Part (19)

685 52 11
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (19)

ဘုတ်..

လူကို အားကြီးနဲ့ တိုက်ခံရတာမို့ မင်းသန့် ဒေါသထွက်မိသည်..။

လက်မောင်းလည်း တော်တော် အောင့်သွားရသည်.. ။

" ဆောရီး.. မမြင်လို့ "

အသံကိုက မာဆတ်ဆတ်နဲ့..

တောင်းပန်တာတဲ့.. တော်တော် ကျေနပ်ခွင့်ပြု ပေးရမယ့် ပုံ ပေါက်တယ် ။

လူက အရမ်းခွင့်လွှတ် ပေးချင်လွန်းလို့.. ရှေ့ကတိုင်နဲ့ သူ့ခေါင်း ဆောင့်ပစ် ချင်တာ အူကို ယားလို့။

မိန်းကလေး မို့ပေါ့.. ယောကျာ်းသာ ဆို ဝင်ဆွဲထိုးပစ် ပြီးနေပြီ နောက်မှ အမေနဲ့ထက်မြက် ဝင်ရှင်း လိမ့်မယ်

မိန်းကလေး ဖြစ်နေတာ ကျေးဇူး တင် ။

" တောက် "

မင်းသန့် တောက် တစ်ချက် ထက်မြက် ဆီသာ လာခဲ့လိုက်သည်.. ။

ရတနာ တောက် ခေါက်သွားတဲ့ လူကို အနောက်ကနေ ဒေါသတွေ ထွက်နေရသည်..

တောင်းပန်နေပြီပဲ.. ခွင့်လွှတ်တော့ပေါ့ ။

ယောကျာ်းကြီး မတန်မဲ့ စိတ်ပုပ်နေလိုက်တာ.. ရုပ်လေး ကြည့်ကောင်းသလောက် စိတ်တွေက မဲပုပ်နေလိုက်တာ ။

ကျီးအာသီး လို လူမျိုး ဒီလို လူမျိုးက...

ရတနာ တွေ့တဲ့ရဲသား တစ်ယောက် ကို ဒုရဲအုပ် ထက်မြက် ဘယ်နားမှာ ရှိလဲ ဆွဲမေးလိုက်ရသည်..။

လမ်းတန်းတန်းလေး သွားလိုက် ထိပ်ဆုံးကနေ ရေရင် သုံးခန်းမြောက် အခန်းတဲ့...

သပ်သပ်ရှုပ်အောင် ပြောတာ.. ဒီကရေရင် နှစ်ခန်းမြောက် ပြောရင် သူ့ကို မြွေပေါက်သတ်မှာ ဆိုတော့.. ။

ရတနာ ပါးစပ် က ပွစိပွစိ ပြောပြီး ထွက်လာလိုက်သည်..

" မင်းသန့်.. မင်းမျက်နှာကြီးကလည်းကွာ ဘာဖြစ်နေတာလဲ ဝမ်းမသွားတဲ့ရုပ်နဲ့ "

" မသာ.. မင်းမေလင်ကြီး ဝမ်းမသွားတဲ့ရုပ် မှာလား ကြည့်ပြောနော် နဂိုကတည်းက ပန်းပွင့်နေတာမဟုတ်ဘူး ဒူးရင်းသီး အခိုင်လိုက် သီးနေတာ "

နှလုံးသား ပိုင်ရှင်မို့ Where stories live. Discover now