Part (22)

719 43 6
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (22)

" ဦးသေး "

" ဘာလဲဟာ.. "

" ဒီလိုကြီး ကြက်လည်လိမ်နေသလိုကြီး နေနေမှာလား.. "

" ငါက ဘယ်လိုနေနေလို့လဲ "

" နှလုံးသား က မမာလည်း အလိုက်သင့်လေး ပျော့လိုက်ပါလား.. "

" ငါ ဘယ်လိုနေလို့လဲ "

" ဦးသေး အကြောင်း မသိရင်ခက်မယ်.. "

" ကလေးက.. "

" ကလေးလို့ မပြောပါနဲ့ .. ချစ်ရသူနဲ့ ဘာနဲ့ သိလား "

" တစိတ်ရှိ ဒါပဲ ခလုတ်တိုက်နေ.. "

" ဒါပဲ ခလုတ်တိုက်စရာ ရှိတာကို "

" အဟွန့်.. "

ချစ်ချစ် ဦးသေး ဘေး ထိုင်ချ လိုက်သည်..

" ဦးသေး.. ဖွင့်မပြောသေးဘူးလား "

" ဘယ်သူ့ကိုလဲ "

" ဦးသေးနော် ချစ်ချစ် ကို အကြောင်လိုက်မရိုက်နဲ့.. "

" လွယ်လား ချစ်ချစ် ရာ.. "

" ဦးသေး မပြောရဲရင် ချစ်ချစ် သွားပြောပေးရမလား.. "

" ဟာ.. ကြားခံ ပွဲစား ငှားရအောင် အိမ်ခြံမြေ ရောင်းဝယ်နေတာ မဟုတ်ဘူး "

" ဒါဆိုလည်း ပြောလိုက်ပေါ့.. ကိုယ်က ဒီမှာထိုင်နေရင် ပါ သွားလိမ့်မယ် "

" ငါမှ မရဲတာ.. "

" ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ် ကြီးနဲ့.. ဒါနဲ့များ ရဲ လုပ်နေသေးတယ် ဦးသေး တရားခံရော ဖမ်းလို့ ရရဲ့လား ကြောက်ပြီး ဘယ်တရားခံမှ ဖမ်းမရဘူး မလား "

" တရားခံ ဖမ်းတာနဲ့ ဒါနဲ့ မဆိုင်ဘူး.. ငါကြောက်နေရင် ငါ့ပခုံးက ကြယ်တွေ မတက်လာဘူး နားလည် လား "

ဦးသေးက သူ့ပခုံးကို ပုတ်ပြနေတော့ ချစ်ချစ် ရယ်မိသည်..။

" ဒီ ပခုံးက ကြယ်တွေရှိလည်း လဲ့လဲ့မွန် တစ်ယောက် ရှေ့ကျ ကြောက်သေးပန်းပြီး ပြန်လှည့်လှည့် ပြေးလာရတာ မသိဘဲ နေမလား "

ချစ်ချစ် ဦးသေးပခုံး ပုတ်ပြောတော့ ဦးသေးက ချစ်ချစ် ကို စွေစောင်းကြည့်သည် ။

နှလုံးသား ပိုင်ရှင်မို့ Where stories live. Discover now