယ်လေး ဘာလေးနဲ့ နင်က ယောကျာ်းလေးလား..ဟမ် မိန်းကလေး ဖြစ်ပြီး စ ဝန်ခံတာ မိန်းကလေး ဈေး မကျ ဘူးလား "

" ဦးသေး ဘယ်ခေတ်နေနေတာလဲ.. အခုက မိန်းမ တွေပါ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ခေတ် ယောကျာ်းတွေ လုပ်နိုင်သလို မိန်းကလေးတွေ လည်း လုပ်နိုင်ပါတယ် "

နှလုံးသား ပိုင်ရှင်မို့ Where stories live. Discover now